Wp/rki/ဇိနမာရ်အောင်စေတီတော်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ဇိနမာရ်အောင်စေတီတော်
ဇိနမာရ်အောင်စေတီတော်
ဇိနမာရ်အောင်စေတီတော်

တည်နီရာ မြောက်ဦးမြို့ရခိုင်ပြည်
ကုသိုလ်သျှင် စန္ဒသုဓမ္မရာဇာ
တည်ထားခုနှစ် ကောဇာ (၁၀၁၄) ခု၊ အေဒီ (၁၆၅၂) ခုနှစ်


တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ တောင်ဘက်မိုင်ဝက်ခန့်အကွာ၊ ပန်းထိမ်တောင်ဧ့ တောင်ဘက်တွင် တည်ဟိပါ ရေ။

ကုသိုလ်သျှင်[edit | edit source]

ဘုရင်စန္ဒသုဓမ္မရာဇာရေ ကောဇာ (၁၀၁၄) ခု၊ အေဒီ (၁၆၅၂) ခုနှစ်တွင် တည်ထားလှူဒါန်းခ ပါရေ။

သမိုင်းအကျဉ်း[edit | edit source]

မြတ်စွာဘုရားရေ မာရ်အပေါင်းကို အောင်မြင်တော်မူရေကို ရည်မှန်းပနာတည်ထားခသောကြောင့် ဇိနမာရ်အောင်စေတီဟု ခေါ်ပါရေ။ ဘုရင်စန္ဒသုဓမ္မရာဇာနန်းတက်စတွင် ပန်းသီးတောင်၌ စေတီတော်တစ်ဆူ တည်ထားပါရေ။ ပန်းသီးတောင်စေတီအပြီးတွင် “စံသုဘုရင် အသျှင်ကောင်းမှု ပန်းသီးတောင်မှာ တည်ထားပြု သာဓုမခေါ်လောက်””ဟူပနာ မြို့တွင်းအချေတိပါးစပ်မှ ဟစ်အော်နီကြသော တဘောင်တစ်ခုပေါ်လာပါရေ။ ထိုတဘောင်ကို စန္ဒသုဓမ္မဘုရင်ရေ သာသနာပိုင်ဆရာတော်တိ၊ ပညာဟိအမတ်တို့အား လျှောက်ထားမေးမြန်းလေသော် အရှင့်ကောင်းမှုတော် ပန်းသီးတောင်စေတီတော်ရေ အသျှင်မင်းကြီးဧ့ ဘုန်းတန်ခိုးတော်နန့် မထိုက်တန်လွန်းအောင် ငယ်လွန်းရေဖြစ်ပနာ နတ်ကောင်းနတ်မြတ်တို့က မချီးမွမ်းလိုရေဖြစ်သောကြောင့် ထိုပန်းသီးတောင်စေတီထက် ကြီးမြတ်သော ကောင်းမှုတော်တိအားတည်ထားရန် ကလေးတိဧ့ပါးစပ်အတွင်းသို့ နတ်ကောင်းနတ်မြတ်တို့ကဝင်ပနာ နှိုးဆော်ရေပင်ဖြစ်ပါရေဟု လျှောက်ထားကြပါရေ။ ထိုအခါ စန္ဒသုဓမ္မရာဇာဘုရင်ရေ အရှက်ရတော်မူပြီး ပြင်းထန်သောသဒ္ဓါတရားကြီးမားလာကာ ကောဇာသက္ကရာဇ် (၁၀၁၄) ခု၊ အေဒီ (၁၆၅၂) ခုနှစ်တွင် ဇိနမာရ်အောင် စေတီတော်ကြီး၊ လောကမာရ်အောင် စေတီတော်ကြီးနန့် ရတနာ့မာရ်အောင် စေတီတော်ကြီး (၃) ဆူကိုကျောက်အတိဖြင့် တပြိုင်တည်းတည်ထားလှူဒါန်းလိုက်ပါရေ။ ထိုကောင်းမှုတော်တိကို တည်ဆောက်နီစဉ် တွင် နတ်ကောင်းနတ်မြတ်တို့က အားရနှစ်သက်တော်မူကြသဖြင့် ညတိုင်းညတိုင်း အထက်ကောင်းကင်ဘုံ၌ အုတ်အော်သောင်းနင်း ဆူညီသောတူရိယာအသံတို့နန့် သာဓုခေါ်သံတို့ကို ကြားကြရပါရေ။ မိုးလင်းကေလည်း စေတီတော်ကြီးတိဧ့ ရင်ပြင်အသီးသီးတွင် လက်သီးဆုတ်ပမာဏဟိသော ရွှေမိုပွင့်တို့ ပေါက်ရောက်နီရေကို တွေ့ဟိရရေဟု ဆိုပါရေ။

ဗိသုကာလက်ရာ[edit | edit source]

ဇိနမာရ်အောင်စေတီတော်ကြီးကို တောင်ကုန်းထက်တွင် ကျောက်အတိဖြင့် ရှစ်မြှောင့်ထုလုံးခွန် ဂန္ဓကုဋီတိုက်ဖွင့်ပနာ တည်ဆောက်ထားပါရေ။ အောက်ခံပစ္စယံထောင့်တိတွင် ကိုယ်နှစ်ခွပါဟိသော ပူးရုပ်တစ်ကောင်စီထုဆစ်ထားပြီး အထက်ပစ္စယံထောင့်တိတွင်လည်း ရိုးရိုးပူးတစ်ကောင်စီထုဆစ်ထားရေကို တွေ့ဟိရပါရေ။ ပစ္စယံ (၅) ဆင့်ဖြင့် ဖွဲ့စည်းထားပါရေ။ စေတီတော်ကြီးဧ့ လုံးပတ်မှာ (၃၂၀)ခန့်ဟိပြီး အမြင့် (၁၂၀)ခန့်ဟိရေဟု သိဟိရပါရေ။ မူလက စေတီတော်ကြီးကို ကျောက်ထီးတော်ဖြင့် တင်လှူပူဇော်ခပါရေ။ စေတီတော်ကြီးဧ့ အရှေ့မြောက်ထောင့်တွင် မူလကျောက်ထီးတော်ဘုံဆင့် အပိုင်းအစတိ ယခုထိ တွေ့ဟိနိုင်ပါသေးရေ။ သပိတ်မှောက်ဟိ သင်္ကန်းစည်းတွင်လည်း ရခိုင်စိတ္တလင်္ကာရ အနုလက်ရာပန်းဒီဇိုင်းတိဖြင့် အလှဆင်ထားပါရေ။ မုခ်ဦးအဆင့်တိကို ပစ္စယံအဆင့်လိုက် တပ်ဆင်ထားပါရေ။ ဂန္ဓကုဋီတိုက်ထဲတွင်လည်း ဆင်းတုတော်ကြီးတစ်ဆူ ထုဆစ်ပူဇော်ထားပါရေ။ ပစ္စယံအဆင့်ထောင့်တိတွင် မူလပန်းလက်ရာတိ ထုဆစ်တင်ဆောင်ခပါလိမ့်မည်။ ယခုထောင့်ချိုးကျောက်ပန်းခက် တချို့စေတီအရှေ့ဘက် ရင်ပြင်အနီးတွင် တွေ့ဟိရပါရေ။ စေတီတော်ကြီးကို မြောက်ဘက်စောင်းတန်းတစ်သွယ်ဖြင့် တောင်ကြောအတိုင်းတက်ရပါရေ။ စေတီတော်ကြီးမှာ ခန့်ညားထည်ဝါပြီး လက်ရာကောင်းသော မြောက်ဦးခေတ်နှောင်း စေတီတော်ကြီးတစ်ဆူပင်ဖြစ်ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅