Wp/rki/ရွှေကြာသိမ်စေတီ(၃)

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ရွှေကြာသိမ်စေတီ(၃)

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ အနောက်မြောက်ဘက် တစ်မိုင်ကျော်ခန့်အကွာတွင် တည်ဟိပါရေ။ မင်္ဂလာ တံတိုင်းဧ့ တောင်ဘက်ကန်သုံးဆင့်တံတိုင်းဧ့ မြောက်ဘက်တွင် တည်ဟိပါရေ။ 

ကုသိုလ်သျှင်[edit | edit source]

မင်းသမီးစောရွှေကြာရေ ကောဇာသက္ကရာဇ် (၈၃၃) ခု၊ အေဒီ (၁၄၇၁) ခုနှစ်တွင်တည်ဆောက်လှူဒါန်းခ ပါရေ။

သမိုင်းအကျဉ်း[edit | edit source]

ကောဇာသက္ကရာဇ် (၈၂၁) ခုနှစ်တွင် ဘုရင်ဘစောဖြူမင်းကြီးရေ မြောက်ဦးရွှေနန်းတော်ကို ထီးနန်းဆက်ခံ အုပ်ချုပ်ပြီးနောက် ထိုမင်းဧ့ အနောက်နန်းမိဖုရားကို နန်းတော်ဧ့အနောက်ဘက် မှောက်တော်တံခါးအနီးတွင် မောက်တော်နန်းဆောက်လုပ်ပနာ ထားဟိခလေရေ။ အနောက်နန်းမိဖုရားမှ သမီးတော် စောရွှေကြောကို ဖွားမြင်ခလေရေ။ စောရွှေကြာမင်းသမီးဧ့ ပုခက်တင်မင်္ဂလာအခမ်းအနား၌သီဆိုရန် ဘရုဂဋ္ဌကကျွန်း (ဖရုံကာကျွန်း) ဖူဒကျွန်းသားပညာရှိစာဆို ဖူဒမင်းညို အမတ်က ဧချင်း (ရခိုင်အခေါ် ယိုင်းသာခြင်း)ကို ရေးသွင်းပြီး ဆက်သခလေရေ။ ထိုဧချင်းကို ရခိုင်မင်းသမီးဧချင်းဟု စာပေလောကတွင် ဂနီ့တိုင်ထင်ရှားနီပါသေးရေ။ မင်းသမီး စောရွှေကြာရေ မိမိနီထိုင်ခရေ အိမ်တော်ရာတွင် ဘုရားတစ်ဆူကို ဂုဖြင့် တည်ဆောက်လှူဒါန်းခပါဧ့။ လောင်ပွန်းပြောက် အရှေ့ဘက်တွင်လည်း စေတီတော်တစ်ဆူနန့် မင်္ဂလာတံတိုင်းတောင်ဘက်၊ ကန်သုံးဆင့်တံတိုင်းမြောက်ဘက်တွင် တစ်ဆူ စုစုပေါင်း (၃) ဆူကို တည်ဆောက်လှူဒါန်းခပါရေ။ မင်္ဂလာတံတိုင်းနန့် ကန်သုံးဆင့် တံတိုင်းအကြား ရွှေကြာသိမ်ကို ရွှေကြာသိမ်စေတီ (၃) ဟု သတ်မှတ်ခေါ်ဝေါ်ကြပါရေ။ မင်းသမီး စောရွှေကြာကို အစွဲပြုပနာ ရွှေကြာသိမ်စေတီဟု ခေါ်တွင်ခြင်းဖြစ်ပါရေ။

ဗိသုကာလက်ရာ[edit | edit source]

| ရွှေကြာသိမ်စေတီတော် (၃)ကို မြို့တံတိုင်းနှစ်ထပ်အကြား မြေညီပြင်တွင်တည်ထားပြီး စတုဂံပုံမဟာရံ တံတိုင်းထဲတွင် ရွှေကြာသိမ်စေတီတော်နန့် အာရုံခံသိမ်ကို တည်ထားပါရေ။ အာရုံခံသိမ်မှာ လက်ဟိအခြေအနီ၌ကျောက်ပန္နက်အရာသာ ကျန်ဟိပါတော့ရေ။ မဟာရံတံတိုင်းမှာ အရှေ့အနောက် ပေ(၁၀၀) ခန့်၊ တောင်မြောက်အကျယ် (၄၃) ပေခန့်နန့် တံတိုင်းအထူ (၄) ပေခန့်ဟိပါရေ။ တံတိုင်းအတွင်း ကုန်းတော်တစ်ခုလုံးကို မူလက စဉ်ကြမ်းခင်း ပြားတိ ခင်းခပါရေ။ လက်ဟိအခြေအနီ၌ စဉ်ကြမ်းခင်းပြား အနည်းငယ်တွေ့ဟိရပါတော့ရေ။ အာရုံခံသိမ်မှာ အရှေ့အနောက်အကျယ် (၂၂) ပေခန့်၊ တောင်မြောက်အကျယ် (၁၇) ပေခန့်နန့် နံရံအထူ (၂) ပေခန့်ဟိပါရေ။ စေတီတော်မှာ ရှစ်မြှောင့်ပုံဖြစ်ပြီး အလယ်လိုဏ်ဂူတော်တွင် ဆင်းတုတော်တစ်ဆူပူဇော်ထားပါဧ့။ လိုဏ်ဂူတော်မှာ အရှေ့ဘက်သို့ မုခ်ဦးဖွင့်ထားပါရေ။ စေတီတော်အောက်ခြေအချင်း (၂၂) ပေခန့်ဟိပြီး တစ်မျက်နှာစီမှာ (၉)ပေခန့်ဟိပါရေ။ စေတီတော်အမြင့်မှာ (၂၉) ပေခန့်ဟိပါဧ့။ စေတီအဝင်လမ်းမုခ်ဦး လိုဏ်အရှည်မှာ(၁၂)ပေခန့်ဟိပြီး အလယ်လိုဏ်ဂူတော်အရှေ့အနောက် အကျယ် (၉) ပေခန့်၊ တောင်မြောက်အကျယ် (၇) ပေခန့်ဟိပါရေ။ လိုဏ်ဂူတော်အမြင့် (၈) ပေခန့်ဟိပါဧ့။ လိုဏ်ဂူတော်ထဲတွင် လေးထောင့်ဆန်ရေ ပလ္လင်တော်တစ်လုံးဟိပါရေ။ ပလ္လင်တော်မှာ ရိုးရိုးပလ္လင်တော်မျိုးသာ ဖြစ်ပါရေ။ ပလ္လင်တော်ထက်တွင် (၃) ပေကျော်ခန့်ဟိရေ ပဇင်္ဂမုဒြာ ဈာန်သိုင်း ကျောက်ဆင်းတုတော်တစ်ဆူ ပူဇော်ထားပါရေ။ မုခ်ဦးတော်မှာ ရခိုင်စိတ္တလင်္ကာရ အနုလက်ရာတိဖြင့် ထုံမွမ်းထားရေ မုခ်ဦးတော်တစ်ခု ဖြစ်ပါရေ။ စေတီတော်ကိုလည်း ကြာပွင့်ဖတ်တိဖြင့် အဆင့်ဆင့်ပူဇော်ထားပါရေ။ သင်္ကန်းစည်းနန့် သပိတ်မှောက်ကိုလည်း အနုစိတ်ထုဆစ်တန်ဆာဆင်ထားပါရေ။ စေတီတော်မှာပုတီးရစ်အဆင့်အပေါ်မှ ကျိုးပဲ့သွားပနာ ခရစ်သက္ကရာဇ် (၂၀၀၆) ခုနှစ်တွင်ရှေးဟောင်းသုတေသနနန့် အမျိုးသားပြတိုက် ဦးစီးဌာနမှထပ်မံပြု ပြင်ထားပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅