Wp/rki/ပြည်လုံးချမ်းသာစေတီ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ပြည်လုံးချမ်းသာစေတီ

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာ မင်းသားကျွန်းအရပ်တွင် တည်ဟိပြီး ကောလိယသကျမုနိစေတီတော်ဧ့ တောင်ဘက်၊ ပန်းရုံးမြောင်းချောင်းဧ့ အနောက်ဘက်တွင် ဟိပါရေ။ 

ကုသိုလ်သျှင်[edit | edit source]

ဘုရင်မင်းဗာကြီးရေ ကောဇာသက္ကရာဇ် (၈၉၈) ခု၊ အေဒီ (၁၅၃၆) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခပါရေ။

သမိုင်းအကျဉ်း[edit | edit source]

မင်းဗာဘုရင်ရေ ပေါ်တူဂီနှင့် ဘင်္ဂါ (၁၂) မြို့ကို စစ်အောင်နိုင်သည့် အထိမ်းအမှတ်အဖြစ် ရန်အောင်ဇေယျ (ခေါ်) သျှစ်ရေင်းပုထိုးတော်ကြီးကို တည်ဆောက်လှူဒါန်းပြီး နောက်တစ်နှစ်တွင် တစ်ပြည်လုံးချမ်းသာစေရမည်ဟူရေ အဓိဋ္ဌာန်ဖြင့် ပြည်လုံးချမ်းသာဘုရားကြီးဟု အမည်ပေးကာတည်ဆောက်လှူဒါန်းခရေ စေတီတော်တစ်ဆူပင်ဖြစ်ပါရေ။ လက်ဟိအခြေအနီတွင် စေတီတော်ကုန်း မဟာရံတံတိုင်းနှင့် ဆင်းတုတော်ကြီး ပလ္လင်တော်သာကျန်ဟိပါတော့ရေ။ ခရစ်သက္ကရာဇ် (၁၉၉၀) ပတ်ဝန်းကျင်ခန့်တွင် စေတီတော်တစ်ဝက်လောက် ကျန်ဟိနီသိစာကို တွေ့ဟိလိုက်ရပါ သိရေ။ 

ဗိသုကာလက်ရာ[edit | edit source]

ပြည်လုံးချမ်းသာစေတီတော်နှင့် ဆင်းတုတော်တို့ကို ပန်းပျိုးမြောင်းချောင်းကမ်းနံဘေး တောင်စွယ်ကုန်းမြင့်ပေါ်တွင် ကျောက်အတိဖြင့် တည်ဆောက်ထားပါရေ။ စေတီတော်မဟာရံတံတိုင်း အရှေ့အနောက်အကျယ် (၉၀) ပေခန့်၊ တောင်မြောက်အကျယ် (၆၀) ပေခန့်နှင့် တံတိုင်းထုအထူ (၅) ပေခန့်ဟိပါရေ။ မဟာရံတံတိုင်းထဲဟိ စေတီတော်မှာ အောက်ခြေ အရှေ့အနောက်အကျယ် (၄၀) ပေခန့်၊ တောင်မြောက်အကျယ် (၂၅) ပေခန့်ဟိပါရေ။ စေတီတော်ကို လိုဏ်ဂူတော်နှစ်ဆင့်နှင့် တွေ့ဟိပါရေ။ ထီးတော်အညွှန့်အပိုင်းအစလည်း နှစ်မျိုးတွေ့ဟိရပါဧ့။ ဒုတိယလိုဏ်ဂူတော်အတွင်း နံရံတွင် နံရံကပ်မုခ်တိထွင်းထားပြီး ဆင်းတုတော်ငယ်တိ ပူဇော်ထားခပါရေ။ ပထမပင်မလိုဏ်ဂူတော်ထဲဟိ ဆင်းတုတော်ကြီးမှာ ဉာဏ်တော်အမြင့် (၆) ပေခန့်ဟိပြီး ကျောက်တစ်လုံးတည်းဖြင့် ထုဆစ်ထားရေ ဆင်းတု တော်ကြီးတစ်ဆူပင်ဖြစ်ပါရေ။ ပလ္လင်တော်မှာ(၈) ပေခန့်ကျယ်ပြီး(၃) ပေခန့်မြင့်ပါရေ။ ပလ္လင်တော်အထက်အောက်တို့တွင် ကျောက်ဆစ်လက်ရာတိ အနုစိတ်ထွင်းထုထားပါရေ။ စေတီတော် ကျောက်ပုံဘေးပတ်ဝန်းကျင်တွင် မူလကျောက်ဆစ်လက်ရာ ရုပ်လုံးရုပ်ကြွတိ ပြန့်ကြဲနီရေကိုတွေ့ဟိရပါရေ။ ။

အချို့ အနည်းငယ် ကျောက်ဆစ်အနုလက်ရာတိကို မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်တွင် ထိန်းသိမ်း ပြသလျက်ဟိပါရေ။ မင်းဗာဘုရင်လှူဒါန်းခစဉ်က ကုန်းဧ့မဟာရံတံတိုင်းထဲတွင် စဉ့်ကြမ်းခင်းပြားတိ ခင်းခပြီး ဒေခုအခါ စဉ်ပြားအပိုင်းအစအနည်းငယ်တွေ့ဟိရပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅