Wp/rki/ဟာရီတောင်စေတီတော်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ဟာရီတောင်စေတီတော်

တည်နီရာ[edit | edit source]

“မြောက်ဦးနန်းတော်ကုန်းမြောက်ဘက်ကပ်လျက်ဟိ တောင်ပေါ်တွင် တည်ဟိပါရေ။ ဆင်ဖြူကုန်းစေတီတော် အနောက်ဘက်၊ ရက္ခတောင်ဧ့ အရှေ့မြောက်ဘက်တွင် ဟိပါရေ။ 

ကုသိုလ်သျှင်[edit | edit source]

ဘုရင်သီရိသုဓမ္မရာဇာရေ ကောဇာသက္ကရာဇ် (၉၉၅) ခု၊အေဒီ (၁၆၃၃) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခ ပါရေ။

သမိုင်းအကျဉ်း[edit | edit source]

ဟာရီတောင်စေတီတော်ကို ဘုရင်သီရိသုဓမ္မရာဇာမှ စတင်တည်ဆောက်ခပြီး ကောဇာသက္ကရာဇ် (၁၁၂၃) ခု၊ ဒီ (၁၇၆၁) ခုနှစ်တွင် ဘုရင် နရဘယရာဇာရေလည်း ထပ်မံလှူဒါန်းခရေ။ ထို့နောက် ကောဇာသက္ကရာဇ် (၁၂၇၂) ခု၊ အေဒီ (၁၉၁၀) ခုနှစ်တွင် ဦးသာထွန်းအောင်မှလည်းကောင်း၊ ကောဇာသက္ကရာဇ် (၁၃၄ဝ) ခု၊ အီ (၁၉၇၈) ခုနှစ်တွင် ဦးရဲဘော်မှလည်းကောင်း ထပ်မံပြုပြင်မွမ်းမံခပါရေ။ စေတီတော်မှာ မိုးတိစွာရွာသွန်းသဖြင့်ကောဇာသက္ကရာဇ် (၁၃၆၁) ခု၊ ပထမဝါဆိုလပြည့်ကျော် (၁၃) ရက်နီ့တွင် ပြိုကျခပြီး ကောဇာသက္ကရာဇ် (၁၃၆၂) ခုနှစ် ၊ တန်ခူးလဆန်း (၉) ရက်နီ့တွင် ညောင်ပင်ဈေးဆရာတော် ဘဒ္ဒန္တရေဝတဦးစီးပြီး ဦးရွှေမောင်၊ ဦးတေဇ၊ ဦးအောင်ရွှေဦးတို့မှမ, တည်ကာတပည့်ဒကာ/ဒယိကာမ တိမှ စုပေါင်းပြီး ထပ်မံတည်ဆောက်လှူဒါန်းခပါရေ။ မြတ်စွာဘုရားဧ့ အရေတော်ဓာတ်ကိုဌာပနာပနာ တည်ထားရေစေတီဖြစ်ပနာ အရေတော်စေတီဟုခေါ်ဆိုရာမှ “ဟရီ”၊ “ဟာရီ” ဟူပနာ တဖြည်းဖြည်းပြောင်းလဲ ခေါ်ဝေါ်လာခကြခြင်း ဖြစ်ပါရေ။ “ဟရီ” ဆိုရေ စကားမှာ ပါဠိစကား “သီရိ” မှ ပြောင်းလဲလာရေစကားဖြစ်ပါရေ။ တချို့က “ဟရီ” ဆိုရေစကားမှာ “သျှရီ” ဆိုရေ သက္ကတစကားမှပြောင်းလဲလာရေ စကားဖြစ်ရေဟုလည်း ဆိုကြပါရေ။ ဟရီတောင်စေတီအနီးတွင် ဖွားမြင်ခသဖြင့်လည်း ဘုရင်သီရိသုဓမ္မာရာဇာအား “မင်းဟရီ” ဟူပနာ ခေါ်ဝေါ်ကြရေဟု သိဟိရပါရေ။ 

ဗိသုကာလက်ရာ[edit | edit source]

ဟာရီတောင်စေတီတော်ကို ပေ (၁၅၀) ခန့်မြင့်ရေ တောင်ကုန်းပေါ်တွင် ကျောက်အတိဖြင့် တည်ဆောက် ထားပါရေ။ စေတီတော်အောက်ခြေအချင်းမှာ (၂၅) ပေခန့်ဟိပြီး ဉာဏ်တော်အမြင့်မှာ (၃၄) ပေကျော်ခန့်ဟိပါရေ။ စေတီတော်အောက်ခြေမှာ လေးမျက်နှာပုံစံဖြစ်ပြီး ခေါင်းလောင်းမှောက်မှအပေါ်ပိုင်းကို အဝိုင်းပုံစံဖြင့် တည်ဆောက်ထား ပါရေ။ လေးမျက်နှာဆိုရေ်လည်း ထောင့်တိကိုချိုးထားပါဧ့။ တစ်မျက်နှာစီတွင် ပစ္စယံနှစ်ဆင့်ပေါ်၌ မုခ်ကပ် တိကို ဖွင့်ထားပါရေ။ မုခ်ကပ်ထဲတွင် ဆင်းတုတော်တိကို ပူဇော်ထားပါရေ။ မုခ်ကပ်တိဧ့ မျက်နှာပြင်တိကို ရခိုင်ရိုးရာစိတ္တလင်္ကာရလက်ရာတိဖြင့် ထုဆစ်အလှဆင်ထားပါရေ။ စေတီတော်ဧ့အရှေ့ဘက်ကို (၃) ပေခန့်ထုတ်ပနာ မုခ်ဦးဖွင့်ထားပါရေ။ မုခ်ဦးဂူထဲတွင် ပလ္လင်တော်အား (၂) ဆင့် ပြုလုပ်ထားပြီး အဆင့်တိုင်းတွင် ဆင်းတုတော် (၁) ဆူစီ ပူဇော်ထားပါရေ။ အောက်ပလ္လင် တော်မှာ (၃) ပေခန့်မြင့်ပြီး ဆင်းတုတော်မှာလည်း ဉာဏ်တော်အမြင့် (၃)ပေခန့်ဟိပါရေ။ အပေါ်ဆင်းတုတော်မှာ ဉာဏ်တော်(၂) ပေကျော်ခန့်ဟိပါရေ။ စေတီတော်ဧ့ အောက်ခြေပတ်ပတ် လည်တွင် ဘီလူးရုပ် (၉) ရုပ်ဖြင့် ထုဆစ်အလှဆင်ထားပါရေ။ စေတီတော်ဧ့ အရှေ့ဘက်မုခ်ဦးအပြင်ဘက် လက်ဝဲ/လက်ယာတွင်လည်း ဆင်းတုတော် (၁) ဆူစီ ပူဇော်ထားပါရေ။ စေတီတော်သပိတ်မှောက်နန့် ကြာဆုံကိုလည်း ပန်းလက်ရာတိဖြင့် အလှဆင်ထားပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅