Jump to content

Wp/rki/ကံ့ကော်တောဘုရား

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ကံ့ကော်တောဘုရား

ယှိနှစ်ပေါင်းတိစွာကပင် ထင်ပေါ်ကျော်ကြားပနာဟိရေ၊ ကံ့ကော်တောဘုရားလို့ ခေါ်ဝေါ်သမုတ်ပနာဟိရေ ရှေးဟောင်း ပေါ်တော်မူမြတ်စွာဘုရား ရုပ်ပွားတော်နှစ်ဆူပါရေကား ရခိုင်ပြည်၊ ရမ်းဗြဲကျွန်းဟိ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်ဧ့ ဂုံးချိန်ကျေးရွာတောင်ဘက် ကံ့ကော်ပင်တိဟိရာ အရပ်မာ တည်ဟိနီပါရေ။ အဆိုပါ တန်ခိုးကြီး ရှေးဟောင်းပေါ်တော်မူ ရုပ်ပွားတော်မြတ်ကြီးနှစ်ဆူပါရေသီတင်းသုံး ကိန်းဝပ်တော်မူရာ သိမ်တော်မှာ ကျောက်ဖြူမြို့နန့် (၅)မိုင်ကျော်ခန့် ကွာဝီးရေ နီရာမာတည်ဟိပြီး ဂုံးချိန်ကျေးရွာနန့်မူ (၂)ဖာလုံခန့်သာ ဝီးပါရေ။ ထို တန်ခိုးကြီးရှေးဟောင်း ရုပ်ပွားတော်မြတ်နှစ်ဆူဧ့ ဘုရားပူဇော်ပွဲတော်မှာ နှစ်စဉ် နှစ်ဆန်း တစ်ရက်နိန့်တွင်သာ ပြုလုပ်ကျင်းပလေ့ ဟိပါရေ။ ဤကဲ့သို့ သင်္ကြန်လွန်စ ထူးမြတ်ရေနှစ်ဆန်းတစ်ရက်နိန့်တွင် ကျင်းပပြုလုပ်ရေ ဘုရားပူဇော်ပွဲမျိုးကားမဟိသလောက် အလွန်ပင်ရှားလှပါရေ။

ကံ့တော်တော ဘုရားသမိုင်း[edit | edit source]

မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးစ အချိန်အခါမှစ၍ ပေါ်ပေါက်ပနာဟိရေ စကားရပ်တိမှာ ကံ့ကော်တောဘုရား ရုပ်ပွားတော်တိနန့် ဆက်စပ်ပနာဟိရေ စကားတစ်ရပ်ပင်ဖြစ်ပါရေ။ ရှေးသရောအခါ၌ ကောတုန်တရစ်တိုင်းဟူ၍ တိုင်းကြီးတစ်တိုင်းမှာ ထင်ရှားစွာဟိခလေပါရေ။ ၎င်းတိုင်းဧ့အကျယ်အဝန်းမှာ ရှေ့ဘက်သို့ မော်တင်စွန်းအထိနန့် အနောက်ဘက်သို့ ဘင်္ဂလားပင်လယ်အော်အထိ ကျယ်ပြန့်ပါရေ။ အဆိုပါတိုင်းပြည်တွင် မဒ္ဒရာဇ်မင်းကြီး စိုးစံအုပ်ချုပ်ပြီး သားတော်(၃)ပါး ထွန်းကားပနာဟိပါရေ။ ၎င်းရို့ မှာ နောင်တော်ကြီး၊နောင်တော်ချေနန့် အာဝ ဟူ၍ အသီးသီး ခေါ်တွင်ကတ်ဧ့။ အခါတစ်ပါးရေနိန့်၌ ဘခမည်းတော် မဒ္ဒရာဇ်မင်းကြီး နတ်ရွာလားသော် သားကြီးဖြစ်ရေ နောင်တော်ကြီးမင်းသားအား ထီးနန်းရိပ်ရာ အပ်နှင်းကတ်ပါရေ။ ညီတော် အလတ် နောင်တော်လေးက အိမ်ရှေ့စံအဖြစ်လည်းကောင်း၊ ညီတော် အာဝမင်းသားအား စစ်သူကြီးရာထူးဖြင့် အသီးသီးဝေမျှ အုပ်ချုပ် ကတ်ပါရေ။ ထိုသို့ ညီနောင်(၃)ဦး စီမံအုပ်ချုပ်မင်းလုပ်နီကတ်စဉ် အတွင်း ပြည့်ရှင်မင်းဖြစ်ရေ နောင်တော်ကြီးပါရေ ဥပုသ်ဆောင်ဝင်လိုလှရေ အာသီသစိတ် ပြင်းထန်လာသဖြင့် ညီတော်လတ်ဖြစ်သည့် နောင်တော်လေး အိမ်ရှေ့မင်းသားအား ဆုံးမဩဝါဒပီးပြီး နန်းရပ်ထီးဖြူ အပ်နှင်းတော်မူပြီး တောအရပ်သို့ ထွက်ခွာလားတော်မူပါရေ။ ထိုသို့ နောင်တော်ကြီးဘုရားတောထွက်၍ နှစ်လတိ အတန်ကြာညောင်းသော် ပြည့်ရှင်မင်းနောင်တော်လေးပါရေလည်း အစ်ကိုနောင်တော်ကြီးနည်းတူပင် အရညဝါသီ တောရပ် မှီးခပါရေ။ ထီးနန်းအရိပ်အရာအား ညီတော် အငယ်ဆုံး အာဝမင်း အုပ်ချုပ်ပါရေ။ ယင်းနန့် နောင်တော်လေးမင်းကြီးပါရေ ထီးနန်းစွန့်ပနာနောင်တော်ကြီးလားရာ အရပ်ဘက်သို့ ဟိရှုပြီးလိုက်သော် တိုင်းပြည်တော် နန့်တဝဝီးလွန်းရေ တောင်တန်းတစ်ခုတွင် တွေ့ဆုံကတ်ဧ့။ ထို့သို့တွေ့ဆုံရေခါတိုင်းပြည်ရေးရာ အကျိုးအကြောင်းနန့် စပ်လျဉ်း၍ ပြောဆိုကတ်ပြီးသော် မိမိအားလည်း နောင်တော်နန့် အတူတစ်ကွ တရားအားထုတ်ခွင့်ပြုပါရန် လျှောက်ထား တောင်းပန်သော် နောင်တော်ကြီးက ငါ့ညီတော် တရားအား ထုတ်လိုသော် ဟိုဘက်တောင်တန်းမှာ နီခလို့ ညွှန်ကြားလိုက်ပါရေ။ ညီနောင်နှစ်ဦးရို့လည်း မိမိရို့နီရပ်၌ပင် တရားကျင့်သုံး၍ အသက်ထက်ဆုံးနီကတ်လေကုန်ဧ့။ ၎င်းအရပ်ပါရေ ရမ်းဗြဲကျွန်း မြောက်ဘက်ကျသည့် ပင်လယ်ထဲတွင်ဟိကတ်ဧ့။ ထိုနီရာအား နောင်တော်ကြီးတောင်နန့် နောင်တော်လေးတောင်ဟူ၍ ယခုထက်တိုင် ခေါ်ဝေါ်သုံးစွဲပနာ ဟိကတ်ပါရေ။ ထိုစဉ်အခါ ကောတုန်တရာဇ်တိုင်းပြည်၌ ညီငယ်တော် အာ၀မင်းသားပါရေ မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါးနန့် ညီညွတ်မှု မဟိလေရေကြောင့် တိုင်းပြည်တော်ပါရေ ခိုးသားဓားပြ မကောင်းမှုတိ ရောပြွန်းပနာဟိခြင်းရို့ကြောင့် တိုင်းသူပြည်သားလူအတိရို့ ငတ်မွတ်ခေါင်းပါးရေ ဘေးကပ်ဆိုးကြီး ဆိုက်ရောက်နီဧ့။ တိုင်းပြည်ကြီးပါရေလည်း မငြိမ်မသက်ဖြစ်ပါရေ။ အဆိုပါတိုင်းပြည်တွင် တိုင်းသူ ပြည်သားအပေါင်းရို့ ပူဇော်ကိုးကွယ် ကတ်ည်ညိုကတ်ရေ တန်ခိုးကြီးရုပ်ပွားတစ်ဆူ ဟိဧ့။ (တစ်ချို့က နှစ်ဆူဟိပါရေဟူ၍လည်း ပြောကတ်ပါရေ) ထိုတန်ခိုးကြီးရုပ်ပွားတော်ကြီးအား မရိုသေ မကိုင်းရှိုင်းကတ်ပဲ မသင့်လျော်ရေ အမှုကို ပြည်သူတိ ပြုကျင့်ကတ်ကုန်ဧ့။ ထိုတိုင်းပြည်၌ သီလ၊ သမာဓိ မြဲရေ င/ပု အမည်ဟိ အဘိုးအိုလင်မယားနှစ်ဦး (တစ်ချို့က င/ပု နန့် င/လာ ညီအစ်ကို နှစ်ယောက်ဟိကြောင်းပြောကတ်ပါရေ။) မိမိရို့ ကိုးကွယ်ရေ တန်ခိုးကြီး ဘုရားအား ဤသို့ပြုကျင့်နီကတ်ခြင်းမှာ မသင့်လျော်ကြောင်း ပြောဆိုဟန့်တားသော်လည်း မရဟိခပါ။ င/ပု လင်မယားမှ လွဲ၍ ၎င်းရို့ဧ့ သားသမီးတိပင်လျင် မကောင်းရေ အမှု ဖြင့် ဘုရား၌ပြုကျင့်ကတ်ကုန်ဧ့။

နတ်တိအိပ်မက်လာပီးခြင်း[edit | edit source]

တစ်ညအခါ၌ င/ပု လင်မယားအိပ်ပျော်နီစဉ် သမာဒေဝနတ်တိ လာပြီး ဤကောတုန်တရာဇ်တိုင်းအား ရက်သတ္တပါတ်အတွင်း နဂါးရို့ရီနှစ်ကစက်မယ် ဖြစ်၍ မင်းရို့လင်မယားလွတ်ရာသို့ ပြေးကတ်ကုန်။ ထိုသို့လားရေ အခါ၌ လည်း သင်ရို့နှစ်ဦးမှလွဲ၍ မည်သူ့အားမှ အသိမပီးကတ်ဘဲ ဘုရားပင့်ဆောင်ပြီး ယူကတ်လို့ အိပ်မက်၌ ပြောကြားခရေ။ င/ပု အဘိုးအို အိပ်ရာမှ လန့်နိုးလာရေခါ အနားမှာ ငွေထောင်ထုပ်ကို တွိဟိပါရေ။ စစောချေမိုးသောက်အလင်းရေခါ အဘိုးကြီးပါရေ ဇနီးပါရေ အဘိုးအိုမကြီးအား အိပ်မက်အကြောင်းတိပြောကြား၍ ငွေထုပ်အားပီးပမနာတစ်စုံတစ်ယောက်ရေသူအား မပြောကြားရန်မှာထားခရေ။ အဘွားကြီးကား မိခင်ဖြစ်ခြင်းကြောင့် သားသမီးနှစ်ဦးရို့အား တိတ်တစ်ဆိတ်ပြောထားလေရာ လားချိန်နီးတွင် င/ပု အဘိုးအိုမကြီးဘုရားလားရောက်ပင့်သော် ပင့်မရဘဲဟိနီရေ။ ထိုအခါ င/ပု အဘိုးပါရေ ဘုရားရုပ်ပွားတော်အား အကြိမ်ကြိမ် အဖန်ဖန်ကြိုးစား၍ ပင့်ယူပါသော်လည်း အလကားဖြစ်နီရေကြောင့် အဘိုးအိုမကြီးအား မှန်ရာပြောရန် မိန်းမြန်းရာ အဘွားကြီး က သားသမီးတိအား ထုတ်ဖော်ပြောမိပါကြောင်းဝန်ခံလေဧ့။ ထို့ကြောင့်ဘုရားအားပင့်မရခြင်းဖြစ်ကြောင်း အမှန်မုချ သိဟိသဖြင့် အဆိုပါနိန့်ရက်တွင်မလားတော့ဘဲ နောင်တွင် မည်သူမျှ လုံး၀အသိမပီးတော့ဘဲ တိတ်တဆိတ်ဘုရားအားလားရောက်ပင့်ယူရာ လွယ်ကူစွာ ရခခြင်းကြောင့် အဘွားကြီးအား နတ်ပီးရေ ရွှေထုပ်အားရွက်စေကာ ကောတုန်တရာဇ်တိုင်းပြည်မှ တိတ်တဆိတ်ထွက်လာကတ်လေဧ့။ ထိုသို့ထွက်လာရင်းပင် ယခုအခေါ် လိပ်ခမော် ရွာဟောင်းအနီးဟိ တောင်ငယ်တစ်ခုသို့ရောက်ဟိ၍ အပန်းဖြေရပ်နားကတ်လေဧ့။ ၎င်းတောင်ငယ်ကို ယခုထက်တိုင် င/ပု တောင်မော် လို့ ခေါ်တွင်ပနာဟိနီလေပါရေ။

ရှာမတွေ့ရေ မဟာ မြတ်မုနိအရပ်[edit | edit source]

အဘိုး င/ပု လင်မယားရို့ပါရေ ၎င်းတောင်ငယ်၌ အမောအပန်းဖြေနီကတ်ပြီး မိမိရို့ လာရာလမ်းအတိုင်း အနောက်ဘက်သို့ မျှော်၍ ကတ်ည့်ကတ်လေသော် ကောတုန်တရာဇ်တိုင်းပြည်နီရာတွင် သမုဒ္ဒရာပင်လယ်ရေပြင်ကြီးအတိ ဖြစ်နီပါရေကို သာ တွေ့မြင်ရလေဧ့။ ထိုပင်လယ်ကမ်းစပ်တွင် ယခု ဂေါ်တူခေါ်ရွာငယ်တစ်ခုဟိလေဧ့။ (တစ်ခါတစ်ရံ အလွန်ဖြားစစ်ချိန်(ဒီရေကျချိန်)တွင် ပင်လယ်သမုဒ္ဒရာထဲဟိ နန်းခေါင်တိုင်အား မြင်ကတ်ရကြောင်းကြားဘူးခရပေပါရေ။) င/ပု လင်မယားရို့ ကား ခရီးတစ်ထောက်ဆက် လျှောက်ရပြန်သော် အလွန်ပင်ပန်းနွမ်းရိလာခြင်းရို့ကြောင့် အဘွားအိုက ဤဘုရားရုပ်ပွားတော်နဲ့ ငွေထုပ်အား ထားခကတ်ရန်ပြောကြားသော်လည်း င/ပု အဘိုးအိုကား ရှေ့သို့ဆက်၍ ယူလာရန်သာ ပြောပြီး ခရီးတရွေ့ရွေ့ ဆက်၍ လားလေဧ့။ သို့နန့် ယခုကျောင်းကလေးအနီးဟိ သရက်တောအုပ်ကြီးထဲသို့ ရောက်လာကတ်ပါရေ။ ဤနီရာတွင်ရပ်တန့် အမောဖြေကတ်ပြီးလျှင် ငွေထုပ်အား သရက်ပင်တိအောက်တွင် မြှုပ်နှံ၍လည်းကောင်း၊ ဘုရားရုပ်ပွားတော်မြတ်အား သင့်လျော်ရေ နီရာတွင်ထား၍ ပူဇော်ကန်တော့ခြင်းပြုလုပ်ကတ်ပြီး မဟာမုနိအရပ်ဘက်သို့ ထွက်လားကတ်ကတ်ပါရေ။ (မဟာမုနိအရပ်ဆိုစာ ဇာအရပ်ကိုခေါ်စာလဲ။ ကျောက်တော်ဘက်ဟိ မဟာမုနိဘုရားအရပ်ကို ခေါ်စာလားလို့ အခုထိ အတိအကျ မသိရသိ။)

ကျောက်ဖြူ ကံ့ကော်တောအရပ်[edit | edit source]

ဟိလွန်လေပြီးရေ အခါက လူနီအိမ်ခြေ လကားတစ်ထောင်ဟိရေ ရွာကြီးတစ်ရွာပါရေ ကျောက်ဖြူတောင် အနီးတွင်တည်ဟိခ၍ ကျောက်ဖြူရွာလို့ ခေါ်တွင်ကတ်ပါရေ။(ယခုထက်တိုင် ကျောက်ဖြူတောင်ခြေရင်နားတွင် တဝကြီးရေ ကျောက်ဖြူလုံးကြီးနှစ်လုံး ဟိနီပါရေ။ အချို့က ၎င်းကို ကျောက်မောင်နှစ်မ ၊အချို့က ကျောက်လင်မယားလို့ အမျိုးမျိုးပြောဆိုကတ်ပါရေ။ ၎င်းကျောက်ဖြူနှစ် လုံးကို အစွဲပြု၍ ကျောက်ဖြူတောင်၊ ကျောက်ဖြူရွာလို့ ခေါ်ခြင်းဖြစ်ကတ်ပါရေ။ ထိုရွာတွင်လူကြီးအဖြစ်အုပ်ချုပ်ရေ င/ပုရှေဆိုလူ တောထဲလား၍ င/ပု လင်မယားထားခရေ ရုပ်ပွားတော်အား တွေ့ဟိရ၍ မိမိနီရာသို့ပင့်ယူလာရာ ကျောက်ဖြူရွာအနီးဟိ ချောင်းကမ်းထိပ်သို့ရောက်လေသော် အမောအပမ်းဖြေရပ်နားရာတွင် ဘုရားရုပ်ပွားတော်ပြန်လို့ပင့်ဆောင်မရ ဖြစ်နီရေ။ ထိုအခါရွာသားတိအား ခေါ်ငင်ပြီးရထားပြုလုပ်၍ ဆွဲကတ်သော် လွန်ကြိုးသာ အလီလီပြတ်၍ ပင့်မရခြင်းကြောင့် ထိုနီရာတွင်ပင် ကျောင်းတော်ဆောက်၍ ကိုးကွယ်ကတ်ရရေ။ ဘုရားပင့်မရခြင်းအကြောင်းသော်ကား ထိုချောင်းငယ်ပါရေ ရွာသားတိမစင်စွန့်ရာ ချောင်းဖြစ်၍ မဖြတ်လိုခြင်းကြောင့်လည်းကောင်း ၊ ယခုတိုင် ၎င်းချောင်းနီရာကို ချီးတောချောင်းလို့ ခေါ်ကတ်ပါရေ။) ဘုရားရုပ်ပွားတော် သီတင်းသုံးတော်မူရန် သင့်လျော်လျောက်ပတ်ရေ မြေသန့်မြေမြတ်သို့ ရောက်ဟိတော်မူ၍ လည်းကောင်း ၊ထိုနီရာမှ ပင့်ဆောင်မရဘဲ ဖြစ်နီပါရေ။ ထိုနီရာတွင် ကံ့ကော်ပင်တိ တောအုပ်သဖွယ်ပေါက်နီကတ်ခြင်းကို အစွဲပြု၍ ကံ့ကော်ကော ဘုရားလို့ နာမ ထင်ပေါ် ခေါ်ဝေါ် ခကတ်ခြင်းဖြစ်ပါရေ။ ဤကား တောင်ဘက်မှ သီတင်းသုံးနီတော်မူရေ ရုပ်ပွားတော်ငယ်ဧ့ သမိုင်း အကြောင်းရပ်တည်း။(ထို့ကြောင့် ရုပ်ပွားတော်ငယ်မှာ ကံ့ကော်တောအုပ်သို့ ဦးစွာရောက်ဟိကြောင်းထင်ရှားပါရေ။)

မြောက်ဘက်မှ သီတင်းသုံးတော်မူရေ ရုပ်ပွားတော်ကြီးအကြောင်း[edit | edit source]

ဤရုပ်ပွားတော်ကြီးအား ကျောက်ဖြူရွာသားတံငါပါရေ င/သထာပါရေ ငပြီတောင်မော်စွန်းအနီး ပင်လယ်ကမ်းစပ်တွင် လားရောက်ငါးဖမ်းရာ ပိုက်ကွန်အတွင်း၌ အဆိုပါရုပ်ပွားတော်ကြီး ငြိတွယ်ပါလာဧ့။ င/သထာပါရေ ကြောက်လန့်ကြီးစွာ သူဧ့ပိုက်ကွန်အတွင်း၌ ဘုရားပုထိုးတစ်ဆူပါလာကြောင်း ရွာသားတိအားပြောကြားသော် ရွာအုပ်ချုပ်သူ င/ပရှေ နှင်ရွာဆော် မောင်ဝန်းရို့ပါရေ ရွာသားတိအားခေါ်ယူပြီး ဘုရားရုပ်ပွားတော်ကြီးအား ပင့်ဆောင်ခရာ ကံ့ကော်တောအုပ်အနီး ရွာသားတိအခေါ်ယူပြီး ဘုရားရုပ်ပွားတော်ကြီးအား ပင့်ဆောင်ခရာ ကံ့ကော်တောအုပ်အနီး ချောင်းကမ်းစပ်တွင် ရပ်နားကတ်စဉ် ယခင်ရုပ်ပွားတော်ကဲ့သို့ပင် ပင့်ယူမရ ဖြစ်ကတ်ရပြန်ပါရေ။ ဘုရားရုပ်ပွားတော်ကြီးပါရေလည်း ဤမစင်ချောင်းကို မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ မြေထွက်မြေမြတ်တွင် ယခင်ရုပ်ပွားတော်နန့်အတူ သီတင်းသုံးတော်မူလိုခြင်းကြောင့် ပင့်ဆောင်မရခြင်းဖြစ်ပါရေ။ ထိုရုပ်ပွားတော်ကြီးအား တစ်ချို့ရေသူတိက သီဟိုဠ်ကျွန်းမှ ကြွလာတော်မူပါရေလို့ ပြောကတ်ပါရေ။ တစ်ချို့တစ်ချို့ရေသူတိကမူ ကောတုန်ကရာဇ်တိုင်းမှ င/ပုညီ င/လာဆိုသူ ပင့်ယူလာခရေ ဘုရားဖြစ်ပြီး လောင်းမှောက်၍ ရီထဲကျလားခြင်း ဖြစ်ကြောင်းအချို့ သက်ကြီးဝါကြီးတိက ပြောကတ်ပါရေ။ င/လာ နီခခြင်းကြောင့် အခုထက်တိုင်လည်း င/ပြီတောင်တစ်ဘက်တွင် င/လာကုန်ဘောင် (ကုန်းမြင့်မှာ) ထင်ရှားစွာ ဟိသိပါရေ။ ဤတန်ခိုးကြီးရုပ်ပွားတော်မြတ်နှစ်ဆူအားသမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တိ ထာဝစဉ် စောင့်ရှောက်ပနာ နီကတ်ကြောင်းထင်ရှားလှပါရေ။ တစ်ခုရေနှစ်ဆန်းတစ်ရက်နိန့်တွင် နတ်သဘင် ပေါင်းစုံစည်းဝီးရန်ကြုံလာရေကြောင့် ဤဘုရားတွင် ထိုနိန့်ထိုရက်၌အစောင့်အရှောက်တိကင်းမဲ့ နီမည်ဖြစ်၍ မသူတော်တိလာရောက်ဖျက်ဆီးခြင်းမခံရစီရန် နှိုးဆော်စောင့်ရှောက် စေခြင်းဖြစ်ပါရေ။ ပွဲတော်ချရန်ရေအခက်အခဲ၊ဟင်းအခက်အခဲတိ တွေ့နီရစဉ် ရီကို ဘုရားအနားမှာ တူးဖော်ရဟိပြီး ဤပိန်းတောကြီးမှ ခူးယူချက်ပြုတ်ခြင်းဖြင့် ဟင်းအဖြစ်ပြုလုပ်၍ပွဲတော်ချနိုင်ကြောင်း အိပ်မက်ပီး၍ ဘုရားတန်ခိုးတော်အားယုံကတ်ည်မြတ်နိုးခြင်းဖြင့် ပွဲတော်ပြုလုပ်လာခပါစာမှာယခုတိုင်ဖြစ်ပါရေ။



ကံ့ကော်တောဘုရား[edit | edit source]

ဒေကံ့ကော်တော်ဘုရားပွဲတော်ရေကား ကျောက်ဖြူမြို့နယ်တစ်ခုလုံးတွင် အထူးထင်ပေါ်ကျော်ကြားရေဘုရားပွဲတော်ကြီးဖြစ်ပါရေ။ ဟိဟောင်းရုပ်ပွားတော်မြတ် (၂)ဆူဧ့တန်ခိုးတော်သတင်းစကားတိရို့ကြောင့်လည်း အရပ်ရပ်မှလာရောက်ဖူးမြော်ကန်တော့ ကတ်ပါရေ။ မြန်မာသက္ကရာဇ် နှစ်ဆန်း(၁)ရက်နိန့်ပါရေကားဗုဒ္ဓဘာသာဝင် ရခိုင်(မြန်မာ)လူမျိုးတိအတွက် အလွန်ထူးမြတ်ရေနိန့်ကောင်းနိန့်မြတ်တစ်ရက်ပင်ဖြစ်ပါရေ။ ထို့ကြောင့်ပင် နှစ်ဟောင်းမှ မကောင်းရေ ဘေးဒဏ်၊ရန်မာန် အပေါင်းကင်းဝီးစီကြောင်း အလို့ငှာ သင်္ကြန်အခါတွင်း၌ အိမ်ဦးခန်းတွင်အန္တရာယ်ကင်းအဖြစ် သပြီပန်းနန့် ရီချမ်းအိုးတိ တည်ကတ်ခြင်း၊တစ်ချို့လူကြီးမိဘတိရို့ပါရေ မိမိရို့သားသမီးတိအားရွှေရည်၊ငွေရည်၊တရော်ကင်မွန်းရည်တိဖြင့် ခေါင်းဆီးမင်္ဂလာ ဆံချခေါင်းလျှော်ပီးခြင်းတိ ပြုလုပ်ပီးပြီး အန္တရာယ်အပေါင်းကင်းဝီးပြီးကျန်းမာချမ်းသာ ရွှင်လန်းကတ်စေရန် ဆုတောင်းမေတ္တာပို့ပီးခြင်းတိပြုလုပ်ကတ်ပါရေ။ ဤသို့ထူးမြတ်ရေ နှစ်ဆန်း(၁)ရက်နိန့်တွင်ကံ့ကော်တောဘုရားပွဲပြုလုပ်ရန်အတွက် သင်္ကြန်အတက်နောက်ဆုံးရက်တွင်လူအပေါင်းရို့ပါရေ မခေါ်မဖိတ်ပနဲမိမိရို့စိတ်ဆန္ဒအလျောက်မြို့ရောတောပါ ရွာပေါင်းတိတိမှ လူကြီးလူငယ်၊ ယောက်ျားမိန်းမ၊အချေလူငယ်ပါမကျန်၊အပျိုလူပျိုတိ အားလုံး စုပေါင်းပြီလျင်တေးခြင်းဆိုကခုန်တီးမှုတ်၍ ဆီမီးပန်းနံ့သာ အမျိုးမျိုးဖြင့်လည်းကောင်း၊ရေချမ်းအိုးတိ ကိုယ်စီရွက်လာကာ လာရောက်ရီသပ္ပါယ် ကန့်တော့ကတ်ပါရေမှာပွဲတော်တစ်မျှ စည်ကားလှပါရေ။ ဤ ကံ့ကော်တောဘုရားပွဲတော်ဖြစ်မြောက်ရေးအတွက် ဂုံချိန်ရွာမှ ဘုရားဂေါပက အ ဖွဲ့ဝင်ဥပသကာလူကြီးတိမှာ ကြာသပတေးနိန့်တိုင်း ခရီးဝီးကွာရေကျောက်ဖြူမြို့ပေါ်သို့ အပါတ်စဉ် မှန်မှန်တက်ရောက် အလှူခံကတ်ပါရေ။ အမျိုးသမီးကြီးတိအဖွဲ့ကလည်း ပွဲတော်ရက်မတိုင်မီ တစ်လခန့် အလိုတပေါင်းလမှပင် မြို့ထက်သို့ လားရောက်ပြီး အိမ်တိုင်းစေ့ဝင်ပနာ ဆန်နန့်အလှူငွေတိကို စေတနာပေါက် တတ်အားသမျှ ပါဝင်လှူဒါန်းကတ်ပါရန်ပြောဆိုအလှူခံယူကတ်ပါရေ။ ၎င်းရရေ အလှူငွေတိဖြင့်ပွဲတော်လာပရိသတ်တိအား စတုဒီသာ နိန့်လုံးပေါက်ထမင်းကျွေးမွေးနိုင်ရေးအတွက် လိုအပ်ရေ ငါးပိငါးခြောက်မှအစ ပစ္စည်းတိကိုပြည့်စုံစွာ ဝယ်ယူလားကတ်ပါရေ။ ကျောက်ဖြူမြို့နယ်တစ်ခုလုံးနန့်အရပ်ရပ်မှ အလှူရှင်တိကလည်းဤ ကံ့ကော်တော ဘုရားပွဲတော်အတွက်စေတနာထက်သန်စွာ ဖြင့် ပါဝင်လှူဒါန်းကတ်ပါရေ။ ဤသို့ဖြင့်တန်ခိုးတော်အပေါင်းနန့်ပြည့်စုံတော်မူရေ ကံ့ကော်တောပေါ်တော်မူဘုရားပွဲတော်ပါရေ မိုးသောက်(၄)နာရီ အာရုံဆွမ်းတော်ကပ်လှူချိန်ကပင်စတင်ကျင်းပရာ ညနီ(၄)နာရီအထိ တစ်နိန့်တာမျှ ပြုလုပ်ရေဘုရားပွဲတော်ဖြစ်ပါရေ။ ဤသို့တစ်နိန့်တစ်ရက်တည်းပြုလုပ်ရေဘုရားပွဲတော်ဖြစ်ခြင်းကြောင့်လည်း တစ်ခြားဘုရားပွဲတော်တိကဲ့သို့အငြိမ့်၊ဇာတ်ပွဲတိ လုံး၀မပါဟိပါ။ သို့သော်မိုးသောက်ပိုင်းဆွမ်းပို့ချိန်တွင်မူ ရွာပေါင်းတိစွာတိမှ မိမိရပ်ရွာဓလေ့ထုံးစံအလိုက် အမျိုးမျိုး ကခုန်သီဆို တီးမှုတ်ခြင်းရို့ဖြင့်လှူဒါန်းဖွယ်ရာတိနဲဆွမ်းအိုးတိကိုယ်စီထမ်းပနာ ဘုရားသိမ်တော်အား သုံးခေါက်ပတ်၍ တစ်ချို့ရွာတိမှာ ငါးခေါက်လှည့်ပတ်၍လည်းကောင်း ၊တစ်ချို့ရေရွာတိမှာ ခုနှစ်ခေါက်လှည့်ပတ်၍ လည်းကောင်း ဘုရားသိမ်တော်အားလှည့်ပတ်ဦးတိုက် ပူဇော်သက္ကာရပြုပနာ ကန်တော့ပွဲကျင်းပနီကတ်သည့်သိမ်ပတ်ပွဲမှာ ကတ်ည့်မဝ ရှုမဆုံးအောင် အလွန်ပျော်ရွှင်ကတ်ည်နူးဖွယ်ရာအတိဖြစ်ကတ်ပါရေ။ ပွဲတော်နိန့်လယ်ပိုင်းအချိန်တွင်ကား ရခိုင်လူမျိုးတိဧ့ဘုရားပွဲတော်တိုင်းတွင် ပါရစမြဲဖြစ်ရေ ရိုးရာပွဲတစ်ပွဲဖြစ်သည့်ကျင်ကိုင်ပွဲမှာလည်း နှစ်စဉ်ပါဝင်ပြုလုပ်ခပါရေ။ ကျင်ကိုင်ပွဲ တွင်ပထမရဟိရေသူပါရေ ရွှေမောင်း(ရွှေခွက်)၊ ဒုတိယရဟိရေသူပါရေငွေမောင်း(ငွေခွက်)ရဟိကတ်ပါရေ။ ရွှေမောင်းငွေမောင်းဆွဲချိတ်ပြီးအိမ်အပြန်လှလိုကတ်ရေ ကျင်သန် (ကျင်လုံးသူ)တိမှာတစ်ဦးနန့်တစ်ဦးအကြိတ်အနယ် ဗိုလ်လုကတ်ဧ့။ ဤပွဲတော်မှာ အထူးစည်ကားခြင်းဟိပါရေ။ ထို့ပြင် နိန့်လုံးပေါက်ကျွေးမွေးနီရေ စတုဒီသာမဏ္ဍပ်ကြီး၌လည်း နာမည်ကျော်ပြိန်းဟင်း (ပိန်းဟင်းချက်)အား တိုးပနာ တောင်းယူစားသောက်ကတ်ခြင်းဖြင့် ပျော်ရွှင်ဖွယ်ရာ တစ်မျိုးဖြစ်ပါရေ။ဤသို့ဖြင့်ကံ့ကော်ရှင်ရုပ်ပွားတော်မြတ်နှစ်ဆူဧ့ တန်ခိုးတော်တိမှာအံ့ဩ၍မကုန်နိုင်လောက်အောင် တိပြားလှခြင်းရို့ ကြောင့် မိဘ ဘိုးဘေးဘီဘင်အစဉ်အဆက်ဆက်ကပင် ယုံကတ်ည်မြတ်နိုးခြင်းဖြင့် ကတ်ည်ညိုစွာကိုးကွယ်ခကတ်ပါရေမှာ ယခုထက်တိုင်ပင်ဖြစ်ပါပါရေ။ ထို့ကြောင့်လည်းကံ့ကော်တောဘုရားခေါ် ဟိဟောင်းရုပ်ပွားတော်နှစ်ဆူဧ့အံ့ဖွယ်ရာ တန်ခိုးသတင်းတိအား ရပ်နီးရပ်ဝီးဟိကတ်ကုန်ရေ ရဟန်းရှင်လူသူတော်စဉ်တိအားလုံး ကုသိုလ်ပွားတိနိုင်ကတ်စေရန် ရွီးသားဖော်ထုတ်လိုက်ရပါရေ။

ကိုးကား[edit | edit source]

ရွှေဖြူခင်မြလတ် (အရီးဒေါ်မြလတ်) ၏ ကျောက်ဖြူမြို့ ကံကော်တောဘုရား သမိုင်း။