Wp/rki/လေးမျက်နှာပုထိုးတော်ကြီး

From Wikimedia Incubator
< Wp‎ | rki
Wp > rki > လေးမျက်နှာပုထိုးတော်ကြီး
လေးမျက်နှာပုထိုးတော်ကြီး

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ မြောက်ဘက်မိုင်ဝက်ကျော်ကျော်ခန့်တွင် တည်ဟိပါရေ။ ထုက္ကန်သိမ်ပုထိုးတော်ကြီးဧ့ အနီာက်မြောက်ဘက်၊ ညီတော်စေတီဧ့ တောင်ဘက်ကပ်လျက်တွင် ကျရောက်ပါရေ။ 

ကုသိုလ်သျှင်[edit | edit source]

မြောက်ဦးမြို့တည် နန်းတည်ဘုရင် မင်းစောမွန်ရေ ကောဇာသက္ကရာဇ် (၇၉၂)ခု၊ အေဒီ (၁၄၃၀) ခုနှစ်တွင် တည်ထားလှူဒါန်းခပါရေ။ 

သမိုင်းအကျဉ်း[edit | edit source]

မြောက်ဦးမြို့တည်၊ နန်းတည်ဘုရင်မင်းစောမွန်ရေ မြောက်ဦးမြို့ကို တည်ရေနန့် တပြိုင်နက်လေးမျက်နှာ ပုထိုးတော်ကြီးကိုလည်း မြို့တည်ဘုရားအဖြစ် တည်ဆောက်လှူဒါန်းခပါရေ။ လေးမျက်နှာပုထိုးတော်ကြီးရေ မြောက်ဦးမြို့တည်ဘုရားထဲတွင် တစ်ဆူအပါအဝင်ဖြစ်ပါရေ။ အရပ်လေးမျက်နှာ၌ဟိရေ တိုင်းကြီးပြည်ကြီးအပေါင်း တို့က မင်းစောမွန်ဘုရင်ကို မြောက်ဦးမြို့တည်မင်းတရားကြီးဟူပနာ သိစေခြင်းငှာ အရပ်လေးမျက်နှာသို့မုစ်ဦးတိဖွင့် ထားပနာ တည်ဆောက်ခသဖြင့် မုခ်လေးတန်ပုထိုးတော်ကြီး ဟူပနာလည်းခေါ်တွင်ပါရေ။ မုခ်လေးတန်ပုထိုး(ခေါ်) လေးမျက်နှာပုထိုးတော်ကြီးဧ့ ဗဟိုစေတီတော်မှ ဌာပနာဖုံးကျောက်ပြားတစ်ချပ်တွင် ကျောက်စာတိရေးထိုးပါဟိပါရေ။ သက္ကရာဇ် (၇၉၂) ခုဟူရေ စာကြောင်းမှအပ ကျန်စာကြောင်းတိမှုံဝါးပနာ ဖတ်မရတော့ပေ။ လေးမျက်နှာ မဟာရံ တံတိုင်းထဲတွင် ပိဋကတ်တိုက်တစ်လုံး တည်ဟိခပါရေ။ လေးမျက်နှာပိဋကတ်တိုက်ဟု ခေါ်ဆိုပါဧ့။ 

ဗိသုကာလက်ရာ[edit | edit source]

လေးမျက်နှာပုထိုးတော်ကြီးကို စတုဂံကျကျမဟာရံတံတိုင်း လေးဖက်ကာရံထားခပါရေ။ မဟာရံတံတိုင်း အရှေ့ဘက်နန့် အနီာက်ဘက်မျက်နှာတို့တွင် ပုထိုးတော်သို့ဝင်ပေါက်တစ်ခုစီဟိရေ။ ကျယ်ပြန့်ရေကုန်းတော်၊ မဟာရံ တံတိုင်းဧ့ အလယ်တည့်တည့်တွင် လေးမျက်နှာပုထိုးတော်ကြီးကို တည်ထားခပါရေ။ ပုထိုးတော်ကြီးကို ကျောက်ဖြင့် တည်ဆောက်ထားပြီး ပုထိုးတော်ကြီးအောက်ခြေမှာ စတုရန်းပုံသဏ္ဍာန်ဖြစ်ပါရေ။ နံရံတစ်ဘက်စီတွင် အရှေ့သို့ ထိုးထွက်နီရေ မုခ်လေးပေါက်ဖွင့်ထားပါရေ။ အရပ်လေးမျက်နှာသို့ မုခ်လေးပေါက်ဖွင့်ထားရေကိုစွဲပြီး လေးမျက်နှာပုထိုးတော် (မုစ်လေးတန်ပုထိုး)ဟူပနာ ခေါ်တွင်ပါရေ။ ပုထိုးတော်တွင် လိုဏ်ဂူတော်တစ်ပတ်ဟိရေ။ လိုဏ်ဂူတော် နံရံတစ်မျက်နှာစီ၌ အမြင့် (၃)ပေကျော် (၄)ပေခန့် ကျောက်ဆင်းတု (၅)ဆူကျစီကို နံရံတွင် မုခ်ပေါက်ငယ် တိထွင်းပြီး ပူဇော်ထားပါရေ။ လိုဏ်ဂူလေးမျက်နှာ၌ ဆင်းတုတော်ပေါင်း အဆူ (၂ဝ)ပူဇော်ထားဟိပါရေ။ လိုဏ်ဂူတော် အလယ်မဏ္ဍိုင်ကို ကျောပေးပနာလည်း အရပ်ရှစ်မျက်နှာစီ၌ မုခ်တံကဲပလ္လင်တိဖြင့် (၆)ပေခန့်မြင့်ရေ ဆင်းတုတော်ကြီး (၈)ဆူကို ကြာပလ္လင်တိဖြင့် ပူဇော်ထားပါရေ။ နောက်ခံတံကဲတိမှာ မိုးရေတိုက်စားမှုကြောင့် ပျက်စီးနီပြီး ဆင်းတုတော် (၁)ဆူနန့် (၁)ဆူအကြား နံရံတွင်ကျောက်ဆစ်လက်ရာ အနည်းငယ်ကိုတွေ့ဟိနိုင်ပါသေး ရေ။ ပလ္လင်တစ်လုံးနန့် တစ်လုံးအကြား အောက်ခြေတွင်လည်း ခြင်္သေ့ရုပ်တိ ထုဆစ်ထားရေကို တွေ့ဟိရပါရေ။ ခြင်္သေ့ရုပ်တိကျိုးပဲ့နီပါဧ့။ လေးမျက်နှာပုထိုးတော်ကြီး လိုဏ်ဂူတော်ထဲတွင် ဆင်းတုတော်စုစုပေါင်း နှစ်ကျိပ်ရှစ်ဆူ ဖူးတွေ့ရပနာ သမ္ဗုဒ္ဓေဂါထာတော်ကြီးကို အကြောင်းပြုပနာ တည်ထားပူဇော်ခဟန်တူပါရေ။ ဆင်းတုတော်အားလုံးမှာ သားမြတ်နှစ်ဖက်ကို ဖော်ထားပါရေ။ လည်ရစ်အောက်တွင် သင်္ကန်းရစ်တစ်ရစ်စိပါဟိသဖြင့် ကြာသင်္ကန်းဝတ်ဟန်ပုံစံမျိုး ထုဆစ်ထားရေဟု ယူဆရပေရေ။ ပုထိုးတော် မုခ်ဦးမျက်နှာစာတွင်လည်း မူလက ရခိုင်စိတ္တလင်္ကာရ အနုလက်ရာတိဖြင့် ထုဆစ်ခပါလိမ့်မည်။ မူလလက်ရာ အရှေ့ဘက် မုခ်ပေါက်ထောင့်တိတွင် ရုပ်ကြွတိတွေ့ဟိနိုင်ပါသေးရေ။ ကျန်မုခ်ဦး ထိပ်တိတွင်လည်း ကြာဖတ်၊ တုရင်တိကို အနုစိတ်ထုဆစ်ထားပါရေ။ လေနန့်အလင်းရောင်တိရဟိရန် နံရံတိ၌ အလင်းပေါက်တိ ဖောက်ထားပါရေ။ ပုထိုးတော်ကြီး အောက်ခြေတစ်မျက်နှာစီလျှင် (၆၅)ပေခန့်ဟိပြီး၊ အမြင့် (၇ဝ) ပေခန့်ဟိပါရေ။ မုခ်ထွက် (၁၃)ပေခန့်ဟိပါဧ့။ လေးထောင့်ပုံ ခေါင်မိုးပေါ်တွင် ထောင့် (၄)ထောင့်၌ အရံစေတီငယ် (၄)ဆူနန့် ဗဟိုတည့်တည့်တွင် စေတီကြီးတစ်ဆူဟိပါရေ။ စေတီ (၅)ဆူစလုံးမှာ ခေါင်းလောင်းမှောက်ပုံမျိုးဖြစ်ပါ ရေ။ ပုထိုးတော်ကြီးမှာ မြောက်ဦးခေတ် အစောပိုင်းလက်ရာဖြစ်ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅