Wp/rki/ရွှေဂူတောင်အရံစေတီတော်(၁)

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ရွှေဂူတောင်အရံစေတီတော်(၁)

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ အရှေ့မြောက်ဘက် (၂) ဖာလုံကျော်ခန့်အကွာ၊ ရွှေဂူတောင်စေတီတော်ကြီးဧ့ အရှေ့ဘက် ရင်ပြင်ပေါ်တွင် တည်ဟိပါရေ။

ကုသိုလ်သျှင်[edit | edit source]

ကောဇာသက္ကရာဇ် (၇၉၂) ခု၊ အေဒီ (၁၄၃၀) ခုနှစ်တွင် ဘုရင်မင်းစောမွန်မှ တည်ထားကိုးကွယ်ခပါရေ။

သမိုင်းအကျဉ်း[edit | edit source]

| ရွှေဂူတောင်အရံစေတီတော် (၁) ကိုလည်း ဘုရင်မင်းစောမွန်လှ အေဒီ (၁၄၃၀) ခုနှစ်တွင် စတင်တည်ဆောက် လှူဒါန်းခပြီး ခရစ်သက္ကရာဇ် (၂၀၀၅) ခုနှစ်တွင် ရှေးဟောင်းသုတေသနနန့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနစုမှ ထပ်မံမွမ်းမံပနာ ပြုပြင်တည်ဆောက်ထားရေ စေတီတော်တစ်ဆူပင်ဖြစ်ပါရေ။ စေတီတော်လိုဏ်ဂူထဲဟိ ဆင်းတုတော်မှာ လေးမြို့ခေတ်လက်ရာ ဆင်းတုတော်တစ်ဆူဖြစ်ပြီး ဆင်းတုတော်ပလ္လင်တော်တွင် "ဆရာသံပူ ထုသေ” ဟု ကျောက်စာတစ်ကြောင်း ရေးထိုးထားရေကို တွေ့ဟိရပါရေ။ လေးမြို့ကမ်းတစ်နီရာမှ ဘုရင် မင်းစောမွန် ပြောင်းရွှေ့ ယူလာခရေ ကျောက်ဆင်းတုတော် တစ်ဆူပင်ဖြစ်လိမ့်မည်ဟု ယူဆရပါရေ။  ==ဗိသုကာလက်ရာ== စေတီတော်ကို အုတ်၊ ကျောက်တို့ဖြင့် ရောပနာ တည်ဆောက်ထားရေကို တွေ့ဟိရပါရေ။ စေတီတော်လိုဏ်ဂူဧ့ အရှေ့၊ အနောက်အကျယ် ၇ ပေခန့်၊ တောင်၊ မြောက်အကျယ် ၄ ပေခန့်ဟိပြီး လိုဏ်ဂူတော် အမြင့် ၇ ပေခန့် ဟိပါရေ။ လိုဏ်ဂူတော်ဝင် အရှည် (၁၆) ပေ ခန့်၊ အကျယ် ၂ ပေခန့်နန့် အမြင့် ၉ ပေခန့် ဟိပါရေ။ လိုဏ်ဂူတော်ထဲမှ ဆင်းတုတော်မှာ အမြင့် ၄ ပေ ကျော်ခန့်၊ ပခုံးစွန်းနှစ်ဖက်အကျယ် ၂ ပေ ၂ လက်မခန့် ဒူးစွန်းနှစ်ဖက်အကျယ် ၃ ပေ ၃ လက်မဟိပြီး ဘူမိဖဿဆင်းတုတော်ပင်ဖြစ်ပါရေ။ ဆင်းတုတော်ဧ့ ရောင်လျှံတော်ကို ကြာဖူးသဏ္ဌာန်ဖြင့် ဖူးတွေ့ရပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅