Wp/rki/ရွှေကြာသိမ်စေတီ(၁)

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ရွှေကြာသိမ်စေတီ(၁)

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ အနောက်ဘက်၊ တစ်မိုင်နီးပါးခန့်အကွာတွင် တည်ဟိပါရေ။ မောက်တော်တံခါးဧ့ အနောက်ဘက်လောကမာရ်အောင်စေတီဧ့ အရှေ့တောင်ဘက်တွင် တည်ဟိပါရေ။

ကုသိုလ်သျှင်[edit | edit source]

မင်းသမီးစောရွှေကြာရေ ကောဇာသက္ကရာဇ် (၈၃၃) ခု၊ ဒီ (၁၄၇၁) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခ ပါရေ။ 

သမိုင်းအကျဉ်း[edit | edit source]

“ ကောဇာသက္ကရာဇ် (၈၂၁) ခုနှစ်တွင် ဘုရင်ဘစောဖြူမင်းကြီးရေ မြောက်ဦးရွှေနန်းတော်ကို ထီးနန်းဆက်ခံ အုပ်ချုပ်ပြီးနောက် ထိုမင်းဧ့ အနောက်နန်းမိဖုရားကို နန်းတော်ဧ့အနောက်ဘက် မှောက်တော်တံခါးအနီးတွင် မောက်တော်နန်းဆောက်လုပ်ပနာ ထားဟိခလေရေ။ ထိုအရပ်၌ အနောက်နန်းမိဖုရားမှ သမီးတော် စောရွှေကြောကို ဖွားမြင်ခလေရေ။ စောရွှေကြာမင်းသမီးဧ့ ပုခက်တင်မင်္ဂလာအခမ်းအနား၌သီဆိုရန် ဘရုဂဏ္ဏကကျွန်း (ဖရုံကာကျွန်း) ဖူဒကျွန်းသားပညာဟိစာဆို ဖူဒမင်းညိုအမတ်က ဧချင်း (ရခိုင်အခေါ် ယိုင်းသာခြင်း)ကို ရေးသွင်းပြီးဆက်သခလေရေ။ ထိုဧချင်းကို ရခိုင်မင်းသမီးဧချင်းဟု စာပေလောကတွင် ဂနီ့တိုင် ထင်ရှားနီပါသေးရေ။ မင်းသမီး စောရွှေကြာရေ မိမိနီထိုင်ခရေ အိမ်တော်ရာတွင် ဘုရားတစ်ဆူကို ဂူဖြင့်တည်ဆောက်လှူဒါန်းခပါရေ။ လောင်ပွန်းပြောက် အရှေ့ဘက်တွင်လည်း စေတီတော်တစ်ဆူနန့် မင်္ဂလာတံတိုင်းတောင်ဘက်၊ ကန်သုံးဆင့်တံတိုင်းမြောက်ဘက်တွင် တစ်ဆူ စုစုပေါင်း (၃) ဆူကို တည်ဆောက်လှူဒါန်းခပါရေ။ မင်းသမီးစောရွှေကြောကို အစွဲပြုပနာ ရွှေကြာသိမ်စေတီဟု ခေါ်တွင်ခြင်းဖြစ်ပါရေ။

ဗိသုကာလက်ရာ[edit | edit source]

မောက်တော်တံခါးဧ့အနီးတွင် (၄) ပေခန့်မြင့်ရေ ကုန်းတော်တစ်ခုပေါ်တွင် တံတိုင်း (၄) ဖက် ကာရံပြီး ကုန်းတော်အလယ်တွင် ဘုရားဆင်းတုတော်နန့် ဂူတော်ကိုတည်ခပါရေ။ မူလက ဂူတော်ရေ ရခိုင်စိတ္တလင်္ကာရ အနုလက်ရာတိဖြင့် တည်ဆောက်ခရေ ဂူတော်ဖြစ်ပြီး ရခိုင်ပြည်ဧ့ ရှားပါးရေ လက်ရာတစ်ခုဖြစ်ကြောင်း (၁၉) ရာစု၌ သုတေသီဒေါက်တာဖော်ချမ်က မှတ်တမ်းတင်ခပါရေ။ ယခုအခါ ရွှေကြာသိမ်ကုန်းတော်မှာ တံတိုင်းလေးဖက်၌ လှေကား (၄) စင်းဖွင့်ပနာ အလယ်တွင် အာရုံခံသိမ်တော်ကြီးတစ်ခုနန့် ဆင်းတုတော်ကြီးကို ပူဇော်ထားပြီး အာရုံခံမြောက်ဘက်တွင် စေတီငယ်တစ်ဆူလှူဒါန်းတည်ထားပါရေ။ ကုန်းတော်တံတိုင်း အရှေ့အနောက် (၁၃၀)ပေခန့်နန့် တောင်မြောက် (၁၂၀) ပေခန့်ဟိပါရေ။ အာရုံခံသိမ်မှာ သွပ်မိုး၊ အုတ်နံရံကာထားပြီး အရှေ့အနောက် (၇၂) ပေခန့် တောင်မြောက် (၃၂) ပေခန့်ဟိပါရေ။ ဝင်ပေါက် (၃) ပေါက်ဖွင့်ပြီး အာရုံခံအတွင်း အနောက်ဘက်တွင် ရွှေကြာသိမ် မူလဆင်းတုတော်ကြီးကို ပူဇော်ထားပါရေ။ ဆင်းတုတော်ဧ့ဉာဏ်တော်အမြင့်မှာ (၈) ပေကျော်ခန့်ဟိပါရေ။ ဆင်းတုတော်ကြီးမှာ မူလလက်ရာဟန်ပျက်ယွင်းနီပြီး နောက်ကျောမှ တံက်တစ်ခုခံကာ လက်ဝဲရံ၊ လက်ယာရံ ဆင်းတုငယ်တစ်ဖက်တစ်ဆူဖြင့် ပူဇော်ထားပါရေ။ ကုန်းတော်တစ်ခုလုံးကို မူလက စဉ့်ရောင်စုံ ကြမ်းခင်းပြားတိဖြင့် ခင်းထားခရေဟု သိဟိရပါရေ။ ယခု မတွေ့ဟိရပေ။


ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅