Wp/rki/မဟာဝိဇယျရံသီစေတီတော်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > မဟာဝိဇယျရံသီစေတီတော်

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ တောင်ဘက်နှစ်မိုင်ခန့်အကွာတွင် တည်ဟိပြီး တောင်သုံးကျိပ်တစ်ဆူဧ့ တောင်ဘက်၊ သိကြားမင်းစေတီတော်ဧ့ အနောက်ဘက်တွင် ကျရောက်ပါရေ။ 

တည်ထောက်ထူ[edit | edit source]

ဘုရင်မင်းစောမွန်ရေ ကောဇာသက္ကရာဇ် (၇၉၂) ခု၊အေဒီ (၁၄၃၀) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခ ပါရေ။ 

သမိုင်းအကျဉ်း[edit | edit source]

ဘုရင်မင်းစောမွန်ရေ လောင်းကြက်မြို့တော်ဟောင်းမှပြောင်းရွှေ့လာပြီး မြောက်ဦးမြို့တော်သစ်အား တည်သည့်အခါ မြို့တည်ဘုရားအဖြစ် ဤမဟာဝိဇယျရံသီစေတီတော်ကြီးကိုလည်း တည်ဆောက်လှူဒါန်းခပါရေ။ ၎င်းနန့်အတူ ပါဟိလာရေ လောင်းကြက်မြို့တော်ဟောင်းမှ သာသနာပိုင်ဆရာတော် မဟာဝိဇယျရံသီနန့် ရဟန်းတော်တိတို့အတွက် ကျောင်းတော်ကြီးတစ်ဆောင်ကိုလည်း စေတီတော်ဧ့ အရှေ့တောင်ဘက်တောင်စောင်းတွင် ဆောက်လုပ်လှူဒါန်းခပါရေ။ ယခုအခါ အဆိုပါ မဟာဝိဇယျရံသီ ကျောင်းတော်ဟောင်းကိုလည်း တွေ့ဟိနိုင်ပါသေးရေ။

ကျောင်းတော်ဟောင်းနီရာတွင် ကျောက်တံတိုင်းအပိုင်းအစတိ၊ စဉ့်လက်ရာ ကြမ်းခင်းပြားတိ၊ အုတ်ကြွပ်ခေါင် မိုးပြားတိကိုလည်း အဆိုပါနီရာ၌ လေ့လာတွေ့ဟိနိုင်ပါရေ။ မဟာဝိဇယျရံသီ ဆရာတော်ကြီးအတွက် တည်ဆောက် လှူဒါန်းခသဖြင့် မဟာဝိဇယျရံသီ စေတီတော်ဟု ခေါ်တွင်ခြင်းဖြစ်ပါရေ။ ဘုရင်မင်းစောမွန်ဧ့ ညီတော် မင်းခရီ(ခ)နရနုကလည်း နန်းတက်ဘုရားအဖြစ် ဤမဟာဝိဇယျရံသီစေတီတော်ကို ထပ်မံပြုပြင်လှူဒါန်းခပါရေ။ အေဒီ (၁၄၈၆) ခုနှစ်တွင် အင်းဝမှ ကဗျာစာဆိုသျှင် သျှင်တေဇောသာရနန့် ၎င်းဧ့ ဆရာသျှင်မဟာရဋ္ဌသာရတို့ ရခိုင်ပြည်သို့ ကြွရောက်လာစဉ်က ဤမဟာဝိဇယျရံသီ ကျောင်းတော်၌ ခေတ္တသီတင်းသုံးခရေဟု သိဟိရပါရေ။ “သျှင်သာရခိုင် တန်ဆောင်လော့”ကဗျာကို ဒေကျောင်းတိုက်ကြီးတွင်ပင် ရေးသားစပ်ဆိုခရေဟု သိဟိရပါ ရေ။

ဗိသုကာလက်ရာ[edit | edit source]

မဟာဝိဇယျရံသီစေတီတော်ရေ ပေ (၂၀၀) ကျော်ခန့်မြင့်ရေ တောင်ထိပ်ပေါ်တွင် ကျောက်အတိဖြင့် တည်ဆောက် လှူဒါန်းထားရေ စေတီတော်ကြီးတစ်ဆူပင်ဖြစ်ပါရေ။ စေတီတော်အောက်ခြေမှာ (၈) မျက်နှာဖြစ်ပြီး တစ်မျက်နှာနန့် တစ်မျက်နှာ အတိုင်းအတာတိတူညီမှုမဟိချေ။ ထောင့်မျက်နှာတိမှာ တစ်မျက်နှာလျှင် (၁၉) ပေခန့်ဟိပြီး ဘေးမျက်နှာတိမှာ တစ်မျက်နှာလျှင် (၂၄) ပေခန့်ဟိပါရေ။ စေတီတော်အောက်ခြေအချင်း (၄၅) ပေခန့်ဟိပါရေ။ စေတီတော်အမြင့်လည်း (၄၅) ပေကျော်ခန့်ဟိပါရေ။ ပစ္စယံနှစ်ဆင့်ဟိ လေးမျက်နှာစလုံး၌ မုခ်တံကဲတိဖွင့်ထားပါရေ။ မုခ်တံကဲထဲတွင် (၃) ပေကျော်ခန့်ဟိရေ ကျောက်ဆင်းတုတော်တိကို ပူဇော်ထားပါရေ။ မုခ်တံကဲမျက်နှာပြင်တွင် ရှေးခေတ် ရခိုင်စိတ္တလင်္ကာရ အနုလက်ရာတိဖြင့် ထုဆစ်ပူဇော်ထားပါရေ။ စေတီတော် အပေါ်ပစ္စယံတစ်ဆင့်ကို ခိုနန်းချိုးတိဖြင့် ဖွဲ့စည်းထားပါရေ။ စေတီတော်ခေါင်းလောင်းမှောက်မှ အပေါ်ကို အဝိုင်းပုံစံဖြင့် တည်ဆောက်ထားပါရေ။ ထီးတော်ကိုလည်း ကျောက်ထီးတော်ဖြင့် ပူဇော်ထားပါရေ။ စေတီတော် ကြီးဧ့ အနောက်ဘက်တွင် သိမ်တိုင်ကြီးတိ စိုက်ထူထားရေကို တွေ့ဟိရပါရေ။ ဒေကျောက်သိမ်တိုင်ကြီးတိကို အကြောင်းပြုပနာ မဟာဝိဇယျရံသီစေတီတော်ကို ဒေသခံတချို့က သိမ်ကြီးတောင်စေတီဟု ခေါ်တွင်ကြရေကိုလည်း ကြားသိရပါရေ။ မဟာဝိဇယျရံသီစေတီတော်မှာ ခန့်ညားထည်ဝါရေ ကျောက်စေတီတော်ကြီးတစ်ဆူပင်ဖြစ်ပါ ရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅