Wp/rki/တေဇာရာမစေတီတော်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > တေဇာရာမစေတီတော်

တည်နီရာ[edit | edit source]

- မြောက်ဦးနန်းတော်ကုန်းဧ့ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် တည်ဟိပြီး ရှမ်းတောင်စေတီတော်ဧ့ အနောက်ဘက်၊ ရွှေကြာသိမ်စေတီတော် (၃) ဧ့ အရှေ့တောင်ဘက်တွင် ကျရောက်ပါရေ။

ကုသိုလ်သျှင်[edit | edit source]

ဘုရင်သိင်္ဂသူစောမွန် (ခ) စလင်္ကသူစောမွန်ရေ ကောဇာသက္ကရာဇ် (၈၆၃) ခု၊အေဒီ (၁၅၀၁) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခပါရေ။ 

သမိုင်းအကျဉ်း[edit | edit source]

တေဇရာမစေတီတော်ကို ဘုရင်သိင်္ဂသူစောမွန်မှ စတင်တည်ဆောက်လှူဒါန်းခပါရေ။ ဘုရင်နရပတိကြီးကလည်း ကောဇာသက္ကရာဇ် (၁ဝဝဝ) ပြည့်၊ အေဒီ (၁၆၃၈) ခုနှစ်တွင်လည်းကောင်း၊ ကောဇာသက္ကရာဇ် (၁၀၈၀) ခု၊ အေဒီ (၁၇၁၈) ခုနှစ်တွင် ဘုရင်စန္ဒဝိဇယျရာဇာကလည်းကောင်း ထပ်မံပြုပြင်တည်ဆောက်ခပါရေ။ ဘုရင် သိင်္ဂသူစောမွန်ရေ သံဃာ့ရာဇာ သာသနာပိုင် တေဇရာမဆရာတော်ကြီးအတွက် တည်ဆောက်လှူဒါန်းခရေ စေတီတော်ဖြစ်ပနာ တေဇရာမစေတီတော်ဟု ခေါ်တွင်ခြင်းဖြစ်ပါရေ။

ဗိသုကာလက်ရာ[edit | edit source]

တေဇရာမစေတီတော်ကြီးကို မြေညီပြင်တွင် ကျောက်အတိဖြင့် တည်ဆောက်လှူဒါန်းခရေ စေတီတော် ကြီးတစ်ဆူပင် ဖြစ်ပါရေ။ စေတီတော်မှာ အောက်ခြေလေးမျက်နှာပုံစံဖြစ်ပြီး ခိုနန်းချိုးတိဖြင့် ဖွဲ့စည်းတည်ဆောက်ထားခပါရေ။ စေတီတော်အောက်ခြေအချင်းမှာ (၇၂) ပေခန့်ဟိပြီး စေတီတော် ဉာဏ်တော်အမြင့်မှာ (၇၀)ကျော်ခန့် ဟိပါရေ။ စေတီတော် ဒုတိယနန့် တတိယပစ္စယံ (၂) ဆင့်တွင် လေးမျက်နှာစလုံး၌ မုခ်ကလေးတိ ပါဟိပါရေ။ ထိုမုခ်ငယ်တိဧ့ တစ်ဖက်စီတွင် မဟာဗောဓိစေတီပုံ စေတီငယ်တိဟိရေ။ ကြေးဝန်းအောက်အဆင့်အထိ ခိုနန်းချိုး တိဖြင့် တွေ့ရပါရေ။ ကြေးဝန်းအဆင့်တိကိုလည်း ကြောဖတ်တိဖြင့် ထုဆစ်ပူဇော်ထားပါရေ။ ကြေးဝန်းအထက်ပိုင်းကို အဝိုင်းပုံစံတိဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါရေ။ သပိတ်မှောက်နန့် ကြာဆုံတွင် ရခိုင်ရိုးရာစိတ္တလင်္ကာရ အနုလက်ရာတိဖြင့် ဖွဲ့စည်းတန်ဆာဆင်ထားပါရေ။ ထီးတော်မှာ မူလကကျောက်ထီးတော်ဖြင့် ပူဇော်ခရေဟုသိဟိရပါရေ။ တေဇရာမစေတီတော်ကြီးဧ့ အရှေ့ဘက် (၁၁) ပေခန့်အကွာတွင် အာရုံခံကျောက်ဂူတစ်ခုကိုလည်း တည်ဆောက် လှူဒါန်းထားပါရေ။ ကျောက်ဂူ နံရံအလင်းပေါက်အား ကြာပွင့်ပုံစံဖြင့် ပူဇော်ထားပါရေ။ ဂူတော်အပေါ်တွင် ပင်မစေတီ (၁) ဆု၊ အရံစေတီ (၄) ဆူပေါင်း (၅) ဆူဖြင့် တင်လှူပူဇော်ထားပါရေ။ အရံစေတီတော် (၄)ဆူမှာ အဝိုင်းပုံစံဖြစ်ပြီး ပင်မစေတီတော်မှာ ရှစ်မျက်နှာပုံစံအဖြစ်တွေ့ဟိရပါရေ။ ဂူတော်ကို အရှေ့ဘက်၌မုခ်ဦးဖွင့်ထားပြီး ဂူတော်ထဲ၌ ကျောက်ပလ္လင်ပေါ်တွင် ကျောက်ဆင်းတုတော်တစ်ဆူကို ထွင်းထုထားပါရေ။ ဂူတော်မုစ်ဦးမျက်နှာပြင်ကို ရှေးခေတ်ရခိုင်ရိုးရာ စိတ္တလင်္ကာရ အနုလက်ရာတိ၊ ဘီလူးပန်းကိုက်တိဖြင့် ထုဆစ်ဖွဲ့စည်း အလှဆင်ထားပါရေ။ ဘုရင်စန္ဒဝိဇယျရာဇာ ပြုပြင်ချိန်က တေဇရာမစေတီတော်ဧ့တောင်ဘက်အနီးဟိ ဂူငယ်ထဲ၌စေတီတော်နန့်ကျောင်း အတွက် မြေအလှူမှတ်တမ်း ကျောက်စာ (၄) ချပ်ကို စိုက်ထူထားဟိခရာ ယခုအခါမြောက်ဦးရှေးဟောင်း သုတေသနပြတိုက်တွင် ရွှေ့ပြောင်းစိုက်ထူ ထိန်းသိမ်းပြသထားဟိပါရေ။ စေတီတော်နန့် အာရုံခံဂူတော်ကို မဟာရံတံတိုင်းကြီး လေးဘက်ဖြင့် ကာရံထားပါရေ။ တေဇရာမစေတီတော်အနီးတွင် တေဇာရာမကျောင်းတော် ရာဟောင်းကိုလည်း တွေ့မြင်နိုင်ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅