Wp/rki/ထူပါရုံစေတီတော်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ထူပါရုံစေတီတော်

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် တည်ဟိပါရေ။ လောင်ပွန်းပြောက်စေတီဧ့မြောက်ဘက်၊ ချိန်ကိုက်ပိဋကတ်တိုက်ဧ့တောင်ဘက်တွင်ကျရောက်ပါရေ။

ကုသိုလ်သျှင်[edit | edit source]

ဘုရင်မင်းရန်အောင်စောမွန်ရေ ကောဇာသက္ကရာဇ် (၈၅၆) ခု၊ ဒီ (၁၄၉၄) ခုနှစ်တွင် တည်ဆောက်လှူဒါန်း ခပါရေ။

သမိုင်းအကျဉ်း[edit | edit source]

မြောက်ဦးမင်းဆက်တွင် အသက်အငယ်ဆုံး (၉) နှစ်ဖြင့် မင်းဖြစ်လာသော ဘုရင်မင်းရန်အောင်စောမွန်က တည်ဆောက်လှူဒါန်းခသည့် စေတီတော်တစ်ဆူဖြစ်ပြီး မြောက်ဦးခေတ်တစ်ခေတ်လုံးမှ ဘုရင်များမှာ စေတီတော် အောင်မြေကိုနင်းပြီးမှ စစ်ချီ၊ စစ်ထွက် ပြုကြရေဟု သိဟိရပါရေ။ ကောဇာ-၉၇၅/အေဒီ-၁၆၁၃ တွင်လည်း ဘုရင်မင်းခမောင်းနန့် မိဖုရားကြီးသျှင်ထွေးတို့မှ ထပ်မံတည်ဆောက်လှူဒါန်းခပြီး ဒေစေတီတော်တစ်ဆူလုံးကိုလည်း ရွှေချလှူဒါန်းခပါရေ။ ရာဇဝင်များ၌ ထူပါရာမစေတီဟူတိလည်း ခေါ်တွင်ကြောင်း သိဟိရပါရေ။ မြောက်ဦးခေတ် ဘုရင်တိဘိသိတ်မင်္ဂလာသွန်းလောင်းပြီးနောက် ဤစေတီတော်ကိုဖူးမျှော်ကာ အောင်မြေနင်းကြရေဟူတိလည်း သိဟိရပါရေ။ ဘုရင်မင်းဖလောင်းလက်ထက်တွင် ဤစေတီတော်ဧ့မဟာရံတံတိုင်းနှစ်ထပ်အကြား၌ ဇီဝိတဒါန ဆေးကုခန်းတိဆောက်လုပ်လှူဒါန်းခရေ။ လက်ဟိတွင် စေတီတော်အရှေ့တောင်ထောင့် တံတိုင်းအနီးတွင် အလျား (၈၀) ပေခန့်၊ အနံ (၄၀) ပေခန့်ဟိသော ဆေးရုံရာကျော်က အဆောက်အဦတစ်လုံးလည်း တွေ့ဟိနိုင်ပါရေ။

ကျောက်ခုံအမြင့် (၃)ပေခန့်သာကျန်ဟိတော့ပြီး ကျောက်တုံးကျောက်ခဲတိဖရိုဖရဲပြန့်ကြဲစွာ တွေ့ဟိရပါရေ။ ဆေးရုံတွင် ဆေးဥ၊ ဆေးမြစ်တူးလူ လုပ်သား (၅ဝဝ)၊ ဆေးစပ်လူ လုပ်သား (၅၀၀)၊ ဆေးပေးသူ လုပ်သား (၅၀၀)၊ ဆေးကုသသော သမားတော် (၅၀၀) ခန့်ထားကာ တိုင်းသူပြည်သားများအား အခမဲ့ဆေးကုသပေးခရေဟု သမိုင်းများကဆိုပါရေ။

ဗိသုကာလက်ရာ[edit | edit source]

ထူပါရုံစေတီတော်ကြီးကို မြေညီပြင်၌ တံတိုင်းနှစ်ထပ်ကာရံပြီး တည်ဆောက်ထားပါရေ။ မဟာရံတံတိုင်း လေးမျက်နှာ၌ ဝင်ပေါက်တစ်ပေါက်ကျစီဟိပါရေ။ အတွင်းတံတိုင်း ထောင့်ချိုးများတွင် မနုဿီဟရုပ်များထုလုပ် ထားခပါရေ။ စေတီတော်တစ်ခုလုံးကို ကျောက်အတိဖြင့် တည်ဆောက်ထားပြီး စေတီတော်၏အမြင့်မှာ ပေ (၈၀) ဟိတိ အောက်ခြေပတ်လည်မှာ (၂၈၀) ပေဖြစ်ရေ။ အောက်ခြေမှာ ရှစ်ထောင့်ဖြစ်ပြီး အောက်ခြေပန်းတင်ခုံနံရံတွင်ညောင်ရွက်သဏ္ဍာန်၊ ကြာဖူးသဏ္ဍာန်များဖြင့် ပတ်လည်တန်ဆာဆင်ထားပါရေ။ ပန်းတင်ခုံအထက်တွင်လည်း လေးမျက်နှာ၌ မုခ်များဖွင့်ထားပါရေ။ မုခ်များထဲတွင် ဆင်းတုတော်တစ်ဆူစီ ပူဇော်ထားပါ၏။ မုခ်တံကဲမျက်နှာစာ များကို ရခိုင်စိတ္တလင်္ကာရအနုပန်းလက်ရာများဖြင့် တန်ဆာဆင်ထားပါရေ။ ပန်းတင်ခုံအထက် ပစ္စယံအဆင့်များကို ခိုနန်းချိုးများဖြင့် တွေ့ဟိရပါ၏။ ပစ္စယံများတွင် ကြာဖူး၊ ကြာရွက်များကို ပတ်ပတ်လည်ထုဆစ်ထားကာ မုခ်ထွက်တံက် လက်ရာများကိုလည်း တွေ့မြင်နိုင်ရေ။ ကြေးဝန်းအဆင့်များကိုလည်း ကြာဖတ်များဖြင့် ပတ်လည် တန်ဆာဆင် ထားပါရေ။ ကြာဆုံကို ကြာမှောက်ကြာလှန်များဖြင့် အလှဆင်ထားပါရေ။ ခရစ်သက္ကရာဇ် ၁၉၉၇ ခုနှစ်တွင် ပြန်လည်ပြုပြင်စဉ်က ရဟန်းတော်ဓာတ်တော် ကျောက်အရိုးအိုးနန့် ကျောက်ဆင်းတုတော် တစ်ဆူတွေ့ဟိရပါရေ။ စေတီတော်အောက်ခြေ အရှေ့ဘက်တွင်လည်း အာရုံခံအဆောက်အဦအရာနန့် ဆင်းတုတော်အကျိုးအပဲ့တိတွေ့ဟိရပါ ရေ။ သမိုင်းတချို့တွင် စေတီတော်ထောင့်များ၌ ပြာသာဒ်ကြီးများဆောက်လုပ်ခရေဟု ဆိုပါရေ။ စေတီတော် အနောက်တောင်ထောင့်တွင်လည်း လက်ဟိအခြေအနီ၌ စေတီတော်ပျက်တစ်ဆူ တွေ့ဟိရပါရေ။ ရှေးက ရင်ပြင်တော် တစ်ခုလုံးကို စဉ့်လက်ရာကြမ်းခင်းပြားများဖြင့် ခင်းခရေဟု သိဟိရပါရေ။ ခန့်ညားထည်ဝါ အနုလက်ရာမြောက်သော စေတီတော်ကြီးတစ်ဆူပင်ဖြစ်ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅