Wp/rki/လောင်ပွန်းပြောက်စေတီတော်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > လောင်ပွန်းပြောက်စေတီတော်
လောင်ပွန်းပြောက်စေတီတော်

တည်နီရာ[edit | edit source]

- “မြောက်ဦးနန်းတော်ကုန်းဧ့ မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိပါရေ။ ထူပါရုံစေတီတော်ဧ့ တောင်ဘက်၊ ရွှေကြာသိမ် (၂) ဧ့ အနောက်တောင်ဘက်တွင် ကျရောက်ပါရေ။ 

ကုသိုလ်သျှင်[edit | edit source]

ဘုရင်စလတ္တာစောမွန် (မင်းစောအို)ရေ ကောဇာသက္ကရာဇ် (၈၇၇) ခု၊ အေဒီ (၁၅၁၅) ခုနှစ်တွင် တည်ဆောက် လှူဒါန်းခပါရေ။ 

သမိုင်းအကျဉ်း [edit | edit source]

“ ဘုရင်စလတ္တာစောမွန် နန်းတက်ပြီးနောက် လူငယ်တိပါးစပ်မှ “ခရမ်းသီးလက်ကောက် ပြောင်ပြောင်တောက် ရုံးမှာဝယ်ကေ လောင်ပွန်းပြောက်”” တဘောင်တစ်ခု ပေါ်လာပါရေ။ ယင်းတဘောင်အရ စလတ္တာစောမွန်ရေ မြောက်ဦးနန်းတော်ဧ့ မြောက်ဘက်အရပ် မြေညီပြင်တွင် လောင်ပွန်းပြောက်စေတီတော်ကြီးကို တည်ဆောက် လှူဒါန်းခခြင်း ဖြစ်ပါရေ။ လောင်ပွန်းပြောက်စေတီတော်ဧ့ အနောက်ဘက်၌ အုတ်တံတိုင်းတိကာရံပနာ ဓမ္မိကာရာမကျောင်းတိုက်ရာ တစ်ခုဟိ ပါရေ။ ကျောင်းဝင်းတံတိုင်း (၂) ထပ်ရှိရာ အတွင်းတံတိုင်း၌ ကမ္မဝါတိုက်နန့် ပိဋကတ် တိုက်တို့တည်ရှိရေ။ ပိဋကတ်တိုက်ရေ တောင်မြောက်တန်းပြီး (၃၃) ပေခန့် အရှည်ရှိရေ။ အုတ်အဆောက်အဦးဖြစ်ဧ့။ ဤကျောင်းတိုက်ရေ မြောက်ဦးမြို့တွင်ရှိခရေ ကျောင်းတိုက်ကြီး (၄၀) အနက် အကြီးဆုံးကျောင်းတိုက်ပင်ဖြစ် ရေဟု သိရှိရပါရေ။ ကျောင်းတိုက်ဝင်းတော်ဧ့ အရှေ့မြောက်ဘက်တွင် ပစ္စယံအဆင့်၌ ကြာလက် (၉) လက်ပါ ရေ စေတီပျက်တစ်ဆူ တည်ရှိပါရေ။ စေတီမှာ ဂူစေတီဖြစ်ပြီး ကြာလက်တစ်ခုနန့် တစ်ခုအကြား၌ အလင်း ပေါက်ဖွင့်ထားပါရေ။ 

ဗိသုကာလက်ရာ[edit | edit source]

လောင်ပွန်းပြောက်စေတီတော်ကြီးကို တံတိုင်းနှစ်ထပ် ကာရံထားပြီး မြေညီပြင်ပေါ်တွင် တည်ဆောက်ထားရေ စေတီတော်ကြီး တစ်ဆူပင်ဖြစ်ပါရေ။ တောင်၊ မြောက်၊ အနောက်ဘက်တို့တွင် တံတိုင်းတစ်ထပ်စီ၌ လှေကား (၁)ခုစီ တွေ့ရှိရပြီး အရှေ့ဘက်တွင် တံတိုင်းတစ်ထပ်စီ၌ လှေကား(၂)ခုအား ထူးခြားစွာ တွေ့ရှိရပါရေ။ မဟာရံ အတွင်းတံတိုင်း နံရံပတ်လည်တွင် ရောင်စုံစဉ်ရည်သုတ် ပန်းပွင့်ပုံလင်ဗန်း (ရခိုင်အခေါ် လောင်ပွန်း)ပန်းပွင့်ကြီး ပေါင်း(၁၁၆)ပွင့်နန့် ပန်းပွင့်ငယ်ပေါင်း (၂၄၀) ကို စဉ့်ရည်သုတ်ရောင်စုံ အုတ်ခွက်ပန်းပွင့်ကြီးတိအဖြစ် ပတ်ပတ် လည် တန်ဆာဆင်ထားသဖြင့် လောင်ပွန်းပြောက်စေတီဟု ခေါ်တွင်ပါရေ။ ရောင်စုံပန်းပွင့်တိဧ့ အရောင်တိ မှာ အနီ၊ အဝါ၊ နီညို၊ အပြာ၊ အစိမ်း၊ အဖြူရောင်တိ တွေ့ရှိရပါရေ။ ပန်းပွင့်ကြီးတစ်ပွင့်စီတွင် စက်ဝန်း သဏ္ဍာန် ဝတ်ဆန်ကြီးတစ်ခုနန့် ပွင့်လွှာကြီး (၄) လွှာ၊ ကြားညှပ်ပွင့်လွှာ (၄) လွှာ၊ ပေါင်း (၈) လွှာ ပါရှိပါရေ။ ပန်းပွင့်ကြီးနှစ်ပွင့်ကြားတွင် ပန်းပွင့်ငယ် တစ်ခြမ်းစီထက်အောက် နှစ်ခြမ်းတွေ့ရှိရပါရေ။ ယခင်က မသမာသူတိဧ့ ဖျက်ဆီးခြင်း၊ တောမီးလောင်ခြင်း၊ လိုချင်သူတိက ခွာယူသွားခြင်းတို့ကြောင့် ယခုအခါ အပြည့်အစုံ မတွေ့ရှိနိုင်တော့ပေ။ စေတီတော်ကြီးမှာ (၈) မြှင့်ထုချွန်ပုံဖြစ်ပါရေ။ ပန်းတင်ခုံ အဆင့်မျက်နှာတိုင်းတွင် ရာဇပလ္လင် ပေါင်းကူးမုခ်ဦးတိဖြင့် ဂူသွင်းဘုရားတစ်ဆူစီ ဖူးတွေ့ရပါရေ။ အရှေ့ဘက်မျက်နှာ မုခ်ရှိကျောက်ဆစ်လက်ရာမှာ အလွန်လှပပနာ တမူ ထူးခြားလှပါရေ။ ရခိုင်စိတ္တလင်္ကာရ အနုလက်ရာပန်းတိဖြင့် တင့်တယ်လှပနီပါဧ့။ မုခ်ဂူအတွင်းရှိ ဆင်းတုတော် မှာလည်း ပဒုမုတ္တိရ်ရဘုရားမျိုးဖြစ်ပါရေ။ ဦးတော်တွင် ကြာပွင့်ပုံတစ်ခုစီပါရှိပါရေ။ စေတီတော်ပစ္စယံတိအဆင့်ဧ့ အထက်ရှိ ကြေးဝန်းအဆင့်တိတွင်လည်း ကြာပွင့်ဖတ်တိဖြင့် ပတ်လည်ပူဇော်ထားပါရေ။ သပိတ်မှောက်တွင် ပန်းဆွဲတိဖြင့် တန်ဆာဆင်ထားပါဧ့။ ကြာဆုံကိုလည်း လက်ရာအနုစိတ်ဖြင့် ဖန်တီးထားပါရေ။ ထီးတော်မှာ ကျောက်ထီးတော်ဖြစ်ပါရေ။ စေတီတော်အောက်ခြေဧ့ အရှေ့ဘက် မျက်နှာစာတွင် အာရုံခံသိမ်တစ်ခု ရှိခပါရေ။ သိမ်ဧ့ရင်ပြင်တော်နန့် စေတီတော်ရင်ပြင်တစ်ခုလုံးကို ပန်းလက်ရာတိပါရှိရေ စဉ့်ရည်သုတ် အုတ်ချပ်တိဖြင့် ခင်းထားခပါရေ။ ယခုအခါ ပျက်စီးသွားပြီး မတွေ့ရှိနိုင်တော့ပေ။ စေတီတော်ကြီးဧ့ အောက်ခြေ ပတ်လည်မှာ (၂၇၂) ပေခန့်ရှိပြီး အမြင့် (၁၂၀) ပေခန့်ရှိပါရေ။ စေတီတော်မှာ အနုပညာမြောက်ပြီး ခန့်ညားထည်ဝါလှရေ စေတီတော်ကြီး တစ်ဆူပင်ဖြစ်ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅