Wp/rki/မင်္ဂလမာရ်အောင်စေတီတော်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > မင်္ဂလမာရ်အောင်စေတီတော်
မင်္ဂလမာရ်အောင်စေတီတော်

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ မြောက်ဘက် တစ်မိုင်ကျော်ခန့်အကွာ၊ မင်္ဂလာတံတိုင်းကြီးဧ့ မြောက်ဘက်၊ တပင်တိုင်တောင်တန်းဧ့ အနောက်ဘက်တွင် တည်ဟိပါရေ။

ကုသိုလ်သျှင်[edit | edit source]

“ ဘုရင်စန္ဒသုဓမ္မရာဇာဧ့ သားတော် ဘုရင်သီရိသူရိယဥဂ္ဂါဗလသုဓမ္မရာဇာရေ ကောဇာ (၁ဝ၄၇) ခု၊ အေဒီ (၁၆၈၅) ခုနှစ်တွင် တည်ထားလှူဒါန်းခပါရေ။

သမိုင်းအကျဉ်း[edit | edit source]

သီရိသူရိယ ဥဂ္ဂါဗလ သုဓမ္မရာဇာဘုရင်ရေ မာန်အပေါင်းကို အောင်မြင်တော်မူကာ ကျက်သရေမင်္ဂလာအပေါင်း နန့် ပြည့်စုံတော်မူပြီး (၃၈) ဖြာမင်္ဂလာတရားတော်တို့ကို ဟောကြားတော်မူခရေ မြတ်စွာဘုရားကို ရည်စူးပနာ တည်ထားကိုးကွယ်ခသဖြင့် မင်္ဂလမာရ်အောင်စေတီတော်ကြီးဟု ခေါ်တွင်ခြင်းဖြစ်ပါရေ။ မင်္ဂလမာရ်အောင်စေတီတော်နန့် မြိတ်မြို့ဟောင်းဟိ မြိတ်ချောင်းမင်္ဂလာစေတီတော်ကြီးကို သီရိသူရိယ ဥဂ္ဂါဗလသုဓမ္မရာဇာဘုရင်ရေ တချိန်တည်း၊ တွင် တည်ထားခရေ စေတီတော်ကြီးတိပင် ဖြစ်ပါရေ။ စေတီတော်ကြီး နှစ်ဆူစလုံးတည်ဆောက်ပနာ မပြီးခင်မှာ သီရိသူရိယဥဂ္ဂါဗလသုဓမ္မရာဇာ ဘုရင်နတ်ရွာစံခလေရေ။ ထိုဘုရင်ဧ့ ထီးနန်းကိုဆက်ခံရေ ရွှေနန်းသခင် ဝရဓမ္မရာဇာကသာလျှင် ကောဇာသက္ကရာဇ် (၁၀၅၄) ခု၊ အေဒီ (၁၆၉၂) ခုနှစ်တွင် မင်္ဂလမာရ်အောင်စေတီတော်ကြီးကို ပြီးစီးအောင် တည်ထားလှူဒါန်းနိုင်ခပါရေ။ ခြိတ်ချောင်းမင်္ဂလာစေတီတော်ကြီးမှာ ဂနီ့ထိ မပြီးစီးသေးဘဲ ကျန်ဟိ နီပါသေးရေ။ ဘုရင်သီရိသူရိယဥဂ္ဂါဗလသုဓမ္မရာဇာရေ ခြိတ်ချောင်းဘုရားကြီးသို့ အသွားတွင် သေမည်ကို သိရေ်လည်း ဗုဒ္ဓဘာသာဝင်ကောင်း ဘုရင်တစ်ဆူပီပီ ကောင်းမှုကုသိုလ်လုပ်ပနာ သေလျှင်သေပါစေဟူရေ အဓိဋ္ဌာန်ဖြင့် နောက်မဆုတ်ဘဲ မင်္ဂလာစေတီတော်ကြီးဟိရာ အရပ်ကို ဦးခေါင်းလှည့်ပနာ နတ်ရွာစံသွားခရေမှာ ဗုဒ္ဓဘာသာရခိုင်လူမျိုးတိအတွက် ချီးကျူးဂုဏ်ပြုထိုက်ရေ ဘုရင်တစ်ပါးပင်ဖြစ်ပါရေ။

ဗိသုကာလက်ရာ[edit | edit source]

မင်္ဂလမာရ်အောင်စေတီတော်ကို တပင်တိုင် တောင်တန်းအနောက်ဘက် မင်္ဂလာမြေညီပြင် မြေသန့်နီရာတွင် မဟာရံတံတိုင်းကြီးတိဖွဲ့ပနာ လေးမျက်နှာခိုနန်းချိုးတိဖြင့် လုံးပိတ်ထုချွန်ပုံ တည်ထားပါရေ။ စေတီတော် အောက်ခြေတစ်မျက်နှာလျှင် (၃၅) ပေခန့်ဟိပြီး ဉာဏ်တော်အမြင့် (၈၀) ပေခန့်ဟိပါရေ။ ပစ္စယံ (၂) ဆင့်တွင် လေးမျက်နှာစလုံး၌ ကျောက်ဆစ်မုခ်ထွက်တံကဲတိကို ရခိုင့်စိတ္တလင်္ကာရ အနုပန်းလက်ရာတိဖြင့် လက်ရာမြောက်စွာ ထုဆစ်ထားပါရေ။ စိတ္တလင်္ကာရ အနုပန်းလက်ရာ မုခ်တံက် အဟောင်းအပိုင်းအစတိကို ရင်ပြင်ပေါ်တွင် ပြန့်ကြဲစွာ တွေ့ဟိနီရပါသေးရေ။ စေတီတော်ကြာဆုံ သပိတ်မှောက်၊ သင်္ကန်းစည်း၊ ခေါင်းလောင်းမှောက်အောက် အဆင့်တိတွင် ရခိုင့်စိတ္တလင်္ကာရ အနုပန်းလက်ရာတိဖြင့် တန်ဆာဆင်ထုဆစ်ထားပါရေ။ မူလက ဤစေတီတော်ကြီးကို ကျောက်ထီးတော်ဖြင့် တင်လှူပူဇော်ခပါရေ။ စေတီတော်ကြီးဧ့ အရှေ့ဘက်တွင် ရန်အောင်မြင် ဘုရားမှ ပြောင်းရွှေ့ပူဇော်ထားရေ ဆင်းတုတော်ကြီးတစ်ဆူဟိပါရေ။ ဆင်းတုတော်ကြီးဧ့ ပလ္လင်တော်မှာ လက်ရာအလွန်မြောက်ပါရေ။ ပလ္လင်ပတ်ပတ်လည်တွင် ရုပ်လုံးရုပ်ကြွပန်းလက်ရာတိဖြင့် အနုစိတ်ထုဆစ်ထားပါရေ။ မင်္ဂလမာရ်အောင်စေတီတော်ကြီးမှာ ခန့်ညားထည်ဝါလှပြီး လက်ရာပြောင်မြောက်ရေ စံထားထိုက်သည့် စေတီတော်ကြီးတစ်ဆူပင်ဖြစ်ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅