Wp/rki/ရန်ကာဘုရား

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ရန်ကာဘုရား

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ အရှေ့ဘက် (၃) မိုင်ခန့်အကွာတွင် တည်ဟိပြီး မောင်သာကုန်းရွာဧ့ အရှေ့မြောက်ဘက်၊ လကာသနီ (စေတီကုန်း) ရွာဧ့ အနောက်ဘက်တွင် ဟိပါရေ။ 

ကုသိုလ်သျှင်[edit | edit source]

ကောဇာသက္ကရာဇ် (၈၉၃) ခု၊ အေဒီ (၁၅၃၁) ခုနှစ်တွင် ဘုရင်မင်းဗာကြီးမှ တည်ဆောက်လှူဒါန်းခ ပါရေ။

သမိုင်းအကျဉ်း[edit | edit source]

မင်းဗာဘုရင်နန်းတက်စတွင် မြောက်ဦးမြို့တော်ဧ့ အရှေ့ဘက်နန့် အနောက်ဘက်တို့ဟိ တိုင်းပြည်တိနန့် နယ်စပ်တိမှ မကြာခဏဆိုသလို ရန်စထိပါးမှုတိ ဟိခပါရေ။ ထိုရန်စမီးပွားတိကို အောင်မြင်စွာ ငြိမ်းသတ်နိုင်စေရန်အတွက် ဘာသာရေးကုထုံးဖြင့် ရန်ကာဘုရားအဖြစ် ဤဘုရားနှစ်ပါးကို အရှေ့အနောက်ကျောချင်းကပ်ပနာ ဂူတော်ဖြင့် တည်ဆောက်လှူဒါန်းခသဖြင့် ရန်ကာဘုရားဟု ခေါ်တွင်ခြင်းဖြစ်ပါရေ။

 ဗိသုကာလက်ရာ[edit | edit source]

ပေ(၅၀) ခန့်မြင့်ရေ တောင်ကုန်းပေါ်တွင် တည်ဆောက်လှူဒါန်းခရေ ရန်ဘုရားကို ကျောက်တုံးတိ ဖြင့် တည်ဆောက်ထားရေကို တွေ့ဟိရပါရေ။ ဆင်းတုတော်၊ ပလ္လင်တော် ၊ ဂူအားလုံးကို ကျောက်ဖြင့် ထုဆစ် တည်ဆောက်ထားပါရေ။ ကျောက်ဆင်းတုတော်နှစ်ဆူမှာ လွန်စွာလက်ရာမြောက်ပြီး ဆင်းတုတော်တစ်ဆူချင်းစီဧ့ ဉာဏ်တော် အမြင့်တိမှာ (၈) ပေခန့်ဟိပါရေ။ အရှေ့ဘက်မှ ဆင်းတုတော်မှာ သျှစ်ရေင်းပုထိုးတော်ကြီးဧ့ ပထမ မဏ္ဍိုင်ဖြစ်ရေ ဂန္ဓကုဋီတိုက်အတွင်းဟိ ဆင်းတုတော်ကြီးနန့် ခပ်ဆင်ဆင်တူရေကို လေ့လာတွေ့ဟိရပါရေ။ ဂူနန့် ဆင်းတုတော်ကြီးမှာ ပြိုပျက်နီပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် စေတနာသျှင်တစ်စုက ပြုပြင်မွမ်းမံထိန်းသိမ်းခ ကြပါရေ။ မပြုပြင်မီတွင် ဆင်းတုတော်ကြီးနှစ်ဆူအနက် အရှေ့ဘက်အဆူမှာ မြေတွင်လဲနီပြီး အနောက်ဘက် အဆူမှာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ပျက်စီးနီရေကို တွေ့ဟိရပါရေ။ ဂူတော်မှာလည်း အမြင့် (၃) ပေခန့်သာ ကျန်ဟိပါတော့ရေ။ ပလ္လင်တော်မှာ တချို့မြေထဲမြုပ်နီပြီး တချို့မှာပျက်စီးနီရေကို တွေ့ဟိရပါရေ။ ပလ္လင်တော်ကို ရှေးခေတ် ရခိုင်ရိုးရာစိတ္တလင်္ကာရ အနုလက်ရာတိဖြင့် ထုဆစ်တန်ဆာဆင်ထားပါရေ။ တချို့လက်ရာတိမှာ အလွန်ကောင်းပြီး တစ်ချို့မှာ ကောက်ကြောင်းလောက်သာ ထုဆစ်ထားရေကို တွေ့ဟိရပါရေ။ ကိန္နရီ ကိန္နရာရုပ်၊ ငှက်ရုပ်၊ ဘီလူးရုပ်၊ ငါးရုပ်နန့် အခြားတိရစ္ဆာန်ရုပ်တိ၊ ပန်းလက်ရာတိကိုလည်း တွေ့ဟိနိုင်ပါရေ။ ဂူတော်မှာ အရှေ့အနောက် (၄၃) ပေခန့်ဟိပြီး တောင်မြောက် (၂၅) ပေခန့်ဟိပါရေ။ ဂူအရှေ့ အနောက်တွင် (၃) ပေခန့်ကျယ်ရေ ဝင်လမ်းတိတွေ့ဟိရပါရေ။ တောင်မြောက်တွင် ဝင်ပေါက်မတွေ့ဟိရပါ။ ဂူနံရံတွင်သာ အလင်းပေါက်တိဟိခလိမ့်မည်ဟု ခန့်မှန်းရပါရေ။ ဂူနံရံအောက်ခြေ အထူမှာ (၅) ပေခန့်ဟိပါရေ။ ဂူတော်ဧ့ အရှေ့အနောက်နန့် တောင်မြောက်တို့ဧ့ အကျယ်ကို ပေါင်းလျှင် (၇) ဂဏန်းသုံးထားရေကို မမျှော်လင့်ဘဲ တွေ့ဟိရပါရေ။ ဂူတော်အမြင့်မှာလည်း (၄၃) ပေခန့်ဟိလိမ့်မည်ဟု ခန့်မှန်းရပါရေ။ ဗိသုကာလက်ရာအညွန့်တိကိုသုံးပနာလည်း တည်ဆောက်ခလိမ့်မည်ဟု ယူဆရပါရေ။ ရန်ကာဆင်းတုတော်ကြီးတိမှာ လက်ရာလွန်စွာမြောက်ပြီး ခန့်ညားထည်ဝါမှုဟိရေကို ဖူးတွေ့ရ ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅