Wp/rki/သက်တော်ရစေတီ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > သက်တော်ရစေတီ

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ အနောက်မြောက်ဘက် မိုင်ဝက်ခန့်အကွာတွင် တည်ဟိပြီး သက်တော်ရှည်စေတီ တော်ဧ့ အရှေ့ဘက်၊ သက်တော်စေ့ဘုရားဧ့ မြောက်ဘက်တွင် တည်ဟိပါရေ။ 

ကုသိုလ်သျှင်[edit | edit source]

ဘုရင်မင်းခေါင်ရာဇာရေ ကောဇာသက္ကရာဇ် (၈၈၇) ခု၊အေဒီ (၁၅၂၅) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခ ပါရေ။ 

သမိုင်းအကျဉ်း[edit | edit source]

သက်တော်ရစေတီတော်ကို ဘုရင်မင်းခေါင်ရာဇာမှ စတင်တည်ဆောက်လှူဒါန်းခပြီးနောက် ဘုရင်စန္ဒဝိဇယျရာဇာ မှ ကောဇာသက္ကရာဇ် (၁၀၃၈) ခု၊ အေဒီ (၁၆၇၆) ခုနှစ်တွင် ထပ်မံပြုပြင်လှူဒါန်းခပါရေ။ ဘုရင်စန္ဒဝိဇယျရာဇာ ရေးထိုးခရေ တရင်းနဝင်း (ခေါ်) သက်တော်ရစေတီတော်နန့် ပတ်သက်သည့် ကျောက်စာ (၂) ချပ်ကိုလည်းတွေ့ဟိ ရပါရေ။ ယခုအခါ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်တွင် ထိန်းသိမ်းပြသလျက်ဟိပါရေ။ 

ဗိသုကာလက်ရာ[edit | edit source]

သက်တော်စေတီတော်ကို မြေညီပြင်တွင် ကျောက်အတိဖြင့် တည်ဆောက်ထားပါရေ။ စေတီတော် ပုံသဏ္ဌာန်မှာ ဂူစေတီတော်ပုံသဏ္ဌာန်ဖြင့် တည်ဆောက်ထားပြီး ဂူအပေါ်တွင် စေတီ (၅) ဆူတည်ဆောက်ထားပါရေ။ ပိဋကတ် တိုက်ပုံစံတိနန့်တူပါဧ့။ စေတီတော်မှာ လေးထောင့်ဖြစ်ပြီး အရှေ့အနောက် (၂၅) ပေကျော်ခန့်၊ တောင်မြောက် (၁၉) ပေခန့်ဟိပါရေ။ အလယ်လိုဏ်ဂူတော်တွင် ကျောက်ပလ္လင်တော်ဖြင့် ကျောက်ဆင်းတုတော်ကြီး တစ်ဆူပူဇော် ထားပါဧ့။ စေတီတော်အပြင်နံရံလေးဖက်စလုံးတွင် ရှေးခေတ်ရခိုင်စိတ္တလင်္ကာရ အနုကျောက်ဆစ်လက်ရာတိဖြင့် ထုဆစ်အလှဆင်ထားပါရေ။ ဤစေတီတော်အရှေ့ဘက်မှ အမြင့် (၂) ပေ ခန့်စီမြင့်ရေ ဘုရင်စန္ဒဝိဇယျကျောက်ဆစ် ရုပ်တုနန့် မိဖုရားကျောက်ဆစ်ရုပ်တု (၂) ခုတို့ကိုလည်း တွေ့ဟိရပါရေ။ အဆိုပါ ကျောက်ဆစ်ရုပ်တုတိကို မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်တွင် ထိန်းသိမ်းပြသထားဟိပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅