Wp/rki/မဟာဗောဓိစေတီတော်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > မဟာဗောဓိစေတီတော်

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် တည်ဟိပါရေ။ ရတနာမှန်ကင်းစေတီတော်ဧ့ မြောက်ဘက်၊ အလယ်စေတီဧ့ တောင်ဘက်တွင် ကျရောက်ပါရေ။ ကုသိုလ်သျှင် ဘုရင်ဘစောဖြူစောမွန် ကောဇာသက္ကရာဇ် (၈၃၂) ခု၊ အေဒီ (၁၄၇၀) ခုနှစ်တွင် တည်ထားလှူဒါန်းခ ပါရေ။ 

သမိုင်းအကျဉ်း[edit | edit source]

မြောက်ဦးခေတ်အစပိုင်းတွင် ဘုရင်နရနု(မင်းခရီ)ဧ့ သားတော် ဘစောဖြူစောမွန်ရေ ဟိမဝန္တာတောင်ခေါ် နက္ခတ်တောင်တန်းဧ့ အနောက်ဘက်သို့ ထိုးထွက်နီသော တတိယမြောက်တောင်စွယ်တွင် တည်ထားလှူဒါန်းထားပါရေ။ အနောက်မဇ္ဈိမဘုရားပွင့်ရာဒေသမှ မဟာဗောဓိစေတီကို ထာဝစဉ်အမှတ်ရစေခြင်းအလို့ငှာ မှည့်ခေါ်ထားသောကြောင့် မဟာဗောဓိရွှေဂူစေတီတော်ဟု ခေါ်တွင်ခြင်းဖြစ်ပါရေ။ စေတီတော်မှာ မြောက်ဦးခေတ်အစောပိုင်းလက်ရာ တစ်ခု ဖြစ်ပါရေ။ 

ဗိသုကာလက်ရာ[edit | edit source]

မဟာဗောဓိစေတီတော်ကို အောက်ခြေရှစ်မျက်နှာ၊ ရှစ်မြှောင့် ဓာတ်လုံးပုံမျိုးဖြစ်ပြီး သပိတ်မှောက်ပုံ၊ ထုပိကာတစ်ခု၊ မုခ်ထွက်တစ်ခုနန့် ဂန္ဓကုဋီတိုက်တော်တိ ပါဟိပါရေ။ စေတီတော်ပတ်လည် (၁၆၀) ပေခန့်ဟိပြီး အမြင့် (၃ဝ) ပေခန့် ဟိပါရေ။ စေတီတော်တစ်မျက်နှာနန့် မျက်နှာထောင့်ချိုးတိတွင် ဂြိုလ်နတ်မင်းနန့် အာလိန် နတ်မင်းတိဧ့ ရုပ်ထုတိ၊ ဘီလူးရုပ်ထုတိကို ထုလုပ်ထားပါရေ။ ဂူဝင်လမ်းနံရံလက်ဝဲလက်ယာတွင်ကျောက်ဆစ်နံရံရုပ်ကြွလက်ရာတိကို အဆင့်ခြောက်ဆင့်ဖြင့် ပြသထားပါရေ။ အရုပ်ပေါင်း (၂၈၀) ကျော်ခန့် ပါဝင်ပါရေ။ ၄င်းအရုပ်တိတွင် အပေါ်ဆုံးအတန်း၌ ဗုဒ္ဓရုပ်ပွားတော်တိ စီတန်းထွင်းထုထားပါရေ။ တူရိယာတီးဟန်တိ၊ ဂျွမ်းထိုးဟန်တိ၊ တိရစ္ဆာန်တို့ ပျော်ပါးဟန်၊ ပူဇော်ဟန်၊ ငရဲကျဟန်၊ စစ်တိုက်ဟန်၊ ဝေဿန္တရာမင်းကြီး သားသမီးလှူဟန်၊ သုဝဏ္ဏသာမဇာတ်မှ လေးပစ်ဟန်၊ ရွှေဟင်္သာမင်းဇာတ်စသည့် သရုပ်ဖော် ရုပ်ကြွတိ ပါဝင်ပေရေ။ လူရုပ်တိတွင် မြောက်ဦးခေတ်အစောပိုင်း၌ ဆင်ယင်ထုံးဖွဲ့ခသော အဝတ်တန်ဆာတိကို ဝတ်ဆင်ထားဟန် အနုစိတ်ထုလုပ်ထားပါရေ။ ရုပ်ကြွတိကို သူ့အခန်းနန့်သူ ၊ ထီးခန်း၊ နန်းခန်း၊ တောခန်း၊တောင်ခန်း စရေဖြင့် သူ့အဆောင်အယောင်တိဖြင့် အမွှန်းတင် ထွင်းထုထားပါရေ။ ဂန္ဓကုဋီတိုက်အတွင်းတွင် အမြင့် (၆) ပေကျော်ခန့်ဟိ ကျောက်ဆင်းထုတော်ကြီးတစ်ဆူ စံပ္ပါယ်လျက်ဟိရေ။ ကျောက်ပလ္လင်ပေါ်တွင် ရခိုင်စိတ္တလင်္ကာရ အနုလက်ရာတိ၊ ဇာတ်နိပါတ်တော်လာ ရုပ်ကြွတိ၊ ကောင်းချီးပေးခရုသင်းမှုတ်ဟန်အရုပ်တိ၊ ဓားကိုင်သူရဲ၊ ဆင်စီး၊ မြင်းစီး သူရဲတို့ဧ့ ရုပ်ထုတိ ထွင်းထုထားပါရေ။ ဤရုပ်ကြွတိရေ မြောက်ဦးခေတ်အစောပိုင်း ယုံကြည်ချက်နန့် ဆင်ယင်ထုံးဖွဲ့မှုကို ဖော်ပြသော ကြေးမုံတစ်ချပ်ဖြင့်ဖြစ်ပါရေ။ ဂူတော်ဧ့ခေါင်မိုးတွင် အလယ်တည့်တည့်၌ ကြာပွင့်ကြီးသဏ္ဌာန်ထွင်းထုထားရေ။ အလယ်၌ကြာဝတ်ဆံပန်းဆွဲ ကျောက်တုံးအောက်သို့ တွဲကျနီပြီး အလွန်လှပသေသပ်လှပါရေ။ မဟာဗောဓိရွှေဂူစေတီတော်ကြီးမှာ လက်ရာမြောက်သော စေတီတော်ကြီး တစ်ဆူပင်ဖြစ်ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅