Wp/rki/ဦးရာဇ်တော်ဓာတ်စေတီ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ဦးရာဇ်တော်ဓာတ်စေတီ


ဦးရာဇ်တော်ဓာတ်စေတီ[edit | edit source]

ဦးရာဇ်တော်ဓာတ်စေတီတော်ရေ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ကင်းချောင်းတစ်ဖက်ကမ်းဟိအမြင့် ၁၈၈ ပေမြင့်တေ သေလာပိဋ္ဌိပဗ္ဗတောင်ထိပ်ထက်တွင် တည်ဟိပြီး၊ စေတီတော်ဧ့ ဉာဏ်တော်အမြင့်မှာ ၁၅၃ ပေနှင့် လုံးပတ် ၄၀၁ ပေဟိပါရေ။ ဦးရာဇ်တော်စေတီဟုလည်း ခေါ်ကတ်ပါရေ။ စေတီတော်တွင်း ဌာပနာတိုက်ရှစ်ခန်းဟိရေ။ ပွင့်တော်မူခပြီးသော ဘုရားလေးဆူဖြစ်တေ ကကုသန် မြတ်စွာဘုရားကို အရှေ့ဘက်ဌာပနာတိုက်၊ ကောဏာဂုံမြတ်စွာဘုရားကို တောင်ဘက် ဌာပနာတိုက်၊ ကဿပမြတ်စွာဘုရားကို အနောက်ဘက်ဌာပနာတိုက်၊ ဂေါတမ မြတ်စွာ ဘုရားကို မြောက်ဘက်ဌာပနာတိုက်၌ ရွှေစင်သွန်းလုပ်ရည်စူး တည်ထားပါရေ။ ဆုတောင်းပြည့်ဗျာဒိတ်တော်ရ စေတီတော်တစ်ဆူအဖြစ်ထင်ရှားပနာ နှစ်စဉ်မတ်လတွင် ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ဟိပြီးကေ အနယ်နယ်အရပ်ရပ်မှ ရီလမ်းနဲ့သော်လည်းကောင်း၊ ကုန်းလမ်းနဲ့သော်လည်းကောင်း ဖူးမြော်ရန်ရောက်ဟိလာတေ ရဟန်း၊ ရှင်လူ၊ ပြည်သူတိနဲ့ စည်ကားတေ စေတီတော်တစ်ဆူဖြစ်ရေ။ အခုအခါ ဓာတ်လကားနဲ့လဲ တက်ရောက်ဖူးမြော်နိုင်ပါရေ။ ဒေ ဦးရာဇ်တော်ဓာတ်စေတီတော် ဓာတ်လကားမှာ ရခိုင်ပြည်နယ်ဟိ ရှေးဟောင်းဘုရား၊ စေတီတိတွင် တည်ဆောက်ခသော ပထမဆုံး ဓာတ်လကား တစ်ခုလဲ ဖြစ်ပါရေ။

သမိုင်းကြောင်း[edit | edit source]

ဒေစေတီတော်မြတ် တည်ထားခြင်းမှာလည်း မြတ်ဗုဒ္ဓဘုရားရှင်ဧ့ ဗျာဒိတ်တော်နှင့်အညီ တည်ထားခခြင်းဖြစ်ပါရေ။ မြတ်စွာဘုရားရှင်ရေ မဟာသက္ကရာဇ် ၁၂၃ ခု၊ ဘီစီ ၅၄၄ ခုနှစ်တွင် ဓညဝတီ ရခိုင်ပြည်သို့ ကောင်းကင်ခရီးနဲ့ ကြွလာရာ ဓညဝတီမြို့ဧ့ အနောက်ဘက် ကစ္ဆပနဒီမြစ်ဧ့ အရှေ့ဘက် သေလာဂီရိကျောက်တော်တောင်ထိပ်၌ သက်ဆင်းရပ်နားတော်မူဧ့။ ယင်းနောက် မြတ်စွာ ဘုရားသခင်က နောင်အခါ ဘုရားရှင်ဧ့ ဓာတ်တော် မွေတော်တိ ကိန်းဝပ်စံပယ်တော် မူမည့်နေရာဒေသတိကို ဗျာဒိတ်ပီးခရာတွင် သေလာပိဋ္ဌိပဗ္ဗတ ဦးရာဇ်တော်တောင်ထိပ်တွင် ဦးခွံတော်မှ ကြွင်းကျန်သော ဓာတ်တော်တိကိန်းဝပ်ပြီး ဦးရာဇ်တော်စေတီဟု တွင်လတ္တံ့ဆိုပနာ ဗျာဒိတ်တော် မြွက်ကြားခပါရေ။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သီရိဓမ္မာသောကမင်းကြီးရေ ဘုရားရှင်ဧ့ ဓာတ်တော်တိကို ရခိုင်ဘုရင် သူရိယစက္ကမင်းထံ ပင့်ဆောင်စီပါရေ။ သူရိယစက္ကမင်းနှင့် မိဖုရားရုစိတာ တိရေ သာသနာတော်နှစ် ၂၂၂ နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက် နိန့်တွင် သေလာပိဋ္ဌိပဗ္ဗတတောင်ထိပ်၌ နွားလားဥသဘတစ်မော့ (ခြောက်တောင်) စေတီကို တည်ထားကိုးကွယ်ခရေ။

ကောဇာသက္ကရာဇ် ၉၃၃ ခုနှစ်၊ အေဒီ ၁၅၇၁ ခုနှစ်တွင် ထီးနန်းအုပ်ချုပ်ရေ မင်းဗာဘုရင်မြတ်ဧ့သားတော် ဘုရင်မင်းဖလောင်းရေ မြောက်ဦးမြို့မှ အနောက်ဘက်သို့ စစ်ချီထွက်ရာတွင် ကင်းချောင်းဝအနား၌ စခန်းချညအိပ်ရပ်နားတော်မူဧ့။ ညဦးအချိန်တွင် သေလာပိဋ္ဌိပဗ္ဗတတောင်ထိပ်နှင့် သာလာမယတောင်တော်သို့ ရောင်ခြည်တော်တိ ကူးယှက်ကွန့်မြူးနီရေကို ဘုရင်မင်းဖလောင်းရေ ဖူးမြော်လိုက်ရပါရေ။ ထိုအခါ မင်းဖလောင်းရေ အနောက်တစ်ခွင် စစ်ချီရာတွင် အောင်မြင်ပါက စေတီတော်ကို အသစ်တစ်ဖန်ထပ်မံပြီး ဒါယကာခံယူပါမည်ဟု အဓိဋ္ဌာန်ပြုဆုတောင်းပနာ စစ်တိုက်ခပါရေ။ မင်းဖလောင်းရေ အဓိဋ္ဌာန်ပြုခရေအတိုင်း စစ်အောင်မြင်လာပနာ ကောဇာသက္ကရာဇ် ၉၄၁ ခုနှစ်တွင် သေလာပိဋ္ဌိပဗ္ဗတ တောင်ထိပ်၌ ကျောက်ညိုကျောက်သားအတိနဲ့ အမြင့်သံတောင် ၁၀၀၀ (၁၅၃ ပေ)၊ လုံးပတ်တော် မင်းလံ (၄၀၁ ပေ) ဟိ စေတီတော်ကြီးကို ပန်းရန်ကျော် ၁၀၀၀ နဲ့ ၁၂ နှစ်တိုင် တည်ထားရာ သက္ကရာဇ် ၉၅၃ ခု၊ အေဒီ ၁၅၉၁ တွင်တည်ထားပြီးစီး ကိုးကွယ်ခပါရေ။ စေတီတော်ကြီးအတွင်း၌ ဘုရားရှင်ဧ့ ဦးခွံတော်မှ ဓာတ်တော်ကို ထည့်တော်မူပြီး ဌာပနာခပါရေ။

ထို့ပြင် ရွှေပြားတင်ထားသော ပိဋကတ်သုံးပုံ၊ အဂသာဝက၊ မဟာသဝကရဟန္တာအရှင်မြတ်တိဧ့ ဓာတ်တော်တိကိုလည်း ဌာပနာတိုက် သွင်းတော်မူဧ့။ မိဖုရားစိုးမဲကျီဧ့ သားရင်သွေးတမျှ ချစ်မြတ်နိုးလှပါရေ ပြည်တန်မျက်ရှင် ပတ္တမြားကိုလည်း စေတီတော်ကြီး အထက်ဌာပနာတိုက်တွင် ထည့်သွင်းတည်ထား ကိုးကွယ်ပူဇော်ထားခပါရေ။

ကိုးကား[edit | edit source]

1. ဦးရာဇ်တော်ဓာတ် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ သမိုင်း၊ မော်ကွန်း၊ ကျောက်စာ 2. မြတ်မင်းလှိုင် ပြုစုပြီး စိုးမြင့် ဘာသာပြန်တေ ရခိုင်ပြည်နယ်ဝတီလေးရပ်ဟိရှေးဟောင်းစေတီပုထိုးတိ စာအုပ်