Wp/rki/ကောလိယသကျမုနိစေတီ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ကောလိယသကျမုနိစေတီ
ကောလိယသကျမုနိစေတီ
ကောလိယသကျမုနိစေတီ

တည်နီရာ မြောက်ဦးမြို့ရခိုင်ပြည်
ကုသိုလ်သျှင် မင်းခရီ
တည်ထားခုနှစ် ကောဇာသက္ကရာဇ် (၇၉၆)၊ အေဒီ (၁၄၃၄)


တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး ပြည်လုံးချမ်းသာ ဘုရားဧ့မြောက်ဘက်၊ ကန်သုံးဆင့်တံတိုင်းဧ့ အနောက်တောင်ဘက်တွင် ယှိပါရေ။ 

ကုသိုလ်သျှင်[edit | edit source]

ဘုရင်မင်းခရီရေ ကောဇာသက္ကရာဇ် (၇၉၆)၊ အေဒီ (၁၄၃၄) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခ ပါရေ။ 

သမိုင်းအကျဉ်း[edit | edit source]

မြောက်ဦးရွှေနန်းသခင် မင်းခရိနရနု)ရေ လေးမြို့မြစ်ကမ်းတစ်နီရာမှ ဘုရင်ကောလိယ (ကောဇာ၄၈၀/ အေဒီ-၁၁၁၈) တွင် တည်ထားကိုးကွယ်ခရေ သကျမုနိဆင်းတုတော်ကြီးကို ပြောင်းရွှေ့ပြီး မြောက်ဦး ရွှေမြို့တော်ဧ့ အနောက်မြောက်ဘက် ခပ်ယွန်းယွန်းနန်းမြို့တော်အတွင်း မင်းသားကျွန်းအရပ်ဟိနန္ဒပဗ္ဗတတောင်ပေါ်သို့ ပင့်ဆောင်ကာ ကောဇာသက္ကရာဇ် (၇၉၆) ခု၊ အေဒီ (၁၄၃၄) ခုနှစ်တွင် စေတီတော်တစ်ဆူတည်ပနာ စေတီတော် မုခ်လှိုဏ်ဂူတော်ထဲတွင် ပူဇော်လှူဒါန်းထားပါရေ။ စေတီတော်ကိုလည်း ဆင်းတုတော်ကဲ့သို့ပင် ကောလိယသကျ မုနိစေတီတော်ဟူပနာ ခေါ်တွင်စေခပါရေ။ ကောလိယသကျမုနိစေတီတော်ဟိမုခ်လိုဏ်ဂူတော်နံရံနန့် ဆင်းတုတော်ကြီးကိုကောဇာသက္ကရာဇ် (၁၃၇၀) ပြည့်၊ တန်ဆောင်မုန်းလတွင် ကြီတ်ဆရာတော်နန့် အောင်မြေကုန်းဆရာတော်တို့အား ဦးထိပ်ထားလျက် လားရှိုးထောင်ပိုင်ကြီး ဦးစိုးဝင်းနန့် ဇနီးဒေါ်သန်းသန်းဝင်း တို့မိသားစုမှ ထပ်မံလှူဒါန်းခ ပါရေ။ 

ဗိသုကာလက်ရာ[edit | edit source]

ကောလိယသကျမုနိစေတီတော်နန့် ဆင်းတုတော်ကြီးကို ပေ (၁၀၀) ခန့်မြင့်ရေ နန္ဒပဗ္ဗတတောင်ထိပ်တွင် ကျောက်၊အုတ်ရောပနာ တည်ဆောက်လှူဒါန်းထားပါရေ။ စေတီတော်ကျန်ရှိနီသည့် အမြင့်မှာ (၁၀) ပေ ပတ်ဝန်ကျင် ခန့်သာ ကျန်ရှိပါတော့ရေ။ အောက်ခြေရှစ်မျက်နှာဖြစ်ပြီး နားတစ်ဖက်လျှင် (၁၁) ပေခန့်ရှိပါရေ။ အောက်ခြေ အချင်းလည်း (၂၇) ပေ ခန့်ယှိပါရေ။ စေတီတော်ကို အလယ်၌အုတ်စီပြီး အပြင်တွင် ကျောက်တုံးတိဖြင့် တည်ဆောက်ထားပါရေ။ ဆင်းတုတော်ကြီးကို စေတီတော်အရှေ့ဘက် မုခ်ဦးလိုဏ်ထဲတွင် ဖူးတွေ့ရပါရေ။ ဆင်းတုတော်ကြီးကို ကျောက်တစ်လုံးတည်းဖြင့် ထုဆစ်ထားပြီး ဉာဏ်တော်အမြင့် (၆) ပေခန့်၊ ဆင်းတုတော်တည်ရှိရာ ပလ္လင်တော်အမြင့်မှာ (၁) ပေ (၃) လက်မခန့်ရှိပြီး အကျယ် (၄) ပေကျော်ခန့်ရှိပါရေ။ ပလ္လင်တော်တွင် လေးမြို့ ခေတ်လက်ရာ ကြာပွင့်ဖတ်တိဖြင့် ထုဆစ်ထားပါရေ။ စေတီတော်ကုန်းခြေရင်းတွင် ကြာဆုံအပိုင်းအစ၊ ထီးတော်ဘုံ ဆင့်အပိုင်းအစ၊ စိန်ဖူးတော်အပိုင်းအစတိကို တွိဟိရပါရေ။ စေတီတော်မှာ မြောက်ဦးခေတ်လက်ရာဖြစ်ပြီး ဆင်းတုတော်ကြီးမှာ လေးမြို့ခေတ်လက်ရာဖြစ်ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅