Wp/rki/သျှစ်သောင်းပုထိုးတော်ကြီး

From Wikimedia Incubator
< Wp‎ | rki
Wp > rki > သျှစ်သောင်းပုထိုးတော်ကြီး
သျှစ်သောင်းပုထိုးတော်ကြီး

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ မြောက်ဘက် ဖိုးခေါင်တောင်ခြေရင်းတွင်တည်ဟိပါရေ။ တည်ဆောက်သူ ဘုရင်မင်းဗာကြီးရေ ကောဇာသက္ကရာဇ် (၈၉၇) ခု၊ အေဒီ (၁၅၃၅) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခပါရေ။ 

သမိုင်းအကျဉ်း[edit | edit source]

ဘုရင်မင်းဗာကြီးရေ မ္မခန္ဓာပေါင်း (၈၄ဝဝဝ)၊ သရီရဓါတ်မွေတော်ပေါင်း (၈၄၀၀၀) နန့် နောင်လာ (၈၄ဝဝဝ) ဘုရားပေါင်းရို့ဧ့ ရုပ်တုဆင်းတုတော်တိကို ဌာပနာပြုပနာ တည်ထားခရေ ပုထိုးတော်ကြီးဖြစ်ပြီးကေ သျှစ်သောင်းပုထိုးတော်ကြီးဟု ခေါ်တွင်ရေ။ ဘင်္ဂါ (၁၂) မြို့နန့် ပေါ်တူဂီရေတပ်ကို အောင်မြင်တော်မူခြင်း အထိမ်းအမှတ်နန့် သျှင်ငယ်ဆရာဦးမြဝါက ဦးစီးဆောင်ရွက်ပနာတည်တော်မူရေအတွက်နန့် ရန်အောင်ဇေယျ ပုထိုးတော်ကြီးဟုလည်း ခေါ်တွင်ရေ။ ဗိသုကာလက်ရာ ပုထိုးတော်ကြီးကို အောက်ခံလိုဏ်တိအပေါ်တွင် ပင်မစေတီကြီးတစ်ဆူနန့် အရံစေတီ (၂၆) ဆူ၊ ပေါင်း (၂၇) ဆူဖြင့် ဓာတ်လုံးစေတီတိအဖြစ် တည်ဆောက်ထားပါရေ။ (၂၇) ဆူစလုံးဧ့ ပုံစံတိမှာ ဝေသာလီခေတ် စတူပါစေတီဟန် ပုံသဏ္ဌာန်တိဖြစ်ပြီး ဓာတုဂဋ္ဌ (ခေါ်) ဓာတ်တော်တိုက်ကို ကုဗပုံသဏ္ဍာန် တည်ဆောက်ထားပါ ရေ။ ပုထိုးတော်ကြီးကို ကြီးမားသောသဲကျောက်တုံးကြီးတိဖြင့် သပ်စီပေါင်းမိုးတိပြုလုပ်ပနာ ဝင်္ကဘာသဖွယ် လိုဏ် (၅)ထပ်ဖြင့် တည်ဆောက်ထားပါရေ။ လိုဏ်ဂူတော်နံရံတိတွင် မဏ္ဍိုင် (၅)ရပ်၊ ဘုရားရှင်နုစဉ်ဘဝ ဖြစ်တော်စဉ်တိနန့် ဇာတ်နိပါတ်တော်လာ ဇာတ်ရုပ်တိ၊ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့ဧ့ ရုပ်လုံး၊ ရုပ်ကြွတိ၊ ကျေးငှက်တိရစ္ဆာန်တို့ဧ့ ရုပ်လုံး၊ ရုပ်ကြွတိ၊ စစ်ရေးစစ်ရာတိ၊ အားကစားပြကွက်၊ ဆင်ဖမ်းဟန်ပြကွက်၊ တုတ် သိုင်း၊ ကျင်နန့်မြောက်ဦးခေတ်တီးမှုတ်ကခုန်သည့် ရုပ်လုံး၊ ရုပ်ကြွတိ၊ ဝသုန္တာ၊ ဝသုန္ဒီရုပ်တုတိအပြင် ရခိုင်စိတ္တလင်္ကာရ ပန်းအနုလက်ရာတိကို ကျောက်ဖြင့်ထုဆစ်ဖန်တီးထားရေကို တွေ့ရှိရပါရေ။ ပုထိုးတော် ကြီးအနောက်ဘက်တွင် ဘုရင်ဘိသိတ်ဆောင်နန့် ဥပုသ်တော်ဆောင်တိကိုလည်း အခန်းဖွဲ့စည်းပနာ တည်ဆောက် ထားပါရေ။ တောင်၊ မြောက်နန့် အနောက်ဘက် မျက်နှာတိတွင်လည်း အရံစေတီတိ အစီအရီတည်ဆောက်ထားပြီး အရံစေတီတိကြားတွင် ကျောက်ချပ်ကြီးတိဖြင့် ရုပ်လုံး၊ ရုပ်ကြွတိကို တန်ဆာဆင်ထားပါရေ။

ပုထိုးတော်ကြီးဧ့ တောင်ဘက်စောင်းတန်း လှေကားလက်ဝဲဘက်တွင် အာနန္ဒစခြား ကျောက်စာတိုင်ကြီး တစ်တိုင်ရှိပါရေ။ အဆိုပါကျောက်စာမှာ အေဒီ (၄) ရာစု (၁၀) ရာစုအတွင်း ၎င်းနန့် ၎င်းမတိုင်မီက နန်းတက် အုပ်ချုပ်ခဲ့သည့် ဘိုးဘေးစဉ်ဆက် မင်းတို့ဧ့ နန်းစံပုံ၊ အုပ်ချုပ်ပုံ၊ အလှူပြုပုံတို့ကို တစ်မျက်နှာလျှင် နှစ် (၂၀၀) စီခြားလျက် သက္ကဋဘာသာဖြင့် ရေးထိုးထားသော ကျောက်စာတစ်ချပ်ဖြစ်ပါရေ။ ကျောက်စာတိုင်ဧ့ မြောက် ဘက်တွင် ခရုသင်းပုံနန့် ဓမ္မစကြာအဝိုင်းပါသော ကျောက်ချပ်တစ်ချပ်လည်းရှိပါရေ။ ဤကျောက်စာတိုင်နန့် ကျောက်ချပ်တို့ကို အေဒီ (၁၅၃၅)ခုတွင် မင်းဗာဘုရင် ဝေသာလီမြို့ဟောင်းမှ ပြောင်းရွှေ့စိုက်ထူထားရာ လေ့လာသူတိအဖို့ ရခိုင်သုတပြတိုက်ကြီးတမျှပင်ဖြစ်ရေ။ ကျောက်စာတိုင်တောင်ဘက်တွင်လည်း ဓညဝတီ မြို့ဟောင်းမှ ရွှေ့ပြောင်းထားသော ရှစ်မျက်နှာကျောက်တိုင်တစ်လုံးရှိပါရေ။ ပုထိုးတော်ကြီးနန့် တောင်ဘက် စောင်းတန်း လှေကားတို့အကြားရင်ပြင်တွင် နေထွက်ဘုရား၊ နေဝင်ဘုရားအပြင် အခြားစေတီ ငယ်ကလေးတိ ကိုလည်း တည်ဆောက်လှူဒါန်းထားခဲ့ပါရေ။ ၁၉၉၉-၂ဝဝဝဘဏ္ဍာရေးနှစ်တွင် သိပ္ပံနန့် နည်းပညာဝန်ကြီးဌာန ပညာရှင်တိက အောက်ခံလိုဏ်ဂူတိသို့ မိုးရေစိမ့်ခြင်းကို ကာကွယ်ရာ၌ သံကူကွန်ကရစ်ပေါ်မှ ferro cement နန့် ဓာတုဆေးဝါးတို့ ပေါင်းစပ်ပနာ ထိန်းသိမ်းခဲ့ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅