Wp/rki/အနော်မာဘုရား

From Wikimedia Incubator
< Wp‎ | rki
Wp > rki > အနော်မာဘုရား

တည်နီရာ[edit | edit source]

မြောက်ဦးနန်းတော်ကုန်းဧ့ မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် တည်ဟိပါရေ။ အလယ်စေတီ (ခ) မင်းပေါင်းစေတီဧ့ မြောက်ဘက်၊ ရွှေကြာသိမ်စေတီ (၂) ဧ့ အရှေ့မြောက်ဘက်တွင် ကျရောက်ပါရေ။

ကုသိုလ်သျှင်[edit | edit source]

အနော်ဇာမင်းသမီးမှ ကောဇာသက္ကရာဇ် (၈၆၃) ခု၊အေဒီ (၁၅၀၁) ခုနှစ်တွင် တည်ထားလှူဒါန်းခပါရေ။

သမိုင်းအကျဉ်း[edit | edit source]

အနော်ဇာမင်းသမီးရေ ဖခမည်းတော် သိင်္ဂသူစောမွန်ဘုရင် တေဇရာမစေတီတော်ကြီးကို တည်ဆောက်လှူဒါန်း . နီစဉ်မှာပင် ဘုရားတည်လိုသော သဒ္ဓါတရား ပေါ်ပေါက်ထက်သန်လာသဖြင့် ဖခမည်းတော်နန့်အတူ ကောင်းမှုပြုအံ့ သောငှာဟူပနာ တည်ထားလှူဒါန်းခသော ဘုရားတစ်ဆူပင်ဖြစ်ပါရေ။ အနော်ဇာမင်းသမီး အပျိုစင်ဘဝမှာပင် လှူဒါန်းခသော ဘုရားတစ်ဆူဖြစ်ရေဟု သိဟိရပါရေ။ သမိုင်းတချို့တွင် သက္ကရာဇ် (၁၀၀၂) ခု၊ အေဒီ (၁၆၄၀) တွင် မယ်တော်ကြီး သျှင်ထွေးမိဖုရားကြီးနန့် သမက်တော် ဘုရင်နရပတိကြီး၊ မိဖုရားကြီးသီရိသုမြတ်စွာဒေဝီ (နတ်သျှင်မယ်)တို့ရေ အမြင့်တောင်ထိပ်ပေါ်မှ အမြင့်တောင်စေတီတော်တို့ကို တည်ဆောက်စဉ် ဤအနော်မာဘုရားကြီးကို ထပ်မံတည်ဆောက်ခရေဟုလည်း သိဟိရပါရေ။ အနော်ဇာမင်းသမီးကို အစွဲပြုပနာ အနော်မာဘုရားဟုခေါ်တွင်ခြင်း “ ဖြစ်ပါရေ။

ဗိသုကာလက်ရာ[edit | edit source]

အနော်မာဘုရားကြီးကို တောင်ချိုင်ကြားတွင် တည်ဆောက်ထားပါရေ။ မူလကဂူတော်ကြီးဖြင့် တည်ဆောက် ထားခဟန် တူပါရေ။ ဂူတော်အောက်ခြေ အမြင့် (၃) ပေခန့် ကျန်နီပါသေးရေ။ ဂူတော်အပြင်ဘက်တွင်လည်း တံတိုင်းလိုလို ကျောက်တုံးတိ ပြန့်ကြဲနီရေကို တွေ့ဟိရပါရေ။ ဂူတော်အနီအထားမှာလည်း လေးထောင့်အနီအထား တွေ့ဟိရသော်လည်း လေးနားညီဂူမျိုးမဟုတ်ဘဲ အောက်ခြေတောင်မြောက်အကျယ် (၂၅) ပေခန့်၊ အရှေ့အနောက်အကျယ် (၂၉) ပေခန့် ၊ မုခ်ထွက်အရှည်ကိုပါ ပေါင်းလျှင် (၃၈) ပေခန့်ဟိပါရေ။ နံရံအောက်ခြေ အနီအထားမှာ မုခ်ထွက် နံရံပို ထူနီရေကို တွေ့ဟိရပါရေ။ ဂူတော်ထဲဟိအလယ်တွင် ကျောက်ပလ္လင်တော်ကြီးဖြင့် ဆင်းတုတော်ကြီးကို ပူဇော်ထားပါရေ။ ဆင်းတုတော်ကြီးမှာ ကျောက်တစ်လုံးတည်းဖြင့် ထုဆစ်ထားပြီး (၁၀) ပေကျော်ခန့် မြင့်ပါရေ။ ပလ္လင်တော်တစ်ခုလုံးကိုလည်း ရခိုင်စိတ္တလင်္ကာရအနုလက်ရာ မြောက်တိစွာဖြင့် ထုဆစ်ဖန်တီးထားပြီး ပလ္လင်တော် အမြင့် (၅) ပေခန့်ဟိပါရေ။ ပလ္လင်တော်ကို ရှေ့တွင် ခုနစ်မျက်နှာစလုံး၌ ရုပ်လုံးရုပ်ကြွ ပန်းအနုလက်ရာတိဖြင့် ထုဆစ်ထားပြီး နောက်ကျောတွင် ကျောက်ဆစ်လက်ရာတိ မဟိပါ။ ပလ္လင်တွင် ထုဆစ်ထားသော လက်ရာတချို့မှာ နဂါးရုပ်တိ၊ မြင်းစီးဘီးလူး၊ ဟင်္သာရုပ်၊ မြင်းရုပ်၊ စည်တီးနီဟန်၊ စောင်းတီးနီဟန်၊ နို့တိုက်နီဟန်၊ ဒိုင်းကာနီဟန်၊ ဝသုနြေ ဆံရည်ညှစ်ချနီဟန်တိကို တွေ့ဟိရပါရေ။ မနုဿီဟရုပ်၊ ဂျီရုပ်၊ ကြာဖူးကိုင်နတ်သားရုပ်၊ ကလေးကိုနို့တိုက် နီသည့် အရုပ်တိကိုလည်း ထုဆစ်ထားပါရေ။ လက်ရာမှာ အလွန်မြောက်လှပြီး အနုစိတ်ထွင်းထုထားသော မြောက်ဦးခေတ် အစောပိုင်းလက်ရာ ပလ္လင်တစ်လုံးပင်ဖြစ်ပါရေ။ ဆင်းတုတော်ကြီးမှာလည်း လက်ရာမြောက်ပြီး ကြည်ညိုဖွယ်ကောင်းသော ဆင်းထုတော်ကြီး တစ်ဆူပင်ဖြစ်ပါရေ။

ကိုးကား[edit | edit source]

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅