Wp/rki/အမ်းမြို့နယ်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > အမ်းမြို့နယ်

အမ်းမြို့နယ်ရေ ရခိုင်ပြည်နယ်အလယ်ပိုင်း ရိုးမတောင်ကိုအခြေခံထားသည့် မြို့နယ်ဖြစ်ရေ။ မြောက်ဘက်တွင် မင်းပြားမြို့နယ်၊ အရှေ့ဘက်တွင် မကွေးတိုင်းဒေသ ကြီး၊ တောင်ဘက်တွင် တောင်ကုတ်မြို့နယ်၊ အနောက်ဘက်တွင် ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်ရို့နန့် ထိစပ်နီရေ။ မြို့နယ်တစ်ခုလုံး တောတောင်ထူထပ်ရေ။ အမြင့် ဆုံး စွန်တောင်မှာ ၆၅၂၇ ပေ ဖြစ်ရေ။ မြေပြန့်ဟူ၍ ချောင်းကမ်းတစ်လျှောက်နန့် ရိုးမတောင်ခြေတွင်သာ ဟိရေ။ ဒီရေတောကျွန်းမှာ အနောက်ဘက်တွင်ဟိရေ။ ဒလက် ချောင်း၊ မအီချောင်း၊ အမ်းချောင်းရို့ ဖြတ်သန်းစီးဆင်းရေ။ အနောက်ဘက်တွင် ကျောက်ပန်းတောင်မြစ်၊ လက်ခွာဗွေမြစ်ရို့မှာ ဒီရေရောက်မြစ်တိဖြစ်ရေ။

အမ်းမြို့နယ်ရေ ရခိုင်ဧ့ သမိုင်းဝင်အရပ်တစ်ခုဖြစ်ပြီး အမ်းကျော်လမ်း၊ ဒလက်ကျော်လမ်း (ဘားအိုင်ကျော်လမ်း)ရို့ဟိပနာ အလွန်အရီးပါရေ။ ရခိုင်ဧ့ နယ်ခြား ဖြစ်သဖြင့် အမ်းစားကို ခန့်အပ်ရာတွင် လက်ရုံးရည် နှလုံးရည် ပြည့်ဝရန် လိုရေဟု ရခိုင်သမိုင်းတွင် ဖော်ပြကတ်ရေ။ AD ၁၄၅၄ ခုနှစ်တွင် ရခိုင်ဘုရင်မင်းခရီနန့် အင်းဝ ဘုရင် နရပတိရို့ ရခိုင်ရိုးမနတ်ရေကန်တောင်တွင် တွေ့ ဆုံကတ်ပြီး ပဒေသရာဇ်နိုင်ငံ နှစ်ခုဧ့ နယ်နမိတ်ပိုင်းခြားခရေ။

၁၇၈၅ ခုနှစ် မြောက်ဦးကျပြီးနောက် အမ်းရေ ဒွါရဝတီမြို့ဝန်ပိုင်နက် ဖြစ်ခ ရေ။ ၁၈၂၅ အင်္ဂလိပ်သိမ်းပြီးနောက် အမ်းရေ ရမ်းဗြဲခရိုင်တွင်း ပါဝင်လားရေ။ ၁၈၂၇ တွင် အမ်းကို သံတွဲခရိုင်တွင်းထည့်သွင်းခရေ။ ၁၈၃၃ ခုနှစ်တွင် စစ်တွေ၊ သံတွဲ နန့် ရမ်းဗြဲခရိုင်ရို့မှ တိုက်နယ် ၁၇ ခုကို ခွဲပနာ အမ်းခရိုင်ဟု သီးခြားဖွဲ့စည်းခရေ။ သို့ သော် အမ်းမြို့၌ ရာသီဥတုကြမ်းပနာ ၁၈၃၇ ခုနှစ်တွင် ကျောက်ဖြူသို့ ပြောင်းရွှေ့ရုံးစိုက် ခရေ။ အင်္ဂလိပ်ခေတ်တွင် အမ်းရေ မြန်မာပြည်နန့် ကူးလူးဆက်ဆံရာတွင် အရီးပါ ရေ။ လွတ်လပ်ရီးရပြီးခေတ်တွင် အမ်းရေ လက်နက်ကိုင်ပုန်ကန်သူတိ လှုပ်ရှားရာ ဒေသ ဖြစ်ခရေ။

အမ်းမြို့နယ်ရေ တောင်မြောက် ၉၂ မိုင်၊ အရှေ့အနောက် ၄၁ မိုင်ကျယ်ပြီး ဧရိယာ ၂၄၆၇.၅၁ စတုရန်းမိုင်ဟိရေ။ မြို့ပေါ်ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၃၉ စု၊ ကျေးရွာ ၂၄၂ ရွာနန့် လူဦးရေစုစုပေါင်း ၁ဝ၁၇၁၉ ဦး ဟိရေ။ အိမ်ခြေ ၂၂၁၃ အိမ်၊ အိမ်ထောင်စု ၂၂၃ဝ၅ စုနန့် မြို့ပေါ်လူဦးရေ ၇၂၉၂ ဦးဟိရေ။ မြို့နယ်တစ်ခုလုံး တောတောင်တိ ဖုံးလွှမ်းနီပြီး မြို့နယ်ဧ့ ငါးပုံတစ်ပုံသာ စိုက်ပျိုးနိုင်ရေ။ လယ်မြေ ၃၉၈ဝ၈ ဧက၊ ကိုင်းမြေ ၁၂၇၉ ဧက၊ ဥယျာဉ်မြေ ၂၇ဝ၇ ဧက၊ ဓနိမြေ ၄၃၉ ဧကနန့် တောင်ယာ ၁၄၉၃၀ ဧကဖြစ်ရေ။ ဆန်စပါးအပြင် သီဟိုဠ်၊ ရာဘာရို့ စိုက်ပျိုးကတ်ရေ။ တောတောင်ထူထပ်ပနာ သစ်ဝါးထုတ်လုပ်မှုဟိရေ။ ကြိုးပြင် ကာကွယ်တော ၂၇၄၈၀၇ ဧကဟိရေ။ ဒီရေတော ၆၆၈၉ဝ ဧကဟိပြီး တမံဆည်ပနာ အချို့ ကို လယ်မြေနန့် ပုစွန်ကန်အဖြစ် အသုံးပြုရေ။

မြို့အနောက်ဘက်တွင် ရေလုပ်ငန်းကို အဓိကလုပ်ကတ်ရေ။ ရေငန်ပုစွန်မွေး ကန် ၁၉၅ ကန်နန့် မွေးမြူဧက ၅ဝ၅၃၈ ဧကဟိရေ။ ရေလုပ်ငန်းထွက်ကုန်တိ ရောင်း ဝယ်ရီးနန့် ပတ်သက်ပနာ မြို့နယ်အနောက်ဘက် ပင်လယ်ကမ်းခြေပိုင်းဟိ တပ်တောင်၌ စည်ကားရေ။ အမ်းမြို့နယ်ရေ မူလက လားလာရီးခက်ခဲရေ မြို့နယ် ဖြစ်ခသော် လည်း ၂၀၀၀ ခုနှစ်နောက်ပိုင်းမှစပနာ မြို့နယ်ချင်းဆက်လမ်းတိ ပေါ်လာရေ။ စစ်တွေ၊ ရန်ကုန် ကားလမ်းရေ အမ်းမြို့နယ်အတွင်း ၆၄ မိုင် ဖြတ်ရေ။ ၄၁ မိုင်ဟိ အမ်း-မအီ ကားလမ်းဖောက်လုပ်ပြီးနောက် တောင်ကုတ်၊ကျောက်ဖြူရို့သို့ပါ ကားလမ်းပေါက်ရေ။ အမ်းမြို့နယ်တွင် ခုတင် ၁၀၀ ဆံ့ ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၃ ရုံ၊ ကျေးလက်ကျန်းမာရီးဌာန ၃ ခု၊ ကျေးလက်ကျန်းမာရီးဌာနခွဲ ၂၈ ခုနန့် မိခင်နန့် ကလေး စောင့်ရှောက်ရီးဌာန ၁ ခု ဟိရေ။ အမ်းမြို့နယ်တွင် အထက်တန်းကျောင်း ၇ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၁ ကျောင်း၊ မူလွန် ၂၈ ကျောင်း၊ မူလတန်းကျောင်း ၁၈၅ ကျောင်း၊ မူခွဲကျောင်း၁ ကျောင်းနန့် ဘုန်း တော်ကြီးပညာသင်ကျောင်း၂ ကျောင်းဟိရေ။ အမ်းမြို့ အထက်တန်းကျောင်းကို ၁၉၅၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခရေ။

မြို့တွင်းသောက်သုံးရေအတွက် လက်တူးရေတွင်း ၄၁၀ တွင်းဟိပြီး ရေဂါလံ ၁၆၅၂.၈ သန်းဆုံ ဟင်းရွက်ဆည်မှရေအား ရေလှောင်ကန်မှတစ်ဆင့် ဖြန့်ဝေရေ။ လုံခြုံရီးနန့်ပတ်သက်ပနာ အမ်းမြို့မရဲစခန်း၊ တပ်တောင်နယ်မြေရဲစခန်းရို့ရေ ပထမသတင်းပီးတိုင်ချက် ဖွင့်နိုင်သည့် စခန်းတိဖြစ်ရေ။ ရဲကင်း ၄ ခုခန့်ဟိရေ။ ၂ဝဝဝ ခုနှစ်နောက်ပိုင်း စစ်တွေမှပြောင်းရွှေ့လာသည့် တပ်မတော် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နန့် တပ်ရင်းတပ်ဖွဲ့တိ ရုံးစိုက်ရေ။ ရခိုင်လူမျိုးအတိစုနီထိုင်ကတ်ပြီး ချင်းနန့် ဗမာလူမျိုးတိလည်း ဟိရေ။ ဘင်္ဂါလီ လုံးဝမဟိပေ။ ဗုဒ္ဓဘာသာဝင် ၉၉၈၄၈ ဦး ခရစ်ယာန် ၁၅၈၅ ဦးနန့် အခြား ၂၇၅ ဦးဟိရေ။ အမ်းမြို့ပေါ်ဟိ မဟာဆူး၊ မဟာကနောင် ဆင်းတုတော်တိနန့် ဒလက်ဟိ မြသိန်း တန်၊ ဘုန်းတိုးတန်းတင်စေတီရို့ရေ သမိုင်းဝင်တိဖြစ်ရေ။ ဘုန်းတော်ကြီးကျောင်း ၁၅၈ ကျောင်း ဟိရေ။[1]

ကိုးကား[edit | edit source]

  1. မောင်မောင်စိုး(မြောက်ဦးစစ်တမ်း)