Wp/rki/ကျောက်ဖြူမြို့နယ်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ကျောက်ဖြူမြို့နယ်

ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းဟိ အကြီးဆုံးကျွန်းဖြစ်သည့် ရမ်းဗြဲကျွန်းဧ့ မြောက်ဖျားအရပ်ကို အခြေပြုပြီး ကျွန်းကြီးကျွန်းငယ်တိပါဝင်ရေ။ ကျွန်းစုပိုင်းတွင် ကျွန်းပေါင်း ၇၁ ကျွန်းပါဝင်ရေ။ မြောက်ဘက်တွင် နောင်တော်မြစ်၊ အရှေ့ဘက်တွင် မင်းကြောင်းချောင်းနန့် ကလိန်တောင်မြစ်၊ တောင်ဘက်တွင် ရမ်းဗြဲမြို့နယ်နန့် မာန်အောင် ရေလက်ကြား၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်ရို့ ထိစပ်နီရေ။ မြို့နယ် ဧ့ မြောက်ပိုင်းတွင် ကျွန်းစုတိဟိရေ။ သံစိုက်မြစ်ရေ ကျွန်းစုနန့် ရမ်းဗြဲကျွန်းဦး (ကျောက်ဖြူ)အကြား အရှေ့တောင်မှ အနောက်မြောက်သို့ စီးဆင်းနီရေ။ ကျွန်းစု ပိုင်းတွင် မြိုချောင်းကျွန်းဟိ နတ်ကန်တောင် (၁၂၅၂ ပေ)ရေ အမြင့်ဆုံးဖြစ်ပြီး မြို့နယ်ဧ့ ဒုတိယအမြင့်ဆုံးတောင်မှာ ရမ်းဗြဲကျွန်း ဦးပိုင်းဟိ မင်းပြင်တောင် (၇၂၈ ပေ) ဖြစ်ရေ။ ရမ်းဗြဲကျွန်း ဦးပိုင်းရေ တောင်ကုန်း တောင်တန်းငယ်တိ ပေါတိရေ။ တောင်ဘက် တွင် မြင့်မားပြီး မြောက်ဘက်သို့ နိမ့်ဆင်းလားရေ။ ရွှံ့မီးတောင် (နဂါးပွက်တောင်)နန့် ထုံးကျောက်တောင်တိ ပေါတိရေ။

ကျောက်ဖြူဒေသ၌ ဝေသာလီခေတ် ကျောက်စာတိ ရဟိဖူးသဖြင့် ထိုခေတ် ကာလကပင် လူသူအခြေချနီထိုင်ခပြီဟု တွက်ဆရရေ။ ၁၄၃ဝ ပြည့်နှစ် မြောက်ဦး ခေတ်ကို စတင်သူ မင်းစောမွန်ရေ တိုင်းပြည်ကို ပြန်လည်ထူထောင်ရာ၌ ရမ်းဗြဲကျွန်း လည်း ပါဝင်ခရေ။ ၁၈၂၅ ခုနှစ် အင်္ဂလိပ်ရို့ ရခိုင်ကိုသိမ်းပြီးနောက် ယခု ကျောက်ဖြူ အရပ်၌ အင်္ဂလိပ်ရေတပ် တပ်စွဲထားခရေ။ ၁၈၃၇ ခုနှစ်၌ အမ်းခရိုင်ဝန်ရေ ရာသီဥတုကြမ်းရေ အမ်းမှ ကျောက်ဖြူ သို့ ပြောင်းရွှေ့ရုံးစိုက်ရာမှ ကျောက်ဖြူမြို့ဟု ဖြစ်လာ ရေ။ ၁၈၅၂ ခုနှစ်တွင် အမ်းခရိုင်နန့် ရမ်းဗြဲခရိုင်ရို့အားပေါင်းပနာ ကျောက်ဖြူခရိုင်ဟူ၍ ဖြစ်ပေါ်လာရေ။ အင်္ဂလိပ်ခေတ်တွင် ကျောက်ဖြူရေ ဆိပ်ကမ်းအရပ်တစ်ခု ဖြစ်လာ ပြီး သံစစ်မြစ် (သံစိုက်မြစ်) ရေ သဘာဝရေနက်ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း အင်္ဂလိပ် ရို့ သိဟိလာခရေ။

မြို့နယ်ရေ တောင်မြောက် ၉ဝ မိုင်၊ အရှေ့အနောက် ၅၄ မိုင်ဟိပြီး ဧရိယာ ၆၃၈.၃၇ စတုရန်းမိုင်ဟိရေ။ ကျောက်ဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁ဝ ခု၊ ကျေးရွာ အုပ်စု ၄၅ စု၊ ကျေးရွာ ၂၆၆ ရွာနန့် လူဦးရေစုစုပေါင်း ၁၅၄၀၇၅ ဦး ဟိရေ။ အိမ်ခြေ ၃၃၃၂ အိမ်၊ အိမ်ထောင်စု ၃၅၂၅ဝ စုနန့် မြို့ပေါ်လူဦးရေ ၂၄၃၈၄ ဦး ဟိရေ။ ကျောက်ဖြူမြို့နယ်တွင် ကျွန်းစုတိပြားပနာ လယ်ယာရှားပါးရေ။ ဆန်စပါးကို ကျောက်ဖြူတောင်ပိုင်းဒေသ၊ ရမ်းဗြဲကျွန်းဦးပိုင်းတွင် အတိဆုံးစိုက်ပျိုးကတ်ရေ။ မြို့နယ် အတွင်း၌ လယ်မြေ ၄၄၀၉၁ ဧက၊ ဓနိမြေ ၁၂၉၄ ဧက၊ ကိုင်းကျွန်း ၂၉၁ ဧက၊ ဥယျာဉ် ၂၇၇၉ ဧကနန့် တောင်ယာမြေ ၁၈၈၅ ဧကဟိရေ။ စပါးကို အဓိကစိုက်ပျိုးပြီး ဆေးရွက် ကြီးအနည်းငယ် စိုက်ပျိုးရေ။ ရေလုပ်ငန်း တိပြားရေ။ ရေငန်ပုစွန်မွေးမြူခြင်းလည်း ဟိရေ။ ပုစွန်ကန် ၂၂၆ ကန် မွေးမြူဧက ၈၀၄၂ ဧက ဟိရေ။ ကျေးရွာအချို့တွင် နွားမွေးမြူ ရီးဟိပြီး မြို့နယ်ပြင်ပသို့ ရောင်းချကတ်ရေ။

နတ်ကန်တောင်အရပ်တွင် ကြိုးပြင်ကာကွယ်တော ၃၆၉၈၉ ဧက ဟိရေ။ဒီရေ တော ၄၇၉၂၀ ဧကဟိရေ။ ဒီရေတောတိအတွင်း ဒေသအခေါ် ကာရီဟုခေါ်သည့် တမံတုတ်ပနာ လယ်စိုက်ခြင်း၊ ပုစွန်မွေးခြင်းတိ ဟိရေ။ ထုံးကျောက်ထုတ်လုပ်ခြင်းနန့် ရေနံလက်ယက်တွင်းငယ်တိ ဟိရေ။ တစ်မြို့နယ်လုံးအရ ရေလမ်းကိုသာ အဓိက အားထားရရေ။ ရမ်းဗြဲကျွန်းပေါ်တွင် ကားလမ်းဟိပနာ ဝမ်ပိုက်ဒီရေတောကိုဖြတ်ပနာ မအိသို့ ကားလမ်း ဖောက်လုပ်ထားရေ။ ကျန်းမာရီးဘက်၌ ခုတင် ၁၀၀ ဆံ့ ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၂ ရုံ၊ ကျေးလက်ကျန်းမာရီးဌာန ၈ ခု၊ ကျေးလက်ကျန်းမာရီးဌာနခွဲ ၃၈ ခု၊ တိုင်းရင်း ဆေးပီးခန်း ၁ ခု၊ မိခင်နန့်ကလေး စောင့်ရှောက်ရီးဌာန ၁ ခုနန့် ကျောင်းကျန်းမာရီး အဖွဲ့ ၁ ခုဟိရေ။

ကျောက်ဖြူမြို့နယ်တွင် အထက်တန်းကျောင်း ၇ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၄ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၇ ကျောင်း၊ မူလွန် ၃၇ ကျောင်း၊ မူလတန်းကျောင်း ၁၄၁ ကျောင်းနန့် ဘုန်းတော်ကြီးသင် ပညာရီးကျောင်း ၆ ကျောင်းဟိရေ။ ဆရာအတတ်သင်ကောလိပ် ၁ ခုနန့် စက်မှုသိပ္ပံ ကျောင်း ၁ ကျောင်းဟိရေ။ ကျောက်ဖြူမြို့၌ အထက်တန်းကျောင်းအား ၁၉၅၈ ခုနှစ်မှစတင်ဖွင့်လှစ်နိုင်ခရေ။ ကျောက်ဖြူမြို့၌ သောက်သုံးရေအတွက် အဝီစိတွင်း ၃၅၁ဝ တွင်း၊ လက်တူးတွင်း ၈၅၀ ဟိရေ။ မြို့တွင်း၌ စည်ပင်သာယာဧ့ ရေပီးစနစ် မဟိပါ။ ၂၀၁၄ ခုနှစ်တွင် ပြည်နယ်အစိုးရဧ့ အစီအမံဖြင့် ကျောက်ဖြူမြို့မှ ၁၁ မိုင် အကွာခန့်တွင် လယ်ဧက ၄၀ ခန့် လျော်ကြေးပီး သိမ်းယူပြီး သိုင်းချောင်းရေလှောင် ဆည်တစ်ခု ဆောက်လုပ်ခသော်လည်း ဂနိတိုင် ရေလှောင်နိုင်ခြင်း မဟိသေးပါ။

လုံခြုံရီးနန့်ပတ်သက်ပနာ စုစုပေါင်း ရဲစခန်း ၇ ခုဟိပြီး မြို့မရဲစခန်းနန့် မြဒေ ကျွန်းနယ်မြေ ရဲစခန်းရို့မှာ ပထမသတင်းပီးတိုင်ချက်ဖွင့်သည့် စခန်းတိဖြစ်ရေ။ တပ်မတော်မှ အခြေစိုက်တပ်ရင်းတိဟိပြီး တပ်မတော်ရေမှ ဓညဝတီရေတပ်စခန်း ဌာနချုပ် ဟိရေ။ ကျောက်ဖြူမြို့နယ်အတွင်း ရခိုင်လူမျိုးအတိစု နီထိုင်ပြီး ချင်းနန့် ဘင်္ဂါလီအနည်းငယ် ဟိရေ။

ကျောက်ဖြူမြို့တွင် ကျောက်တလုံးဂူနန့် ကံ့ကော်တောဘုရားညီနောင်ရို့ ထင်ရှားရေ။ ကျောက်တလုံးဂူရေ ၄၅၂ ပေ ရှည်ပြီး ဂူပေါက် ၅၄ ပေါက်နန့် ဆင်းတု တော်ကြီးငယ် ၁၉၂ ဆူ ဟိရေ။ ကံ့ကော်ညီနောင် ဘုရားပွဲကို နှစ်စဉ် သင်္ကြန်လွန်ရေ နန့် ကျင်းပလေ့ဟိရေ။[1]

ကိုးကား[edit | edit source]


  1. မောင်မောင်စိုး(မြောက်ဦးစစ်တမ်း)