Wp/rki/မာန်အောင်မြို့နယ်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > မာန်အောင်မြို့နယ်

ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းဟိ ပင်လယ်အတွင်း အထီးတည်းဟိနီသာ မာန် အောင်ကျွန်းကို အခြေပြုထားသည့်မြို့နယ်ဖြစ်ရေ။ အနီးဆုံးအရပ်မှာ ရမ်းဗြဲကျွန်းဧ့ အနောက်တောင်အရပ်ဖြစ်ပြီး ၈မိုင်ခန့်ဝေးရေ။ မာန်အောင်မြို့နယ်အတွင်း မာန်အောင် ကျွန်းအပြင် အရှေ့ဘက်အနီးဟိ ရဲကျွန်းနန့် တိုက်ကျွန်းရို့လည်း ပါဝင်ရေ။

မြို့နယ်ဧ့ ပင်မဖြစ်သော မာန်အောင်ကျွန်းဧ့ အနောက်တောင်ပိုင်းတွင် တော တောင်ဟိရေ။ ကျွန်းဧ့ မြေမျက်နှာသွင်ပြင်ရေ လိပ်ခုံးပုံဟိပြီးအမြင့်ဆုံးတောင်မှာ ၈၉၄ ပေ မြင့်သည့် ပုလဲငတောင် ဖြစ်ရေ။ တောင်ဘက်တွင် မြင့်ပြီး မြောက်ဘက်သို့ နိမ့်ဆင်း လားရေ။ မြေပြန့်တွင် သဲမြေဆန်သည့် အဓိကချောင်းတိမှာ အုန်းချောင်းနန့် သဲချောင်း ဖြစ်ပြီး မာန်အောင်ရေလက်ကြားဖြင့် ရမ်းဗြဲကျွန်းနန့် ပိုင်းခြားထားရေ။

မာန်အောင်ကျွန်းတွင် ရှေးအခါကပင်လူတိအခြေချနီထိုင်ခရေ။ ၁၄၃၀ ခုနှစ်က မာန်အောင်စားမှာ စံဘော်ဝေဖြစ်ရေဟုလည်းကောင်း၊ မြောက်ဦးခေတ် ၁၇၇၄ ခုနှစ်တွင် မာန်အောင် ဆယ်ရွာသူကြီးမှာ အောင်ကျော်ဇံဟုလည်းကောင်း မှတ်တမ်း မှတ်ရာတိ ဟိခရေ။ ၁၇၈၅ ခုနှစ် မြောက်ဦးကျပြီးနောက် ရမ်းဗြဲအောက်၌ ထားခရေ။ နောက်ပိုင်း၌ သီးခြားမြို့ဝန်ဖြင့် အုပ်ချုပ်ရေ။ မာန်အောင်အား အင်္ဂလိပ်ရေတပ်က ၁၈၂၅ ခုနှစ်၊ မေလ ၁၄ ရက်တွင် သိမ်းပိုက်ခရေ။ မာန်အောင်မြို့ရေ ကျွန်းဧ့ အရှေ့ မြောက်၊ အုန်းချောင်းဧ့ လက်ျာကမ်း၌ တည်ဟိရေ။ ၁၈၈၂ ခုနှစ်တွင် မြို့ ဖြစ်လာရေ။

မြို့နယ်မှာ တောင်မြောက် ၁၈ မိုင်၊ အရှေ့အနောက် ၂၂ မိုင်ကျယ်ပြီး ဧရိယာ ၂၀၂ စတုရန်းမိုင်ဟိရေ။ မာန်အောင်ကျွန်းမှာ ၁၉၇.၈၄ စတုရန်းမိုင်၊ တိုက်ကျွန်းမှာ ဝ.၆၈ စတုရန်းမိုင်၊ ရဲကျွန်းမှာ ၃.၅၉ စတုရန်းမိုင်ဟိရေ။ မာန်အောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃၆ စု၊ ကျေးရွာ ၁၃၈ ရွာဟိပြီး စုစုပေါင်းလူဦးရေ ၇၁ဝ၆၆ ဦးဟိရေ။ အိမ်ခြေ ၁၃၇ဝဝ အိမ်၊ အိမ်ထောင်စု ၁၃၈၉၄ စုနန့် မြို့ပေါ်လူဦးရေ ၄၆၇၇ ဦး ဟိရေ။

မြို့နယ်တစ်ခုလုံးတွင် မာန်အောင်ကျွန်း၌သာ အဓိကစိုက်ပျိုးရေ။ ကျွန်းတစ်ခု လုံးဧ့ ၃၆၇ ကို ဆန်စပါးစိုက်ပျိုးရေ။ လယ်မြေ ၂၇၄၃၃ ဧက၊ ကိုင်းကျွန်း ၂၇၅၈ ဧက၊ ဥယျာဉ် ၆၇ဝ၇ဧကနန့် ဓနိ ၂၆၄ ဧကဟိရေ။ ဝမ်းစာဖူလုံမှုမှာ ၁၀၈.၄% ဟိရေ။

မာန်အောင်ထွက် စပါးမျိုးရင်းတစ်ခုမှာ ချီဒူဘာစပါးဖြစ်ရေ။ စပါးအပြင် ဆီထွက်သီးနှံ နန့် ဆေးရွက်ကြီးကိုလည်း စိုက်ပျိုးကတ်ရေ။ မာန်အောင်ဆေးအဖြစ် ထင်ရှားရေ။ ရံကျွန်း၌ ကြက်သွန်နီ အဓိကစိုက်ပျိုးပြီး ရဲကျွန်းကြက်သွန်ဟူ၍ ထင်ရှားရေ။ အုန်းစိုက် ခြင်းနန့် အုန်းဆီထုတ်လုပ်ခြင်း လုပ်ငန်းတိဟိရေ။ ကျွန်းပေါ်တွင် နွားမွေးမြူခြင်းဟိ ရေ။ ပင်လယ်ကမ်းခြေအရပ်တိတွင် ရေလုပ်ငန်းက အဓိကဖြစ်ရေ။ ဒီရေတော ၂၄၃၀ ဧကဟိပြီး ၅၇၈ ဧကအား ပုစွန်မွေးမြူထားရေ။ ပုစွန်ကန် ၃၂ ကန်ဟိရေ။

မာန်အောင်ရေ ရေလမ်းကို အဓိကအားကိုးရရေ။ မာန်အောင်မှ ရမ်းဗြဲ ကျွန်းသို့ မော်တော်၊ စက်လှေတိ ပြေးဆွဲပြီး မာန်အောင်-တောင်ကုတ် ရေလမ်းကြောင်း ၌ အမြန်ရေယာဉ် ပြေးဆွဲရေ။ မာန်အောင် သင်္ဘောဆိပ်သို့ ဒီရေအတက်အကျဖြင့် ဝင်ထွက်ရရေ။ ကမ်းဦးပိုင်းရေတိမ်ရေ။ မာန်အောင် ရေကြောင်းလားလာမှုအရ လူမှုရီး၊ စီးပွားရီးကိစ္စတိတွင် တောင်ကုတ်မြို့နန့် အဆက်အစပ်တိရေ။ ကျွန်းပေါ် ၌ ၅၁ မိုင်ခန့်ရှည်သော ကျွန်းပတ်လမ်းအား ၁၉၉၁ ခုနှစ်တွင် လူထုအားဖြင့် ဖောက်လုပ် ခရပြီး တံတားတိကိုမူ အစိုးရက ဆောက်လုပ်ပီးရေဟုဆိုရေ။ မာန်အောင်ကျွန်း ပေါ်ဟိ စမုံတဲ လေယာဉ်ကွင်းအား ၁၉၇၂ခုနှစ်မှ စတင်ဖွင့်လှစ်ခပြီး ၁၁ နှစ်ခန့် လေယာဉ်ပြေးဆွဲခပြီး ရပ်နားလားခရေ။ ဂုအခါတွင် လူ ၂ဝ ကျော်ခန့်ဆံ့သည့် လေယာဉ်ငယ်ဖြင့် ပြန်လည်ပြေးဆွဲလျက်ဟိကေလည်း နိ့စဉ်လေယာဉ်မဟိပါ။

ကျန်းမာရီးအတွက် ၂၅ ခုတင်ဆံ့ ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၂ ရုံ၊ ကျေးလက်ကျန်းမာရီးဌာန ၇ခု၊ ကျေးလက်ကျန်းမာရီးဌာနခွဲ ၂၈ ခုနန့် မိခင်နန့် ကလေး စောင့်ရှောက်ရီးဌာန ၁ ခုဟိရေ။ ပညာရီးအတွက် အထက်တန်းကျောင်း ၅ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၄ ကျောင်း၊ မူလွန် ၇ ကျောင်း၊ မူလတန်း ၉၄ ကျောင်းဟိရေ။ မာန်အောင် အထက်တန်းကျောင်းကို ၁၉၄၈ ခုနှစ်တွင် ဖွင့်လှစ်ခရေ။

မြို့တွင်းသောက်သုံးရေအတွက် ရေကန် ၁ ကန်နန့် လက်တူးရေတွင်း ၉၇ဝတွင်း ဟိရေ။ လုံခြုံရီးအတွက် မြို့မရဲစခန်းနန့် ဆားချက်နယ်မြေရဲစခန်းရို့ရေ ပထမ သတင်းပီးတိုင်ချက်ဖွင့်နိုင်သည့် စခန်းတိ ဖြစ်ရေ။ မာန်အောင်မြို့နယ်တွင် ရခိုင် လူမျိုးတိ အဓိကနီထိုင်ရေ။ ချင်းလူမျိုးအနည်းငယ်ဟိရေ။ မာန်အောင်မြို့နယ် အတွင်း ဘူးသီးတောင်ကွဲဘုရားနန့် ကျွန်းအနောက်တောင်ပိုင်းဟိ တောင်နီတောင်စေတီ ရို့မှာ သမိုင်းဝင်ဘုရားတိ ဖြစ်ရေ။[1]

ကိုးကား[edit | edit source]

  1. မောင်မောင်စိုး(မြောက်ဦးစစ်တမ်း)