Wp/rki/မင်းပြားမြို့နယ်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > မင်းပြားမြို့နယ်

မင်းပြားမြို့နယ်ရေ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အရှေ့ဘက်ရခိုင်ရိုးမနန့် ကပ် နီသည့် မြို့နယ်တစ်ခုဖြစ်ပြီး လေးမြို့ မြစ် အလယ်ပိုင်းဝဲယာကို အခြေခံထားသည့် မြို့နယ်ဖြစ်ရေ။ မြောက်ဘက်တွင် မြောက်ဦးမြို့နယ်နန့် ချင်းပြည်နယ်၊ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီး၊ တောင်ဘက်တွင် မြေပုံမြို့နယ်နန့် အနောက်ဘက်တွင် မြောက်ဦး ပေါက်တောမြို့နယ်တိနန့် ဆက်စပ်နီပါရေ။

မင်းပြားမြို့နယ်အတွင်း ဝေသာလီခေတ်လက်ရာ ကျောက်စတူပါ (ကျောက် စေတီ)နန့် သက္ကတကျောက်စာတိကို တွေ့ရသဖြင့် ထိုခေတ်အခါကပင် အခြေချနီထိုင် မှုတိ ဟိနီပြီဟု တွက်ဆရရေ။ မြောက်ဦးခေတ်တွင်လည်း မင်းပြားမြို့နယ်ရေ စစ်ရီး၊ နိုင်ငံရီးအရ အရီးပါခရေ။ မင်းမှုထမ်းတိအား နီရာချပီးခသည့်အရပ် ဖြစ်ရေ။ ရှေးအခါက ရိုးမတောင်ကိုဖြတ်ပနာ ရခိုင်ကို စစ်ချီလာရေတပ်တိရေ မင်းပြားအရပ်ကို ဖြတ်ရရေဖြစ်ပနာ စစ်ရီးအရ အရီးပါသည့်ဒေသ ဖြစ်ခရေ။ ၁၈၂၅ ခုနှစ် အင်္ဂလိပ်ရို့ ရခိုင်ကိုသိမ်းပြီးနောက် ၁၈၆၈ ခုနှစ် မတ်လ ၈ ရက်တွင် မင်းပြားကို မြို့အဖြစ် တည်ထောင်ခရေ။

မင်းပြားရေ ဒုတိယကမ္ဘာစစ် စစ်ကြိုခေတ်က အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရီး ပြင်းထန်ခသလို စစ်ပြီးခေတ်တွင်လည်း လက်နက်ကိုင်ပုန်ကန်မှုတိ အခြေခံရာ ပင်မ အရပ်ဒေသ ဖြစ်ခရေ။ မူလက စစ်တွေခရိုင်တွင် ပါဝင်ပြီး ၂၀၁၃ ခုနှစ် ပြန်လည်ဖွဲ့ စည်းရာတွင် မြောက်ဦးခရိုင်တွင် ပါဝင်လားရေ။ မြို့နယ်ဧ့ မြောက်ဘက်နန့် အရှေ့ဘက်တွင် တောတောင်ထူထပ်ရေ။ လေး မြို့မြစ်ဧ့ အနောက်ဘက်ကမ်းတွင် ကျိန်းတောင်တန်းနန့် မြက်စင်တောင်တန်းရို့က မြောက်မှတောင်သို့ သွယ်တန်းနီရေ။ မြစ်အရှေ့ဘက်တွင် တောတောင်တိဟိရေ။ မြေပြန့်အပိုင်းတွင် ချောင်းမြောင်းပေါရေ။ သင်္ဂနက်မြစ်၊ ကြက်စင်မြစ်၊ ပြွန်ရှည်ချောင်း နန့် မင်းကြောင်းချောင်းရို့ရေ လေးမြို့မြစ်မှ ဖြာထွက်ပြီး ပင်လယ်သို့ စီးဝင်ရေ။ မြစ်ကမ်းဘေးတိ၌ မြေသြဇာကောင်းမွန်ရေ။

မြို့နယ်ရေ တောင်မြောက် ၃၉ မိုင်၊ အရှေ့အနောက် ၃၄ မိုင်ကျယ်ပနာ ဧရိယာ ၁၃၃၈.၄၆ စတုရန်းမိုင်ဟိရေ။ မင်းပြားမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၆၂ စု၊ ကျေးရွာ ၂၄၆ ရွာ၊ စုစုပေါင်းလူဦးရေ ၁၈၅၁၃၆ ဦး နီထိုင်ကတ်ရေ။ အိမ်ခြေ ၃၂၉၃၁ အိမ်၊ အိမ်ထောင်စု ၃၄၈၃၂ စုနန့် မြို့ပေါ်လူဦးရေ ၂၃၂၅၈ ဦးဟိရေ။ မြို့နယ်ဧ့ ကိုးပုံတစ်ပုံခန့်ကိုသာ စိုက်ပျိုးနိုင်ရေ။ စပါးကို အဓိကစိုက်ပျိုးကတ် ရေ။ လယ်မြေ ၈၅၁၇၆ ဧက၊ ယာမြေ ၁၂၇ဝ ဧက၊ ဥယျာဉ်ခြံမြေ ၅၁၃၉ ဧက၊ ဓနိ ၉၁၉ ဧက၊ တောင်ယာ ၃၂၈၁ ဧက အသီးသီးဟိရေ။ အချို့အရပ်၌ ကွမ်းသီးတောတိဟိ ရေ။ ရိက္ခာဖူလုံမှု ၂၀၉၇ ဟိရေ။ မြို့နယ်အောက်ပိုင်းတွင် ရေလုပ်ငန်းတိဟိရေ။ ပုစွန်ကန် ၃၀၀၊ မွေးမြူဧရိယာ ၆၂၅၅ ဧကဟိရေ။ ရေချိုရေငန် ဝင်ထွက်မှုမျှတပနာ ရခိုင်ပြည်နယ်အတွင်း၌ စိုက်ပျိုးရီးရော၊ မွေးမြူရီးအတွက်ပါ အသင့်ဆုံးမြို့နယ်ဟု ဆိုကတ်ရေ။ တောတောင်ထူထပ်ပနာ သစ်တောထွက်လုပ်ငန်းတိ ဟိရေ။ ကြိုးဝိုင်း သစ်တော ၁၅၈၆၆ ဧက၊ ကြိုးပြင်ကာကွယ်တော ၄၆၉၁၇ ဧကဟိရေ။

မင်းပြားမြို့နယ်ရေ လမ်းဆုံလမ်းခွကျသဖြင့် ကုန်စည်ကူးသန်းမှုဟိရေ။ စစ်တွေ-အမ်းကားလမ်းရေ မင်းပြားမြို့နယ်အတွင်း ၂၇ မိုင်ဖြတ်သန်းလားရေ။ မင်းပြားမှ ပေါက်တောသို့ ၂၂ မိုင်ခရီး ကားလမ်းကြမ်း ပေါက်ရေ။ သို့သော် မင်းပြား မြို့နယ်အတွင်း ရေလမ်းကို အားထားနီရဆဲဖြစ်ရေ။ မင်းပြားမြို့နယ်၌ ၂၅ ခုတင်ဆံ့ ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ ၁ ရုံ၊ ကျေးလက်ကျန်းမာရီးဌာန ၆ ခု၊ ကျေးလက် ကျန်းမာရီးဌာနခွဲ ၂၉ ခု၊ တိုင်းရင်းဆေးပီးခန်း ၁ ခု၊ မိခင်နန့်ကလေး စောင့်ရှောက်ရီး ဌာန ၁ ခုဟိရေ။

ပညာရီးနန့် ပတ်သက်ပနာ အထက်တန်းကျောင်း ၂ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၅ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၅ ကျောင်း၊ မူလွန် ၂ဝ ကျောင်း၊ မူလတန်းကျောင်း ၁၅၄ ကျောင်းနန့် ဘုန်းတော်ကြီးပညာ သင်ကျောင်း ၅ ကျောင်းဟိရေ။ မင်းပြားအထက်တန်းကျောင်းအား ၁၉၅၂ ခုနှစ်တွင် ဖွင့်လှစ်ခရေ။ မြို့ရေပီးရီးနန့်ပတ်သက်ပြီး ကန်ကြီးတိကို အဓိကထားရရေ။ မြို့မှ ၂ မိုင်အကွာဟိ ဂရင်ချိုင်ဆည် (ရေဂါလံ ၁၉.၂၆ သန်း) မှ အလိုအလျောက် ရေဆင်းစနစ် ဖြင့် ဖြန့်ဝေရေ။

လုံခြုံရီးနန့်ပတ်သက်ပနာ တစ်မြို့နယ်လုံးတွင် ရဲစခန်း ၄ ခုနန့် ရဲကင်း ၁၃ ခု ဟိရေ။ မင်းပြားမြို့မရဲစခန်းရေ ပထမသတင်းပီးတိုင်ချက်ဖွင့်သည့်စခန်း ဖြစ်ရေ။ မြို့နယ်အတွင်း၌ ရခိုင်အတိစုနီထိုင်ကတ်ပြီး ချင်းလူမျိုးမှာ ဒုတိယအတိဆုံးဖြစ်ရေ။ ဒိုင်းနက်၊ ဗမာနန့် ဘင်္ဂါလီတိလည်း ဟိကတ်ရေ။ ဘာသာရီးအဆောက်အအုံတိအနီနန့် ကျိန်းတော်စေတီ၊ လက်မစေတီ၊ မျက်မှောင်တော်စေတီ၊ လားဖုံးတောင်စေတီ၊ ဘိတ်တောင်စေတီ၊ သောင်းခေါင်မော် စေတီ နန့် ငါးရံ့မင်းစေတီရို့မှာ သမိုင်းဝင်တိဖြစ်ရေ။ မြို့နယ်အတွင်း ဘုရားစေတီ ၂၈ ဆူ၊ ဘုန်းကြီးကျောင်း ၂၇ဝ၊ ခရစ်ယာန်ဘုရားကျောင်း ၃ ခုနန့် အစ္စလာမ်ဗလီ ၂၉ ခု အသီးသီး ဖြစ်ရေ။[1]

ကိုးကား[edit | edit source]

  1. မောင်မောင်စိုး(မြောက်ဦးစစ်တမ်း)