Jump to content

Wp/rki/သံတွဲမြို့နယ်

From Wikimedia Incubator
< Wp | rki
Wp > rki > သံတွဲမြို့နယ်

သံတွဲမြို့နယ်ရေ ရခိုင်ပြည်နယ် တောင်ပိုင်း၌ဟိရေ။ ရခိုင်ရိုးမနန့် ဘင်္ဂလား ပင်လယ်အော်အကြား ကျဉ်းမြောင်းသောလွင်ပြင်တွင်ဟိရေ။ ကမ်းရိုးတန်း ၁၂၈ မိုင်ဟိ ရေ။ မြောက်ဘက်တွင် တောင်ကုတ်မြို့နယ်၊ အရှေ့ဘက်တွင် ပဲခူးနန့် ဧရာဝတီတိုင်း ဒေသကြီး၊ တောင်ဘက်တွင် ဂွမြို့နယ်ဟိရေ။ မြို့နယ်ဧ့ အရှေ့ဘက်ရေ တောတောင်ထူထပ်ရေ။ သူဌေးချောင်း၊ သလူး ချောင်း၊ သံတွဲမြစ်တို ဖြတ်သန်းစီးဆင်းရေ။အမြင့်ဆုံးတောင်မှာ ၃၃၈၃ ပေ မြင့်သည့် တောင်ပုံကြီးဖြစ်ရေ။ ကမ်းခြေတွင် ကျွန်း များများစားစား မဟိချေ။ ငပလီကမ်းလွန်ဟိ အပေါ်ရေကျွန်းမှာ ထင်ရှားရေ။

သံတွဲအရပ်အား ယှေးအခါက ဒွါရဝတီဟုခေါ်ရေ။ ယှေးရခိုင်ဘုရင်ခေတ်အခါ က သံတွဲစားတိရေ တရားစီရင်ရီးနန့် အုပ်ချုပ်ရီးတွင် အထူးအာဏာရဟိခကတ်ရေ။ မြောက်ဦးခေတ်က ဘုရင်ဖြစ်ခကတ်သော မင်းခရီနန့် မင်းဘာကြီးရို့ရေ သံတွဲစားဘဝမှ ထီးနန်းရခခြင်း ဖြစ်ရေ။ ရခိုင်ပြည်နယ်တောင်ပိုင်းအတွက် အရီးပါသောနယ်တစ်ခု ဖြစ်ခရေ။ ၁၇၈၅ ခုနှစ် မြောက်ဦးကျပြီးနောက် သံတွဲမြို့ဝန်က အုပ်ချုပ်ခရေ။ ၁၈၂၅ ခုနှစ် အင်္ဂလိပ် သိမ်းပြီးနောက် သံတွဲခရိုင်အဖြစ် ဖွဲ့စည်းခရေ။ ငပလီတောင်ဘက် လုံးသာရေ သင်္ဘောဆိပ်ဖြစ်လာရေ။

သံတွဲမြိုရေ သံတွဲမြစ်ဝမှ ၁ဝ မိုင်အကွာ လက်ယာကမ်းတွင် တည်ဟိရေ။ ၁၉၉၈ တွင် သံတွဲမြစ်ကိုဖြတ်သည့် ဒွါရဝတီတံတား ဖွင့်လှစ်ခပနာ လက်ဝဲကမ်းရေလည်း စည်ပင်လာရေ။ လက်ဟိမြို့နီရာကို အင်္ဂလိပ်ခေတ်တွင် တည်ထားခရေ။ ၁၈၈၅ ခုနှစ်တွင် မြူနီစပယ်အုပ်ချုပ်ရီးမြို့ ဖြစ်လာခရေ။ သံတွဲမြို့နယ်ရေ တောင်မြောက် ၄၈ မိုင်၊ အရှေ့အနောက် ၂၈.၃၃ မိုင်ဟိပြီး ဧရိယာ ၁၃၆၀.၁၆ စတုရန်းမိုင်ဟိရေ။ မြို့ပေါ်ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၆၃ စု၊ ကျေးရွာ ၂၆၂ ရွာနန့် လူဦးရေစုစုပေါင်း ၁၂၆၂၄၇ ဦးနီထိုင်လျက်ဟိရေ။ အိမ်ခြေ ၃၁၉၃၀ အိမ်၊ အိမ်ထောင်စု ၂၈၃၅၃ စုနန့် မြို့ပေါ်လူဦးရေ ၁၈၃၂၇ ဦးဟိရေ။ သံတွဲမြို့နယ်တွင် လယ်ယာစိုက်ပျိုးရီး အဓိကဖြစ်ကေလည်း လယ်မြေ ရှားပါးရေ။ မြို့နယ်အတွင်း လယ်မြေ ၄၆၃၂ဝ ဧက၊ ဓနိမြေ ၁၉၃၁ ဧက၊ ကိုင်းကျွန်း ၄၅၈၂ ဧက၊ ဥယျာဉ် ၁၃၁၀၉ ဧကနန့် တောင်ယာ ၈၀၃ ဧကဟိရေ။ စပါးအဓိက စိုက်ပျိုးကတ်ရေ။ အုန်းပင်တိ ပေါတိပနာ အုန်းဆီထုတ်လုပ်ခြင်းလုပ်ငန်း ဟိရေ။

ဒုတိယစီးပွားရီးလုပ်ငန်းမှာ ရေလုပ်ငန်းဖြစ်ရေ။ ကမ်းနီး ကမ်းဝေးငါးဖမ်း လုပ်ငန်းဟိရေ။ ကျော့ပိုက်၊ ပိုင်းပိုက်တိကို အသုံးပြုလေ့ဟိကတ်ရေ။ သံတွဲထွက် ငါးနီတူခြောက်ရေ အထူးထင်ရှားရေ။ ပုစွန်ကန် ၄၉ ကန်၊ မွေးမြူဧက ၇၄၄ ဧက ဟိရေ။ သံတွဲမြို့နယ်တွင် ကြိုးဝိုင်းဧရိယာ ၁၅၃၃၃၅ ဧက နန့် ကြိုးပြင်ကာကွယ်တော ၈၁၃၂၅ ဧကဟိပြီး သစ်ထုတ်လုပ်ငန်းဟိရေ။ သာယာလှပသော ငပလီကမ်းခြေကြောင့် ခရီးလားလုပ်ငန်းဟိရေ။ ကမ်းခြေတစ်လျှောက် ဟိုတယ်ကြီးငယ်တိ ဆောက်လုပ်ထား ဟိရေ။

တစ်မြို့နယ်လုံး ကုန်းလမ်းကို အဓိကထားရေ။ သံတွဲမှ လုံးသာ၊ ငပလီ၊ မဇင် သို့လည်းကောင်း၊ သပြုမြိုင်၊ ကင်းမော်၊ ရွှေလှနန့် ကျောက်ဖြူကြီးသို့လည်းကောင်း၊ သံတွဲ-တောင်ကုတ်၊ သံတွဲ-၉ ကားလမ်းတိမှ ပဲခူးနန့် ဧရာဝတီတိုင်းဒေသကြီးတိသို့ ကားလမ်းပေါက်ရေ။ မြို့နယ်တွင်း ကားလမ်း ၈၄ မိုင်ဟိရေ။ မဇင်တွင် လေယာဉ်ကွင်း ဟိပနာ သပြုမြိုင်တွင် ပင်လယ်ကူးသင်္ဘောဆိပ် ဟိရေ။ ကျန်းမာရီးအတွက် ခုတင် ၁၀၀ ဆံ့ ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံ ၃ ရုံ၊ ကျေးလက်ကျန်းမာရီးဌာန ၈ ခု၊ ကျေးလက်ကျန်းမာရီးဌာနခွဲ ၃၄ ခု၊ တိုင်းရင်းဆေးပီးခန်း ၂ ခု၊ မိခင်နန့်ကလေး စောင့်ရှောက်ရီးဌာန ၁ ခုနန့် ကျောင်း ကျန်းမာရီးဌာန ၁ ခု ဟိရေ။

သံတွဲမြို့နယ်တွင် အထက်တန်းကျောင်း ၆ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၇ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၃ ကျောင်း၊ မူလွန် ၉ ကျောင်း၊ မူလတန်း ၁၆၂ ကျောင်းနန့် ဘုန်းတော်ကြီးပညာသင်ကျောင်း ၁ ကျောင်း ဟိရေ။ ၁၉၈၂ ခုနှစ်တွင် စက်မှုအထက်တန်းကျောင်း ဖွင့်လှစ်ခပြီး ဂုအခါ စက်မှုသိပ္ပံအဖြစ် ပြောင်းလဲဖွင့်လှစ်ထားရေ။ သံတွဲအထက်တန်းကျောင်းကို ၁၉၁၈ ခုနှစ်တွင် ဖွင့်လှစ်ခရေ။

သံတွဲမြို့တွင်း သောက်သုံးရေအတွက် ရေဂါလံ ၁၅၈ သန်းဆံ့ မဟာဗောဓိဆည် မှ အလိုအလျောက် ရေဆင်းစနစ်ဖြင့် ဖြန့်ချိရေ။ လုံခြုံရီးအတွက် သံတွဲမြို့မရဲစခန်း၊ ကျောက်ကြီးနယ်မြေရဲစခန်း၊ ရွှေလှေ နယ်မြေရဲစခန်းနန့် ဂျိတ္တောနယ်မြေရဲစခန်းရို့မှာ ပထမ သတင်းပီးတိုင်ချက်လက်ခံသည့် စခန်းတိ ဖြစ်ရေ။ မြို့နယ်အတွင်း ရခိုင် အတိစုနီထိုင်ကတ်ပြီး ချင်း၊ ကမန်၊ မရမာကြီး၊ ဗမာနန့် ဘင်္ဂါလီလူမျိုးတိလည်း နီထိုင်ကတ်ရေ။

ဘာသာရီးအဆောက်အအုံအနီနန့် မြို့တော်ဘက်ဟိ ရွှေဆံတော်စေတီ၊ မြို့ မြောက်ဘက်ဟိ ရွှေနံတော်စေတီ၊ မြို့အရှေ့ဘက်ဟိ ရွှေအံတော်စေတီဟိပြီး သမိုင်းဝင် စေတီတိ ဟိရေ။ ရွှေအံတော်တောင်ခြေ၌ မင်းဘာကြီးနန်းတက်သည့် ၁၅၃၁ ခုနှစ် တွင် တည်ခသော ဘုရားလှဆင်းတုတော် ဟိရေ။[1]

ကိုးကား

[edit | edit source]

{{ရခိုင်ပြည်နယ်}

  1. မောင်မောင်စိုး(မြောက်ဦးစစ်တမ်း)