အကူအညီ:လက်စွဲ

From Wikimedia Incubator
This page is a translated version of the page Help:Manual and the translation is 88% complete.

ဤစာမျက်နှာသည် ကိုယ်ပိုင်ဝီကီ မရှိသေးသော ဘာသာစကားတစ်ခုအတွက် ဝီကီမီဒီယာ ဝီကီ တစ်ခုကို စတင်လိုသူများအတွက် လက်စွဲစာစောင် ဖြစ်သည်။ ရှိနှင့်ပြီးသော ဝီကီများ၏ ခြုံငုံသုံးသပ်ချက်များကို Special:SiteMatrix တွင် ကြည့်ပါ (အနီရောင်လင့်ခ်များသည် မရှိသေးသော ဝီကီများ ဖြစ်သည်။)။

အဆင့် ၁။ လိုအပ်ချက်များ

  • သင့်အနေဖြင့် မစတင်မီ၊ သီးခြားဝီကီတစ်ခုအတွက် ဝီကီမီဒီယာ ဒိုမိန်းအခွဲ ရရှိရန်အတွက် စည်းမျဉ်းများသည် ဤနေရာ အင်ကျူဗေတာတွင် စမ်းသပ်ဝီကီတစ်ခု ဖန်တီးခြင်းအတွက် စည်းမျဉ်းများထက် ပိုမိုတင်းကြပ်သည် ကို သိရှိထားပါ။
  • သင့်အနေဖြင့် ဝီကီတွင် ပါဝင်ရေးသားမည့် လူဦးရေ လုံလောက်စွာ ရှိနေပါစေ။
  • ပြီးနောက် ဘာသာစကားအတွက် ခိုင်လုံသော ISO 639 ဘာသာစကားကုဒ် ရှိထားပြီး ဖြစ်ပါစေ။

ခိုင်လုံသော ISO 639 ကုဒ်မရှိသည့် မည်သည့် ဘာသာစကား သို့မဟုတ် ဒေသိယစကားကိုမဆို၊ သို့မဟုတ် ယေဘုယျအားဖြင့် လက်ခံမထားသော သို့တည်းမဟုတ် အသုံးမပြုသော ရေးထုံး သို့ အက္ခရာရှိသော ဘာသာစကားတစ်ခုကို ဝီကီမီဒီယာအနေဖြင့် လွှင့်တင်လိမ့်မည် မဟုတ်ပါ။ သင့်အနေဖြင့် ပုဂ္ဂလိက ပရောဂျက်တစ်ခုကို စတင်လိုပါက Fandom ရှိ Incubator Plusကို ကြည့်ပါ။

ရွေးချယ်စရာများ

မှတ်ပုံတင်ခြင်းနှင့် ရွေးချယ်စရာများ ပြင်ဆင်ခြင်း

အကောင့်ဝင်ထားခြင်း မဟုတ်ပါက ကျေးဇူးပြု၍ လော့ဂ်အင်ဝင်ပါ သို့မဟုတ် အကောင့်တစ်ခု ဖန်တီးပါ။ ထိုသို့ပြုလုပ်ခြင်းက ပါဝင်ပံ့ပိုးသူများကို လိုက်လံကြည့်ရှုရာတွင် လွယ်ကူစေပါသည်။

ပြီးနောက်၊ Special:Preferences သို့သွားကာ (၁) သင့် မျက်မြင်ဘာသာစကားကို ပြောင်းပါ (၂) စမ်းသပ်ဝီကီ အပြင်အဆင်များကို ချိန်ညှိပါ။

  • ပရောဂျက် (၃)၊ ဥပမာ Wikipedia for Wp/xx
  • ဘာသာစကားကုဒ် (၄) Wp/xx မှ "xx"

အဆင့် ၂။ ဝီကီတစ်ခု စတင်ခြင်း

  • သင့်ဘာသာစကားသည် သတ်မှတ်ချက်များနှင့် ကိုက်ညီ မကိုက်ညီ သံသယရှိပါက Incubator:Requests for starting a test တွင် မေးမြန်းနိုင်ပါသည်။
    အကယ်၍ သင့်ဘာသာစကားသည် မခိုင်လုံပါက၊ ဖျက်ပစ်ခံရနိုင်ပါသည်။ အကယ်၍ သင့်ဘာသာစကားသည် ခိုင်လုံပါက ယင်း၏ ပါဝင်အကြောင်းအရာများကို သိမ်းဆည်းထားမည်ဖြစ်ပြီး ဝီကီအသစ် ဖန်တီးပြီးပါက ဝီကီအသစ်သို့ ရွှေ့ပြောင်းပေးမည် ဖြစ်သည်။
  • အောက်ပါ စာအကွက်တွင် "xyz" နေရာတွင် သင်၏ ဘာသာစကားကုဒ်ဖြင့် အစားထိုးပါ။ w:ISO 639-1 ကုဒ်တစ်ခုကို အသုံးပြုရမည် ဖြစ်ပြီး မရှိပါက w:ISO 639-3 ကုဒ်တစ်ခုကို အသုံးပြုပါ။
  • အခြားပရောဂျက်များ ("Wt" = ဝစ်ရှင်နရီ, "Wn" = ဝီကီသတင်း, "Wb" = ဝီကီစာအုပ်, "Wq" = "Wikiquote", "Wy" = ဝီကီခရီးသွား) အတွက် "Wp" (ဝီကီပီးဒီးယား) နေရာတွင် အစားထိုးပြင်ဆင်ပါ။

အပေါ်ရှိ Create ခလုတ်ကို နှိပ်ပြီးနောက် ပြင်ဆင်ရန် အကွက်တွင် "language name in English" ကို အစားထိုးဖြည့်စွက်ပါ။ နောက်ထပ်အချက်အလက်များကို Incubator:Policy/Test wiki info page တွင် တွေ့ရှိနိုင်ပါသည်။ ပြီးနောက် စာမျက်နှာကို သိမ်းဆည်းပါ။

  • သင်ဖန်တီးလိုက်သော စာမျက်နှာရှိ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပါ။ ဗဟိုစာမျက်နှာတစ်ခုကို Project/code/Main_Pageအမည်ဖြင့် ဖန်တီးရန် သင်ကို လုပ်ဆောင်ခိုင်းလိမ့်မည် ဖြစ်သည်။
    • မီဒီယာဝီကီ စာလွှာ "MediaWiki:Mainpage" (Translatewiki.net တွင် ဘာသာပြန်နိုင်) အတွက်လည်း အလားတူဆောင်ရွက်ရန် အကြံပြုပါသည်။
  • Incubator:Wikis တွင် သင့်ဝီကီကို စာရင်းသွင်းနိုင်ပါသည်။

အဆင့် ၃။ တောင်းဆိုချက်ကို တင်သွင်းခြင်း

မေတာတွင် တောင်းဆိုမှုတစ်ခု မစတင်ဘဲ စမ်းသပ်ဝီကီတစ်ခုကို ဤနေရာတွင် စတင်နိုင်ပါသည်။ သို့သော်လည်း ဝီကီကို အင်ကျူဗေတာမှ ရွှေ့ပြောင်းရန်အတွက်မူကား မေတာတွင် တောင်းဆိုရန် လိုအပ်ပါသည်။

  • MetaWikiအပါအဝင် ဝီကီများအားလုံးတွင် အလိုအလျောက် လော့ဂ်အင်ဝင်ခြင်းကို ပြုလုပ်နိုင်ရန်အတွက် အကောင့် ပေါင်းစည်းခြင်းကို လုပ်ဆောင်ထားရန် အကြံပြုပါသည်။
  • တောင်းဆိုသူများအတွက် လက်စွဲစာအုပ်ရှိ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။
  • ပါရာမီတာ"meta" ကို | meta = yes သို့ ပြောင်းလဲခြင်းဖြင့် Wx/xyz သတင်းအချက်အလက်စာမျက်နှာကို ဆန်းသစ်ပါ။
  • ကျွန်ုပ်တို့ ပြောခဲ့သလို ဝီကီမီဒီယာ ဒိုမိန်းအခွဲ ရရှိရန်သည် ဤနေရာတွင် စမ်းသပ်ပရောဂျက် စတင်ခြင်းထက် ခက်ခဲသော မူဝါဒ ရှိပါသည်။ policy ကို ဂရုတစိုက် ဖတ်ရှုပါ။
    • စမ်းသပ်ပရောဂျက်တစ်ခုသည် လိုအပ်ချက်များအားလုံးနှင့် ကိုက်ညီပါက ယင်းကို "verified to be eligible" ဟူ၍ မှတ်သားပါလိမ့်မည်။ တောင်းဆိုချက်ကို ကာလကြာမြင့်စွာ ထိုသို့မှတ်သားခြင်း မရှိပါက လိုအပ်ချက်တစ်ခုခု ရှိနေနိုင်ပါသည်။

အဆင့် ၄။ အင်ကျူဗေတာပေါ်တွင်

  • အကြောင်းအရာထည့်သွင်းခြင်းသည် အဓိက အရေးပါသော အချက်ဖြစ်သည်။ ဆောင်းပါးများ ရေးသား၍ ထိန်းသိမ်းပါ။
  • သင့်ဝီကီအား ခွင့်ပြုပေးနိုင်ရန်အတွက် အချိန်ကြာမြင့်ကောင်း ကြာမြင့်နိုင်ပါသည်။ အားမလျော့ပါနှင့်။
    • တောင်းဆိုမှုအများစုတွင် အခြေအနေ စာမျက်နှာတစ်ခု ရှိနေပြီး ခွင့်ပြုချက် မရမီ လုပ်ဆောင်ရန် လိုအပ်သည်များကို အလွယ်တကူ ဖော်ပြထားပါသည်။
  • သင့် စမ်းသပ်ဝီကီကို ဂရုတစိုက် ထိန်းသိမ်းနိုင်ရန်အတွက် စမ်းသပ်ဝီကီ စီမံခန့်ခွဲမှုကို လျောက်ထားနိုင်ပါသည်။
  • ဘာသာစကား ကော်မတီ အဖွဲ့ဝင်တစ်ဦးက သင့်စမ်းသပ်ဝီကီအတွက် ခွင့်ပြုချက်ကို လျောက်ထားပါလိမ့်မည်။ သို့မဟုတ်ပါက သင့်အနေဖြင့် သင့်စမ်းသပ်ဝီကီသည် လိုအပ်ချက်များနှင့် ကိုက်ညီသည်ဟု ထင်မြင်ပါက ယင်းအတွက် ခွင့်ပြုချက်ကို ဆွေးနွေးချက် စာမျက်နှာတွင် လျောက်ထားနိုင်ပါသည်။

အခြေခံ လမ်းညွှန်ချက်များ

ဝီကီမီဒီယာ ပရောဂျက်များအားလုံး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းအနည်းငယ် ရှိပါသည်။

  • အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ဝီကီများအားလုံးတွင် သတ်မှတ်ထားသည်။ စာမျက်နှာများ အားလုံးသည် Creative Commons Attribution-ShareAlike 4.0 International လိုင်စင် နှင့်GNU Free Documentation License ဖြင့် သတ်မှတ်ရန် လိုအပ်သည်။ ထိုကဲ့သို့သော လိုင်စင်သတ်မှတ်ထားခြင်း မရှိသော အခြားသော နေရာများမှ စာသားများကို မူရင်းရေးသားသူအား မေးမြန်းခြင်းမရှိဘဲ ကူးယူထည့်သွင်းခြင်းကို ကျေးဇူးပြု၍ မပြုလုပ်ပါနှင့်။
  • ရေးသားသူများ အနေဖြင့် ဘက်မလိုက်သော အမြင် (NPOV) ဖြင့် ရေးသားရမည် ဖြစ်သည်။
  • စာလုံးပေါင်း သတ်ပုံရေးထုံး အပြုအမူများ - အကယ်၍ သင့်ဘာသာစကားတွင် စာလုံးပေါင်းခြင်းနှင့် ရေးသားခြင်းပုံစံများ တစ်ခုထက်မက ရှိနေပါက စည်းမျဉ်းသတ်မှတ်ရန် လိုအပ်ပါလိမ့်မည်။
  • Stylistic conventions - if your language does not have a standardised universal form (the way everybody speaks it to understand each other), you will need to have one or have a rule to tell people which forms or dialects of your language to use. Also, you will need more complex stylistic conventions (for an example, see here).

အဆင့် ၅။ လိုကယ်လိုက်ဇေးရှင်း

The interface needs to be localised into your language. "Localization" includes translating the MediaWiki interface. Translation is one of the requirements before a wiki can be created. You can do this at Translatewiki. It is usually done parallel to the work on the test wiki.

  1. သင့်အနေဖြင့် translatewiki.net နှင့် ကျွမ်းဝင်မှု မရှိပါက ဤနေရာရှိ လမ်းညွှန်အတိုင်း လိုက်နာဆောင်ရွက်ပါ။
  2. translatewiki.net ရှိ "Special:Translate" သို့သွားပြီး ဘာသာပြန်ခြင်းကို စတင်နိုင်ပါပြီ။
    • While it would be even better to translate the entire interface, for a first project in a language you only need to localise the "most used MediaWiki messages". These are the messages that are of most importance to our readers.
      Note: If the interface is not yet available at all in your language — check the drop-down language menu at the top of the page—you will additionally need to translate at least 13% of the core MediaWiki messages in order to activate the interface in your language. (The "most used" messages count toward the 13%.)
    • For any subsequent project in a language, all the core MediaWiki messages and the messages of the main extensions used by the Wikimedia Foundation need to be translated. It is expected that the community of the first project has maintained and improved the localisation and consequently it should be no hardship.

You are encouraged to join the language support team for your language, where you can provide information about your language (such as plural rules) or test functionality. If there is any technical problem, such as a lack of input methods or fonts for your language, do not hesitate to contact either through our community portal or on translatewiki.net.

အဆင့် ၆။ ဝီကီအား ခွင့်ပြုပြီးပါက

ခွင့်ပြုပြီးပါက၊ ဘာသာစကား ကော်မတီအနေဖြင့် တောင်းဆိုချက်တစ်ခုကို Phabricatorတွင် တင်သွင်းမည် ဖြစ်သည်။ ပြီးနောက် developer များက ဆိုဒ်အား ဖန်တီးခြင်းကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။ Incubator:Site creation log တွင် လုပ်ငန်းစဉ်ကို စောင့်ကြည့်နိုင်ပါသည်။

အဆင့် ၇။ ဝီကီအား ဖန်တီးပြီးပါက

  • ရပ်! သင့်အနေဖြင့် စာမျက်နှာများအားလုံးကို အင်ကျူဗေတာမှ ဝီကီအသစ်ဆီသို့ ကူးယူလိုခြင်း ရှိနိုင်ပါသော်လည်း ကျေးဇူးပြု၍ ယင်းသို့ မပြုလုပ်ပါနှင့်။
  • တစ်စုံတစ်ဦးက စာမျက်နှာများအားလုံးကို ယင်းတို့၏ ရာဇဝင်မှတ်တမ်းများနှင့်အတူ ရှေ့ဆက်များ မပါဘဲ ထည့်သွင်းပေးပါလိမ့်မည်။
  • အင်ကျူဘေတောမှ တင်သွင်းခြင်းများပြီးဆုံးပါက သင်သည် အရာရာတည်းဖြတ်ခြင်း၊ ဆောင်းပါးသစ်များ ဖန်တီးခြင်း၊ တည်းဖြတ်သူအသစ်များ ဖိတ်ခေါ်ခြင်းနှင့် ဝီကီ ဖွံ့ဖြိုးတိုးတက်စေရန် အခြားအရာများလုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ အင်ကျူဘေတာမှ အောင်မြင်ခြင်းသည် အဆုံးသတ်မဟုတ်ဘဲ လမ်းကြောင်းအစသာ ရှိပါသေးသည်။

အခြားကြည့်ရန်