Wp/rki/အမတ်ကြီး ဓမ္မဇေယျ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > အမတ်ကြီး ဓမ္မဇေယျ
အမတ်ကြီး ဓမ္မဇေယျ
ကိုယ်ရီးအကျဉ်း
မွီးသက္ကရာဇ်
နာမည်ရင်း ဓမ္မဇေယျ
မိဘနာမည်
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ခေတ် ဝေသာလီ
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာဆိုတော်
ထင်ယှားရေလက်ရာတိ စိုင်းဒရားဘွဲ့,ဟန်စွလေ လှေတော်သံ
ရဟိခရေဘွဲ့တံဆိပ်တိ
လက်မှတ်


အမတ်ကြီးမ္မဇေယျရေ ဝေသာလီခေတ် စုဠစန္ဒရားမင်းလက်ထက်ထင်ရှားခရေ ပညာဟိအမတ်ကြီးတစ်ဦးပြင် ရေ။ ရခိုင်ရာဇဝင်တိတွင်ဖော်ပြချက်တိအရ ကဗျာ၊ စာပီ အတိအပြား စီကုံးခမည်ပြင်ကေလည်း ရခိုင်စာပီ သမိုင်းတွင် စိုင်းဒရားဘွဲ့ (စန္ဒရားဘွဲ့) နန့် လှေတော်သံမှာ အထင်အရှားဆုံးဖြစ်ရေ။

အမတ်ကြီးရေ ဝေသာလီခေတ် နန်းတွင်း အရီးအခင်းကြောင့် ရခိုင်ပြည်မြောက်ဘက်သို့ ထွက်ခွာလာကာ ယခု အိန္ဒိယပြည် တြိပူရနယ်တွင် တိုင်းပြည်တည်ထောင်ခရေ။ ၎င်းရို့မှာ နိုင်ငံရီးအရ တိမ်းရှောင်လာခရသူတိ ဖြစ် ၍ မိမိဝမ်းထဲတွင် သိုဝှက် “မြို” ထားရ၍ မြုံလူမျိုးဟု ခေါ်၍ ၎င်းရို့နီရာကို ခြုံပြည်ဟုခေါ်ရေ။

အမတ်ကြီးဓမ္မဇေယျဧ့ ကဗျာလင်္ကာတိမှာ သက်ထောင်၊ ပလံထင်၊ မြုံပြည်၊ တြိပုရ၊ ရန်ဂါမတီရို့တွင် ယခုတိုင် တွေ့ရသေးရေ။ ရခိုင်ပြည်နန့် ခရီးကွာဝေးလွန်းသည့်ပြင် ကာလကြာမြင့်စွာ အဆက်အသွယ်ပြတ်ခ၍ မှတ်တမ်း တင်ထားရေ စာပီအရီးအသား အက္ခရာတိ ခေတ်ဟောင်းဟန်အတိုင်း သီးသီးခြားခြားကျန်ဟိနီသိမ်းရေ။ အမတ်ကြီး ဓမ္မဇေယျဧ့ရီးစပ်ခရေ စိုင်းဒရားဘွဲ့ နန့်လှေတော်သံ ဟန်စွလေလင်္ကာရို့မှာ ထိုခေတ်ထိုအခါ ဧ့ သမိုင်းနောက်ခံနန့် ဆက်နွယ်မှုဟိရေ။ ၎င်းရို့ကို ရခိုင်ရာဇဝင်မှ ထုတ်နုတ်ဖော်ပြအပ်ပါရေ။

ရခိုင်ဝေသာလီပြည်တွင် သိင်္ဂစန္ဒရားမင်း နတ်ရွာစံပြီးနောက် သားတော်စူးဠစန္ဒရားရေ စန္ဒာဒေဝီမည်ရေ မိဖုရား နန့် သက္ကရာဇ် (၉၅) ခုတွင် အဘိသိတ်ခံ၍ မင်းပြုသရေ။ ထိုမင်းကား အဆင်းအဝါ၊ အစွမ်းခွန်အား ဘုန်းလက်ရုံး တန်ခိုးနန့်ပြည့်စုံဧ့၊ ရတနာသုံးပါး အလွန်မြတ်နိုး ရိုသေဧ့။ မရေထွက်နိုင်ရေ ရဲမက်ဗိုလ်ပါဟိဧ့။

တစ်နိ့တွင် ကိုးသောင်းမျှရေ လှေအပေါင်းခြံရံ၍ အနောက်သူရ တန်ပြည်သို့ ချီတော်မူရေ။ သူရတန် အိန္ဒိယ ပြည်မင်းရို့လည်း တိစွာရေလက်ဆောင် ပဏ္ဏာကာရတိဖြင့် ကျွန်တော်ခံလာကတ်ကုန်ဧ့။ ကန်ကြီးလည်း တူး တော်မူရေ။ ကျောက်စာတိုင်လည်း စိုက်ထားတော်မူခရေ။ ဤသို့ မင်းကြီးအား စစ်ဆင်၍မတိုက်ကတ်ကောင်းဟု လျှောက်ထားကတ်ရေ စကားကို အကြောင်းပြု၍ “စစ်တကောင်း” ဟုတွင်ရေ။ သက်တော် (၅၉) ခုနှစ်တွင် ဦးကြပ်ခေါင်းခ ဝေဒနာစွဲကပ်တော်မူရေ။ မှူးမတ်ပညာဟိရို့က “ပဉ္စလရစ်” သင်းတွဲ ပြည်တွင် ခွေးငယ်တစ်ဇာတ် ဖြစ်ခသည့်အခါ ခွေးငယ်လေသောကာလ ဦးခေါင်းခွံကို တစိခုရေညောင်ပင်ခွကြား တွင် ထားခရာ ညောင်မျိုလေရေ။ ထိုညောင်ပင်ကို လေတိုက်ခတ်၍ အကိုင်းအခက်ရို့ လှုပ်တိုင်း ယခုလူဖြစ်ရေ အသျှင်မင်းကြီးဦးခေါင်းခွဲဝေဒနာ ဖြစ်ရပါရေဟု လျှောက်ကတ်ရေ။ မင်းကြီးလည်း တကောင်းသင်းတွဲပြည်သို့ ချီ တော်မူလိုရေနှလုံးဟိ၍ မှူးမတ်ဟူးရားရို့အား တိုင်ပင်ပြန်လတ်ကေ “ဤနှစ်ခါဝယ် ကြွတော်မူချေက ပြန်ရအံ့ ရေ ကိန်းမဟိပါ” ဟုလျှောက်ကတ်ပြန်ရေ။ ထိုစကားကို နာတော်မမူဘဲ ကိုယ်ဝန်သုံးလဖြင့် ကျန်ရစ်ခရေ မိဖုရားကို ပတ္တမြားလက်စွပ်ဆိုအပ်၍ “မိဖုရား ငါ ရေကား ဝေးရပ်မြေခေါင်သို့ ကြွတော်မူရလေကေ မြောက်သားတော်ရေကား ဒါန၊ သီလမြဲမြံစွာဆောက်တည် ၍ တိုင်းပြည်ကို အုပ်ချုပ်ပါလော့။ ငါရေကား သမုဒ္ဒရာ ခရီးရေ ဘေးဥပဒ်တိစွာရေကြောင့် မပြန်ရင်လောဟု မိန့်တော်မူလေရေ။ ၎င်းနောက် ရွှေလှောင်တော် ပြာသာဒ်ထက် စီးတော်မူ၍ကို။ သောင်းရေ လှေရံတော် တိနန့်တကွ ပင်လယ်ခရီးကို မော်တင်ဘက်မှလှည့်ကြွတော်မူရေ။ ထိုလှေတော်တိကို ရှေ့မှဦးဆောင် ကွပ်ကဲရ သူမှာ အမတ်ကြီး ဓမ္မဇေယျပင်ဖြစ်ရေ။ လမ်းခရီး၌ မင်းကြီး စားတော်ကွမ်းဖတ်ပစ်ရေကို ပင်လယ်အောက်တွင် နီထိုင်ရေ နဂါးမင်းသမီး ရဟိလေကေ ခုနှစ်ဘဝ လင်ဖြစ်ပူးလေရေကြောင့် တပ်မက်၍ အဖနဂါးမင်းအား မင်း ကြီးကိုရလိုကြောင်း လျှောက်ထားရာ နဂါးမင်းက အပြန်တွင်ရအောင်ယူပီးမည်ဟု ဝန်ခံရေ။

စူဠစန္ဒရားမင်းကြီးလည်း ဟံသာဝတ္ထိမည်ရေ ပဲခူးပြည်၌ ပဲခူးမင်းဧ့လက်ဆောင်ပဏ္ဏာကိုခံယူတော်မူပြီး ဧရာဝတီ မြစ်အတိုင်း ဆန်တက်လာရာပုဂံပြည်သျှင်မင်း အပူးအပြင်လက်ဆောင်ကို ခံယူပြီးမှ တကောင်းသို့ချီတက်တော်မူ ရေ။ မိုးကောင်း၊ မိုးညှင်း၊ အုန်းပေါင်၊ မိုးနဲ၊ မိုးတွေ၊ မိုးလောင်းစရေ မြစ်ညာမင်းရို့ရေလည်း လက်ဆောင် ပဏ္ဏာရို့ဖြင့်ကြိုလာရေ။ တကောင်းသင်းတွဲသို့ရောက်ကေ တကောင်းမင်းပင် စစ်အင်္ဂါလေးပါးခင်းလျက် မှူးမတ် အပေါင်းခြံရံ၍ ဆီးကြိုပြုပြီး သမီးကညာ ရတနာကိုဆက်ရေ။ စူဠစန္ဒရားမင်းကြီးလည်း ထို ညောင်ပင်ကို ရအောင် ရှာပြီး မီးရှို့ဖျက်ဆီးပြီး စေတီတစ်ဆူ တည်တော်မမူသည့်။ သုံးလခန့် စည်းစိမ်ခံစားပြီးမှ မှူးမတ်ရို့ဧ့လျှောက်ထားချက်အရပြန်ခရေ။ မော်တင်အလှည့်တွင် လှိုင်းလေ ပြင်းထန်၍ ဖောင်တော် ပျက်ရာနတ်ရွာစံရေ။ ဤသို့ ရေနစ်၍ နတ်ရွာစံရေကို နဂါးမင်းကြီး နှစ်၍သတ်လေ ရေဖြစ်၍ “နဂါးနှစ်”” ဟုခေါ်တွင်ကြောင်း၊ နောင်တွင် “နဂါးရာဇ်” (မော်တင်) ဖြစ်လာကြောင်းဆိုရေ။

ရှေးဦးတွင် လှေတော်စီးသူအမတ်ကြီး ဓမ္မဇေယျနန့်နောက်ပါအချို့ရို့ကား လွှတ်မြောက်ကတ်လေရေ။ ထိုသ တင်းကို မိဖုရားစန္ဒာဒေဝီကြားလေကေ ငါ့လင်ကို ပုန်ကန်သက်ဖြတ်ရေဆိုပနာ စွပ်စွဲစကားဆိုစည်။ သို့ကြောင့် အမတ်ကြီး ဓမ္မဇေယျရေ။ ကစ္ဆပနဒီမြစ်ညာရိုးအတိုင်း ဆန်တက်၍ မြစ်ညာပိုင်းတွင် ဥတ္တရစ်တိုင်းကိုတည်ထောင်ရေ။ နောင်တွင်မြုံပြည့်၊ သက်ထောင်၊ ဖလံထောင်ဟစ်ရုံပြည်စရေရို့ဖြစ်ပေါ်လာရေ။ ဤကား အ မတ်ကြီးမ္မဇေယျနန့်ပတ်သက်ရေ အဖြစ်အပျက်နန့် ၎င်းဧ့ ကဗျာတိနန့် သမိုင်းနောက်ခံတိ ပင်ဖြစ်ရေ။

ကိုးကား[edit | edit source]

ရခိုင်စာဆိုတော်များ (ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)