Wp/rki/မိပန်းရံ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > မိပန်းရံ
မိပန်းရံ
ကိုယ်ရွီးအကျဉ်းချုပ်
မွီးသက္ကရာဇ်
နာမည်ရင်း မပန်းရံ
မိဘနာမည် အင်းဝအမတ်ကြီး နန္ဒကျော်ထင်
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ခေတ် မြောက်ဦး
အိမ်ထောင်ဖက် စိုင်းတင်စား ရွှေသဲ
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာဆိုတော်
ထင်ယှားရေလက်ရာတိ ရခိုင်အောင်လံတော်လင်္ကာ
ရဟိခရေဘွဲ့တံဆိပ်တိ သီရိမလ္လာမိပန်းရံ
လက်မှတ်


မပန်းရံစော် အင်းဝအမတ်ကြီး နန္ဒကျော်ထင်ဧ့ သမီးငယ်ဖြစ်ရေ။ ရခိုင်စာဆို စိုင်းတင်စား ရွှေသဲနန့် သက္ကရာဇ် ၁၁၂၃ ခုနှစ်တွင် လက်ထပ်ခရေ။ ယင်းချင့်နန့် ၎င်း ဧ့မွေး နိ့သက္ကရာဇ်ကို ခန့်မှန်းနိုင်ပေရေ။ ပန်းရံရေ အင်းဝမျိုးရိုး အခြီခံမြင့်သူဖြစ်ရေ။ သက္ကရာဇ် (၁၁၁၅) ခုနှစ်တွင် ဖခင်နန္ဒကျော်ထင်ရေ ၎င်းအပါအဝင် အမတ်ကြီးသုံးဉီးနန့် နောက်ပါကျေးကွန် (၂၀ဝ) နန့် ရခိုင်သို့ ခိုလူံလာခသူဖြစ်ရေ။ ရခိုင်ဘုရင်နရအဘယမင်း ရေ ဆင်ကဲကြီးရာထူးနန့် ချီးမြင့်မြောက်စားခရေ။ ယင်းချင့်ကြောင့် မိပန်းရံရေ မျိုးရိုးမှန်ပနာ လက်ရုံးရည် နှလုံးရည် အဆင်းအင်္ဂါနန့် ပြည့်စုံသူ ဖြစ်ရေ။

အမတ်ကြီးရွှေသဲရေ နရအဘယမင်းရာဇာထံ အမှုထမ်းပြီးကေ ကကောင်းမကြာ ထိုမင်းလွန်ရေ။ ၎င်းဧ့သား သီရိသုရာဇာ (၁၁၂၃) ဆက်ခံရာ (၃) လသာ ရှည်ပနာ ကျောက်ရောဂါနန့် လွန်ပြန်ရာ ၎င်းဧ့ညီ စန္ဒပရမ (၁၁၂၃-၁၁၆၂) ဆက်ခံရေ။ ထိုမင်းသား ဉီးဘော်ငွေအား အမတ်ကြီးရွှေသဲနန့် မိပန်းရံရို့ထံတွင်အပ်နှံပြီးကေ မိပန်းရံကို နို့ ထိန်းအရာ ရွေးချယ်ခရေ။ အဘယမဟာရာဇာ( ၁၁၂၆-၁၁၃၉) လက်ထက်တွင် ဉီးရွှေသဲမှာ မြို့သစ်စားရာထူးသို့ တိုးမြင့်ခန့် အပ်ခြင်းခံရပြီး မိပန်းရံမှာလည်း နန်းတွင်းသူတိအား ထိန်းကျောင်းရရေ့ အမှုတော်ကို တာဝန်ယူရရေ။

သက္ကရာဇ် (၁၁၃၅) တွင်နန်းတက်ရေ စန္ဒသုမနရာဇာခေါ် င-သောက်ကြာလက်ထက်တွင် အမတ်ကြီးရွှေသဲမှာ မူလက င-သောက်ကြာကို အမတ်ကြီးမခန့်သင့်ကြောင်း လျှောက်ထားခဖူးရေ့ ရန်ငြိုးကြောင့် အဆုံးစီရင်ခြင်းခံရရေ။ အမတ်ကြီးရွှေသဲဧ့ လျှောက်ထားချက်မှာ နည်းနာယူဖွယ် မှတ်သားလောက်ဖွယ်ဖြစ်ရေ။ “ရေမြေသနင်း မင်းရို့ကျင့်သုံး ရှေးထုံးမသုန် ရာဇဂုဏ်မြတ် နဝရတ်ကိုးခိုင် မဏ္ဍိုင်မပျက် မင်းလက်နက်တည့် ဝေဝက်စိတ်ဖြာ မလိမ္မာငြား သူမိုက်သားကို မှား၍ပြည့်သျှင် သူကောင်းတင်လျက် တိုင်းခွင်ခရိုင် အပိုင်ကံကျွေး မင်းခွင့်ပီး၍ မှူးရီးမတ်ရာ နှင်းအပ်ပါမူ ဘဇာကျိုးဟိ နွမ်းရိသတ္တဝါ မြို့ရွာတုန်လှုပ် အကျိုးယုတ်၍ စက်ဆုတ်သဖွယ် ပျက်ရယ်တန္တု ပြည်မှုရူပ်ထွေး တိုင်းဝေးတပါး စကားမတည့် အရှည်မကောင်း ဗူးတောင်းပမာ မိစြွာငှက်ဆိုး လင်ကောင်ပိုးသို့ ဆိုရိုးတချက် ကြွက်နန့်မြွေတူ သူ့မူမဖျောက် မျောက်နန့်မြေးခွေးဆိုရီးတသီး ကျီးနှင်ဝက်တူအမူယုတ်သွမ်း သူကန်းအကြံ လေဘလျှံရေ မင်းထံနီးစပ် မသုံးအပ်”

မိပန်းရံမှာ လင်တော်အမတ်ကြီး ဆုံးရှုံးလား နောက်မှာလည်း ဆက်ပြီးကေ အမူထမ်းခွင့်ရဟိသိမ်းရေ။ စန္ဒိဝိမလမင်းလက်ထက်တွင် ရိုးကျွန်းနန့် စိန်တင်စားရန်ပင် ပီးသနားခြင်းခံရရေ။ ၎င်းပြင်စာဆိုသျှင် ပညာဟိအမတ်ရွှေသဲနန့် အတူတကွ ရက်ရှည်လများ နီထိုင်ခရေကတစ်ကြောင်း၊ မိဘမျိုးရိုးအစဉ်အလာကြောင့်တစ်ကြောင်း ရှေးထုံးနိသျှန်ညးတိကို ကကောင်းနားလည်းတတ်မြောက်ခရေဟု ယူဆပနာ စန္ဒိဝိ မလမင်းက မှတ်ထားမိသမျှကို ရှေးဆုံးနည်းနာအဖြစ် ပြုစုစေလီရေ။

မိပန်းရံလည်း အမတ်ကြီးရွှေသဲထံမှ ကျေးဇူးသစ္စာဖြင့် ထုံးတမ်းနည်းနာတိကို မှတ်သမျှလျှောက်ထားနိုင်လို့ ဘုရင်မင်းမြတ်က သီရိမလ္လာဟူရေ ဘွဲ့ထူးကို ချီးမြင့်ရေ။ မိပန်းရံဧ့ တစ်သက်တာ မင်းမှုထမ်းဘဝကိုကား အတိအကျ မသိရသိမ်းချေ။ ယကေလည်းသောမြောက်ဉီး ထီးနန်းပျက်သုဉ်းခရေ ၁၁၄၆ ခုနှစ်အထိ နန်းရင်ပြင်တွင် အမှုထမ်း ခရင်း စာပီတာဝန်ကို ထမ်းဆောင်ခရေလို့တော့ခါ ခန့်မှန်းနိုင်ပါရေ။

သီရိမလ္လာမိပန်းရံ တစ်သက်တာမှာ တန်ဖိုးဟိစွာ လျှောက်ထားခရေ့ လျှောက်ထုံးများအနက်မှ ရခိုင်တိုင်းရင်းသားရို့အတွက် အထူးအရီးကြီးအဖိုးတန်ရေ “ရခိုင်အောင်လံတော်လင်္ကာ” မှာ ရခိုင်စာပီသမိုင်းတွင် အထင်အရှားမှတ်တမ်းတင်လျက် ဟိလီရေ။ ထိုလင်္ကာမှာ ရခိုင်နန်းတွင်းစာဆိုတိဧ့ နောက်ဆုံး ကဗျာလင်္ကာပင်ဖြစ်ကောင်းဖြစ်နိုင်လီဖို့ထင်ရေ။[1]

ကိုးကား[edit | edit source]

  1. ရခိုင်စာဆိုတော်များ (ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)