Wp/rki/စောယဉ်မိ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > စောယဉ်မိ
စောယဉ်မိ
ကိုယ်ရီးကျဉ်းချုပ်
မွီးသက္ကရာဇ်
နာမည်ရင်း
မိဘနာမည်
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ခေတ် လောင်းကြက်
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာဆိုတော်
ထင်ယှားရေလက်ရာတိ တောင်ညိုဗွေချာ
ရဟိခရေဘွဲ့တံဆိပ်တိ
လက်မှတ်


လောင်းကြက်မြို့ပျက်ပြီးကေ မင်းစောမွန်စော် အနောက်သူရတန်ပြည်သို့ တိမ်းရှောင်လီရေခါ သံတွဲစားနရနု စွာလည်း ပဲခူးမင်းရာဇဓိရာဇ်ထံခိုလျှံပနာ စစ်ကူတောင်းခရေ။ ယင်းအချိန်မှာ အရှေ့ပြည်က သုံးရွာစားရေ သံတွဲမြို့သို့ လာရောက်ပြီးကေ အုပ်ချုပ်နီလီရေ။ သုံးရွာစားလွန်ပြီးနောက် မိဖုရားစောယဉ်မိစွာ ၎င်းဧ့ သားတော်နှစ်ပါး ဖြစ်ရေ စောဇ္ဈန္တာမိတ်နန့် ညီ ဘယမင်းရဲကို လက်ဝဲလက်ယာထားပနာ အုပ်ချုပ်ပြီးကေနိန်လီရေ။ ယင်းပိုင်နိန်စိုင် တနိရေအခါ သားကြီးစောရန္တမိတ်ဧ့ ကျေးကျွန်တိ မင်းသားအား ဒေပိုင် ကုန်း ချော စကားဆိုလီရေ။ “အသျှင်မင်းဧ့မယ်တော်ကား သားငယ်ဖြစ်သူ ဘယမင်းရဲကိုယာ မင်းပြုစီလိုရေ။ အသျှင်မင်း အား မင်းမပြုစီလိုပါ” ဟုလျှောက်တင်ကတ်ရေ။ မင်းသားစောရန္တမိတ်လည်း အမှန်ပင်ထင်မှတ်ပြီးကေ ကြက်ပွဲကစပ်နီရေ ညီတော်အား ခေါ်ခိုင်းစီရေ။ ညီတော်လည်းနောင်တော်ထံ ချက်ချင်းလိုက်လာပြီးကေ လက်အုပ် ချီခစားရာ နောင်တော်က ဓါးနန့် ခုတ်ပိုင်းလိုက်ပနာ လက်နှစ်ဖက်လုံးပြတ်လားခလီရေ။ ယင်းပိုင်ညီအစ်ကိုချင်း တစ်ပါးသူဧ့ ကုန်းစကားကြောင့် မဖွယ်မရာဖြစ်ကတ်စွာတိကို မိဖုရားကြားလတ်ကေ ရေးချိုးနီရာမှ ဝတ်တော်ကိုပင် မလဲနိုင်အားဘဲ ကပျာကသီ လိုက်လာခရေ။ သားကြီးစောရန္တမိတ်ဧ့ လက်ချက်နန့် လက်နှစ်ဖက်ပြတ်ပြီးကေ သွေးအလိမ့်လိမ့် ကျံကျံ နန့် လူးလှိမ့်ငိုကြွေးနီယှာရေ သားငယ်ကို ပိုက်ထွေးပနာ ယူကြုံးမရ တသသ ဖြစ်ရလီရေ။

မိဖုရားလည်း သားကြီး စောရန္တမိတ်အားပြင်းစွာ အမျက်ထွက်ပနာ ရခိုင်ဘုရင် အလီခင်ထံ တိုင်းပြည်နန့် တကွ မိမိကိုယ်ပါ သိမ်းယူပါမည့် အကြောင်း ရတုကဗျာဖွဲ့ ပြီးကေ တမန်စီလွတ်လိုက်လီရေ။ ယင်းချင့်ကား “တောင်ညိုဗွေချာ” ချီ အဖြည့်ခံ ရတုနှစ်ပိုဒ် ဖြစ်ပေါ်လာရရေ အကြောင်းရင်းပင်ဖြစ်ရေ။

အဖြည့်ခံ ရတုနှစ်ပိုဒ်[edit | edit source]

“တောင်ညို ဗွေချာ၊ ကျွန်းလက်ယာထက်၊ သီဒါရစ်ခွေ၊ သံတွဲမြေဝယ်၊ အုပ်ထွေဖျဉ်ပေါင်း၊ မများတောင်း သည်၊ ဆွေကောင်းမျိုးလယ်၊ ကောင်းကင်ကြယ်သို့၊ နေဖွယ်ကစ၊ သာမေလှရှင့်၊ နှမဟူပြီး၊ မတ်ကြီးကျော်သူ၊ အလှူ ဒါန၊ ပေးဘူးကလည်း၊ ဘုရားလှကျော်။ ဉာဏ်တော်ဝင်းမော။ ထန်းတောတသီး၊ ဂူကြီးဂူငယ်၊ သိမ်လယ်ရိပ်တွင်း၊ ရုပ်ဆင်နှစ်ဆူ၊ အတူရှေ့ဆိုင်၊ ဘုရားပြိုင်၍၊ လေးတိုင်းပြုငြာ၊ တည်ထားတင်စွာ။ လေးမျက်နှာလည်း၊ ရွှေသားရွှေ ပျောင်း၊ လျှံတမောင်းနှင့်၊ ညိုတောင်းဗျာပါ၊ ညိုကင်းမှာကို၊ ဥဂ္ဂါကောင်းမူ၊ ရုပ်တုနှစ်ဆူ၊ ညီနောင်တူသို့၊ ဆုယူဆုပြည်၊ တောင်ကုန်းလည်ဟု၊ ခေါ်ကြည့်သောအား၊ ရှင်မင်းများလည်း၊ ညွှတ်ကွားဝတ်ရူ၊ နိဗ္ဗန်ဘုံကို၊ ရောက်တုံတညီ၊ မယ်နှင့်ဆီသည်။ လောကဓိဌာန်စံရစေ” “မောင်တို့ နေရာ၊ ရွှေပြည်သာကိုလိုက်ပါဟုလည်း၊ မတူရာလော၊ မသီမောခဲ့၊ မင်းစောဒသ၊ သာတိကတို ၊ ဒီပဇမ္ဗူလုံးလုံးချူ၍၊ ခွန်ယူသိမ်းမြန်း၊ ထီးနန်းတည်ရာ၊ မယ်တို့ ရွာလည်း၊ ဒွါရဝတီ သင်္ဂီရောင်လျှံ မြို့ ရှင်ပျံဝယ်၊ ပတ် ရုံးသုံးတောင်၊ သုံးဆူနောင်လည်း ရှုသောင့်ရှုသာ အာဏာထက်လင်း၊ ဘဝင်ချင်းမျှ ခပင်းနတ်လူ၊ ကိုးရာမူသား၊ မျိုးတူဇနီး၊ မကြီးဘုန်းသစ်၊ ချစ်လို့သနား နောင်အားမေတ္တာ သက်တို့ပါ၍၊ သရဏပွင့်၊ ပန်းသုံးဆင့်ကို၊ မောင်နှင့်မိ ဌာန်ပန်ရစေ”

ဒေစာနှစ်ပိုဒ်ကို ရခိုင်ပြည့်ရသျှသ် အလီခင် လက်ခံရဟိပြီးနောက် နှစ်ထောင်းအားရခြင်းဖြစ်ပြီးကေ အောက်ပါအတိုင်းအပြည့်အပိုဒ်ကို ရေးစပ်ပနာ ပြန်လိုက်ရေ။

အဖြည့်ပိုဒ်[edit | edit source]

“မောင်တို့နေမှ၊ သာမောလှသာ၊ နှမမိဖြူ၊ လိုက်တော်မူလော့၊ ဇမ္ဗူမဏ္ဍိုင်၊ ရွှေရခိုင်ဝယ်၊ ရှစ်ဆိုင်ရပ်မင်း၊ ခွန်သွင်းဖျင်ပြော၊ သင်္ဘောစင်းပြန်။ ဆိတ်မညံ့တည်း။ အလွန်ထွန်းတော် ရှုမျှော်စောက်သား မောက်မောက်သွန်း သွန်း ရွှေနန်းပြသာဒ် အထွဋ်တန်ဆောင် ရွှေတောင်ဟန်လှ နန်းမနန်းရံ မျက်စိမံ၍ သာစံပျော်ပါး သိကြားသူဇာ သက်ကျလာသို့ သရဏာပွင့် ပန်းသုံးဆင့်ကို မယ်နှင့်ဓိဌာန်ပန်ရစေ”

ယင်းနောက် စစ်အင်္ဂါလေးပါးနန့် စောယဉ်မိနန့် တကွ ဒွါရာဝတီ သံတွဲမြို့ အား သိမ်းယူရန် ချီတော်မူရေ။ ယင်းပိုင် ရခိုင်ဘုရင်ချီလာပြီးကေ တောင်ကုတ်မြို့ နယ် ခေါင်းလောင်းဘုအရပ်၌ တပ်ချနီကြောင်း သိလက်သော် သံတွဲမိဖုရားစောယဉ်မိလည်း စစ်အင်္ဂါလေးပါးနန့် လာကြို လင့်ရေ။ သက္ကရာဇ်ကား ၇၉၉-ခုနှစ် အေဒီ(၁၄၃၇) ခုနှစ်ဖြစ်ရေ။ မြောက်ဦးသို့ရောက်ကေ အလယ်မိဖုရားစောယဉ်မိ နာမည်နန့် တောင်မြောက် မိဖုရားအလယ်တွင် နန်းတည်ဆောက်ပနာ ချီးမြှင့်မြှောက်စားလီရေ။

ကိုးကား[edit | edit source]

ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)-ရခိုင်စာဆိုတော်များ