Wp/rki/မိညို

From Wikimedia Incubator
< Wp‎ | rki
Wp > rki > မိညို
မိညို
ကိုယ်ရီးအကျဉ်း
မွီးသက္ကရာဇ်
နာမည်ရင်း
မိဘနာမည်
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ခေတ်
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာဆိုတော်
ထင်ယှားရေလက်ရာတိ
ရဟိခရေဘွဲ့တံဆိပ်တိ
လက်မှတ်


မိညိုစော် အင်းဝရောက် ရခိုင်အမျိုးသမီး နန်းတွင်းစာဆိုတော် အဖြစ်ထင်ရှားခရေ။ သက္ကရာဇ်(၉၁၃) ခုနှစ် အင်း ဝနန်းတက်ရေ နရပတိစည်သူမင်း လက်ထက်တွင် နန်းတွင်း စာဆိုတော်အဖြစ် အမှုထင်းခရေ။ မိညိုရေ အင်းဝ နန်းတွင်း၌ စာဆိုပြိုင်ဖက်ဖြစ်တေ နန်းတွင်း မိဖြူနန့် အပြိုင်ဆိုရရေ။ ယင်းပိုင် အပြိုင်ဆိုရင်း ကိုယ်ရည်သွေးရတု ကို ဖွဲ့ဆိုခရေ။ မိညိုရေ အင်းဝသို့ ဇာပိုင်ပုံစံ ရောက်ဟိလားခစွာကို မသိဟိရပေ။ ထိုကဗျာအရ ၎င်းစော် ငါးပါးသီလကို စောင့်ထိန်းသူဖြစ်ကြောင်း၊ သူတစ်ပါးကို မနှိပ်စက်၊ မာန်မထွက်တတ်သူ၊ သူတစ်ပါး စိတ်ချမ်း မြေ့အောင် ရတုကဗျာ ဖွဲ့ဆိုသူဖြစ်ကြောင်း ဖွဲ့ဆိုခရေ။ မိညိုဧ့ ကဗျာဉာဏ်ရည်နန့် စိတ်ဓာတ် အရည် အသွေးကို ကောင်းစွာ အကဲခတ်နိုင်ရေ ရတုတဒ်ပုဒ်ပင်ဖြစ်ရေ။

“တောင်တွင် မြင့်မိုရ်၊ ကျွန်ုပ်ဆိုသား၊ ရေညိုရစ်သန်း ရဲလျက်ဝန်း၍၊ ဘေးကျွန်အလယ်၊ လေးသွယ်ခြည်ရောင်၊ တပြောင်ပြောင်လင်၊ ဘုန်းခေါင်အထွဋ်၊ သုံးလူနတ်တို့၊ မချွတ်မေတ္တာ၊ ဘိဓမ္မာကို၊ မှန်စွာအခေါင်၊ ကြာလွှင့်ဆောင် သည်၊ တောင်တွင်မြင့်မိုရ်သာတကား။

စည်တွင်ဗဟိုရ်၊ ကျွန်ုပ်ဆိုသား၊ ခါကိုသိစေ၊ ရှစ်ကြိမ် နေ့ဖြင့်၊ ချက်ရေမရွှေ့၊ တီးဓလေ့ကား၊ ညဉ့်နေ့နာရီ၊ ခြောက်ဆယ်စီလျှင်၊ ချက်ချီလှည့်ကျူး၊ ညဉ့်ဦးသန်ကောင်၊ သောက်ရောင်မိုးသောက်၊ မွန်းတည့်ရောက်က၊ ဝမ်းမြောက်ရွှင်လန်း၊ လူရ ဟန်းတို့၊ ထက်ဝန်းဖူးမြင်၊ သိစီရင်သည်၊ စည်တွင်ဗဟိုရ်သာတကား။

နန်းတွင်မိညို၊ ကျွန်ုပ်ဆိုသား၊ မှောင်ကိုပယ်လင်း၊ ဆီမီးဝင်းသို့၊ သီတင်းငါးမည်၊ သီလတည်လျက်၊ လှရည်ညက်သေး၊ ပြေး၍မဆို၊ သူ့ကိုနှိပ်စက်၊ မာန်မထွက်တည့်၊ ဝှန်တတ်ပညာ၊ လင်္ကာရတု၊ ဆိုမှုအရွ၊ ကြားကစိတ်ဝမ်း၊ သူ့နားချမ်း လိမ့်၊ စွဲလမ်းထိုတွင်၊ တောင်နှယ်ထင်သည်၊ နန်းတွင် မိညိုသာတကား။”

ကိုးကား[edit | edit source]

ရခိုင်စာဆိုတော်များ (ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)