Wp/rki/ဘွန်စောမှိုင်း ယိုးဒယားဘွဲ့
ဘွန်စောမှိုင်း ယိုးဒယားဘွဲ့ | |
ကိုယ်ရီးအကျဉ်း | |
မွီးသက္ကရာဇ် | |
နာမည်ရင်း | ဘွန်စောမှိုင်း |
မိဘနာမည် | |
လူမျိုး | ရခိုင် |
ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
ခေတ် | |
အိမ်ထောင်ဖက် | |
သားသမီး | |
ထင်ပေါ်ကျော်ကြားမှု | စာဆိုတော် |
ထင်ယှားရေလက်ရာတိ | ယိုးဒယားဘွဲ့ |
ရဟိခရေဘွဲ့တံဆိပ်တိ | |
လက်မှတ် |
ရခိုင်ဘုရင် မင်းဖလောင်း (သက္ကရာဇ် ၉၃၃-၉၅၅) လက်ထက်ယိုးဒယား (ထိုင်း) နိုင်ငံမှ အမတ်ကြီးညီအစ် ကို နှစ်ဦးရို့ရေ စစ်ဘေးစစ်ဒဏ်ကြောင်း ရခိုင်ပြည်သို့ ခိုဝင်ရောက်ဟိခလီရေ။ ထို့နောက် မင်းရာဇာကြီး လက်ထက် ဟံသာဝတီကို အောင်မြင်ပြီး အပြည်တွင် ယိုးဒယားအိမ်ထောင်ရေတိစွာ ဝင်ရောက်ခသိမ်းရေ။
အမတ်ညီအစ်ကိုနှစ်ဦးမှာ ယိုးဒယားမင်း ပြသာတိရာဇာဧ့ အမတ်တိဖြစ်ကတ်လီရေ။ မင်းဖလောင်းကအဝတ်အစား နီရာအိမ်းတိကို ပီးပြီးကေ အမတ်ကြီးမဟာပညာကျော်နန့် အတူ ထွက်ဝင်စေအမိန့် ကို ရဟိခရေ။ ထို့နောက် ၎င်းဧ့ လက်ရုံးရည်နှလုံးရေအညီ အမတ်ဒါဂါထာစားသမီး ကိုယ်လုပ်တော်မင်းညိုနန့် ထိမ်းမြားပြီးကေ စစ်တကောင်းကံသာမြို့ကို စားကျေးပီးလီရေ။ သမီးသံဟူရေ ဘွဲ့ကိုလည်း ထပ်မံ ပီးသနားရေ။ ညီကိုကား ဗြသမ္ဗန်အမည် “ဘွန်စောမှိုင်း” ပီး၍ အမ်းစားအဖြစ် မြှောက်စားခရေ။ သမီးသံဧ့ မူရင်းအမည်မှာ “ဘွန်စောမှိုင်း”ဖြစ်ပြီးကေ ၎င်းဧ့ညီ ဗြသမ္ဗကား “ဗြကွန်းဆိုင်” ဖြစ်ရေ။ မင်းရာဇာကြီး ဟံသာဝတီ ပဲခူးကို စစ်ကူ ပီးခစဉ် ယင့်က သိမ်းယူလာသူ တိတွင် ယိုးဒယားအတီးအက သဘင်ရေတိ ပါဝင်လီရေ။ ၎င်းရို့ကို ရခိုင်ပြည်တွင် အတီးအကစရေ အဖွဲ့ ထားပနာ အရပ်ရပ်၌ နီရာချထား ပီးခလီရေ။
ဒေသမိုင်းအထောက်အထားအရ ရခိုင်ပြည်တွင်ယိုးဒယား
စရေ အဆိုသားတိမှာစတင်ပနာ ယိုးဒယားအက လည်း ကောင်း၊ ယိုးဒယားအဖွဲ့သီချင်း လည်းကောင်း မြောက်ဦးခေတ်တွင်ဖြစ်ထွန်းခစွာမှာ ထင်ယှားလီရေ။
ရခိုင်မှာ ယိုးဒယားအဖွဲ့ သီချင်းကို တွိ့ရရာ အသံကိုယူပနာအတုယူဘွဲ့ဆိုရေ သီချင်းမျိုးကို သာဖြစ်လီရေ။ ရှာဖွီရဟိထားရေ ယိုးဒယားအဖွဲ့သီးချင်တိအနက် စောဘွန်းမှိုင်း (ဘွန်စေမှိုင်း) အမတ်ရို့ရခိုင်သို့ ထွက်ဗြီး ရောက်လာခြင်းကို ဖွဲ့ ဆိုထားရေ သီချင်းနှစ်ပိုဒ်ကို တင်ပြချင်ရေ။ ဘွန်စောမှိုင်းဧ့ အမျက်ဖြီ သီချင်းတိမှာ ၎င်းရို့ဧ့ ဖြစ်ရပ်ကို ဖွဲ့ဆိုထားခြင်းဖြစ်ရေ။ မဟာပညာ ကျော်အ မတ်ကြီးနန့် ဘုရင်မင်းဖလောင်းကို ဦးချ သီဆိုထားရေ။ သီချင်းကို ယင့်ကရီးပြီး (စစ်တ ကောင်းနယ်) ကံသာမြို့မ ဆရာတော် ဥတ္တမက ဘာသာပြန်ထားရေ ဆိုဧ့။ နောက်တပုဒ်မှာ ယိုးဒယား ကချေ ရေမမူရာဘီကသီဆို ရေသီချင်းဟု ဆိုရေ။
ဤနှစ်ပုဒ်ကို ပေမူမှတ်တမ်းအရ ရှာဖွေရဟိခြင်းဖြစ်ရေ။ ဂျပန်ခေတ်မတိုင်မီးက ကျောက်ဖြူ မြို့ နဂါးကျောင်း ပိဋ ကတ်တိုက်တွင် ဤသီးချင်းပါရေ ပေမူဟိခရေ။ ဂျပန်ခေတ်တွင် ပျောက်ဆုံးခရာ ကုန်ဘွေဆရာတော်က ဝယ် ယူရဟိခလီရေ။ ထိုစဉ်က ကုန်ဘွေဆရာတော်မှာ ကျောက်ဆောက်ရွာတွင် ဟိနီရေ။ ထိုဆရာတော်ထံမှ စစ်အတွင်း ပျောက်လားသိမ်းရာ ကျောက်ဆောက်ရွာမှ ဒကာတဦးရဟိသဖြင့် ပြန်အပ်ခြင်းဖြစ်ရေဆိုဧ့။ ထိုသီချင်း ပါပေမှာ အလျား ၁၂လက်မ၊ အူန ၂ လက်မ သာဟိရေ (၆) ကြောင်းရေ ပေငယ်ဖြစ်ရေ။ “က”အစ“ခီး”အဆုံး ”အဆုံး တစ်အင်္ဂါနန့် ၄-ချပ်ဟိရေ။ ထိုပေငယ်ဧ့ “ကူး”ချပ်၊ “ကေ” “ကဲ” ချပ်၌ ဘွန်စောမှိုင်း ဆိုသီချင်း ပါဟိရေ။ “က” ချပ်တွင် “မူရာဘီ”သီချင်း ပါဟိရေ။ ပီမူရင်းတိုင်း ဖော်ပြလိုက်ပါရေ။
ကျေးဇူးတင် အမျက်မပြ ယိုးဒယားအဖွဲ့
[edit | edit source]ယိုးဒယားပူရာ၊ တိုင်းကြီးအောက်ချာ၊ ဗြသာတီစံမြန်း၊ ရွှီနန်းထွက်ဝင်ခါ၊ ကျွန် မှာမှုတော်ထမ်း၊ သာသနာယေလေး၊ ရောင်ဝါ နီညိုထွန်း၊ တိုင်းပြည်လည်း အီးချမ်းစည်ပင်သာယာ၊ ပေါ့ဆစွာ၊ ပျော်ပျော်နီကြငြား စစ်မကြေညာ၊ ထိုခါလူမျိုးခြား၊ မတရားတိုက်ခိုက်လာ၊ မတ်ရှီဝန်း ကိုယ်ရံတပ်ငယ်များရေနှင့်၊ ဆီးတားခုခံကာ၊ တိုင်းပြည်တော် ရဲဘော်လူသားများကို ၊ လားလို့စုပို့ရာ၊ အားပျက်စရာ+စရာ၊ လားကွက်မသာ+မသာ၊ သည်တစ်ခါ၊ ကမ္ဘာမီး ထက်ပြင်း၊ သည်မောင်ရင်းတွင်း ပူလောင်ကာ၊ ဆွီမျိုးမပါ၊ ပြည်ရွာရပ်နှင့်ကင်း၊ မနီးသာရေလေ၊ ခွဲခွာလာရခြင်း၊ ဂနိုင်မြို့ခြီရင်း၊ ကပ်ချဉ်းမှီကာ၊ တောဝနာ၊ ဟေမာမြိုင်ခြံလမ်း၊ ညှိုးငယ်စွာယေလေ၊ မောင့်မှာပျော်လို့မှန်း၊ ရွှေဘုံရွှေနန်း၊ တမ်းတမြင်ယောင်၊ တောသာခေါင်၊ တောင်လေတိမ်လိုစူး၊ မျိုးအံ့မူး၊ တူးကဲသေလာပယိမ်းယိုင်ကာ၊ ဂန္ဓစုံ၊ ခြီလမ်း၊ တောင်မွန့်ကိုင်ဗျာလေ၊ ယိမ်းယိုင်ကျော်ဖြတ်သန်း၊ သားရောသမီးပါ၊ လှမ်းပါလို့၊ ပင်ပန်းကြီးစွာ၊ အိမ်သူကြင်ရာ၊ လှကလျာကိုလေ၊ စိတ်မှာကြံအထွေး၊ မျက်ရည်လည်းယိုမစဲ၊ ငိုမဲငေးမှိုင်၊ မကြံနိုင်ခွေယိုင်ကာနွမ်း၊ စားအစာကိုလေ၊ နောက်ပါလူရို့ထမ်း၊ ရခိုင်တောင်ရိုးတန်းကိုလ၊ ဖြတ်သန်းကာ၊ သက်ခန္ဓာ၊ ငါ့မှာကြွင်းလေပြီ၊ ကိုယ်ရံစုံနှင့်၊ ခိုလှုံဖို့ရီးကို၊ ဗျာမီးတောက်လောင်ပြီး၊ တွေးဆ-တွေးဆ၊ ကြံမိကြံမိ၊ ဆွဲရ-ဆွဲရပြန်ပြီ- ပြန်ပြီ၊ မသာမဤ ဗျာပီလီ၊ မရောက်ဖူးယေလေ၊ ကြောက်ဒူးလည်းတုန်လှပြီ။
ရက္ခပူရီ၊ တိုင်းမဌာနီ၊ ဓညဝတီ၊ သာကီပျော်စံမြန်း၊ ဝိမလခေါ်၊ ပညာကျော်၊ မှူးတော်သူ့ထံထမ်း၊ သူ၏ ဉာဏ်စွမ်း၊ အံ့မခန်းမို့ ၊ မြီစိုမှိုင်းမှောင်၊ ကောင်းအောင်သူ့ထံပါး၊ ငယ်ဆရာ၊ ပမာပုံသို့မခြား၊ စုံတရာမမှားစီရ၊ ကြိုး စားပြပြင်၊ သူချစ်ခင်၊ ဘုရင်ရှိတော်ပါး၊ ခေါ်ဆောင်ယူကာလားပါလို့၊ မင်းများစံပျော်၊ ရွှီးနန်းတော်၊ လွန်စွာရှုမဆုံး၊ နတ်မင်းအသွင်၊ ဘုရင်သာကီဘုန်း၊ နန်းလုံးအံ့မဆုံး၊ နန်းလုံးထိန်ပြောင်၊ စိမ်းမြရောင်၊ ဖက်ရောင်ပတ္တမြား၊ လင်း ပြောင်ထိန်ထိန်၊ ရွှေနန်းရွှီအိမ်၊ စည်းစိမ်ပျော်စံစား၊ ခြီတော်ဦးတိုက်ခစား၊ ကျွန့်ကိုမြင်ခါသနား၊ မေတ္တာတော်ထား၊ သားရင်းပမာ၊ နောက်ပြည်ရွာ၊ ကံသာမြို့ ငယ်ရပ်၊ စောင့်ရှောက်စေအပ်ခါမှ၊ ဖမြတ်ရာဇာ၊ မြတ်လှဆရာ၊ ဦးတင်ခါ၊ ကောင်းစွာမှုတော်ထမ်း၊ နောက်ပါကိုယ်ရံ၊ စိတ်သန်ခိုင်အားကျန်း၊ ကျွန့်မှာလေ၊ အီးချမ်းလွန်သာယာ၊ တိုင်း ကားပြည်ရွာ၊ ပြည်ရွာ၊ စားအစာစုံပြည့်ဖြိုး၊ ပရာဇာမှာလေ၊ သက်တော်ရာကျော်တိုး၊ ရွှေမိုးငိုမိုးရွာပါစီ၊ ကျေးဇူးရှင် သခင်နှစ်ပါးကို၊ အားထားခိုကာမှီ၊ အသက်ရှည်စီ-ရှည်စီ၊ ဘုန်းကြီးစီ’ကြီးစီ၊ အန္တရာယ်မျိုးကင်းစီ−ကင်းစီ၊ ဘီမျိုး ချင်းစီ၊ သျှင်းစီ၊ စောမှိုင်းမောင်အယင်ပျောက်လို့ ၊ နောက်မှ နတ်ရွာမှီတင်ပါလီ။
မြောက်ဦးထီးနန်းကို ချီးကျူးဆိုသော ယိုးဒယာဘွဲ့
[edit | edit source]လေးရပ်ဝတီ၊ ရာဇဌာနီ၊ သာကီပျော်စံမြန်း၊ အံ့မခန်းနတ်နန်းဝေယျာ၊ ပုံပမာစုံစွာမှန်ထား၊ စိန်သားလည်းမြသား- ဂေါမုတ္တာ၊ ဥဿဘယာ၊ နီလာကြောင်မျက်ရွဲ၊ လှမျိုးစုံစုံ၊ နန်းဘုံလွန်ထူးကဲ၊ မြင်သူမြိုင်ငေး၊ အံ့ထဲနတ်တို့ကူညီဖန်၊ တက်ဖျားမိုးစွန်၊ ရောင်လျှံထိန်ထိနည်း၊ တိုင်းပြည်တော်ကြီး တိုးတက်စည်ပင်သော၊ လူများစွာ နတ်ရွာနတ်ဘုံအ လား၊ ပျော်ပါပလွှား၊ ဝတ်စားဆင်ယင်ခါ၊ မြို့ရောတောပါ၊ ဇာခါပျင်းဖို့လဲ၊ နတ်မဟူ-လူမက၊ နောက်စ ခလန်လန်၊ ဦးရိတ်ဆံ-ထုံးပြင်-ပျိုဖြူများ၊ ယောက်ျားလူပျိုသေ့၊ တောင်နှစ်ဆယ်၊ ခါးဝတ်ဝတ်ဆင်ထား၊ နှစ်ပါးလည်းမေပျို+ မောင်ပျို၊ လှကြပါယင့်၊ ရပ်ရွာထိုထို၊ နှစ်ပါးလည်း မေပျို မောင်ပျို ခေါ်ကြပါယင့်၊ ရပ်ရွာထိုထို၊ မိဖဖိုးအို၊ ထို ထိုကျောင်းကန် ဘုရားမှာ၊ တရားကျင့်လို့သာ၊ တိုင်းကားပြည်ရွာ၊ ပြည်ရွာမင်း၏ ဘုန်းတော်-ဘုန်းတော်၊ မိန်းမ ယောက်ျား တပျော်ပျော်၊ မကြားမမြင်ဘူးယောင်၊ မကြာမမြင်ဘူးယောင်၊ ထူးလည်းထူးရေ ထူးရေနိုင်ငံတော်..။
ကိုးကား
[edit | edit source]ရခိုင်စာဆိုတော်များ (ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)