Wp/rki/ငစေချင်း

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ငစေချင်း
ငစေချင်း
ကိုယ်ရီးအကျဉ်း
မွီးသက္ကရာဇ်
နာမည်ရင်း င/ ချင်း
မိဘနာမည်
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ခေတ် လောင်းကြတ်
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာဆိုတော်
ထင်ယှားရေလက်ရာတိ င/စေချင်း
ရဟိခရေဘွဲ့တံဆိပ်တိ
လက်မှတ်


င/ ချင်းရေ သီရိသုဓမ္မရာဇာမင်း (သက္ကရာဇ်- ၉၈၄-၁၀၀၀)ဧ့ နန်းစံနှစ်နှောင်းပိုင်း နီဝင်ချိန်ကာလအတွင်း ပေါ်ပေါက်ခရေ ကဗျာလင်္ကာသီချင်းတစ်မျိုးပင် ဖြစ်ရေ။ သီရိသုဓမ္မရာဇာဧ့ နန်းတက်မိဖုရား နတ်သျှင်မယ်ရေ အရောင်အဆင်း ချောမောလှပသူဖြစ်ရေ။ နောင်တွင်လောင်းကြက်စာ င/ကုသလနန့် ပူးပေါင်းပနာ မြောက်ဦးထီး နန်းကို သိမ်းပိုက်ရန်ကြံစည်ခရေ။ လောင်းကြက်စားမှာ လောကီအတတ်ပညာမှာ တစ်ဖက်ကမ်းခတ် တတ်မြောက် သူဖြစ်ရကား ဘုရင်မင်းကြီး နတ်ရွာစံရန်အတွက် အင်းအိုင်၊ ယတြာပြုလုပ်ပနာ နာမ် နှိပ် စပ်ဆိုရေ အဖွဲ့ အနွဲ့ကို င/စေ ချင်းဟုခေါ်ရေ။

သီရိဓမ္မရာဇာ ဘုရင်မင်းမြတ်အတွက် သူဧ့ပညာဟိအမတ် င/လက်ရုံးက ယတြာချေခြင်းကို လောက်ကြက်စား င/ ကုသလက တန်ပြန်ပနာ အင်္ဂါသားဖြစ်တေ ဘုရင်းအားပတ္တရာပြုပနာ င/ ဝေချင်း ပြုလစ်စပ်ဆို ခြင်းဖြစ်ရေ။

ငါးစေဆိုစော် အမှန်စင်စစ် ရေငန်ပိုင်းတွင်နိန်ရေ ငါး တစ်မျိုးဖြစ်ရေ။ အလျားတစ်တောင်ခန့်ဟိတတ်ပနာ ကျပ်လုံးခန့် တုတ်ခိုင်ရေ။ မြွေနန့်ဆင်တူရေ ငါးရှဉ့်မျိုးနွယ် ဖြစ်ရေ။ ငါးစေနှိုက်ရေ ဆိုရေမှာ ငါးခွေကို ရှာဖွီဖမ်းဆီးစော် ကို ခေါ်ရေ။​ဒေပိုင် ငါးစေရဟိရီးအတွက် အနယ်နယ် အရပ်ရပ်ကို လှည့်လည်ရှာဖွီပုံကိုဇာတ်လမ်းဆင်ပနာ ဟာသနှောကာ ကပြရေ အခင်းအကျင်းပင်ဖြစ်ရေ။ ဒေ င/ စေဇာတ်လမ်းကို ဘုရင်မင်းမြတ် ကကြည့်ရှုခြင်းအနိန်နန့် နတ်ရွာစံရာ ရည်ရွယ်ချက်နန့် စပ်ဆိုခခြင်းဖြစ်ရေ။ယင်းပိုင်အနိန်နန့် င/ချင်း င/အကရေ မြောက်ဦးခေတ်နန်းတွင် အရီးအခင်းကို အခြေခံပနာ ပေါ်ပေါက်ခရိုး မှန်ကေလည်း နှောင်းပိုင်းတွင် ရိုးရာပျော်ရွှင်ပွဲ တစ်ရပ်အနိန်နန့် ခြေခင်းလက်ခင်းသာရေနိ့တိတွင် အပျင်းပြေက ပြလိ့ဟိရေ။ ၎င်းအပြင် သီချင်းရီး ဆရာဧ့ ကဗျာဉာက်၊ ကပြသဧ့ အမူအရာနန့် အာဝိဇ္ဇန်း ဇဝနဉာဏ်ရို့ကြောင့် ပရိသတ် စိတ်ဝင်စားဖွီရာ ရခိုင် ရိုးရာ ဓလိ့တိကို စပ်ဟပ်ပြီးကေ တင်ပြလာရာ ပိုပြီးကေ ရိုးရာဆန်လာခရခြင်း ပြစ်လီရေ။

ဒေပိုင် င/စေကြိုက်ခန်းကို ပေါ်လွင်အောင်ကပြသူကို င/စေဆရာ င/စေတတ်ဟုခေါ်ပနာ ယင်း င/စေဆစေချဇာတ် ဝင်ခန်းတိအတွက် ဖွဲ့ နွဲ့ သီဆိုရေ အဖွဲ့အနွဲ့ကို င/စေချင်းဟုခေါ်ရေ။ ဇာတ်လမ်းဇာတ်ကွက်ဟုဆိုကေလည်း အမှန်မှာ ကွက်စပ်ဆရာပိုင် တစ်ဦးတည်းက ဇာတ်ကောင်အားလုံးနိန်ရာကိုယူပနာ ပြောဆိုကပြရရေ။ ယေကေလည်းသော ကွက်စိပ် ဆရာနန့်ကား မတူ။ ကွက်စိပ်ဆရာမှာ အဆို၊ အငို၊ အပြောကို ကိုင်၍ အမူအရာပြုလုပ်ရရေ။ /ဆရာမှာကား ပြာရုံ၊ ဆိုရုံဧ့ ငိုရုံနန့်မပြီး၊ ရယ်ဖွယ်ဖြစ်အောင်ပြု လုပ်ရသိမ်းရေ။

ကွက်စိပ်ဆရာမှာ တိုက်ပုံနန့် ခေါင်းပေါင်းနန့် လှလှပပ ဝတ်ဆင်ထားကေလည်း /ဆရာမှာ တင်ပါး တစ်ဖက်တစ်ချက်ပေါ်အောင် ခါးတောင်းမြောင်နီအောင်ကျိုက်၍ တင်ပါးကို ထုံးဖြူကွင်းထားရေ။ နို့သီးတက် ဖက် တစ်ချက်ကိုလည်း ထုံးဖြူကွင်းထားသိမ်းရေ။ ဦးခေါင်းတွင် လုံချည်တစ်ထည်ကို ရှေ့ ဘက်သို့ အစွန်ထွက်၍ ဆင်နှာ မောင်းပုံသဏ္ဍာန်မျိုး ငါးစေ့နန့်တူအောင် ရယ်စရာဖြစ်အောင် ခေါင်းပေါင်း ပေါင်းထားရရေ။ မြင်မြင်မျှ သူ့ရုပ်ကို မြင်ရုံနန့် ရယ်စရာဖြစ်ာအင် ဖန်တီးထားခြင်းပင်ဖြစ်ရေ။ ၎င်းင်းအပြင် ပွဲခြင်းအဆင်အပြင်လည်း တစ်မျိုးတစ်ပုံ ဆန်းသစ်ရေ။ မြေကွက်တလင်းတွင် စပါးလှန်ဖျား တစ်ချပ် ခင်းထားကာ ယက်သဲတစ်လုံး ဆုံတစ်လုံး၊ လှော်တစ်တက်တစ်ချောင်းကို ခင်းကျင်းချထားရရေ။ ဆိုင်းမ ပါဗုံမပါပေ။ အဆိုပါပစ္စည်းတိမှာ ဇာတ်ဝင်ခန်းတိအလိုက် ... သရုပ်ဆောင်ရန်အတွက် အရီးကြီးရေ ဇာတ်ပစ္စည်တိပင်ဖြစ်ရေ။ အဆိုပါပစ္စည်းတိမှာ ရေငန်ပင်လယ်ကမ်းခြေတွင် နီထိုင်ကတ်ရေ ရခိုင်သားအတွက်ကား အဆန်းမဟုတ်ပါချေ။ ရေလုပ်သားတိအတွက် သာမန် ငါးဖမ်းကိရိယာတိသာ ဖြစ်ရေ။ ထို့ကြောင့် ၍ င/စေနှိုက်ခြင်းနန့် င/ချင်းမှာ ရခိုင်ရို့ဧ့ ဓလိ့သဘာဝကို ကောင်းစွာပင် ထင်ဟပ်ပေါ်လွင်စေလီ ရေ။ ရခိုင်ဓလိ့၊ ရခိုင်ထုံးစံ၊ ရခိုင်ကဗျာ၊ ရခိုင်အတွေး၊ ရခိုင့်ပုံပြင်၊ ရခိုင်တို့ဧ့ လူနီမူဘဝစံရေဖြင့် ရှုထောင့်စုံ ပါဝင်ကြောင်း လိ့လာတွိ့ဟိနိုင်ပေရေ။ င/စေနိုက်ခြင်းကို အတိအားဖြင့် ရာသိကောင်းရေစပါးပေါ်ချိန် ငွေ ပေါ်ချိန်မှရေ သင်္ကြန်ပွဲအပြီး မိုးကျရေအထိ ကပြလိ့ဟိကတ်ရေ။ င/ဆရာရေ ပထမဦးစွာ ကျေးရွာ ဟိလူကြီးသူမကို တင်းပို့ရရေ။ သြဇာတိက္ကမဟိတစ်ဦးဦးဧ့ အကူအညီဖြင့် ကပွဲဖြစ်မြောက်အောင် စည်းရုံးရရေ။ /စေဆရာအတွက် ကန်တော့ပွဲအပါအဝင် ငွေကြေးအထောက်အပံ့အတွက် အဆိုပါ စည်းရုံးဆော်သြသူက ငွေကြေးကောက်ခံရရေ။ စေတနာအလျောက် ကပြခြင်းဖြစ်ရာ ငွေကြေးရေ အဓိကမဟုတ်။ တိရေအားဖြင့် မျက်လှည့်ပွဲကဲ့သို့ မြေဝိုင်းသက်သက်သာဖြစ်ရာ ငွေကြေးအကုန်အကျ သိပ်တိလှရေ မဟုတ်။ သို့ဖြစ်ရာ င/စေ ပွဲပြင်ရန် အတွက် အပန်းမကြီးဘဲ လွယ်လွယ်ကူကူပင် အောင်မြင်စွာ ပြီးစီးလိ့ဟိရေ။

င/ ပွဲဖြစ်မြောက်အောင် စည်းရုံးသူဧ့ ဆော်ဩမှုကြောင့် င/စေပရိသတ်ရေ ကြိုတင် ဖျာကြမ်းခင်း ထားရေ မြေကွက်သို့ ဝိုင်းအုံရောက်လာကတ်ပေရေ။ လူစုံလောက်ရေ အချိန်ကျရောက်ရေအခါ င/ဝေဆရာရေ အထက်တွင် ဖော်ပြခရေ အဝတ်အစား အဆင်အပြင်မျိုးဖြင့် င/စေပွဲသို့ဝင်ရောက်လာတော့ရေ။ င/ဆရာ ရေ ဖျာကြမ်းပေါ်တွင် အသင့်ပြင်ထားရေဆန်တစ်ပြည် ၊ ငွေငါးမတ်နန့် ထည့်ထားရေငှက်ပျာ်ပွဲ အုန်းပွဲ ကန်တော့ပွဲနန့် နတ်မြတ်တိအား မြောက်ကာ မြောက်ကာ ပူဇော်ကန်တော့ရရေ။ ထိုသို့ ကန်တော့ရာတွင်-

အောင်ပန်းရေလေမင်္ဂလာ ၊ အောင်ညွန် ပြာကေ ... ...

အောင်ရာကိုလှန်း ၊ အောင်မ မောင်မှာ

အောင်သည့်ပန်းကို ၊ အောင်ပန်းကိုပန်

အောင်မောင်းသံနဲ့ ၊ တွန်းပကေလေ ... ...

အောင်မြင်-အောင်စေချက်ကေ---- အစချီရေ ပဏာမဆုတောင်း ပဌာနကို ရွတ်ဆိုရရေ။ ဤသို့ ပဏာမဆု တောင်း ရွတ်ဆိုပြီးရေအခါ စည်းဝိုင်းသားခြင်း ပြုရရေ။ သတ်မှတ်ထားရေ စည်းဝိုင်းအတွင်းသို့ မည်သူမျှ ဝင် ရောက်ခွင်မပြုပေ။ မဖွယ်မရာ၊ မဟုန်မမှန်လုပ်ကြံ၍ ပရိသတ်အကြိုက် ဟသနှောကာ ပြုလုပ်ပြောဆိုရ၍ ဘေးရန်အ ပေါင်းမှကင်းဝေးရန် စည်းသားရခြင်းဖြစ်ရေဟု ဆိုရေ။ နတ်ကောင်း၊ နတ်မြတ်တို့အားကန်တော့ခြင်း၊ မကောင်း ရေ မိစ္ဆာအပျက်အဆီးတို့အတွက် စည်းသားခြင်းပြီးသည့်အခါ ဘုရား၊ တရား၊ သံဃာ၊ ရတနာ မြတ်သုံးပါးနန့်တ က္ခ မိဘဆရာသမားတို့အား ကန်တော့ရရေ။ ၎င်းနောက် င/စေချင်းကို သီဆို၍ င/စေပွဲကို စတင်တော့ရေ။

င/စေပွဲနိဒါန်းမှာ ဤသို့တည်း

“ညသာစည်၊ ရွှေခိုင်ပြည်မှာ၊ ရွာငယ်ရွာကြီး ၊ အသီးသီးနဲ ၊ အကြီးဧကအငယ်၊ အရွယ်အလတ်၊ သာချင်း သံက ကာရန်စပ်လို့ ၊ နာခံပါလေ၊ ရာဇဝင်ကို၊ ပုံပြင်ထုတ်လို့ ပြမလေး ...”

ဤသို့ သာယာနာပျော်ဖွယ် နိဒါန်းသွယ်ပြီးရေအခါ င/ဆရာရေ င/ဇာတ်လမ်းကို ကပြတော့ရေ။ အခန်းအလိုက် မူလကပင် အဆင်သင့်ခင်းကျင်းထားရေ ကပွဲဝင်ပစ္စည်းတိကို အသုံးပြု၍ အဆင့်ဆင့်ကပြ ရပေရေ။ ငါးရှာရေအခန်း၌ ငါးယက်သဲ့ကို အသုံးပြု၍ ငါးရှာပုံသရုပ်ကို အဆိုအပြော ဟန်အမူအရာနန့် သရုပ် ဆောင်ရေ။ လှော်တက်တစ်ချောင်းနန့် လှေလှော်ဟန်ပြုလုပ်ရရေ။ ဆန်ပွတ်ခန်းရောက်ပါက ကျေးလက်မိန်မပျို တစ်ဦးအသွင် အမူအရာဖြင့် သရုပ်ဆောင်ပြန်ရေ။ ရှင့်ဘုရင်ထွက်ခန်းသို့ ရောက်ရေအခါ တစ်ချိန်ကဆန်ပွတ်ခ ရေ ဆုံကိုမှောက်ကာ ရာဇပလ္လင်အဖြစ် အသုံးပြုင် ဆုံပေါတွင် ဟန်ပါပါထိုင်၍ ဘုရင်လုပ်ပြန်ရေ။ သျှင်ဘုရင်ဟူ ရေမှာ တစ်ယောက်တည်း လုပ်၍ မရ၊ မှူးမတ်သေနာပတိပါရမြဲ။ သို့ဖြစ်ရာ တစ်ချိန်တည်းတွင် ဘုရင်လုပ်လိုက်၊ အမတ်ကြီးလီပင့် လျှောက်ထားလိုက်နန့် အကယ်ဒမီရှုံးလောက်အောင် သရုပ်ဆောင်ရလီရေ။ င ချင်းဖြင့် င စေကကို ဟန်ချက်ညီညီ သရုပ်ဆောင်ကပြရရေ င ဝေဆရာ၊ င စေတတ်မှာ ဝိုင်ကြီးပတ်ပတ်လည်၍ မောဟိုက် နီရှာလီရေ။ ကြည့်ရသူအဖို့ ကား ပါးစပ်ပိတ်ရရေ မဟိ။ ပျင်းရိဖို့ မမြင်၊ အူတက်တမျှ ရယ်မောရလီရေ။

အထူးသဖြင့် ငါးရှာခန်းမှာ နယ်အနှံ့ ခရီးထွက်ရှာနီရရေ အခန်းဖြစ်၍ ဒေသန္တရာဗဟုသုတ အစုံစုံကို ကဗျာ သီချင်း စပ်ဆိုထားရေ။ ပရိတတ်မပျင်းရိအောင်း ရယ်စရာဟာသနှောကာ ကပြရေ အခန်းတိလည်းပါ ဟိရေ။ “င/စေရှာဖို့ထွက်ကတ်မေ.. မတ်က ဦးကထိုင် ကပိုင်သားကို နနောင်းကိုင်၊ လှိုင်းအကြီးလာကေ တပ်ကိုတဲ့တဲ့ တပ်မနဲ့ခွပ် အငယ်လာက ငါ့အတွက်ထား ...” ၎င်းအပိုဒ်ဧ့ အဓိပ္ပာယ်မှာ ငါးရှာဖို့ထွက်တော့မယ်၊ မင်းက ဦးကထိုင်ပြီး လှိုင်းကြီးကြီးလာရင် လှော်တက်ဖြင့် လှိုင်းဦးကိုရိုက် ငါ့အတွက်တော့ လှိုင်းအငယ်ကိုထား ဆိုပနာဖြစ်ရေ။ င ဝေဆရာက သူရေ ဇနီးမယားကို ကြိုက် ရေသဘောကို စောင်းပါးရုပ်ရည်ဆို၍ အသက်မဟိရေ လှိုင်းကိုတက်မဖြင့်ရိုက်သတ်ဆိုပနာ ဥပမာယဖြင့် ဟာသနှောကာ ဖွဲ့ ဆိုသရုပ်ဆောင်ပြင်း ပြရေ။

၎င်းအပြင် ငါးမျိုးစုံရေ ချောင်းတစ်ချောင်းသို့ ရောက်ရေ့အခါ ၊ ချောင်းကောက်နီ၍ လောင်းကို ဖြောင့်ရမည်အစား “လောင်းကောက်လို့ ချောင်းကိုပြောင့်” ဆိုပနာလည်းကောင်း၊ လှေကို ကပ်ရန်လုပ်ရေအခါ လောင်းကိုချည်ဖို့ ကမ်းထာင့် (ချောင်းကမ်း) ကိုယူခ” ဆိုပနာလည်းကောင်း ငါးဖောင်ရိုးကို “ကလောင်တံငါး” ဆိုပနာ လည်းကောင်း ငါးပူတင်းကို “ကိုယ်ဝန်ရေမငါး” ဆိုပနာလည်းကောင်း စကားပြောင်း၊ စကားပြန်တိဖြင့် င စေဆရာ ဧ့ အာဝိဇ္ဇာန်းသျှင်သလောက် ပြောဆိုကတ်ပြ သရုပ်ဆောင်ကတ်ပေရာ ကြည့်ရှုရရေပရိသတ်အဖို့ အူတက်မဘက်တ သောသော ဟိလှရေ။

ရခိုင်ဘုရင်တိလက်ထက်က ပျင်းရိငြီးငွေ့တော်မူရေအခါ စိတ်နှလုံး ကြည်လင်ရွှင်ပြုံးစေရန် ဤ စ နှိုက်ပွဲ ကို နန်းတော်အတွင်း ခင်းကျင်းပြသစေခရေ။ တစ်နည်းအားဖြင့် နန်းထွင်းပြဇာတ်ပင် ဖြစ်ရေ။ နောင် သော်ကား မြို့ထဲရွာထဲတွင် အပျင်းပြေကြည့်သျှင်ပွဲတိအဖြစ် ကပြလာကတ်ရေ။ ယခုအခါ ရခိုင်ပြည်နယ်အနှံ့ မတွိ့ ရတော့ပေ။ ရမ္မာဝတီ၊ ရမ်းဗြဲကျွန်းတွင်ကား မပျောက်မပျက် ထိမ်းသိမ်းထားဆဲဖြစ်ရေ။ အတိအားဖြင့် င စေချင်းတိကို လိ့လာကြည့်ရေအခါ၌လည်း ရမ်းဗြဲကျွန်းဒေသိယ စကားတိ ရောနှောပါဝင်ကြောင်း တွိ့ရ၍ နှောင်းပိုင်း ၄ စေချင်းတိကို ရမ်းဗြဲသားတိပင် ရီးစပ်ခမည်ဟု ယူဆရပါရေ။ သက္ကရာဇ် ၉၉၉-ခု လောင်းကြက်စား င ကူသလအမတ်ကြီး စပ်ဆိုခရေ ၄ စချင်းကို ရခိုင်ရာဇာဝင်သစ်ကျမ်းမှ ထုတ်နှုတ်ဖော်ပြ အပ်ပါရေ။

ကိုးကား[edit | edit source]

ရခိုင်စာဆိုတော်များ (ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)