Wp/rki/ဝိဇယစစ်အောင်ပွဲ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ဝိဇယစစ်အောင်ပွဲ
ဝိဇယစစ်အောင်ဧချင်း
ကိုယ်ရီးအကျဉ်း
မွီးသက္ကရာဇ်
နာမည်ရင်း
မိဘနာမည်
လူမျိုး
ကိုးကွယ်ရေဘာသာ
ခေတ် မြောက်ဦး
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု
ထင်ယှားရေလက်ရာတိ
ရဟိခရေဘွဲ့တံဆိပ်တိ
လက်မှတ်


သက္ကရာဇ် ၁၀၇၀ ခုနှစ်တွင် နရပတိအမတ်မျိုး မင်းဆက်ဖြတ်ပြီးကေ မြောက်ဉီးမြို့ထီးနန်းကို ဓနိဂေါင်းတုံးညိုရေ အင်အားစုံဆောင်းပြီးကေ သိမ်းပိုက်ခလီရေ။ သက္ကရာဇ် ၁၀၇၂ တွင် မြောက်ဉီးမြို့၌ ထီးနန်းသစ်ဆောက်လုပ်ကာ ဝီဇယရာဇအမည်ခံပြီးကေ မင်းပြုလီရေ။ ယင်းပိုင် မြောက်ဉီးမြို့ထီးနန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခခြင်းကိုဖွဲ့ဆိုထားရေအတွက်နန့် “ဝိဇယစစ်အောင်ဧချင်း” ဟုခေါ်သည်။ ဧချင်းစာဆိုကို အတိအကျမသိဟိရလေကေ ပညာဟိ ငလက်ရုံးဧ့သား ကိုယ်ရံကြီးခင်ညိုဖြစ်ရေဟု ယူဆရလီရေ။ စစ်နိုင်မော်ကွန်းလို့လည်း ခေါ်ရေ။

ဒေဧချင်းဧ့ ထူးခြားချက်မှာ ရခိုင်ရို့ဧ့ အစဉ်အလာ မင်းဆက်သမိုင်းအစကို ဖော်ပြပြီးကေ သာကီဝင်မြောက်ဉီး မင်းဆက်ပြတ်ခရရေ နန်းတွင်းအရေးတော်ပုံကိုပြန်ပနာ တင်ပြထားခြင်းပင်ဖြစ်ရေ။ သီရိသုဓမ္မရာဇာမင်းဧ့ မိဖုရား၊ နတ်သျှင်မယ်က လင်ဆုံး၊ သားဆုံး၊ ကိုယ့်ဘဝလည်းဆုံးရူံးခရပုံ မှူးမတ်ပညာဟိတိအား ကွပ်မျက်ခံခရပုံရို့ကို ဖွဲ့ဆို ထားသည်။ တိုင်းပြည်ပျက်သုဉ်း၍ စည်းရုံးညီဲညွတ်မူပြိုကွဲကာ တိုင်းတစ်ပါးသားများ ကျူံးကျော်ပုံကို သတိသံဝေယူ ဖွယ်ဖြစ်ရေ။

ဝိဇယစစ်အောင်ဧချင်း[edit | edit source]

“ဘဒ္ဒကပ်ကမ္ဘာ၊ တည်လာအစ၊ နရသာမိ၊ ဘူပတိလျင်၊ မုနိလျောင်းလျာ၊ မဟာသမ္မတ၊ ထိုကနွယ်လာ၊ ဆက်ကာစိုးဘိ၊ ဣန္ဒြိယ၊ ဒေသတိုင်း၊ ယှဉ်နှိုင်းတစ၊ အယူဇ္ဈနှင့်၊ ရက္ခမဏ္ဍိုင်၊ စိုးပိုင်ကြငှန်း၊ နန်းနှင့်ထီစည်၊ ပြည်နှင့်မင်း ဆက် မပျက်မကွဲ၊ နန်းပွဲမြင့်ကြာ၊ ယင်းသို့ရာတွင်၊ နတ်ရှင်ဘုန်းရို၊ သီရိသုဓမ္မရာဇာ၊ ညာပျော်စံမြဲ၊ နန်းပွဲမနှော၊ အမစ္စောသွေး၊ ဆင်ငြိမ့်လေးကို၊ ချစ်ကြွေးရှေးဝဋ်၊ တောင်ညာနတ်မူ၊ မဖြပတ်ဇာတိ၊ မသိတရား၊ လောင်းကြက် စားနှင့်၊ ယဉ်ပါစိတ်ဝင် ရွှေစင်ရတနာ၊ သည်းချာလည်းဆုံး၊ ကိုယ်လည်းရုံး၍၊ ရှေးထုံးတိမ်းပါး၊ လောင်း ကြက်စားလျှင်။ ထွတ်ဖျားရောက်လေ၊ ကြယ်များကြွေးသို့၊ အမြုတေဆီ၊ သာကီမြတ်မျိုး၊ မျိုးရိုးမတ်မွန်၊ သေလွန် ပျက်ပြုန်း၊ ည‡ိူးသုန်းမြို့ရွာ၊ နောက်မျက်နှာ၌၊ ဘင်္ဂါကုလား၊ သက်များလည်းရိုင်း၊ လူတိုင်းထွက်ဝင်၊ သဘင်အလွဲး၊ နန်းပွဲမလျော် တောင်ပေါ်နှစ်စု၊ ဂြိုဟ်စုကိန်းရောက်၊ မင်းရိုးပျောက်၍၊ စည်ပေါက်ထီးကျိုး မတ်မျိုးဖွင့်လှစ်၊ တစ်ဆယ်နှစ်တွင်၊ တက်သစ်နေ့လ၊ ဝိဇယလျှင်၊ ထောင်မှစွန်းကယ်၊ ခုနှစ်ဆယ်နှစ်၊ သက္ကရာဇ်တွင် ရာခေတ်စိုးအုပ်၊ နိုင်ငံချုပ်သည်၊ မရူတည့်ပြည့်ရေး ရေနှယ်ဧ း ၊ ဧ ...။

ကိုးကား[edit | edit source]

ရခိုင်စာဆိုတော်များ (ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)