Wp/rki/မင်းရာဇာ
Appearance
| မင်းရာဇာ | |
| မွီးသက္ကရာဇ် | |
| နာမည်ရင်း | မင်းရာဇာ |
| မိဖုရား | စောသုဘာ |
| နာမည်ကွဲ | မင်းလှရာဇာ (ဣလိသျှာ) |
| ရခိုင်သက္ကရာဇ် နန်းတက် | 863 |
| ရခိုင်သက္ကရာဇ် နန်းကျ | 875 |
| ခရစ်နှစ် နန်းတက် | 1501 |
| ခရစ်နှစ် နန်းကျ | 1513 |
| အိမ်နိမ့် | 22 |
| နန်းစံ | 12 |
| အသက် | 34 |
| ဖခမည်းတော်၊မယ်တော် | စလင်္ဂသူ |
| ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
| ဆက်ခံခရေဘုရင် | စလင်္ဂသူ |
| ဆက်ခံရဖို့ဘုရင် | ဂဇာပတိ |
| မင်းဆက် | ပထမမြောက်ဦးမင်းဆက် |
မင်းရာဇာ/မင်းလှရာဇာ (ဣလိသျှာ) (ရခိုင်သက္ကရာဇ် ၈၆၃-၈၇၅)(ခရာဇ်သက္ကရာဇ် ၁၅၀၁-၁၅၁၃)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။
စလင်္ဂသူမင်းလွန်ကေ သားတော်မင်းရာဇာရေ ထီးနန်းကို ဆက်ခံခရေ။ ဤမင်းရေ မြောက်ဦးမြို့ နန်းသက်ကုန် ပြီဆိုပြီးကေ ဝေသာလီကို ပြန်တည်ကာ (၉)နှစ်စိုးစံခရေ။ နှစ်စဉ်နှစ်တိုင်း သံတွဲသို့ ဆင်ဖမ်းထွက်လေ့ဟိရေ။ သားတော်ကြီး ဂဇာပတိအား အိမ်ရှေ့အရာပီးပြီး၊ သားတော်ငယ် ဘစောသီရိကို စစ်သူကြီး ခန့်တော်မူရေ။ ဤမင်းရေ ပန်းကုံးသိမ် ဘုရားကို တည်ထားကိုးကွယ်ခရေ။ ဣလိသျှာဟု ကုလားစာဖြင့် ရီးထိုးထားရေ ငွေဒင်္ဂါးတိကို ထုတ်ဝေခရေ။ နန်းစံ (၁၂)နှစ်၊ သက္ကရာဇ် ၈၇၅ တွင် နတ်ရွာစံရေ။[1]
ကိုးကား
- ↑ ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-19)