Wp/rki/ဘစောဖြူမင်း

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ဘစောဖြူမင်း
ဘစောဖြူမင်း
မွီးသက္ကရာဇ်
နာမည်ရင်း ဘစောဖြူ
မိဖုရား စောနန္ဒီ
နာမည်ကွဲ ကလမာသျှာ
ရခိုင်သက္ကရာဇ် နန်းတက် 821
ရခိုင်သက္ကရာဇ် နန်းကျ 844
ခရစ်နှစ် နန်းတက် 1459
ခရစ်နှစ် နန်းကျ 1482
အိမ်နိမ့် 30
နန်းစံ 23
အသက် 53
ဖခမည်းတော်၊မယ်တော် နရနုမင်း
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ဆက်ခံခရေဘုရင် မင်းခရီ
ဆက်ခံရဖို့ဘုရင် စောလျာ
မင်းဆက် ပထမမြောက်ဦးမင်းဆက်


ဘစောဖြူမင်း(ကလီမာသျှာ) (ရခိုင်သက္ကရာဇ် ၈၂၁-၈၄၄)(ခရာဇ်သက္ကရာဇ် ၁၄၅၉-၁၄၈၂)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။

နရနုမင်း နတ်ရွာစံကေ သားတော်ဘစောဖြူမင်းရေ သက္ကရာဇ် ၈၂၁ တွင် ထီးနန်းကို ဆက်ခံလီရေ။ ဤမင်းရေ လေးအတတ်၌ အလွန်ကျွမ်းကျင်ရေ။ ခွန်အားဗလကြီးမား၍ သတ္တိလည်းဟိရေ။ မင်းစောမွန်ရေ ဘင်္ဂလားနယ်တွင် ခိုဝင်ခရစဉ် ရခိုင်ပိုင်နယ်မြေတိဖြစ်ရေ ဘင်္ဂါ(၁၂)မြို့ကို ဘင်္ဂလားမဟာရာဇာထံ ပီးအပ်ခရရေ။ ထိုနယ်မြေတိကို ဘစောဖြူမင်းရေ ပြန်လည်ရဟိအောင် တိုက်ခိုက်သိမ်းပိုက်ခရရေ။ ဤမင်းလက်ထက် အမတ်ပညာဟိ ဖဒူမင်းညိုရေ ဘုရင်ဧ့သမီးတော် စောရွှေကြာပုခက်တင် မင်္ဂလာပွဲအတွက် ပုခက်လွှဲရန်၊ ဧချင်းရီးစပ်ပီးခရေ။ ၎င်းကို ရခိုင်မင်းသမီး ဧချင်းဟု ခေါ်၍ မြန်မာနိုင်ငံတွင် အစောဆုံးဧချင်း ဖြစ်ရေ။ ဤမင်းရေ ရတနာစံရွေးစေတီ၊ ရတနာသိင်္ဂစေတီ၊ ရတနာ မှန်ကင်းစေတီ၊ ဗောဓိရွှေကူစေတီ၊ တက္ကသီလဘုရားနန့် သုံးကျိပ်တစ်ဆူဘုရားရို့ကို တည်ထားကိုးကွယ်ခရေ။ နန်းစံ(၂၃)နှစ်၊ သက္ကရာဇ် (၈၄၄)တွင် နတ်ရွာစံရေ။[1]

ကိုးကား[edit | edit source]

  1. ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-14)