Wp/rki/ဂယ်လီလီယို
| ဂယ်လီလီယို ဂယ်လီလဲအီ | |
|---|---|
1636 portrait by Justus Sustermans | |
| ဇာတိနာမည် | Galileo Galilei |
| မွီးဖွား | Galileo di Vincenzo Bonaiuti de' Galilei[1] ၁၅ ဖေဖော်ဝါရီ၊ ၁၅၆၄ [2] Pisa, Duchy of Florence |
| ဆုံးပါး | ၈ ဇန်နဝါရီ၊ ၁၆၄၂ (အသက် ၇၇) Arcetri, Grand Duchy of Tuscany |
| နယ်ပယ် |
|
| အဖွဲ့အစည်းဌာန |
|
| ထောက်ပံ့သူ |
|
| ပညာရီး | University of Pisa |
| ကြီးကြပ်သူတိ | Ostilio Ricci da Fermo |
| တပည့်ကျော်တိ |
|
| ကျော်ကြားမှုအရင်းခံ |
|
| သူ့အပေါ် ဩဇာလွှမ်းမိုးသူတိ |
|
| လက်မှတ် | |
ဂယ်လီလီယို ဂယ်လီလဲအီ (Galileo Galilei) (၁၅၆၄-၁၆၄၂) ကို ကြီးကျယ်ရေ သိပ္ပံပညာသျှင်၊ ရှာဖွီ စူးစမ်းသူ၊ တီထွင်သူ၊ နက္ခတ်ပညာသျှင် အဖြစ်လည်းကောင်း၊ ချိန်သီးသဘောတရားကို စတင်ဖော်ထုတ်သူ၊ အလေးချိန် သဘောတရားကို စတင်ဖော်ထုတ်သူအဖြစ်လည်းကောင်း အသိတိရေ။ သိပ္ပံပညာရပ်အတွက် နယူတန်အောက်လျော့လျော့မျှပင် နီရာပီးကာ ကြည်ညိုကြခရေ။
ဘဝနိဒါန်း
ဂယ်လီလီယိုအား ၁၅၆၄-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နိတွင် အီတလီနိုင်ငံ၊ ပီဆာ (Pisa) မြို့တွင် မွေးဖွားရေ။[4] ပီဆာတက္ကသိုလ်တွင် တက်ရောက်သင်ကြားရင်းမှ ငွေကြေးမတတ်နိုင်သဖြင့် တက္ကသိုလ်မှ ထွက်ရရှာရေ။ ယကေလည်း ပင်ကိုကပင် စွမ်းရည်ပီးသူဖြစ်ရေအတွက် ၁၅၈၉ တွင် ထိုပီဆာတက္ကသိုလ်၌ ဆရာပြန်ဖြစ်ရေ။ နောက် နှစ်တဖဲ့ချေအကြာတွင် ပါဒွား (Padua) တက္ကသိုလ် သို့ပြောင်းရွှေ့ပြီး ထိုတက္ကသိုလ်တွင် ၁၆၁၀ ထိ ဆရာအဖြစ်နီထိုင်လားခပိုင် ထိုတက္ကသိုလ်၌ပင် အရီးပါသည့် သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာမှု၊ တွေ့ပီးမှုရို့ကို ပြုလုပ်လားခခြင်းဖြစ်ရေ။
သိပ္ပံပညာသျှင်ဘဝ
ဂယ်လီလီယိုဧ အရီးပါသည့် တွေ့ပီးချက်တိမှာ -
- ခေတ်အဆက်ဆက်က သိပ္ပံသမားရို့က လက်ခံယုံကြည်လာသည့် အရစ္စတိုတယ်လ် မိန့်ဆိုချက်ဖြစ်ရေ "ပစ္စည်းတစ်ခုနန့် တစ်ခုအလေးချိန်မတူကေ အမြင့်မှအောက်သို့ ကျသည့်နှုန်းလည်းမတူ၊ ကွာခြားရေ။" ရေ ယုံကြည်ချက်အမှားကို လက်တွေ့စမ်းသပ်ပြီး ခြီဖျက်ကာ ကျနှုန်းတူကြောင်း သက်သေပြခရေ။ ထိုအခြင်းအရာနန့် ပတ်သတ်သည့် နိယာမတိ၊ တွက်နည်းတွက်ကိန်းတိ၊ သီအိုရီတိကို ပါဖော်ထုတ်ပီးခရေ။
- အင်နားရှား (Inertia) သဘောကို ရှာဖွီတွေ့ပီးခြင်းရေလည်း ခေတ်သစ်သိပ္ပံပညာတွင် အရီးပါသည့် အခြင်းအရာဖြစ်ရေ။ ထိုမှ အင်နားရှားနိယာမ (Law of Inertia) ကို ဖော်ထုတ်သတ်မှတ်နိုင်ရေ။ ၎င်းမှဆင့်ပွားပြီး နယူတန်ဧ ပထမရွေ့လျားမှုနိယာမ (The First Law of Motion) တွင်ထည့်သွင်း နိုင်ခြင်းဖြစ်ရေ။
- အရီးအကြီးဆုံး တွေ့ပီးချက်မှာ နက္ခတ္တဗေဒတွင်ဖြစ်ရေ။ ၁၆၀ဝ ဝန်းကျင်ကပင် နက္ခတ်ပညာရပ်တွင် ကောပါးနိကပ်စ် (Copernicus) ဧအယူအစသစ်နန့် ပတ်သတ်ပြီး ပညာသျှင်နာမည်ခံသူရို့ မပြတ်တမ်းငြင်းခုံနေမှုရို့ကို အဆုံးသတ်စေခခြင်းဖြစ်ရေ။ ကော်ပါးနိကပ်စ်ဧ နေဗဟိုပြုသီအိုရီ (Heliocentric Theory) မှန်ကန်ကြောင်း သတ်သေပြခခြင်းဖြစ်ရေ။ ၁၆၀၄ စောစောပိုင်းကပင် ဂယ်လီလီယိုက နှုတ်ဖြင့် ပြောဆိုထောက်ခံခကေလည်း တိကျသည့် အထောက်အထား တင်ပြနိုင်ရေမဟုတ်သည့်အတွက်ကြောင့် ငြင်းခုံဆဲဖြစ်ရေ။ ၁၆၀၉ တွင် ဟော်လန်၌ နက္ခတ်မှန်ပြောင်း တီထွင်အောင်မြင်ကြောင်းသိကေ နည်းနာယူပြီး ပိုပြီးကေအဆင့်မြှင့်သည့် မှန်ပြောင်းကို တီထွင်ကာ အထက်ပါ နေဗဟိုပြုသီအိုရီကို ထင်ရှားအောင် သက်သေပြနိုင်ခရေ။ ထိုနှစ်တဖဲ့ချေအတွင်းမှာပင် နက္ခတဗေဒနန့်ပတ်သတ်သည့် တွေ့ပီးချက်တစ်ပုံတစ်ပင်ကို ဆက်ကာဆက်ကာ ဖော်ထုတ်ခရေ။
ရူပဗေဒ အခန်းကဏ္ဍ
ချိန်သီး
သူရေ အသက် ၁၉ နှစ်အရွယ်၌ ဘုရားပီးခိုးကျောင်း မျက်နှာကြက်မှ တွဲလွဲဆွဲထားရေ မှန်မီးအိမ်လွှဲနေပုံကို သတိပြုမိရာမှ ချိန်သီးလွှဲပုံအကြောင်းနန့် စပ်လျဉ်းပနာ ယခင်က လူတိမသိသေးရေ အချက်တိကို သိပီးလီရေ။ ထိုချိန်သီးဖြင့် အချိန်ကို သတ်မှတ်နိုင်သဖြင့် နောင်အခါ၌ သိပ္ပံပညာသျှင်ရို့ရေ နာရီကို ကြံစည် လုပ်ကိုင်နိုင်ကြလီရေ။
Falling Bodies
ဂယ်လီလီယိုရေ ပီဆာနန့် ပက်ဒူအား တက္ကသိုလ်တိ၌ သင်္ချာပါမောက္ခအဖြစ် လုပ်ကိုင်နေစဉ် ရူပဗေဒနန့် နက္ခတ္တဗေဒ ပညာရပ်တိကို လေ့လာခရေ။ အမြင့်မှ တစ်ပြိုင်တည်းကျရေ အရာဝတ္ထု ၂ ခုရေ အလေးချိန် မတူညီစေကာမူ မြေသို့ တစ်ပြိုင်တည်းကျရောက်ကြောင်းကို သိပီးရေ။ ထိုအချက်ကို ပီစာမျှော်စင်ကြီးပေါ်မှ အလေးချိန်မတူရေ အရာဝတ္ထုတိကိုချပနာ လက်တွေ့ပြသခရေ။
နက္ခတ္တဗေဒ အခန်းကဏ္ဍ
ဂယ်လီလီယိုရေ အဝီးကြည့်မှန်ပြောင်း (တယ်လီစကုပ်) ကို တီထွင်သူ ဖြစ်ရေ။ ထိုမှန်ပြောင်းဖြင့် အရာဝတ္ထုတစ်ခုကို ကြည့်ကေ မူလအရွယ်ထက် ၃ ဆမျှကြီးပနာ မြင်ရရေ။ ထိုနောက် အဆ ၃ဝ မျှပိုပနာ ကြည့်အားကောင်းရေမှန်ပြောင်း ကို တီထွင်လီရေ။ ထိုမှန်ပြောင်းဖြင့် ကြည့်ရေအခါ လတွင်ပီးရေ တောင်တိကိုတွေ့ရရေ။ ကြာသပတေးဂြိုဟ် (ဂျူပီတာ)ဧ အရံဂြိုဟ် ၄ လုံးကိုလည်း တွေ့ရပနာ ကွင်းစွပ်လျက်ပီးရေ စနေဂြိုဟ် (ဆက်တန်)ဧ ထူးဆန်းရေ ပုံ သဏ္ဌာန်ကိုလည်း မြင်ရရေ။ ဂယ်လီလီယိုဧ ယူဆချက်မှတစ်ခုမှ ကမ္ဘာလုံးရေ ဝင်ရိုးပေါ်၌ လည်ပြီးကေ နေကို လှည့်ပတ်လျက်ပီးရေဆိုရေ ယူဆချက်ပင် ဖြစ်ရေ။
သာသနာရီး အာဏာပိုင်တိက ထို အယူကို မိစ္ဆာအယူဟု စွဲမြဲ မှတ်ယူထားသဖြင့် ၁၆၁၆ ခုနှစ်၌ သူ့အား ထိုအယူကို စွန့်လွှတ်ရန် သတိပီးဧ။ သို့ရာတွင် ၁၆၃၂ ခုနှစ်၌ ထိုအယူကို ထုတ်ဖော်ရီးသားသဖြင့် ရောမမြို့ ပီး သာသနာရီးဆိုင်ရာ တရားရုံးက ခေါ်ယူစစ်ဆီးရေ။
ခရစ်ယာန်ကျောင်းတော်ဧ တားမြစ်မှု
ထိုတွေ့ပီးမှုတိကပင် သူ့အားဂုဏ်တက်စေသပိုင် အခြားတစ်ဖက်တွင်လည်း ရှေးယိုးစွဲ၊ ဩဇာကြီး ခရစ်ကျောင်းတော်နန့် ဆန့်ကျင်မိလေလေ ဖြစ်လာတော့ရေ။ ၁၆၁၆ တွင် အဆိုပါ ကော်ပါးနိကပ်စ်ဧ သီအိုရီနန့် ပတ်သတ်သည့် ထောက်ခံပြောဆိုမှုတိကို ရပ်တန်းမှရပ်ရန် သတိပီးတားမြစ်ခံရတော့ရေ။ သို့ဖြင့် ဂယ်လီလီယိုရေ နှစ်တိမနည်းပင် အောင့်အီးကာ နေရရှာရေမှာ ၁၆၂၃ တွင်ပုပ်ရဟန်းမင်း (Pope) ကွယ်လွန်ပြီး ရဟန်းမင်းသစ် တက်လာရေအထိပင်ဖြစ်ရေ။ ၎င်းအားထောက်ခံသည့် ပုပ်ရဟန်းမင်းသစ်ဖြစ်လာသည့် ဆဌမမြောက် အာဗန် (Urvan) က ဂယ်လီလီယိုအား ကြည်ညိုလေးစားသဖြင့် ယခင်က တားမြစ်ချက်ကို မသိကျိုးကျွန်ပြုကာ နေပီးသဖြင့် ဂယ်လီလီယို တစ်ယောက် အနေအစား ချောင်လာပြန်ရေ ဟုဆိုနိုင်ရေ။
ထိုအချိန်မှစတင်ကာ ကျမ်းတစ်စောင်ကို ကြိုးစားပမ်းစားရီးရာ နောက်ခြောက်နှစ်အကြာတွင် ကမ္ဘာ့စနစ်ကြီးနှစ်ခုဆိုင်ရာ ဆွေးနွေးငြင်းခုံမှု (The Dialogue Concerning The Two Chief World Systems) နာမည်ပီး ကျမ်းကိုပြီးစီးကာ ၁၆၃၂ တွင် ကျောင်းတော်ဧ စိစစ်ခွင့်ပြုမိန့်အရ ပုံနှိပ်ရရေ။ ယကေလည်း အဆိုပါစာအုပ်ရေ ကော်ပါးနိကပ်စ်ဧ သီအိုရီတိကို အထောက်အထား အပြည့်အစုံ၊ အချက်ကျကျဖြင့် ထောက်ခံထားသည့်အတွက် ရောမတရားဝင်စစ်ဆီးခြင်းရုံးတော် (Inquistion) မှ ၁၆၁၆ တွင် စွဲချက်တင် အမှုဖွင့်ခြင်းခံရပြန်ရေ။
ဂယ်လီလီယိုပိုင် ကျော်ကြားသည့် ပညာသျှင်ကို ပြစ်ဒဏ်ချရန်မှာ ခက်ခဲသည့်အလျှောက် ခေတ်ကာလ ကျောင်းတော်ဥပဒေ (Current Chuch Law) အရ အပြစ်အတိအကျမပီး ဟုဆိုကာ အာစက်ထရီ (Arcetri) ခေါ် နေအိမ်အကျယ်ချုပ်ဖြင့် ထားစီရေ။ ဥပဒေအရ ဧည့်ရေလက်ခံတွေ့ဆုံခြင်း မပြုရဟုဆိုကေလည်း တင်းကျပ်မှုမပီးသဖြင့် အလွယ်တကူပင် တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့် ရရေ။ အခြားပစ်ဒဏ် တစ်ရပ်မှာ "နေကိုကမ္ဘာက ပတ်ရေ"ဟူသည့် အဆိုကို လူသိသျှင်ကြား ပြန်လည်ရုပ်သိမ်းပီးရဖို့ ဟူပနာဖြစ်ရေ။ ယင့်ချင့်ကြောင့် အသက် ၆၉ နှစ်ပီး ပညာသျှင်အိုကြီးမှာ ရုံးတော်၌ပင် ထိုပိုင် ဝန်ခံရရှာရေ။ (ယကေလည်း အချို့က ထိုပိုင် အမိန့်ကို လိုက်နာပြောဆိုပြီးနောက် ရုံးတော်ကြမ်းပြင်မြေကြီးကို နမ်းရှုံ့ကာ "သူကတော့ အလှုပ်မပျက်ပါလား"ဟု အရွှန်းဖောက်ရေ ဟုဆိုကြသေးရေ။)
တရားရုံးတွင် သူရေ ထိုအယူအဆ မှားယွင်းကြောင်းကို ဝန်ခံရပြီးနောက် ဇာတိရပ်ရွာသို့ပြန်ပနာ နေထိုင်ရရေ။ ထိုအရပ်တွင် ယခင်က ကြိုးစားပနာ လေ့လာဆည်းပူးခရေ မက္ကင်းနစ်ပညာရပ်အကြောင်းကို ရီးသားကာ စာအုပ်ထုတ်ဝီလီရေ။ ဂယ်လီလေအိုရေ ပညာဉာဏ်စူးရှပနာ လက်တွေ့စမ်းသပ်လုပ်ကိုင်လေ့ပီးသဖြင့် ထိုခေတ်က ထူးချွန်ရေ သိပ္ပံပါရဂူတစ်ဦး ဖြစ်ခရေ။ လူအတိပင် ယုံကြည်နေကတ်ရေ အယ်ရစ္စတိုတယ် ရီးသားချက်တိကို မှားရေဟု ရဲဝံ့စွာ ပြောဆိုခဧ။
ဘာသာရီးကိုင်းရှိုင်းသူ ဂယ်လီလီယိုမှာ သူ့အားအမျိုးမျိုး ဒုက္ခပီးနေသည့် ကျောင်းတော်ကို စိတ်နာရေမပီးဟုသိရရေ။ သက်ဆုံးတိုင် ခရစ်ယာန်ဘာသာဝင်အဖြစ် နေထိုင်လားပြီး စက်ယန္တရားတိ အကြောင်းကို ရီးသားခရင်း အသက် ၇၈နှစ်အရွယ် ၁၆၄၂ တွင် ကွယ်လွန်လားခရေ။ သာသနာရီး အာဏာပိုင်တိနန့် အတိုက်အခံပြုကာ ကိုယ်တွေ့စုံစမ်း သိပီး ရရေ အချက်တိကို ထုတ်ဖော်ပြသခဧ။ ဒေပိုင် ရှေးဟောင်း အစဉ်အလာ အယူအဆတိကို ရဲဝံ့စွာ တော်လှန်ပနာ မှန်ကန်ရေ အချက်တိကို ထုတ်ဖော်ပြသခသဖြင့် သိပ္ပံပညာရေ တိုးတက်ခလီရေ။[5] နှောင်းလူရို့အနိန်နန့် ဂယ်လီလီယိုကို အယူအဆအဟောင်းတိကို ရဲရင့်စွာ ချိုးဖောက် တီထွင်လေ့လာ ဖော်ထုတ်သူ အဖြစ်လေးစားသမှုထားကတ်ရေ။[6]
ကိုးကား
- ↑ Science: The Definitive Visual Guide. United Kingdom: DK Publishing. 2009. p. 83. ISBN 978-0-7566-6490-9.
- ↑ Drake 1978, p. 1.
- ↑ Willam A. Wallace, Prelude to Galileo: Essays on Medieval and Sixteenth Century Sources of Galileo's Thought (Dordrecht, 1981), pp. 136, 196–97.
- ↑ လှသမိန်. "ဂယ်လီလီယို" (pdf). In စာပေစိစစ်ရေးကော်မတီ (ed.). ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.). တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ.
- ↑ Template:Wp/rki/Cite Myanmar Encyclopedia
- ↑ ကျော်စွာ(၁၀ဝ) - ဒေါက်တာသန်းထွန်း