Wp/rki/ဘဒ္ဒန္တကုမာရ
ဘဒ္ဒန္တကုမာရ (သာသနာ့ဝန်ဆောင် (ပန်းကုံး)ဆရာတော် | |
ကိုယ်ရီးအကျဉ်းချုပ် | |
မွီးသက္ကရာဇ် | ၁၂၈၀ ပြည့်နှစ် တန်ဆောင်မုန်းလဆန်း (၁)ရက် တနင်္လာနီ |
နာမည်ရင်း | ဘဒ္ဒန္တကုမာရ |
မိဘနာမည် | ဦးမောင်ကျန် +ဒေါ်ငယ်မ |
မွီးဖွားရာနီရာ | ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်၊ သစ်ဝရွာ |
နိုင်ငံသား | မြန်မာနိုင်ငံ |
လူမျိုး | ရခိုင် |
ကိုးကွယ်ရေဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ပညာအရည်အချင်း | သာသနဓဇ သီရိပဝရ ဓမ္မာစရိယ |
အလုပ်အကိုင် | စာရီးဆရာ |
အိမ်ထောင်ဖက် | |
သားသမီး | |
ထင်ပေါ်ကျော်ကြားမှု | စာရီးဆရာ |
ထင်ယှားရေလက်ရာတိ | ဗုဒ္ဓအလိုတော်ကျ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနီထိုင်နည်း၊ ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး |
ရယှိခရေဆုတိ | အဂ္ဂမဟာပဏ္ဍိတ |
လက်မှတ် | |
ကွန်ယက် |
ဆရာတော်ဘုရားစွာ သက်တော်ရွယ်တော်ငယ်စဉ်မှ စပနာ တစ်ဘဝဇာတ်သိမ်း ငြိမ်းတော်မမူမီကာလ တိုင်အောင် စာချစာသင် အသျှင်ရို့အတွက် 'ပန်းကုံး' ကျမ်းပေါင်းတိစွာကို ပြုစုတော်မူခရေ။ ထိုက် တန်ရေ အကူအညီကို ပြည့်ပြည့်၀၀ ပီးတော်မူခပနာ ပန်းကုံးကျမ်းတိ အကူအညီဖြင့် အောင်မြင်မှုကို ရယူနိုင်သူတိ မနည်းလီခ။ ယင်းချင့်ကြောင့်ပင် စာချစာသင်လောက၌ ဆရာတော်ဘုရားကို 'ပန်းကုံး ဆရာတော်' ဟု သိကတ်ဧ့။ အချို့ စာချ စာသင်အသျှင်တိ ဆရာတော်ကို မဖူးတွိ့ရကေလည်း ပန်းကုံး ကျမ်းတိနန့်ကား ရင်းနှီးနီကတ်ပါဧ့။ ဆရာတော်ဘုရားဧ့ ပန်းကုံးကျမ်းစာတိရေ တစ်ကြိမ်ထုတ်ေ၀ ပြီးနောက် တိမ်မြုပ်ပျောက်ကွယ်သွားရေ ကျမ်းစာတိမဟုတ်ဖဲ ထာဝရမှီငြမ်း အသုံးပြုရရေ ကျမ်းစာ တိလည်းဖြစ်ပါရေ။ ယင်းချင့်ကြောင့် ဆရာတော်ဘုရားဧ့ ကျမ်းစာတိရေ ရိုက်မလောက်၊ ရောင်း မလောက်အောင် ဖြစ်ကတ်ရပါရေ။ ဆရာတော်ဘုရားစော် ဆူလွယ်နပ်လွယ် ခေတ်ကိုလိုက်ပနာ ပရိသတ်ဧ့ အကြိုက်ကို လိုက်မရီး၊ ငါးပွက်ရာငါးစာချသည့် ပုံစံမျိုးမဟုတ်၊ ကျမ်းရင်းကို ပဓာနပြုပနာ လိုအပ်ရေ စကား အဓိပ္ပါယ်ကို ခေတ်မီစကားလုံးတိဖြင့် သုံးနှုန်းပနာ ခေတ်မီနည်းစနစ်နန့် သိလွယ်ထင်လွယ် မြင် လွယ်အောင် ရီး သားဖွင့်ဆိုတော် မူဧ့။ ယင့်တွက်ကြောင့် ဆရာတော်ဘုရားဧ့ ကျမ်းစာတိစွာ ခေတ် စနစ်တိ ဇာပိုင်ပင်ပြောင်းကေလည်း အသုံးပြုသူတိနန့် အံဝင်ခွင်ကျ ဖြစ်နီရေ။ တစ်ပွဲတိုး တစ်နပ်စားမျိုး မဟုတ်ကြောင်းကို လက်တွိ့အခြီအနီတိက သက်သေပြလျက် ဟိပါရေ။ ဆရာတော် ဘုရားဧ့ ကျမ်းစာတိရေ တစ်ကျမ်းဆိုကေ, ဆိုရလောက်အောင် ထိုက်ထိုက်တန်တန် ခံ့ခံ့ထည်ထည် ဂန္ထဝင်မြောက် ကျမ်းစာတိရာ ဖြစ်ရေ။
မြတ်ဗုဒ္ဓဧ့ ခက်ခဲနက်နဲရေ တရားတော်တိကို အလွယ်တကူ သိနားလည်အောင် ကျွမ်းကျင်ရေ ပန်းကုံးသမားတစ်ဦးပိုင် တစ်ကန့်စီ တစ်ကန့်စီ စနစ်တကျ လှလှပပ သီကုံးတင်ပြထားရေအတွက်ကြောင့် "ပန်းကုံး"ဆိုရေ အမည်နာမနန့် လိုက်လျာညီထွေ ဟိလှလီရေ။ ယင်းပိုင် သဘောမှန်ကို တိပိဋကဓရ ယောဆရာတော်ဘုရားက ဒေပိုင် ဂုဏ်ပြု ပူဇော်ထားပါဧ့။
"ဆရာတော်ကြီးစော် သက်တော် (၈၃)နှစ်၊ ဝါတော် (၆၂)ဝါရောက်သည်အထိ အပ္ပမာဒသတိ လက်ကိုင် စွဲြပီးကေ ရုပ်ခန္ဓာ အိုမင်းသော်လည်းပဲ စိတ်ကအပ္ပမာဒသတိအစွမ်း ဝိရိယအစွမ်းတွေကြောင့် ခွန် အားကောင်းကောင်း သတ္တိဟိဟိ စွမ်းအားအပြည့်နန့် သာသနာ့အလုပ်ကို အားထုတ်တော်မူနိုင်ခတာ အပ္ပမာဒသတိ အစွမ်းကြောင့် စွမ်းဆောင်နိုင်ခခြင်း ဖြစ်ပါရေ။ အပ္ပမာဒသတိဆိုေစ်ာ ပန်းကုံးကို ကုံးပီး ရေ ပန်းသီကြိုးနန့် တူပါရေ။ ဆရာတော် ဘုရားကြီးဧ့ အသာဓရဏ (သူတစ်ပါးနန့် မဆက်ဆံသော) အမည်တော်က "ပန်းကုံးဆရာတော်"လတ်၊ ကကောင်းလှပရေ၊ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးကို ပဓာန ထိန်းချုပ်ထားရေ ပရိယတ္တိလုပ်ငန်းစဉ်တိကို မေတ္တာ၊ စေတနာ အသိတရားနန့် ပန်းကုံးလေးပမာ လှပစွာ သီကုံးအလှဆင်ပြီး သာသနာ့ဝန်ကို ဆောင်ခလီရေ"။
ဗုဒ္ဓအလိုကျ ဆရာတော်
စာချစာသင်အသျှင်ရို့အတွက် ပန်းကုံးကျမ်းပေါင်းတိစွာကို ရေးသားပြုစုတော်မူသလို ဗုဒ္ဓသာသနာတော်ကို ကြည်ညိုအားထားကတ်ရေ ဒကာ၊ ဒကာမတိ သာသနာပြုလုပ်ငန်းကို အားပီးကူညီဆောင်ရွက်ရာ၌ စနစ်တကျ ဟိစေရန်နန့် မိမိရို့ကိုယ်တိုင် ဗုဒ္ဓအလိုကျ ကျင့်သုံးနီထိုင်နိုင်ရန်အတွက် "ဗုဒ္ဓအလိုတော်ကျ" ကျမ်းစာတိကိုလည်း ရေးသားတော်မူခပါရေ။ ထို့ကြောင့် ဆရာတော်ဘုရားကို "ဗုဒ္ဓအလိုကျ ဆရာတော်" ဟု အသိအမှတ်ပြုကတ်ပြန်ရေ။ ဆရာတော်ဘုရားဧ့ ဗုဒ္ဓအလိုတော်ကျ ကျမ်းစာတိ မည်မျှခရီးရောက် တွင်ကျယ်နီစွာကို အထူးပြောဖွယ်မလို အကြိမ်ကြိမ်ထပ်မံ ထုတ်ဝေနီရခြင်းကို ကြည့်ပနာ သိနိုင်ပါရေ။ ဗုဒ္ဓအလိုတော်ကျ ဆရာတော်ဟု ခေါ်ဝေါ်စွာထက် ဆရာတော်ကိုယ်တိုင် ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနီ ထိုင်တော်မူပနာ တပည့်တိကိုလည်း ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနီထိုင်ကတ်ရန် ဆုံးမသွန်သင်တော် မူသောကြောင့် "ဗုဒ္ဓအလိုကျ ဆရာတော်"ဟု အမည်နာမ တင်ခြင်းက ပိုပနာလေးနက်ခိုင်ခဲ့ရေဟု ဆိုချင် ပါရေ။
ဆရာတော်ဘုရားရေ မြောင်းမြဆရာတော်ဘုရားကြီးဧ့ လက်ရင်းတပည့်ပီပီ ဝိနည်းသိက္ခာပုဒ်နန့် စပ်လာကေ တင်းကြပ်ဧ့။ ပြတ်သားဧ့။ တိတိကျကျ ဆောင်ရွက်တော်မူဧ့။ လျော့ရဲရဲပြူှုကို လက်ခံတော်မမူ၊ အသေးအဖွဲအပြစ်ကလေးတိကအစ လေးလေးစားစား လိုက်နာကျင့်သုံးရှောင်ကြဉ်တော်မူပနာ တပည့်တိ ကိုလည်း လိုက်နာရန် ညွှန်ပြတော်မူဧ့။ သာသနာတာ်၌ သျှင်ရဟန်းရို့ဧ့ လျော့ရဲအားနည်းလာရေ ကိုယ်ကျင့်တရား (ပဋိပတ်)နန့် စာပီသင်ကြားမှု (ပရိယတ်)ရို့ကို အားမလို အားမရ ဖြစ်တော်မူဧ့။ သာသနာရေးနန့် ဆက်စပ်ရေ ကိစ္စရို့ကို လွယ်လွယ်ပေါ့ပေါ့ လုပ်တော်မူလေ့မဟိ။ လာဘ်လာဘဦးစီးပနာ အရာရာကို မပြုပြင်ဝံ့၊ မပြောဆိုဝံ့ ဖြစ်နီကတ်သည့် အစဉ်အလာတစ်ရပ်ကို ဘုရားသျှင်ဧ့ မျက်နှာတော်ကို သာကြည့်ပနာ အမှန်နန့်အမှားကို ခွဲခြားပြတော်မူဧ့။ အဟိကို အဟိအတိုင်း ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သား သား ဟောပြတော်မူဧ့။ ဆရာတော်ဘုရားထံ ရောက်ဟိလာကတ်ရေ့ ရဟန်းသျှင်လူရို့အား လှူရေး၊ တန်းရေး တရားထက် သာသနာပြုတရားနန့် ကိုယ်ကျင့်တရားကောင်းဖို့သာ အဓိကထားပနာ ညွှန်ပြတော်မူဧ့။ အလှူ ဒါန ပြုလုပ်ရာ၌ စနစ်တကျလှူဒါန်းတတ်ရန် ညွှန်ပြတော်မူဧ့။ ဒါန၊ သီလ၊ ဘာဝနာ ရို့ကို ပြုလုပ်ရာ၌ ဟန်ပြမဟုတ်စေဘဲ တကယ့်အနှစ်သာရဟိဟိ ပြုတတ်အောင် လမ်းညွှန်တော်မူဧ့။ အကာနန့် အနှစ်ကို ခွဲခြားပြပနာ ဒါနပြုရာ၌ ကုန်သလောက်အကျိုးဟိရန် နည်းပီးတော်မူဧ့။ မိမိကောင်းကျိုးအတွက် ဖြစ်သလို သာသနာပြုကုသိုလ်ဖြစ်ရန်လည်း ဟောပြတော်မူဧ့။
သာသနာ့ဝန်ဆောင်ဆရာတော်
[edit | edit source]ဆရာတော်ဘုရားရေ ပရိယတ္တိသာသနာ စည်ပင်ပြန့်ပွားထွန်းကားခြင်းကို လွန်စွာလိုလားတော်မူရေ။ ပရိယတ္တိသာသနာ အခြေခံကောင်းပါမှ ပဋိပတ္တိအကျင့် မှန်ကန်မည်ကိုလည်း စွဲမြဲစွာ ယုံကြည်တော်မူ ရေ။ သာသနာတော် အရှည်ခံပနာ တည်တံ့ရေးမှာ ပရိယတ္တိသာဖြစ်ကြောင်းကို အလေးအနက် ခံယူတော် မူရေ။ မူလကံ ပရိယတ္တိဝ၊ သာသနဿ မဟေသိနော။ ပရိယတ္တိပ္ပမာဏာ ဟိ၊ စိရံ သဒ္ဓမ္မသဏ္ဍိတိ။ ဟူသော မိန့်မှာချက်ကို အပြည့်အ၀ လက်ခံတော်မူသည်။ သို့သော် သင်ယူရုံ (ပရိယတ်) သက်သက်ကိုကား အားပေးတော်မမူ။ ပရိယတ်(စာပေ) သင်ယူခြင်းသည် ပဋိပတ် (ကျင့်သုံး)ရန်အတွက် ဖြစ်သည်ဟူသော အချက်ကို အလေးအနက် ထားတော်မူပနာ အသင်နန့် အကျင့်ကို တွဲဖက်ပေးတော်မူသည်။ သို့ဖြစ်သောကြောင့် ပဋိပတ် မကင်းသော ပရိယတ်ဖြစ်စေရန် "သာသ နာ့ဝန်ဆောင်ကျောင်းတိုက်"ကို ဦးစီးတည်ထောင်တော် မူခပါသည်။ ထိုအခါမှစပနာ ဆရာတော်ကိုလည်း "သာသနာ့ဝန်ဆောညင်ဆရာတော်" (သို့မဟုတ်) "ဝန်ဆောင်ဆရာတော်"ဟု ခေါ်လာကြပါတော့သည်။ ဆရာတော်ဘုရားသည် ငယ်စဉ်မှစပနာ မူလကျေးဇူးသျှင် မြောင်းမြဆရာတော်ဘုရားကြီးထံ ပရိယတ်ကို လုံလုံလောက်လောက် သင်ကြားတော်မူခသည်။ ထို့ပြင် မြန်မာ့ပရိယတ်နယ်ပယ်၌ အစဉ်လာ ကြီးမားသော ဆရာတော်ဘုရားကြီးတိထံ နည်းခံသင်ယူခပြန်သည်။ ထို့နောက် သင်ယူတတ်မြောက်ထားသော ပရိယတ် ပညာကို ထပ်ဆင့်ပို့ချခသည်။ မြောင်းမြ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်၊ တိုက်သစ်ပဇ္ဇောတာရုံ၊ ရန်ကုန် မဟာဗောဓိကျောင်းတိုက်နန့် မှော်ဘီ သာသနာ့ဝန်ဆောင်ကျောင်းတိုက်ရို့၌ နှစ်ပေါင်း (၅၀)ကျော် စာပီ ပို့ချ အုပ်ချုပ်ပနာ သာသနာပြုတော် မူခသည်။ ကျမ်းစာတိ ရေးသားပနာ အားပီးကူညီခသည်။ ထို့ကြောင့် ဆရာတော်ဘုရား ပျံလွန်တော်မူကေ ပျံလွန်တော်မူခြင်း ကြွရောက်လာသော တိပိဋကဓရဆရာတော် ဘဒ္ဒန ္တသုမင်္ဂလာလင်္ကာရက ဆရာတော်ဘုရားဧ့ သာသနာပြုလုပ်ငန်း သာသနာ့တာဝန်ထမ်းဆောင်ပုံရို့ ကို လေးလေးနက်နက် မှတ်တမ်းတင်ခပါဧ့။ "သာသနာ့ဝန်ဆောင် ဆရာတော်ဘုရားကြီး (အသျှင်ကုမာရ)သည် သာသနာ့ဝန်ကို အပြည့်အ၀ မှန်ကန်စွာ တိတိကျကျ အောင်မြင်စွာ ဆောင်ရွက်တော်မူသွားသဖြင့် တကယ့်သာသနာ့ဝန်ဆောင် ဆရာတော် ဘုရားကြီးပါပဲ၊ 'အစားထိုးမရ'ဟူသော အသုံးအနှုန်းဂုဏ်ပုဒ်နန့် အမှန်တကယ်ပင် အတိအကျ အပြည့်အဝထိုက်တန်သော ဆရာတော် ဘုရားကြီး ဖြစ်ပါတယ်"။
ရှေးဟောင်းစာပီ (ထိန်းသိမ်းရေး)နန့် ဆရာတော့်ဆန္ဒ
[edit | edit source]ရှေးဟောင်း ဗုဒ္ဓစာပီ ထိန်းသိမ်းရေးကိစ္စကိုလည်း ဆရာတော်ရေ အားစိုက်တော်မူဧ့။ ရှေးဟောင်း စာပီ (အထူးသဖြင့် နိဿယ)တိ မပျောက်ပျက်စေလို။ နောင်လာနောက်သားတိ မှီငြမ်းစရာ မဟိကေ အခက်တွိ့မည်ကို စိုးရိမ်တော်မူဧ့။ သာသနာ အားနည်းကွယ်ပျောက်မည့်အရေးကိုပင် တွေးတောကြံ ဆတော်မူလျက် အင်တိုက်အားတိုက် ကြိုးစားတော်မူဧ့။ ဆရာတော်ဘုရားဧ့ သြဝါဒတစ်ရပ်တွင် ဒေပိုင် မိန့်တော်မူခဧ့ - "ရှေးဟောင်းစာပေတွေ ထိန်းသိမ်းရတာက ဘာဖြစ်လို့လဲဆိုတော့ ရှေးဟောင်းစာပေတွေ ပျောက်ပျက် ကုန်ရင် နောင်လာနောက်သားတွေ မှီးငြမ်းကိုးကားဖို့ မလွယ်ကူတာ ဖြစ်လိမ့်မယ်။ ခုပဲ တချို့စာအုပ်တွေ ဟာ ရှာမရလောက်အောင် လုပ်ထားခမယ်။ နောင်လူတွေ ဆက်လုပ်နိုင်အောင် မူချပီးခမယ်။ နောက် လူတွေ ဆက်ပြီးသာ ကြိုးစားရစ်ကြပေတော..."
ဆရာတော်ဘုရားစွာ မိမိလုပ်ချင်ရေ့ အလုပ်ကိစ္စတိကို စိတ်တိုင်းကျ လုပ်ဆာင်မပြီးမီ ပုံစံမကျမီမှာပင် မျက်နှာလွှဲတော် မူခရဧ့။ လုပ်ငန်းပမာဏကား ကြီးမားလှဧ့။ စာအုပ်ဟောင်းတိကို မိတ္တူအဆင့်ဆင့် စကင်နာအဆင့်ဆင့်မှ ကွန်ပျူတာစာစီ စာအုပ်အဆင့်ထိ မှန်းထားတော် မူခရေ။ ဆရာတော်ဘုရား ရေ ရှေးဟောင်းစာပီရို့ကို လွန်ခရေ့ နှစ်(၂၀)ခန့်မှစပနာ ရှာဖွေစုဆောင်းတော်မူခဧ့။ ရနိုင်မည့်နီရာ ရို့ကို အပင်ပန်းခံပနာ ကြွတော်မူခဧ့။ သက်တော်ရွယ်တော် ကြီးရင့်မှုကို ပဓာနမထား ကိုယ်နန့် အသက်ကို သာသနာတော်အတွက် အပ်နှင်းထားတော်မူဧ့။ ဆရာတော်ဘုရား လုပ်ကိုင်ဆောင်ရွက်ချက်နန့် မိန့်ကြား ခရေ စကားရို့ကား နှောင်းခေတ်လူရို့အတွက် အတူယူကျင့်သုံးဖွယ် ဖြစ်ပီစွ၊ အားဆေးသဖွယ် ဖြစ်ပီ စွ။
အလုပ်မလုပ်နိုင်ဘဲ အသက်မရှည်လို
[edit | edit source]"သေမှာကြောက်နေလို့တော့ မဖြစ်ဘူး၊ တစ်နေ့သေမှာပဲ။ မသေခင် အလုပ်လုပ်ဖို့ပဲ လိုတယ်၊ သာသ နာတော်အတွက် အလုပ်လုပ်ဖို့ အသက်ရှည်ချင်သေးတယ်။ အလုပ်မလုပ်နိုင်ဘဲနန့်တော့ သူတိပြုစုခံပြီး အသက်မရှည်ချင်ဘူး။"
ဆရာတော်ဘုရားဧ့ ဆန္ဒအတိုင်း ဖြစ်လေရော့သလား။ ဆရာတော်ဘုရားကို တပည့်သံဃာတိနန့် ဒကာ ဒကာမတိ အားရကျေနပ်အောင်ပင် မပြုစုလိုက်ကတ်ရ။ နီမကောင်းရေဟု သိရရေမှ စံလွန်တော်မူ ရေအထိ (၃)ရက်တင်းတင်းလောက်သာ ဟိပါဧ့။ ဆရာတော်ဘုရားဧ့ ခံယူချက်ရို့ကား လေးနက်လှဧ့။ ဆုံးဖြတ်ချက်ရို့ကား ခိုင်မာလှဧ့။ သာသနာပြုလိုရေ့ ဆန္ဒကား ပြင်းပြတော်မူလှဧ့။ ဆရာတော်ရေ သူတိပီးရေ ဂုဏ်ထက် မိမိအလုပ်ကို မြတ်နိုးတော်မူဧ့။ နားနီဆိုစာ မဟိ။ အားနီစာ မဟိ။ ဝီရိယကို မလျှော့ချ စိတ်ဓါတ်ကို မြှင့်တင်ထားဧ့။ မိမိလုပ်ရမည့် အလုပ်ကို ဇွဲသန်သန်ဖြင့် ကြိုးစားတော်မူဧ့။ အနှောင့်အယှက် အခက်အခဲ အဟန့်အတားတိဟိစေကာမူ ဖြစ်မြောက်အောင်ကြိုးစားတော်မူဧ့။
သာသနာ့ဝန်ဆောင်ကျောင်းတိုက် စတင်တည်ထောင်စဉ် အတိစုက "မဖြစ်နိုင်"ဟု ထင်ကတ်ဧ့။ ထင်ရေ့ အတိုင်းလည်း ပြောကတ်ဧ့။ သာမာန်ဆိုကေကား ပြောမည်ဆိုက ပြောစရာပင် ခရီးဝေးဧ့။ လူသူမနီး တော ကြီးမျက်မဲ တောအထပ်ထပ် တောင်အသွယ်သွယ် သို့သော် ဆရာတော်ဘုရားကြီးရေ ဘုရားသျှင်ကို ကြည်ညိုဧ့။ ဆရာသခင်ကို လေးစားဧ့။ မိမိစွမ်းအားသတ္တိကို ယုံကြည်ဧ့။ ဆရာ့ထံမှ စည်းကမ်းနည်းလမ်း တိကို ပြည့်ပြည့်၀၀ ရဟိထားဧ့။ ထိုစည်းကမ်းနည်းလမ်း၊ စွမ်းအားသတ္တိ၊ ယုံကြည်မှုရို့ကို ပေါင်းစပ်ပနာ စွမ်း အားပြည့် ကြိုးစားလိုက်ရေ့အခါ သာသနာ့ဝန်ဆောင်ကျောင်းတိုက်ကြီးကား ထီးထီးမားမား ပေါ်ထွန်းလာ ခပေပြီ။ "မဖြစ်နိုင်"ဟု ဆိုသူရို့ နှုတ်ပိတ်ကတ်ရတော့ဧ့။ အံ့သြကတ်ရတော့ဧ့။ ဆရာတော်ဧ့ စွမ်းရည်သတ္တိကို မှတ်ကျောက်တင်ရေ့ မှတ်တိုင်တစ်ခုအဖြစ် ထယ်ထယ်ဝါဝါ ပေါ်ထွန်းခလေပြီ။
ဒဿမ ရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ မြောင်းမြဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု မစိုးရိမ် ဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု သဒ္ဓမ္မောဒယဆရာတော်ကြီး၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အသျှင် ဇနကာဘိဝံသ၊ လပွတ္တဆရာတော် အသျှင်ကုသလ၊ အဂ္ဂမဟာပဏ္ဍိတ ပဝရဓမ္မစရိယဘွဲ့တော်နန့် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရို့ကို အလှူခံရဟိခပါရေ။ တိုက်သစ်ပဇ္ဇောတာရုံစာသင်တိုက်နန့် သာသနာ့ ဝန်ဆောင်ကျောင်းတိုက်ရို့ကို တည်ထောင်တော်မူခပါရေ။ ဆရာတော်ဘုရားရေ ပန်းကုံးကျမ်းပေါင်း (၈)ကျမ်းနန့် ဗုဒ္ဓအလိုတော်ကျ (၄)ကျမ်း၊ ကဗျာ့အုတ်မြစ်စနစ်သစ်နန့် မြောင်းမြဆရာတော်ထေရုပ္ပတ္တိ အပါအဝင် စုစုပေါင်း (၁၄)ကျမ်းရို့ကို ရေးသားပြုစုတော် မူခရေ။
ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားသော်လည်း တည်ထောင်ခရေ့ကျောင်းတိုက်တိက သာသနာ့ တာဝန်ကို ဆက်လက်ထမ်းဆောင်ပနာ ပြုစုခရေ ကျမ်းစာတိက ရဟန်းသျှင်လူရို့ဧ့ အကျိုးကို သယ် ပိုးဆောင်ရွက်နီဦးမည်သာ ဖြစ်ပါရေ။
ဆရာတော်လောင်းလျာရေ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သစ်ဝရွာ၊ ခမည်းတော် ဦးမောင်ကျန် + မယ်တော် ဒေါ်ငယ်မရို့မှ ၁၂၈၀ ပြည့်နှစ် တန်ဆောင်မုန်းလဆန်း (၁)ရက် တနင်္လာနီ့တွင် ဖွားမြင်ခပါ ရေ။ ၁၂၉၅ - ခုနှစ်တွင် သာမဏေအဖြစ်သို့ ရောက်ခပါရေ။ ၁၀၃၁ - ခုနှစ် တပေါင်းလပြည့်နိ့တွင် တောင်နီဆရာတော်ဘုရားကြီးကို ဥပဇ္ဈေပြုပနာ မယ်တော်ဒေါ်ငယ်မ ဧ့ ပစ္စယနုဂ္ဂဟဖြင့် ရဟန်းအဖြစ်သို့ ရောက်ခပါရေ။
မြောင်းမြမြို့၊ ပဇ္ဇောတာရုံကျောင်းတိုက်၊ ဒဿမရွှေကျင်သာသနာပိုင် ဝိသုဒ္ဓါရုံမြောင်းမြဆရာတော် ဘဒ္ဒန္တဉာဏ ဘိဝံသ၊ ဆရာတော် ဥုးဉာနိက (အဂ္ဂမဟာပဏ္ဍိတ၊ ဘာသန္တရဆေက)၊ လပွတ္တာမြို့ လေးထပ်ဆရာတော် အသျှင်ကုသလ၊ လက်ပန်းတန်းမြို့ အဘိဓဇမဟာရဌဂုရု သဒ္ဓမ္မောဒယဆရာတော်၊ မန္တလေးမြို့ အဘိဓဇ မဟာရဌဂုရု မစိုးရိမ်ဆရာတော်၊ စစ်ကိုင်းမြို့ အဂ္ဂမဟာပဏ္ဍိတ ပဌာန်းသိပ္ပံဆရာတော် အသျှင်ဣန္ဒက ၊ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် အသျှင်ဇနကာဘိဝံသရို့ထံ စာလိုက်ခရေ။
၁၃၁၁-ခုနှစ်တွင် စာချတန်း (၉၀ကျမ်းလုံးကို အောင်မြင်ပနာ "သာသနဓဇ သီရိပဝရ ဓမ္မာစရိယ"ဘွဲ့ကို ရဟိခ ရေ။
၁၃၃၃-ခုနှစ်တွင် မြောင်းမြမြို့၊ နေရှင်နယ်ကုန်းရပ်၌ တိုက်သစ် ပဇ္ဇောတာရုံကျောင်းတိုက်ကို မြောင်းမြ ဆရာတော်ဘုရားကြီးနန့်အတူ တည်ထောင်ခရေ။
၁၃၄၇-ခုနှစ်တွင် မှော်ဘီမြို့နယ် အင်းလျက်ကျေးရွာအုပ်စု ရေပြာကျေးရွာ၌ သာသနာ့ဝန်ဆောင်ကျောင်း တိုက်ကို စတင်တည်ထောင်ခပါရေ။
၁၃၅၄-ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆက်ကပ်လှူဒါန်းရေ "အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့တံဆိပ်တော်ကို အလှူခံရဟိပါရေ။
ပါဠိ၊ အဌကထာ၊ ဋီကာတိကို ကိုးကားပနာ "ဗုဒ္ဓအလိုတော်ကျ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနီထိုင်နည်း၊ ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး" အစဟိရေ ခိုင်မာထည်ဝါ လှရေ ကျမ်းစာတိကို စိတ်အားထက်သန်စွာ အဆက်မပြတ်ပြုစုတော် မူခရေ။
၁၃၆၃-ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၀)ရက်၊ (၁၃.၉.၂၀၀၁) ကြာသပတေးနိ့၊ ည (၁၁ း ၁၀) နာရီအချိန် ၌ တစ်ဘ၀ ဇာတ်သိမ်းပနာ ငြိမ်းတော်မူပါရေ။
ကိုးကား
[edit | edit source]နိုင်ငံအကျိုးပြု အဖိုးတန်ရတနာတိ (၂) - အေးသိန်း စာအုပ်မှ -