Wp/rki/ပရိုတိန်း

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ပရိုတိန်း
မိုင်ရိုဂလိုဗင်ဧ သုံးဖက်မြင် တည်ဆောက်ပုံကို ဖော်ပြရေ ပုံ။ အယ်လ်ဖာ ဟီးလစ်တိကို အရောင်ဖြင့် ပြထားရေ။ ဒေပရိုတိန်းရေ X-ray ပုံဆောင်ခဲ နည်းပညာ ဖြင့် ပဋ္ဌမဆုံး တည်ဆောက်ပုံကို သိရခြင်းဖြစ်ရေ

ပရိုတိန်းရေ အမီနို အက်စစ် တိဖြင့် ဖွဲ့စည်းထားသည့် ဩဂန်းနစ် ဒြပ်ပေါင်း ဖြစ်ရေ။ ကြိုးတချောင်းသဖွယ် ချိတ်ဆက်ထားသည့် အမိုင်နို အက်ဆစ်တိရေ ရှည်လျားလွန်းအတွက်နန့် ခွေလိပ်ကာ လုံးထွီးနီရေ။ ပေါ်လီမာအတွင်းဟိ အမိုင်နို အက်ဆစ်တိတွင် ကာဗောက်ဆိုင်း (carboxyl) အုပ်စုနန့် အမီနို (amino) အုပ်စုတိအကြား ပက်တိုက်စည်း (peptide bond) တိဖြင့် ချိတ်ဆက်ထားရေ။ ပရိုတိန်းတမျိုးအား ဖွဲ့စည်းရာတွင် အမီနို အက်စစ်တိအား မည်ပိုင် အစီအစဉ်ဖြင့် ချိတ်ဆက်ပီးရဖို့ကို မျိုးဗီဇခေါ် ဂျီး (Gene) တိတွင် သုံးလုံးတတွဲ မျိုးဗီဇသင်္ကေတ (genetic code) တိဖြင့် သတ်မှတ်ထားရေ။ [1]

ပရိုတိန်းဖွဲ့စည်းရာ၌ စံ အမီနို အက်ဆစ် အမျိုး ၂၀ ဟိရေ။ ထိုစံအပြင် အခြားဘေ့စ် အကြွင်းအကျန်တိရေ ယင်းပရိုတိန်း ဖွဲ့စည်းပုံကို မွမ်းမံပီးကာ ပရိုတိန်းဧ ရုပ်သတ္တိ၊ ဓာတ်သတ္တိ၊ ခွေလိပ်မှု၊ တည်ငြိမ်မှုကို ပြောင်းလဲပီးရေ။ ပရိုတိန်းတိရေလည်း အချင်းချင်း ပူးတွဲကာ တည်ငြိမ်သည့် အစိတ်အပိုင်းတခုဖြစ်လာကာ သတ်မှတ်ထားသည့် လုပ်ငန်းတမျိုးကို လုပ်ဆောင်ပီးနိုင်ရေ။

အခြား ကြီးမားသည့် ဇီဝမော်လီကျူးတိပိုင်ပရိုတိန်းရေ သက်ဟိတိအတွက် အရီးပါသည့် ဒြပ်ပစ္စည်းတိဖြစ်ပြီး ဆဲလ်တခု အသက်သျှင်ရီးတွင် ပါဝင်ဆောင်ရွက် ကတ်ရေ။ ပရိုတိန်း အတော်တိတိရေ အင်ဇိုင်းတိ ဖြစ်ကတ်ပြီး ဇီဝဓာတ်ပြုတိ ပိုပြီးကေမြန်ဆန် တွင်ကျယ်စေသည့် ဓာတ်ကူပစ္စည်းတိ ဖြစ်ရေ။

ပရိုတိန်းတိရေလည်း သတ္တဝါတိအတွက် အရီးပါသည့် အဟာရဓာတ်တမျိုး ဖြစ်ရေ။ သတ္တဝါတိရေ အသက်သျှင် နီထိုင်ရန်အတွက် အရီးပါသည့် အမိုင်နို အက်ဆစ် အမျိုး ၂၀ စလုံးကို ကိုယ်တိုင် မထုတ်လုပ်နိုင်ရေကြောင့် ပရိုတိန်းတိကို အားထားရရေ။ အစာချေဖျက်သည့် ဖြစ်စဉ်အတွင်း သတ္တဝါတိရေ မိမိရို့ စားသုံးသည့် ပရိုတိန်တိကို အမိုင်နို အက်ဆစ်တိ အဖြစ် ပြိုကွဲလားစေကာ ဇီဝတွင်း ဖြစ်ပျက်မှုတွင် အသုံးချရေ။

ပရိုတိန်းပေါင်းစပ်ခြင်း[edit | edit source]

ပရိုတိန်းဖွဲ့စည်းရာတွင် အမိုင်နို အက်ဆစ်တိအား ဇာ အစီအစဉ်ဖြင့် တွဲချိတ်ရဖို့ကို မျိုးဗီဇ (gene) တခုမှ ဒီအန်အေစဉ်တန်းတွင် ဗီဇသင်္ကေတတိဖြင့် ရီးမှတ်ထားရေ။

မျိုးရိုးဗီဇတွင် ပါဝင်သည့် အချက်အလက်တိအရ အမိုင်နို အက်ဆစ်တိကို စီတန်းချိတ်တွဲကာ ပရိုတိန်းကို ပေါင်းစပ်ဖွဲ့စည်းရေ။ ပရိုတိန်းတိုင်းကို ၎င်းရို့ဧ သီးသန့် အမိုင်နိုအက်ဆစ် စဉ်တန်းဖြင့် ဖွဲ့စည်းထားရေ။ ဗီဇသင်္ကေတ ဆိုရေမှာ ကိုဒွန် (codon) ခေါ် နျူကလီရိုတိုက် သုံးလုံးတွဲ တစုံဖြစ်ရေ။ သင်္ကေတတစုံစီရေ အမိုင်နို အက်ဆစ် တစ်မျိုးစီကို ကိုယ်စားပြုရေ။ ဥပမာအားဖြင့် AUG ရေ methionine အတွက် သင်္ကေတဖြစ်ရေ။ ဒီအန်အေတွင် နျူကလီရိုတိုက် ၄ မျိုးဟိသည့်အတွက် ဖြစ်နိုင်သည့် ကိုဒွန် အရီအတွက်မှာ ၆၄ မျိုး ဖြစ်ရေ။ ယင့်ချင့်ကြောင့် အချို့ အမီနို အက်ဆစ်ကို ကိုယ်စားပြုသည့် ကိုဒွန် တခုထက် မက ဟိတတ်ရေ။ [2]

ဒီအန်အေမှ မျိုးဗီဇတိကို ပထမဦးစွာ အမ်အာအန်အေ (messenger RNA, mRNA) အဖြစ် RNA polymerase ခေါ် ပရိုတိန်းတိက ကူးပြောင်းပီးရေ။ အမ်အာအန်အေကို ပုံစံပြားအဖြစ်ထားကာ ရိုင်ဘိုစုန်းတိက ပရိုတိန်းအဖြစ် ပေါင်းစပ်ယူရေ။ [3]

အမ်အာအန်အေ ပုံစံပြားမှ ပရိုတိန်း ပေါင်းစပ်ယူခြင်းကို ဘာသာပြန်ခြင်း (translation) ဟု ခေါ်ရေ။ ရိုင်ဘိုစုန်းတိရေ အမ်အာအန်အေပေါ်တွင် တွဲကပ်ကာ နျူကလီရိုတိုက် သုံးလုံးကို ဖတ်ယူပြီး ယင်းကိုဒွန်နန့် တွဲဖက်သည့် အမီနို အက်ဆစ်ကို ပေါင်းစပ်ပီးရေ။ [2] ပရိုတိန်းတိဧ အရွယ်အစားရေ ယင်းတွင်ပါဝင်သည့် အမီနို အက်ဆစ် အရီအတွက်ပေါ်တွင် မူတည်ရေ။

ကိုးကား[edit | edit source]

  1. Ridley, M. (2006). Genome. New York, NY: Harper Perennial. ISBN 0-06-019497-9
  2. 2.0 2.1 van Holde and Mathews, pp. 1002–42.
  3. Dobson CM. (2000). "The nature and significance of protein folding". In Pain RH. (ed.) (ed.). Mechanisms of Protein Folding. Oxford, Oxfordshire: Oxford University Press. ISBN 0-19-963789-X. {{cite book}}: |editor= has generic name (help)