Wp/rki/ထွန်းမြတ်နိုင်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ထွန်းမြတ်နိုင်

ဗိုလ်ချုပ်ထွန်းမြတ်နိုင်


(ရက္ခိုင်တပ်တော်၏ စစ်ဦးစီးချုပ်နှင့် တည်ထောင်သူ)

လက်ရှိ ရက္ခိုင်တပ်တော်၏ စစ်ဦးစီးချုပ်နှင့် တည်ထောင်သူ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဦးရွှေမြအောင်နှင့် ဒေါ်မမြသန်းတို့မှ စစ်တွေမြို့

ဘောင်းဒွတ်သားစုရပ်ကွက်တွင် ၁၉၇၈ ခုနှစ်၌ မွေးဖွားခဲ့သည်။ မောင်နှမများမှာ ထွန်းမင်းနိုင်၊ ထွန်းမြတ်နိုင်၊ လင်းလင်း၊ မိုးနှင်း၊ ထွန်းအောင်နိုင်၊ မိုးဆန်း၊ မိုးပန်း တို့ဖြစ်သည်။ မွေးချင်းမောင်နှမ ၇ ဦးအနက် ဒုတိယမြောက်သားဖြစ်သည်။ ပတ်၀န်းကျင်မှသူ့ကို ဗိုလ်ချုပ်ဟုပင် ခေါ်ဆိုကြသည်။

ဗိုလ်ချုပ်၏ အဘိုးတို့မှာ ပညာတတ်မျိုးရိုးပီပီ နိုင်ငံရေး ရခိုင့်နိုင်ငံရေးအတွေးအခေါ်ရှိသူများဖြစ်ကြသည်။ အဘိုးထံမှ နိုင်ငံရေးအမွေးကို ဆက်ခံရရှိခဲ့သည်။ ထိုနည်းအတူ စစ်အစိုးရ၏လုပ်ရပ်များကို မလိုမုန်းတီးရံွ့ရှာခဲ့သည်။ ဗိုလ်ချုပ်သည် ငယ်စဉ်ကတည်းကပင် နိုင်ငံရေးစာပေ၊ ဥပဒေတို့နှင့် ထိတွေ့ခွင့်ရခဲ့သည်။ နိုင်ငံရေးဘာသာရပ်၊ သမိုင်းဘာသာရပ်နှင့် ဥပဒေပြုရေးတွေကို စိတ်ဝင်တစား လေ့လာခဲ့သည်။ ဘာသာစကား(၄)မျိုးထိ ပြောဆိုနိုင်စွမ်းရှိသည်။

ညီအစ်ကို မောင်နှမ ၇ ယာက်တွင် ၆ ယောက်မှာ Tourist Guide ဖြစ်သည်။ မျိုးရိုးလိုက်သည်ဟု ပတ်သတ်ဆက်နွယ်သူများက သမုခ်ကြသည်။ ဒသမတန်းကို စစ်တွေမြို့ အထက(၂)ကျောင်းမှ ထူးချွန် စွာအောင်မြင်ခဲ့သည်။ သို့သော်လည်း လူငယ်များ စိတ်ဝင်စားမှုနည်းတတ်သော ဥပဒေမေဂျာကို စစ်တွေတက္ကသိုလ်တွင် လေ့လာသင်ယူခဲ့သည်။ ကျောင်းပြင်ပမှ အင်္ဂလိပ်စာဘာသာရပ်ကို စနစ်တကျလေ့လာသင်ယူခဲ့သည်။ သူရုပ်ရည်ရူပါတို့ကြောင့် တက္ကသိုလ်တွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ခဲ့သည်။ သို့ရာတွင် တက္ကသိုလ်တက်ရောက် ပညာသင်ယူနေစဉ်ကတည်းပင် နိုင်ငံစိတ်များ တက်ကြွလာပြီး စစ်အုပ်ချုပ်စနစ်ကို မုန်းတီးသူဖြစ်သည်။ နိုင်ငံတကာစာပေများကို သင်လေ့လာရင်းဖြင့် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုကို လေ့လာခွင့်ရရှိခဲ့သည်။

ဘွဲ့ရပြီးနောက်တွင် ရန်ကုန်မြို့နှင့် မြန်မာပြည်အနှံ့လေ့လာခဲ့သည်။ ထို့အပြင် အချိန်ပိုင်း အင်္ဂလိပ်စာဆရာ Tourst Guide လုပ်ကိုင်ခဲ့ပြီး မြေအောက်လှုပ်ရှားမှုတို့ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ ရခိုင်ပြည်နယ်အနှံ့ဟောပြောပွဲများကို ပြုလုပ်ခြင်း၊ စည်းရုံးခြင်းတို့ကို တစ်ဖက်တွင် ပြုလုပ်သကဲ့သို့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုတည်ထောင်နိုင်ရန်လည်း နယ်စပ်ဒေသများသို့ ဆက်သွယ်ခဲ့သည်။ ပထမပိုင်းတွင် ထိုင်းနိုင်ငံအခြေစိုက် ရခိုင်အရေးလှုပ်ရှားသူတို့နှင့် ဆက်သွယ်ခဲ့သည်။ ကရင်ပြည်နယ်တွင် အခြေစိုက်ပြီး လက်ကိုင်အဖွဲ့တည်ထောင်ရန် ကြိုးစားခဲ့သေးသည်။ သို့ရာတွင် ကရင်ပြည်နယ်၌ နဂိုကတည်းက လုပ်ရှားနေသည့် ရခိုင်လက််နက်ကိုင်အဖွဲ့အစည်းရှိခဲ့ပြီးသားမို့ နောက်ပိုင်းတွင် ဆရာစံကျော်ထွန်းတို့ တည်ထောင်ခဲ့သည် ကချင်ဘက်အခြမ်းကို ရွေးချယ်ခဲ့သည်။

ပညာရေးဘက်တွင်လည်း အင်္ဂလိပ်စာထူးချွန်သောကြောင့် British Council မှ Scholarship Award ကို ရရှိခဲ့သော်လည်း ပညာရေးဘက်ထက် နိုင်ငံရေးဘက်ကို အားသန်ခဲ့သည်။ ဥပဒေပညာရပ်ကို စနစ်တကျသင်ယူခဲ့သည့်သာမက နိုင်ငံတကာဥပဒေပညာရပ်များကို လေ့လာခဲ့ကြောင့် အဖွဲ့အစည်းနှင့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စည်းစနစ်ကျသည်။ ခေတ်လူငယ်၊ ခေတ်ပညာတတ်ဖြစ်သည့်က တစ်ကြောင်း လုပ်ရည်ကိုင်ရည်ရှိသည့်က တစ်ကြောင်း၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်ရှိ KIA တို့ အထောက်အပံ့ကို ရယူရာပြီး ရက္ခိုင်တပ်တော် AA) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်အပါအ၀င် ရဲဘော်၂၆ ဦးဖြင့် စတင်ထူထောင်ခဲ့သည်။

ရခိုင်ပြည်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများတွင် အချိန်တိုးတိုးအတွင်း တိုးတက်မှုအရှိဆုံး အဖွဲ့အစည်းအဖြစ် ပြည်သူများက အသိအမှတ်ပြုကြသည်။ ယခုအခါ ဇနီး ဇာဇာနှင့်အတူ သမီးကလေးတစ်ဦးရှိသည်။ လက်ရှိတွင် ကချင်ပြည်နယ်တွင် နေထိုင်လျှက်ရှိသည်။