Wq/my/မြန်မာနိုင်ငံ

From Wikimedia Incubator
< Wq‎ | my
Wq > my > မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၊ တရားဝင်အမည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အရှေ့တောင်အာရှရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်သည်။ အနောက်ဘက်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်၊ အရှေ့ဘက်တွင် ထိုင်းနှင့် လာအို၊ မြောက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်တို့နှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းရှိသည်။ ၂၀၁၇ စာရင်းအရ ၅၄ သန်းဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၆၇၆,၅၇၈ စတုရန်းကီလိုမီတာ (၂၆၁,၂၂၈ စတုရန်းမိုင်)ရှိသည်။ မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး အကြီးဆုံးမြို့နှင့် ယခင်မြို့တော်ဟောင်းမှာ ရန်ကုန်မြို့ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံတွင် အဖွဲ့ဝင် ဖြစ်သည်။

အဆိုအမိန့်များ[edit | edit source]

  • အိန္ဒိယနဲ့ မြန်မာကြား စည်းလုံးညီညွတ်ရေးဟာ အခြေခံ အကျဆုံးတော့ မဟုတ်ပါဘူး။ စည်းလုံးညီညွတ်မှုဟာ တည်ကြည်သောစရိုက်ဖြစ်မယ်ဆိုရင် ဆွေမျိုးပေါက်ဖော်သဘောအရ ပေါင်းသင်းဆက်ဆံမှုအပေါ်မှာ အခြေခံပါတယ်။ အတိုချုပ်ပြောရရင် နာမ်တရားဖြစ်တယ်။ ဒီထည့်သွင်းစဉ်းစားစရာတွေကြောင့် ပါကစ္စတန်နဲ့ ဟိန္ဒူစတန်ကြား စည်းလုံးညီညွတ်ရေးဟာ ဒဏ္ဍာရီတစ်ခုဖြစ်တယ်။ အမှန်က ဟိန္ဒူစတန်နဲ့ မြန်မာနိုင်ငံအကြားက စည်းလုံးညီညွတ်မှုဟာ ပါကစ္စတန်နဲ့ ဟိန္ဒူစတန်အကြားထက် ပိုမိုသွေးစည်းချည်နှောင်မှု များတယ်။

ဆက်စပ်ဖတ်ရှုရန်[edit | edit source]

ပြင်ပလင့်ခ်များ[edit | edit source]

Wikipedia
Wikipedia
ဝီကီပီးဒီးယားတွင် အောက်ပါဆောင်းပါး ရှိသည်။
Commons
Commons
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် အောက်ပါအတွက် မီဒီယာ ရှိသည်။

Template:Wq/my/Wikisource