Wq/my/အောင်ဆန်းစုကြည်

From Wikimedia Incubator
< Wq‎ | my
Wq > my > အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် (၁၉ ဇွန် ၁၉၄၅ မွေးဖွား) သည် မြန်မာ နိုင်ငံရေးသမား၊ သံတမန်၊ စာရေးဆရာနှင့် ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် (ဝန်ကြီးချုပ် အဆင့်နှင့် ညီမျှ) နှင့် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်မှ ၂၀၁၁ အထိ အထွေထွေအတွင်းရေးမှူးတာဝန် ယူခဲ့သည်။ ၂၀၁၀ ခုနှစ် မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ သူမသည် အကြမ်းမဖက်သော ဒီမိုကရေစီအရေးလှုပ်ရှားသူဖြစ်ပြီး ၁၉၉၀ ခုနှစ် စက်ခါရော့ဗ်ဆုရှင်လည်း ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ရိုဟင်ဂျာ သတ်ဖြတ်မှုများအပေါ် နှုတ်ဆိတ်နေခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ်မှစ၍ သူမအပေါ် ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

အဆိုအမိန့်များ[edit | edit source]

    • ပထမဆုံးမိန့်ခွန်း (၂၆ ဩဂုတ် ၁၉၈၈)
  • ရဲစွမ်းသတ္တိဆိုတာ ကြောက်စိတ်မရှိတာကို ပြောတာမဟုတ်ဘူး။ သတ္တိအစစ်အမှန်ဆိုတာ ကြောက်လျက်နဲ့ မှန်တာကို လုပ်ရဲတာ သတ္တိအစစ်အမှန်ပဲ။ ဒီခေတ်မှာဆိုလို့ရှိရင် မှန်တာလုပ်တဲ့သူတွေအများကြီး အချုပ်အနှောင်ခံရတယ်။ အများကြီး ဒုက္ခပေးခံရတယ်။ ဒါပေမယ့်လည်း မှန်တာမို့လို့ဆိုပြီးတော့ လုပ်ရဲတဲ့သတ္တိရှိရမယ်။
    • မြောင်းမြမြို့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးလူငယ်များနှင့် တွေ့ဆုံစဉ်ပြောကြားသော မိန့်ခွန်း (၁၆ ဇန်နဝါရီ ၁၉၈၉)
  • တိုင်းရင်းသားလူမျိုးစုအားလုံးက ပြည်ထောင်စုအကျိုးအတွက်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ လုပ်ဖို့လိုပါတယ်။ ကျမတို့ လွတ်လပ်ရေးရပြီးတဲ့ခေတ်မှာ ဒီတိုင်းပြည်မတိုးတက်တာဟာ ညီညွတ်မှုမရှိလို့ပဲ။ နိုင်ငံသူ နိုင်ငံသားများဟာ ကိုယ့်အကျိုးထက် တိုင်းပြည်အကျိုးကို ရှေ့မထားလို့ ကျမတို့ တိုးတက်မှုမရှိခဲ့ဘူးလို့ ထင်ပါတယ်။ တစ်ပါတီအာဏာရှင်စနစ် စိုးမိုးသွားရတယ်ဆိုတာလည်း ပြည်သူလူထုဟာ မှန်ကန်တဲ့ နိုင်ငံရေးအသိအမြင်တွေ မရှိလို့ဘဲ ဖြစ်ပါတယ်။ ဒီတော့ နောက်တစ်ခါ အာဏာရှင်စနစ် မဖြစ်စေချင်ဘူး။ ကျမတို့နိုင်ငံကို ဒီမိုကရေစီစနစ်အရ အားလုံးစိတ်ချမ်းသာရေးအတွက် ထူထောင်စေချင်တယ် ဆိုလို့ရှိရင် နိုင်ငံသူနိုင်ငံသားအားလုံးဟာ ကိုယ့်မှာရှိတဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ဖို့ လိုပါတယ်။ နိုင်ငံရေးဆိုတာ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စပါ။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့၊ တည်တံ့ခိုင်မြဲဖို့ဆိုတာ အားလုံးဝိုင်းပြီးတော့ ကြိုးစားဖို့ လိုပါတယ်။
    • ကချင်ပြည်နယ်ခရီးစဉ်၊ မြစ်ကြီးနားမြို့ အဖွဲ့ချုပ်ရုံးတွင် ပြောကြားသော မိန့်ခွန်း (ဧပြီ ၁၉၈၉)
  • အများရဲ့အခွင့်အရေးကို မလေးစားတာဟာ ကိုယ့်ရဲ့အခွင့်အရေးကို မလေးစားတာနဲ့ တူတူပါ။ အဲဒီတော့ အများအကျိုးဆောင်ရင် ကိုယ့်အကျိုးအောင်တယ်ဆိုတဲ့ထုံးအတိုင်း ကျမတို့ဟာ အများအကျိုးဖြစ်တဲ့ ဒီမိုကရေစီအောင်မြင်မှုစနစ်ကို ထောက်ခံဖို့လိုပါတယ်။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ပထမစပြီးတည်ထောင်လိုက်တာဟာ ပါတီနိုင်ငံရေးလုပ်ဖို့ တည်ထောင်ခဲ့တာမဟုတ်ပါဘူး။ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးအတွက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ လွတ်လပ်မှုပိုပြီးတော့ ရချင်ရင်၊ လူ့အခွင့်ရေးများ ပြည့်ပြည့်စုံစုံခံစာချင်လို့ရှိရင် လူတိုင်းလူတိုင်းဟာ နိုင်ငံရေးကို ဝါသနာပါရမယ်။ နိုင်ငံရေးကို လုပ်ရဲရမယ်၊ လုပ်ချင်ရမယ်
    • မွန်ပြည်နယ်စည်းရုံးရေးခရီးစဉ်အတွင်း သိမ်ဖြူဇရပ်မြို့နယ်အဖွဲ့ချုပ်ရုံးတွင် ပြောကြားသော မိန့်ခွန်း (၁၆ ဒီဇင်ဘာ ၁၉၈၈)
  • နိုင်ငံသူ နိုင်ငံသားများ ညီညွတ်မယ်ဆိုရင် ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ နိုင်ငံသူနိုင်ငံသားများရဲ့ ဆန္ဒကို တွန်းလှန်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူလူထုက ညီညွတ်မယ်ဆိုရင် ဘယ်လိုအုပ်ချုပ်မှုစနစ်ကမှ ပြည်သူလူထုရဲ့ ဆန္ဒကို အတိုက်အခံလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ ထူထောင်ချင်တဲ့ အုပ်ချုပ်မှုစနစ်ဟာ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီတဲ့ အုပ်ချုပ်မှု စနစ်ဖြစ်ပါတယ်။ ဒီလိုအုပ်ချုပ်မှုစနစ် ထူထောင်ဖို့အတွက် အားလုံးက တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းပြီးတော့ ပါဝင်ကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။
    • မြန်မာပြည်မြောက်ပိုင်းခရီးစဉ်၊ မြစ်ကြီးနားမြို့နယ်၊ ကရိန်နော်ရွာတွင် ပြောကြားသော မိန့်ခွန်း (၂၇ ဧပြီ ၁၉၈၉)
  • ပြည်သူလူထုဟာ လုံးဝလွတ်လပ်မှုမရှိဘူးဆိုရင် နိုင်ငံတစ်နိုင်ငံလုံးကို လွတ်လပ်တယ်လို့ ဘယ်လိုမှ ခေါ်လို့မရဘူး။ တပ်မတော်ဆိုတာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ တည်ထောင်ခဲ့တာမဟုတ်ဘဲ ပြည်သူလူထုကို ကာကွယ်ဖို့၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ဖို့ ထူထောင်ထားတာ။ တပ်မတော်ဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ထူထောင်တာလဲ၊ ပြည်သူလူထုကို ဖေးမဖို့ ကာကွယ်ဖို့ ဒါတွေရည်ရွယ်ချက်နဲ့ ထူထောင်တာပဲ။ နိုင်ငံရေးလုပ်ဖို့ ထူထောင်တာမဟုတ်ဘူး။ တပ်မတော်ဆိုတာ အရောင်ဆိုးထားတဲ့ တပ်မတော် မဖြစ်ဘူး။ ဘာအရောင်မှမရှိတဲ့ ပြည်သူလူထုကို ကာကွယ်တဲ့ မဏ္ဍိုင်သဖွယ် မိမိတို့ရဲ့ တာဝန်ဝတ္တရားကို သီးသီးသန့်သန့် ထမ်းဆောင်တဲ့ တပ်မတော်သာဖြစ်သင့်ပါတယ်။
    • ဌာနချုပ်ရုံးတွင် ပြောကြားသော မိန့်ခွန်း (၂၆ ဧပြီ ၁၉၉၉)

ပြင်ပလင့်များ[edit | edit source]

Wikipedia
Wikipedia
ဝီကီပီးဒီးယားတွင် အောက်ပါဆောင်းပါး ရှိသည်။
Commons
Commons
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် အောက်ပါနှင့်ပတ်သက်သော မီဒီယာ ရှိသည်။