Wq/my/ဘာရက် အိုဘားမား

From Wikimedia Incubator
< Wq‎ | my
Wq > my > ဘာရက် အိုဘားမား
When we have faced down impossible odds; when we've been told that we're not ready, or that we shouldn't try, or that we can't, generations of Americans have responded with a simple creed that sums up the spirit of a people: Yes, we can.

ဘာရက်ခ် ဟူစိန် အိုဘားမား (၄ ဩဂုတ် ၁၉၆၁ မွေးဖွား) သည် အမေရိကန် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၄၄ ဦးမြောက် အမေရိကန်ပြည်ထောင်စု သမ္မတအဖြစ် ၂၀၀၉ မှ ၂၀၁၇ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကင်ညာဖခင်နှင့် ကန်းဆက်မိခင်တို့မှ ဟာဝိုင်ယီတွင် မွေးဖွားခဲ့ပြီး ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သည်။

အဆိုအမိန့်များ[edit | edit source]

၂၀၁၂[edit | edit source]

ရန်ကုန်တက္ကသိုလ်မိန့်ခွန်း (နိုဝင်ဘာ ၂၀၁၂)[edit | edit source]

ရန်ကုန်တက္ကသိုလ်တွင် ပြောကြားခဲ့သော သမ္မတအိုဘားမား၏ မိန့်ခွန်း (၁၉ နိုဝင်ဘာ ၂၀၁၂)
အာဏာဆိုတာ လူတွေရဲ့ ကြောက်ရွံ့ခြင်းက မဟုတ်ဘဲ လူတွေရဲ့ မျှော်လင့်ချက်က ဆင်းသက်လာတယ်
No process of reform will succeed without national reconciliation.
ဒီမိုကရေစီမှာ အရေးအကြီးဆုံး ရုံးဌာနက ပြည်သူပြည်သားတွေရဲ့ရုံး ဖြစ်ပါတယ်။ သမ္မတရုံး မဟုတ်ပါဘူး။ လွှတ်တော်ရုံးမဟုတ်ပါဘူး။ ပြည်သူပြည်သားတွေရဲ့ရုံးဖြစ်ပါတယ်။
  • နှလုံးသားထဲမှာ မျှော်လင့်ချက်ရှင်သန်နေသမျှ ဘယ်လူသားကိုမှ အမှန်တကယ် အကျဉ်းချထားလို့ မရဘူး။ ဆိုတာကို သက်သေပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်းထန်တဲ့ ဂုဏ်သိက္ခာကြောင့် ကျနော်တို့ဟာ စိတ်ဓာတ်တွေ နိုးကြားတက်ကြွခဲ့ရပါတယ်။
  • ကျနော်တို့လာခဲ့ကြတဲ့ နေရာခြင်းမတူကြပေမယ့် ကိုယ့်ခေါင်းဆောင်တွေ ကိုယ်ရွေးချင်တာ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ချင်တာ၊ ပညာသင်ကြားဖို့နဲ့ ကောင်းကောင်းမွန်မွန်နေထိုင်ချင်တာ၊ ကျနော်တို့ရဲ့မိသားစုနဲ့ ရပ်ရွာအသိုင်းအဝန်းအပေါ် ချစ်ခင်မေတ္တာထားချင်ကြတာ ဆိုတဲ့ ကျနော်တို့ရဲ့အိပ်မက်တွေ တူညီကြပါတယ်။ ဒါကြောင့် လွတ်လပ်မှုဟာ စိတ်ကူးသက်သက်မဟုတ်ပါဘူး။ လွတ်လပ်မှုဟာ လူသားတွေရဲ့တိုးတက်မှုကိုဖြစ်စေနိုင်တဲ့ တခုတည်းသော အရာဖြစ်ပါတယ်။ လွတ်လပ်မှုဟာ ဆန္ဒမဲပုံးမှာ သာမဟုတ်ပါဘဲ ကျနော်တို့ရဲ့ နေ့စဉ်ဘ၀ ဖြစ်ပါတယ်။
    ကျနော်တို့ရဲ့အမေရိကန်ပြည်ထောင်စုရဲ့ကြီးကျယ်မြင့်မြတ်တဲ့ သမ္မတ ဖရန်ကလင် ဒီလာနို ရုစ်စဗဲ့က ဒီအမှန်တရားကို နားလည်ခဲ့ပါတယ်။ သူက အမေရိကန်ရဲ့အရေးဟာ ဆန္ဒမဲပေးပိုင်ခွင့်ထက် ပိုတယ်လို့ သူက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ဒီမိုကရေစီဆိုတာ ဆန္ဒမဲပေးရုံသက်သက် မဟုတ်ဘူးဆိုတာ သူနားလည်ခဲ့ပါတယ်။ သူက အခြေခံလွတ်လပ်ခွင့် ၄ ရပ်ဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လုံလောက်တဲ့ လူနေမှုအဆင့်အတန်းနဲ့ နေပိုင်ခွင့်နှင့် ကြောက်ရွံ့ခြင်းမှလွတ်လပ်ခွင့် ဆိုတဲ့ အခြေခံ လွတ်လပ်ခွင့် ၄ ရပ်ကို လက်ခံယုံကြည်ဖို့ ကမ္ဘာကို သူတောင်းဆိုခဲ့ပါတယ်။ ဒီလွတ်လပ်ခွင့် ၄ ခုဟာ အပြန်အလှန်အားပြုနေပြီးတော့ တခုကို အပြည့်အ၀ အကောင်အထည်မဖော်နိုင်ရင် ကျန်တဲ့ဟာတွေ အားလုံးကို မရနိုင်ပါဘူး။
  • မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ အကန့်အသတ် ရှိမှုတွေကို လက်ခံရပါမယ်။ ကျနော်တို့ရဲ့ အမေရိကန်စနစ်က အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။ အမေရိကန်ဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး စစ်တပ် ရှိကောင်းရှိပေမယ့် ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။ ကျနော်ဟာ အမေရိကန်သမ္မတ တဦးအဖြစ် ဆုံးဖြတ်ရပြီး စစ်တပ်က အကောင်အထည်ဖော် လုပ်ဆောင်ရပါတယ်။ တခြားနည်းနဲ့ လုပ်လို့ မရပါဘူး။ ကျနော်ဟာ သမ္မတနဲ့ စစ်တပ် အကြီးအကဲဖြစ်တဲ့အလျှောက် ပြည်သူတွေကို တာဝန်ခံရတဲ့အတွက် ကျနော့်မှာ တာဝန်ရှိပါတယ်။
  • တခြားတဖက်မှာ ကျနော်ဟာ သမ္မတဆိုပေမယ့် ကျနော်ရဲ့ဆန္ဒတိုင်းကို အမေရိကန် လွှတ်တော်မှာ အတင်းအကျပ် အတည်ပြုခိုင်းလို့ မရပါဘူး။ ဥပဒေပြုအဖွဲ့က သူမှာ ကိုယ်ပိုင်အာဏာနဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါမှ သူတို့က ကျနော်ရဲ့အာဏာကို စစ်ဆေး ထိန်းညှိလို့ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ တရားသူကြီးတချို့ကို ကျနော်ခန့်ရတယ် ဆိုပေမယ့် တရားစီရင်ရေးမှာ ဘယ်လိုဆုံးဖြတ်ပါဆိုပြီး ကျနော်ဝင်ပါလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်မှာ ဆင်းရဲတဲ့ကလေးငယ်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ တပြေးညီဖြစ်နေလိုပါပဲ။ ပြီးတော့ တရားသူကြီး တယောက်က ကျနော်ဟာ ဥပဒေလိုက်နာမှု ရှိသလား၊ ဥပဒေဖောက်ဖျက်မှုရှိသလား ပြီးတော့ ဒီဥပဒေကို အပြည့်အ၀ တာဝန်ခံမှုရှိသလား ဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။
  • ဗိုက်ဟောင်းလောင်းဖြစ်နေသူတွေရဲ့ ဆင်းရဲမှုကို အာဏာမဲ့တွေရဲ့ အကျဉ်းထောင်နဲ့အလဲအလှယ်လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် လူထုရဲ့ အစိုးရ၊ လူထုက တင်မြှောက်တဲ့ အစိုးရ၊ လူထုအတွက် အစိုးရဟာ ကြွယ်ဝချမ်းသာမှုကို ပိုမိုဆောင်ကြဉ်းပေးနိုင်တယ်ဆိုတာ သမိုင်းက ပြသခဲ့ပြီးပါပြီ။
  • သာမန်ပြည်သူတွေက သူတို့ရဲ့ကိုယ်ပိုင် အနာဂတ်အကြောင်းပြောတဲ့အခါ ခင်ဗျားတို့ရဲ့ မြေတွေကို ခင်ဗျားတို့ဆီက အလွယ်တကူသိမ်းယူသွားလို့ မရပါဘူး။
  • ပြီးတော့ လူတိုင်းအတွက် အခွင့်အလမ်းရမယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမျိုး ဖြစ်စေရမယ်။ ခင်ဗျား အလုပ်ကြိုးစားရင် အောင်မြင်နိုင်မယ်။ ဒါမှလည်း တိုင်းပြည်ကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာအောင် ပြောင်းလဲနိုင်မှာပါ။ ဒါပေမယ့် ဒီလိုတိုးတက်မှုဟာ အကျင့်ပျက်ခြစားမှုတွေကို နောက်မှာ ချန်ထားခဲ့နိုင်မှသာ ဖန်တီးနိုင်မှာပါ။ အခွင့်အလမ်းတွေ ရလာမယ့် ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပြုပြင်ပြောင်းလဲရေးဟာ ဘတ်ဂျက်ကို ပွင့်လင်းမြင်သာမှုရှိရှိ မြှင့်တင်ရပါမယ်။ ပြီးတော့ စက်မှုလုပ်ငန်းတွေဟာ ပုဂ္ဂလိကပိုင် ဖြစ်စေရမယ်။
  • အားလုံးထက် အရေးကြီးတာက ခင်ဗျားတို့ရဲ့အသံတွေကို အစိုးရက ကြားတဲ့အခါ ခင်ဗျားတို့ရဲ့ အခြေခံလိုအပ်ချက်ကို ပိုပြီး ပြည့်မီလာစရာရှိပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဟာ ဆာလောင်မွတ်သိပ်နေသူတွေ၊ ဖျားနာနေသူတွေ၊ လျှပ်စစ်မီးမရှိ၊ ရေမရှိ နေနေရသူတွေရဲ့ နေ့စဉ်ဘဝတွေထိ ရောက်နိုင်ပါလိမ့်မယ်။
  • ကျနော်တို့ကို အမှတ်ရစေတာဟာ ကမ္ဘာ့စီးပွားရေးမှာ တိုင်းပြည်ရဲ့ အကြီးမားဆုံး အရင်းအမြစ်ဟာ သူ့ရဲ့ ပြည်သူတွေပါပဲ။ ဒါကြောင့် ခင်ဗျားတို့ဆီမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ဒီနိုင်ငံကို ပိုမိုပြီး ကြွယ်ဝချမ်းသာဖို့အတွက် တံခါးဖွင့်ပေးနိုင်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ တိုးတက်နိုင်တဲ့ အလားအလာဟာ အဲဒီနိုင်ငံက ပြည်သူတွေ အထူးသဖြင့် လူငယ်တွေကို စွမ်းရည်မြှင့် တင်ပေးတဲ့အပေါ် မူတည်နေပါတယ်။
  • အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အချိန်ယူရပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဘုံလူသားဆန်မှုနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် သွေးထိုးလှုံ့ဆော်မှုတွေကို ရပ်ရမယ်၊ အကြမ်းဖက်မှုတွေကို ရပ်ရမယ်။
  • နိုင်ငံသားဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ဘယ်နိုင်ငံမဆို အပြင်းအထန် ကြိုးစားခဲ့ကြရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဆွေးနွေးငြင်းခုံခဲ့ရတာပါ။ အခုထိလည်း ဆက်ပြီး ငြင်းခုံရဆဲပါ။ ဒါပေမယ့် အဓိကအခြေခံအချက်တွေကတော့ တကမ္ဘာလုံးအတွက် အတူတူပါပဲ။ ဘယ်သူဖြစ်ဖြစ် အခြိမ်းခြောက်မခံရပဲ နေထိုင်နိုင်ခွင့် ရှိဖို့ လိုပါတယ်။ မိသားစုတွေ ဘေးရန်ကင်းကင်း နေနိုင်ဖို့ လိုပါတယ်။ သူတို့ ဘယ်သူဘယ်ဝါဖြစ်နေလို့ ဒါမှမဟုတ် သူတို့ ဘယ်နေရာကနေ ရောက်လာလို့ ဆိုပြီး သူတို့အိမ်တွေ မီးရှို့ခံရတာမျိုး မဖြစ်သင့်ပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ့်နိုင်ငံသားတွေကပဲ ကိုယ့်ရဲ့ နိုင်ငံညီညွတ်မှုကို လုပ်နိုင်တာပါ။ မြန်မာနိုင်ငံသားတွေဟာ မတူကွဲပြားမှုဆိုတာကို အားနည်းချက်တရပ်အနေနဲ့ မဟုတ်ဘဲ၊ အင်အားအဖြစ် အသုံးချနိုင်လိမ့်မယ်လို့ ကျနော်အခိုင်အမာ ယုံကြည်ပါတယ်။
  • ပုံစံမျိုးစုံနဲ့ ဒီအကြောက်တရား အင်အားစုတွေဟာ လူသားတွေအကြားနဲ့ သူတို့ရဲ့ အိပ်မက်တွေကြားမှာ ရှိနေပါတယ်။ ပဋိပက္ခတွေနဲ့ လက်နက်စစ်ပွဲတွေရဲ့ ကြောက်ရွံ့မှုတွေ အတိတ်နဲ့ မတူကွဲပြားမှုအတွက် အနာဂတ်ကို ကြောက်ရွံ့မှုတွေ၊ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးကို ရှေ့နောက်ပြောင်းပြန် ပြန်ဖြစ်စေတဲ့ အပြောင်းအလဲတွေကို ကြောက်ရွံ့မှုတွေ၊ အသွင်မတူတဲ့၊ နေရာမတူတဲ့၊ ကိုးကွယ်မှု မတူတဲ့လူတွေကို ကြောက်ရွံ့မှုတွေ။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရချိန် သူ့ရဲ့ အမှောင်ဆုံးနေ့ရက်တွေမှာ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးဆိုတဲ့ စာတခု ရေးခဲ့ပါတယ်။ သူရေးခဲ့တာက “ဆုံးရှုံးမှာကို ကြောက်ရွံ့တဲ့စိတ်က အာဏာပိုင်တဲ့လူ တွေကို ပျက်စီးစေတဲ့အကြောင်းပါ။ အာဏာလက်လွတ်မှာ ကြောက်တဲ့စိတ်က အာဏာရှိသူတွေကို ပျက်စီးစေပြီး အာဏာမဲ့သူတွေကိုလည်း အာဏာနဲ့ နှိပ်စက်တာခံရမှာ ကြောက်တဲ့စိတ်က ပျက်စီးစေတယ်” ဒီကြောက်ရွံ့မှုမျိုးကို ခင်ဗျားတို့ ချန်ထားခဲ့နိုင်ပါပြီ။ အာဏာဆိုတာ လူတွေရဲ့ ကြောက်ရွံ့ခြင်းက မဟုတ်ဘဲ လူတွေရဲ့ မျှော်လင့်ချက်က ဆင်းသက်လာတယ်ဆိုတာ စတင် နားလည်တဲ့ ခေါင်းဆောင်ကို မြင်တွေ့ခွင့်ရနေပါပြီ။
  • နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက သူ့ရဲ့ တိုင်းသူပြည်သားတွေကို ပြောသလို “နိုင်ငံရေးဟာ ခင်ဗျားတို့ရဲ့ အလုပ်ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေအတွက်ချည်း မဟုတ်ပါဘူး။” နောက်ပြီး အမေရိကန်မှာ ထုတ်ဖော်ပြောဆိုလေ့ရှိတာတခုက ဒီမိုကရေစီမှာ အရေးအကြီးဆုံး ရုံးဌာနက ပြည်သူပြည်သားတွေရဲ့ရုံး ဖြစ်ပါတယ်။ သမ္မတရုံး မဟုတ်ပါဘူး။ လွှတ်တော်ရုံးမဟုတ်ပါဘူး။ ပြည်သူပြည်သားတွေရဲ့ရုံးဖြစ်ပါတယ်။
  • အဆုံးမှာတော့ ခင်ဗျားတို့နဲ့ ဒီနိုင်ငံက နိုင်ငံသားတွေဟာ လွတ်လပ်ခွင့်ဆိုတာဟာ ဘာလဲဆိုတာကို အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်သူတွေ ဖြစ်ကြပါတယ်။ စစ်မှန်တဲ့ တော်လှန်ရေးစိတ်ဓာတ်ဟာ ကျနော်တို့ရဲ့ နှလုံးအိမ်တခုချင်းစီမှာ စတင်တာဖြစ်လို့ ခင်ဗျားတို့ဟာ လွတ်လပ်မှုကို ဖမ်းယူကိုင်ဆွဲနိုင်သူတွေ ဖြစ်ပါတယ်။ ဒီလိုသတိမျိုးက လိုအပ်ပါတယ်ဆိုတာ ခင်ဗျားတို့ရဲ့ ခေါင်းဆောင်တွေ ပြသခဲ့ကြပြီးပါပြီ။

၂၀၁၄[edit | edit source]

အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မွေးထုတ်ရေးအစီအစဉ် မိန့်ခွန်း (နိုဝင်ဘာ ၂၀၁၄)[edit | edit source]

လူသားတွေရဲ့ ဂုဏ်သိက္ခာဆိုတာ တစ်ကမ္ဘာလုံး လေးစားလိုက်နာရတဲ့ အရာတစ်ခုဖြစ်ရုံမျှ မကဘဲ လူ့အခွင့်အရေး တစ်ရပ်လည်း ဖြစ်တယ်
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တက္ကသိုလ်တွင် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မွေးထုတ်ရေးအစီအစဉ်အတွက် သမ္မတအိုဘားမား ပြောကြားခဲ့သော မိန့်ခွန်း
  • ကျွန်တော်ကမ္ဘာပတ်ပြီး ခရီးသွားခဲ့တယ်။ ဥရောပကနေအာဖရိက၊ တောင်အမေရိကပြီး တော့ အရှေ့တောင်အာရှကိုပေါ့။ အဲဒီအခါ ကျွန်တော်သဘောကျတဲ့ အရာတွေထဲက တစ်ခုဟာ လူငယ်လူရွယ် ယောက်ျားလေး၊ မိန်းကလေးတွေနဲ့ တွေ့ဆုံရတာ ပါပဲ။ ခင်ဗျားတို့လိုပေါ့။ အစည်း အဝေးခန်းမကြီးတစ်ခုမှာ တွေ့ဆုံရတဲ့အခါ ပိုပြီး ပျော်စရာကောင်းပါတယ်။ ပြီးတော့ ပိုပြီးလည်း အရေးပါလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ဟာ ဒီနိုင်ငံနဲ့ ဒီဒေသရဲ့ အနာဂတ်ကို အဆုံး အဖြတ်ပေးရမယ့် ငယ်ရွယ်တဲ့ ခေါင်းဆောင်လေးတွေ ဖြစ်နေလို့ပဲ။ ဒီတော့ ကျွန်တော်က ကိုယ့် ရဲ့ ရည်ညွှန်းမှတ်ချက်တွေကို လိုရင်းရောက်အောင် တိုတိုတုတ်တုတ်ပဲပြောမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က ခင်ဗျားတို့ဆီက မေးခွန်းတွေနဲ့ မှတ်ချက်တွေကို ရနိုင်သမျှ လိုချင်လို့ပါ။
  • ဒါကြောင့် တိုးတက်ပြောင်းလဲမှုတွေကတော့ မလွဲဧကန် ဖြစ်လာမှာပဲ။ သမိုင်းကြောင်းဟာ အမြဲတမ်းရှေ့ကို ချီတက်နေတာမဟုတ်ဘူး။ သမိုင်းဟာတစ်ခါတလေဘေးကို ယိုင်သွားတတ်တယ်။ တစ်ခါတလေ နောက်ပြန်ဆုတ်သွားနိုင်တယ်။ နှစ်ပေါင်းများစွာ ပဋိပက္ခတွေဖြစ်ခဲ့ပြီး တဲ့အချိန် ယုံကြည်မှုကို ပြန်လည်တည်ဆောက်တဲ့အခါ အချိန်ယူရမှာပဲ။ အတိတ်ကိုပြန် ကြည့်ပြီး ဖြစ်ရပ်ဆိုးတွေကြောင့်ရလာတဲ့အနာတရတွေဟာ သတ္တိကို ဆောင်ကြဉ်းပေးတယ်။ လွတ်လပ်မှုနဲ့ဒီမိုကရေစီကို လက်တွေ့ရယူနိုင်ဖို့အတွက် ကောင်းမွန်တဲ့ ယုံကြည်စိတ်နဲ့ စိတ်ဓာတ်ခွန်အားမျိုး လိုအပ်တယ်။ ပြီးတော့သည်းခံနိုင်စွမ်း၊ မတူကွဲပြားမှုတွေကို လေးစားတန်ဖိုးထားမှုတွေအပြင် ပြည်သူလူထုအားလုံးရဲ့ ဆန္ဒအလျောက်ပါဝင် ကူညီဆောင်ရွက်မှုတွေလည်း လိုအပ်ပါတယ်။ အမေရိကန်ပြည်သူတွေက အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေဆိုတာဟာ အလကားရလာတာမဟုတ်မှန်း သိကြတယ်။ စည်းမျဉ်းစည်းကမ်းတွေ၊ စိတ်မသက်မသာဖြစ်မှုတွေကိုယုံကြည်စိတ်နဲ့ ရုန်းကန်ဖြတ်သန်းရင်း အရယူနိုင်ခဲ့တာဖြစ်တယ်။ ဒီလိုရုန်းကန်ရမှုတွေကို ဦးဆောင်တဲ့ သူတွေဟာလူငယ်ပိုင်းတွေ ဖြစ်နေလေ့ရှိတယ်။ တဖြည်းဖြည်းချင်းတည်ဆောက်ယူရတာကို လက်ခံရင်းအချိန်အတိုင်းအတာတစ်ခုမှာ ကျွန်တော် တို့ရဲ့ အမေရိကန်ပြည်ထောင်စုကို ပြီးပြည့်စုံစေခဲ့ပါတယ်။
  • ငယ်ရွယ်တဲ့ ခေါင်းဆောင်တွေဟာ ဒေသတွင်းမှာ ရှိနေတဲ့ ကွဲပြားခြားနားမှုတွေကို အားနည်းချက် တစ်ခုအနေနဲ့ လက်ခံယုံကြည်ရမှာ မဟုတ်ဘူး။ ခွန်အားတစ်ရပ်လို့ ခံယူရမှာဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်ဦးချင်းအရ ကွဲပြားခြားနားမှုတွေ အများကြီး ရှိတယ်ဆိုတာကို သတိပြုရမယ်။ မတူညီတဲ့ ဓလေ့ထုံးစံတွေ၊ လူ့အသိုက်အဝန်းတွေပေါ့။ ဒါပေမဲ့ကျွန်တော်တို့ဟာ အတူတကွ ပေါင်းစည်းလုပ်ဆောင်တဲ့အခါပိုပြီး သန်မာအားကောင်းလာလိမ့်မယ်။
  • ဒီတော့ ဒီဒေသ၊ ခင်ဗျားတို့ ဒေသရဲ့ အနာဂတ်ကို စစ်အာဏာရှင်၊ ဒါမှမဟုတ် စစ်တပ်ရဲ့ အလိုအတိုင်း ဖော်ဆောင်ရမှာ မဟုတ်ဘူး။ ဒီဒေသရဲ့ အနာဂတ်ကို စွန့်ဦးလမ်းပြသူတွေ၊ တီထွင်ဖန်တီးသူတွေနဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်သူတွေက ဖန်တီးရမှာ ဖြစ်တယ်။ ခင်ဗျားတို့ဟာ အဲဒီအရာတွေကို လက်တွေ့ လုပ်ဆောင်ရမယ့် ခေါင်းဆောင်တွေ ဖြစ်လာရမယ်။ ခင်ဗျားတို့ရဲ့ မျိုးဆက်ဟာ လူ့အသိုင်းအဝိုင်းကို ပုံဖော်ရာမှာ တခြားအရင် မျိုးဆက် အားလုံးထက် ပိုပြီးတော့ အလားအလာကောင်း တွေ ပိုင်ဆိုင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့မှာ နေရာတိုင်းက စွမ်းအားနဲ့ ဗဟုသုတတွေ ရှိနေလို့ပဲ။ ခင်ဗျားတို့မှာ မိဘတွေ၊ ဘိုးဘွားတွေထက် ပိုင်းခြားသိမြင်နိုင်စွမ်းနဲ့ အတွေ့အကြုံကောင်းတွေ ပိုများလာတယ်။ ပြီးတော့ ခင်ဗျားတို့ဟာ အခုအချိန်မှာ ဒီဒေသကြီး တစ်ခုလုံးအပြင် တစ်ကမ္ဘာလုံးက လူငယ်တွေနဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေ မျှဝေဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပြီ။ လွန်ခဲ့တဲ့ နှစ် ၂၀၊ ဒါမှမဟုတ် နှစ် ၅၀ လောက်က ဒါမျိုး မဖြစ်နိုင်ဘူးလေ။
  • လူသားတွေရဲ့ ဂုဏ်သိက္ခာဆိုတာ တစ်ကမ္ဘာလုံး လေးစားလိုက်နာရတဲ့ အရာတစ်ခုဖြစ်ရုံမျှ မကဘဲ လူ့အခွင့်အရေး တစ်ရပ်လည်း ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အမြဲတမ်း အမှတ်ရနေအောင် လုပ်ဆောင်ဖို့အတွက် ခင်ဗျားတို့မှာ အစွမ်းရှိတယ်။