Wq/my/ဒေ့ဗ်လက်ဒပ်
Appearance


ဒေ့ဗ်လက်ဒပ် (၁၃ ဒီဇင်ဘာ ၁၉၉၁ မွေးဖွား) သည် ကနေဒါလူမျိုး သတ်သက်လွတ် လှုပ်ရှားသူ၊ လက်ဝှေ့ကစားသမားတစ်ဦးဖြစ်ပြီး လက်ဝှေ့ရွှေခါးပတ်ဆုကို ပထမဆုံး မြန်မာနိုင်ငံသားမဟုတ်သည့် ရရှိသူ ဖြစ်သည်။
အဆိုအမိန့်များ
[edit | edit source]တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍
[edit | edit source]လက်ဝှေ့နှင့် ပတ်သက်၍
[edit | edit source]- တခြားကိုယ်ခံပညာတွေထက် လက်ဝှေ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ပြဖို့ နိုင်ငံခြားသား ကစားသမားတွေနဲ့ ထိုးသတ်ချင်ပါတယ်။
- ကျွန်တော်က အစွန်းရောက်တာကို ကြိုက်တယ်၊ ပုံမှန်ဖြစ်ရတာကို သဘောမကျခဲ့ဘူး။ F*** normal. ဘဝမှာတော့ ကျွန်တော်က သိုးမည်းပဲ။ ကျွန်တော်က တမျိုးထူးပေမယ့် သဘောကျတယ်။
- South China Morning Post (၂ ဩဂုတ် ၂၀၁၉)
- လက်ဝှေ့က ပိုပြီး ကျော်ကြားလာတယ်။ ဒီနောက်ကွယ်မှာ ကျွန်တော်ရှိနေတဲ့အတွက် ဂုဏ်ယူတယ်။ ကျွန်တော်က လက်ဝှေ့ကို ကမ္ဘာကျော်စေခဲ့တယ်။ မြန်မာ့ဂုဏ်သတင်းဆောင်ပြီး ခရီးသွားတွေများများ လာစေခဲ့တယ်။
- Myanmar Times (၁၃ ဒီဇင်ဘာ ၂၀၁၈)
- နောက်ဘဝကျရင် မြန်မာမှ ပြန်ဝင်စားကောင်း ဝင်စားချင်ပါတယ်။
- South China Morning Post (၂ ဩဂုတ် ၂၀၁၉)
ထွန်းထွန်းမင်းအပေါ် ပြောကြားချက်
[edit | edit source]- ထွန်းထွန်းမင်းနဲ့ စောငမန်းတို့ ပြောတဲ့ပုံစံတွေက ကျနော့်ကို စော်ကားတယ်လို့ မြင်တယ်။ ကျနော်က မြန်မာ နိုင်ငံသားပါ။ မြန်မာလိုဝတ်တယ်။ မနက်ဆို မုန့်ဟင်းခါးစားတယ်။ မြန်မာလူမျိုးလို လက်ထပ်ထားတယ်။ ကျနော် ကိုယ့်ဟာကိုယ် ဘယ်မှာမွေးမယ်ဆိုတာကိုတော့ ရွေးလို့မရဘူး။ ဒါပေမယ့် ကျနော့်ဘဝမှာ ဘာလုပ်ချင် တာလဲဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်လို့ရတယ်။ ကျနော်မြန်မာကိုရွေးတယ်။ မြန်မာ့ လက်ဝှေ့ကို ရွေးတယ်။ မြန်မာပရိတ်သတ်တွေက ကျနော်ဘယ်ကလာတယ်ဆိုတာ အရေးမကြီးဘူးလို့ နားလည်တယ်။ ကျနော့် နှလုံးသားထဲမှာ ဘာရှိသလဲဆိုတာပဲ အရေးကြီးတယ်
- ဧရာဝတီ (၁၅ ဒီဇင်ဘာ ၂၀၁၈)
- သူ ကျွန်တော့ကို မုန်းဖို့ အချိန်နှစ်နှစ်ရတယ်။ ကျွန်တော့ဓာတ်ပုံရှေ့မှာ တရားထိုင်ပေါ့။
- Radio-Canada (၁၁ ဒီဇင်ဘာ ၂၀၁၈)
သတ်သက်လွတ်နှင့် ပတ်သက်၍
[edit | edit source]- ကျွန်တော့ဘဝတလျောက်လုံး တိရစ္ဆာန်အသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းကို ဘယ်တော့မှ စားမှာမဟုတ်ပါဘူး။ (၂ ဖေဖော်ဝါရီ ၂၀၂၁)