Wq/my/ထွန်းထွန်းမင်း

From Wikimedia Incubator
< Wq‎ | my
Wq > my > ထွန်းထွန်းမင်း

ထွန်းထွန်းမင်း (၄ အောက်တိုဘာ ၁၉၉၂ မွေးဖွား) သည် မြန်မာ လက်ဝှေ့အားကစားသမားတစ်ဦးဖြစ်ပြီး အိုးပင်းဝိတ်လက်ဝှေ့ကမ္ဘာ့ချန်ပီယံဟောင်း ဖြစ်သည်။ သူသည် အသက် ၂၁ နှစ်ဖြင့် ရွှေခါးပတ်ရရှိခဲ့သော အငယ်ဆုံးလက်ဝှေ့ကစားသမားဖြစ်သည်။

အဆိုအမိန့်များ[edit | edit source]

  • ဒဏ်ရာက သက်သာနေပါပြီ။ လေ့ကျင့်မှု ပြင်ဆင်မှုတွေတော့ ဆက်လုပ်ရမယ်။ ကျွန်တော့် ပရိသတ်တွေက ဒဏ်ရာရနေတဲ့ အချိန်တောင်မှ ကျွန်တော့်ကိုအားပေးခဲ့ကြတယ်။ ဒီပရိသတ်တွေကို ကျေးဇူးဆပ်ချင်တယ်။ အကောင်းဆုံးပုံစံနဲ့ ကြိုးဝိုင်းထဲကို ပြန်လာမှာပါ။ အရင် ထွန်းထွန်းမင်းပုံစံကို ဇန်နဝါရီမှာ မြင်တွေ့ရမယ်
  • ကျွန်တော်က လက်ဝှေ့ကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားခဲ့တာ။ လက်ဝှေ့က ဆင်းရဲမှုကနေ လွတ်မြောက်စေမယ်ဆိုတာ ကျွန်တော်သိတယ်။
  • တချို့က လူမျိုးရေးခွဲခြားပြီး ရိုင်းစိုင်းတယ်။ ကျွန်တော့ရဲ့ ပြိုင်ဘက်ကို အားပေးတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော့ကို ခွဲခြားဆက်ဆံတဲ့ စကားလုံးတွေသုံးပြီး အော်ဟစ်အားပေးကြတာတော့ ကျွန်တော် စိတ်မကောင်းဘူး။
  • ပြည်တွင်းကစားသမားတွေနဲ့ ထိုးရရင် ကျွန်တော် စိတ်မကောင်းဘူး [...] ကျွန်တော် ပြည်တွင်းကစားသမားတွေနဲ့ နောက်ထပ် မထိုးချင်တော့ဘူး။ နိုင်ငံခြားသားတွေနဲ့ ထိုးပြီး မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာကျော်အောင် လုပ်ချင်တယ်။

ဒေ့ဗ်လက်ဒပ် အပေါ် ပြောကြားချက်[edit | edit source]

  • ကျွန်တော် သူ့(ဒေ့ဗ်)ကို ပြန်စိန်ခေါ်ထိုး သတ်ချင်တာကြာပါပြီ။ ဒါပေမဲ့ အခြေအနေ မပေးခဲ့လို့ပါ။ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးလည်း ဒေ့ဗ်က ပွဲမအားသလို၊ ကျွန်တော့်ဒဏ်ရာ အခြေအနေကလည်းရှိနေလို့ မထိုးဖြစ်ခဲ့ဘူး။ သူ့ကို ပြန်စိန်ခေါ်ပြီး ရိုးရာလက်ဝှေ့ ချန်ပီယံဘွဲ့ကို ပြန်ယူမယ်
  • မြန်မာ့လက်ဝှေ့ကို တခြားနိုင်ငံသားတွေ စိတ်ဝင်စားလာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ချန်ပီယံဟာ နိုင်ငံခြားသားဖြစ်နေတာတော့ ကျနော်ဘယ်လိုမှ လက်မခံနိုင်ဘူး။ ကျနော်တို့ ရိုးရာလက်ဝှေ့ ချန်ပီယံသည် ကျနော်တို့လူမျိုးပဲ ဖြစ်ရမယ်။ မဟုတ်ရင် ကျနော်တို့လူမျိုးတွေညံ့လို့ သူ့ကိုပေးလိုက်ရသလို ဖြစ်နေတယ်။ အဲဒါကြောင့်မို့ သူ့ကို ပြန်ပြီးစိန်ခေါ်ခဲ့တာ ဖြစ်တယ်

ပြင်ပလင့်များ[edit | edit source]