Wp/rki/မနိ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > မနိ
မနိ (၂၁၆-၂၇၄)

ခရစ်နှစ် သုံးရာစုတွင် ပေါ်ထွန်းခသူ တမန်တော်မနိ (Mani)(၂၁၆-၂၇၄)ရေ ထိုခေတ်အခါက အလွန်နောက်လိုက်နောက်ပါတိသည့်၊ ယုံကြည်သူတိသည့်ဘာသာရီးခေါင်းဆောင်ဖြစ်ရေ။ မက်ဆိုပိုတေးမီယား (Mesopotamia)တွင်ဖွားမြင်ပြီး ထိုစဉ်က ပါရှအင်ပါယာတွင် ပါထန်(Parthian)မင်းဆက် အုပ်စိုးချိန်ဖြစ်ရေ။

ဇော်ရော့အက်စတာဘာသာဝင်ဂိုဏ်းငယ်လေးတစ်ခုကို ကိုးကွယ်သည့်မိသားစုမှ ဆင်းသက်လာပြီး နောင်အသက် ၁၂နှစ်အရွယ်မှစကာ အကြားအမြင်တိရကာ တမန်တော်အဖြစ်ရဟိလာရေဟုဆိုရေ။ အသက် ၂၄နှစ်မှစကာ အယူဝါဒသစ်ကို စတင်ဟောပြောတော့ရေ။ ဇာတိဒေသတွင် သူ့အယူမှာ လူကြိုက်တိလှရေ မဟုတ်အနိန်နန့် အိန္ဒိယမြောက်ပိုင်းသို့ ရွေ့ပြောင်းလာပြီး ထိုဒေသမှ မင်းတစ်ပါးကို ဟောပြောသိမ်းသွင်းနိုင်ခရေ။

ခရစ်နှစ် ၂၇၂တွင် ပါရှသို့ပြန်လာပြီး ဆက်စနစ်အင်ပါယာ ကိုအုပ်ချုပ်နေသည့် ပါရှမင်း ပထမရှာပူရ်(Shapur-I)ကို ချဉ်းကပ်သိမ်းသွင်းနိုင်အနိန်နန့် အထင်အရှားအသိအမှတ်ပြုခြင်းမခံရကေလည်း လွတ်လပ်စွာ ဟောပြောခွင့်ရလီရေ။ ဆက်စနစ်ဧကရာဇ်တိဖြစ်သည့် ပထမရှာပူရ်(Shapur-I) နန့် ပထမဟောမိဇ်(Hormizd-I)ရို့လက်ထက်တိတွင် လွတ်လပ်စွာ ဟောပြောခွင့်ရခပြီး ယုံကြည်သူဦးရေ အတော်ပင်တိပြားလာခပြီး နိုင်ငံခြားဒေသတိထိ သာဿနာပြုတိစေလွှတ်နိုင်ခရေ။ ယကေလည်း ထိုစဉ်က ဆက်စနစ်အင်ပါယာဧ့ နိုင်ငံတော်ဘာသာမှာ ဇော်ရော့အက်စတာဘာသာဖြစ်နီပြီးဖြစ်ရေကြောင့် ဇော်ရော့အက်စတာဘာသာဝင် ဂိုဏ်းဘုန်းကြီးတိဧ့ ငြိုငြင်မှုတိကို ခံခရရေ။ သို့ဖြင့် နောက်နန်းတက်လာသည့်ဧကရာဇ် ပထမဘာရမ်(Bahram-I) လက်ထက် ၂၇၆တွင် ဖမ်းဆီးနှိပ်ကွပ် ခံရရေ။၂၆ရက်တိုင်ပင် ရက်စက်ကြမ်းတမ်းစွာ နှိပ်စက်ညှင်းပမ်းခံရပြီးနောက် တမန်တော်မနိ ကွယ်လွန်ရှာရေ။

မနိရှေအစ်ဇမ်ဝါဒ အကျဉ်းချုပ်[edit | edit source]

မနိရှေအစ်ဇမ်ဝါဒတွင် ဗုဒ္ဓယေရှုခရစ် နန့် ဇော်ရော့အက်စတာ ရို့ကို တမန်တော်တိအဖြစ် အသိအမှတ်ပြုပြီး ထိုသူတိဧ့ ဝါဒတိထဲမှ ကောင်းနိုးရာရာရို့ကို ပေါင်းစုထားရေ။ ယကေလည်း အတိစုမှာ ဇော်ရော့အက်စထရီယမ်ဝါဒကို မှီငြိမ်းပြီး ထိုဝါဒမှ အကောင်းနန့်အဆိုးအားပြိုင်သည့် သဘောကိုထုတ်နုတ်ကာ မွမ်းမံပြင်ဆင်ပြီး အတိနန့်ညီအောင် ဟောပြောပို့ချခရေ။ နိဗ္ဗာန်ကဲ့ယကေလည်း၊ကောင်းကင်ဘုံကဲ့ယကေလည်း နယ်ပယ်မျိုးမှာ အထွတ်အထိပ်ရည်မှန်းချက်ဖြစ်ရေ။

ကိုယ်ကျင့်တရားအနိန်နန့် အလွန်တင်းကျပ်ရေဟုဆိုရဖို့ဖြစ်ရေ။ ခန္ဓာကိုယ်ကိုယ်နှိုက်ကပင် အပြစ်ဖြစ်အနိန်နန့် ကာမနှီးနှောခြင်းကို မျိုးဆက်ပျံပွားရီးအတွက်ဖြစ်စေကာမူ တင်းကျပ်စွာတားမြစ်ရေ။ ယင့်ပိုင် အသားစားခြင်း နန့် အရက်သေစာမှီဝဲခြင်း ရို့ကိုလည်း ပိတ်ပင်ရေ။ ယကေလည်း ထိုတားမြစ်ချက်တိမှာ လက်ရွီးစင်လူတစ်စုအတွက်သာဖြစ်ပြီး တရားနာကြားသူ နောက်လိုက်တိအတွက်မဟုတ်ဟု ဆိုပြန်ရေ။ ယင်းချင့်ကြောင့် နိဗ္ဗာန်သို့ ရောက်ရာတွင် လက်ရွီးစင်လူစုမှာ အမြန်ရောက်နိုင်ပြီး နောက်လိုက်ရို့မှာ ကာလကြာရှည်မှသာရောက်နိုင်ရေဟု အဆိုဟိရေ။

ဖြတ်သန်းမှု သမိုင်း[edit | edit source]

မနိသက်ဟိထင်ယှားဟိစဉ်ကပင် သူဧ့ဝါဒမှာ အလွန်အောင်မြင်ရေအနေအထားဟိနေခပြီဖြစ်ရေ။ ပါရှအင်ပါယာနန့် အိန္ဒိယမြောက်ပိုင်းတွင်ပင် ယုံကြည်သူအတိအပြားဟိနေပြီး ကွယ်လွန်ပြီးနောက်တွင်လည်း ဆက်လက်ပျံပွားခရေ။ အထွတ်အထိပ်ရောက်သည့် လေးရာစုဝန်းကျင်တွင် အနောက်ဘက် စပိန် မှ အရှေ့ဘက် တရုတ်၊ထိုင်ဝမ် ဒေသတိအထိ ရောက်ဟိလားပြီး နောက်ပိုင်းတွင် ရောမအင်ပါယာဧ့ နိုင်ငံတော်ဘာသာဖြစ်သည့် ခရစ်ယာန်ဘာသာအတွက် အဓိကကျရေ ခြိမ်းခြီာက်မှုကြီးဖြစ်လာခရေ။ (စိန့်ဩဂတ်စတင်း ပင်ကေ မနိဘာသာဝင်အဖြစ် ၉နှစ်နီထိုင်ခဖူးရေ။) ယင်းချင့်ကြောင့် ရောမအင်ပါယာဧ့ အပြင်းအထန်နှိပ်ကွပ်မှုခံရပြီး ၆၀၀ခုနှစ်ဝန်းကျင်မှစပြီး အနောက်ဘက်တွင် ပျောက်ကွယ်လားခရရေ။

အရှေ့ဘက်တွင် ဗဟိုအာရှ ၊တာကစ္စတန် ၊အနောက်တရုတ်ဒေသတိ နန့် မွန်ဂိုလီးယား ရို့တွင် အတိကိုးကွယ်သည့် ဘာသာအဖြစ်သို့ရောက်လာပြီး ၈ရာစုတွင် အိဂါးရ်စ်(Uighurs)တွင် နိုင်ငံတော်ဘာသာဖြစ်ခရေ။ ထိုနောက်ပိုင်းတွင် တရုတ်ကုန်းတွင်းပိုင်းကိုဖြတ်သန်းကာ ထိုင်ဝမ်အထိပင် ပျံနှံသိမ်းရေ။

ပါရှဒေသသို့ မူဆလင်ရို့ ဝင်ရောက်လာသည့် ၇ရာစုကာလတိတွင် မနိဘာသာလည်း တဖြည်းဖြည်း ယုတ်လျော့ရလီရေ။ ဘဂ္ဂဒက် ဟိအုပ်စိုးသူတိကလည်း အကြီးအကျယ်နှိပ်ကွပ်ရာ မက်ဆိုပိုတေးမီးယား နန့် အီရန်ဟိ မနိဂိုဏ်းဝင်တိ ပျောက်ကွယ်ခရရေ။ ဗဟိုအာရှဒေသတွင်လည်း ၉ရာစုအတွင်းတွင် များစွာကျဆင်းလာပြီး ၁၃ရာစုတွင် မွန်ဂိုရို့ကျူးကျော်မှုကြောင့် အပြီးတိုင်ပြိုလဲလားရရေ။ ယကေလည်း မနိဂိုဏ်းဝင်တဖဲ့ချေကို တရုတ်တွင် သူတွေ့ဟိခသိမ်းရေဟု မာကိုပိုလိုက သူဧ့မှတ်တမ်းတိတွင်ရီးသားခသိမ်းရေ။

ယင့်ချိန်ခါ မနိဂိုဏ်းခွဲလေးများစွာရေ အနောက်ဘက်တစ်လွှားတွင် နီရာယူလှုပ်ယှားနေပြီဖြစ်ရေ။ ထိုအထဲမှ ပိုလီစီယာ နာမည်ဟိဂိုဏ်းမှာ ဘန်ဇန်တိုင်းအင်ပါယာတွင်လည်းကောင်း ၊ ဗိုဂိုမီလ်ဂိုဏ်းက ဘောလ်ကန်ဒေသတွင်လည်းကောင်း အသီးသီး ရပ်တည်ခကတ်ရေ။ ယကေလည်း ဥရောပတွင် ပေါ်ထွန်းခသမျှ မနိဂိုဏ်းတိတွင် အင်အားအကြီးဆုံးမှာ ကတရိဂိုဏ်းဖြစ်ရေ။ ထိုဂိုဏ်းမှာ ၁၂ရာစုတွင် အထင်ယှားဆုံးဖြစ်လာပြီး ပြင်သစ်တောင်ပိုင်းတွင် ယုံကြည်သူပေါတိလှရေ။ ယကေလည်း ထိုနောက်လိုက်တိက သူရို့ကို ခရစ်ယာန်တိအဖြစ်သာ ခံယူလေ့ဟိကတ်ပြီး ရှေးရိုးစွဲခရစ်ယာန်တိကတော့ ထိုသူတိကို မိစ္ဆာဒိဌိတိဟု သတ်မှတ်ရေ။ နောက်ဆုံးတွင် အလယ်ခေတ်ဧ့ အယူသီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် ပုပ်ရဟန်းမင်း တတိယအင်နိုဆင် က စီမံကိန်းဖြင့် ဖြတ်ဆီးအနိန်နန့် ထိုဂိုဏ်းလည်း ပျက်ရလီရေ။ ထိုနှိမ်နှင်းမှုတွင် လူသူအမြောက်အမြား သေကြေရပြီး ပြင်သစ်တောင်ပိုင်းဒေသမှာလည်း ထိုဒဏ်ဖြင့် ပျက်စီးလုလုဖြစ်ခရရေ။ ယင့်ချင့်ပိုင် ရက်စက်စွာနှိမ်နှင်းကေလည်း အီတလီတွင် ၁၅ရာစုခန့်အထိ မနိဂိုဏ်းငယ်လေးတိ ဆက်လက်တည်ဟိနေခသိမ်းရေ။ ဂုခေတ်တွင်မူ မနိဂိုဏ်းမှာ အစရှာမရအောင်ပင် ပျောက်ကွယ်ခရပြီဖြစ်ရေ။

ရည်ညွှန်းကိုးကား[edit | edit source]