Wp/rki/စာရင်းအင်း ပညာ
အချက်အလက်တိကို စုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ အတိနားလည်အောင်တင်ပြခြင်းနန့် သက်ဆိုင်သည့် ပညာရပ်



စာရင်းအင်း ပညာ သို့မဟုတ် စာရင်းအင်းသင်္ချာ (statistics) ရေ သင်္ချာဘာသာဧ ဘာသာကွဲတစ်ရပ်ဖြစ်ပြီး အဓိကအားဖြင့် အချက်အလက်တိ (data) ကို စုဆောင်းခြင်း (collection)၊ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်း (analysis)၊ အဓိပ္ပာယ်ဖော်ထုတ်ခြင်း (explanation) နှင် ရှင်းလင်း တင်ပြခြင်း (presentation) စသည့် ဖြစ်စဉ်တိ ပါဝင်ရေ။[1][2][3] ယင်းပညာရပ်ကို သဘာဝ နန့် လူမှုရီး သိပ္ပံ မှရေ အစိုးရ နန့် စီးပွားရီးလုပ်ငန်းတိအထိ နယ်ပယ်တိစွာတွင် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေ။ သိပ္ပံပညာဆိုင်ရာ သို့မဟုတ် စက်မှုလုပ်ငန်းဆိုင်ရာ သို့မဟုတ် လူမှုရီးဆိုင်ရာ ပြဿနာတိ ဖြေရှင်းရန်အတွက် စာရင်းအင်းသင်္ချာကို အသုံးချရာတွင် စိတ်ဝင်စားရေ လူ့အဖွဲ့အစည်းတစ်ခု သို့မဟုတ် လိလာကောက်ချက်ဆွဲမည့် အုပ်စုကြီးတစ်ခု ဆုံးဖြတ်သတ်မှတ်ခြင်းဖြစ်စေ၊ ရှေးမှကောက်ယူရဟိထားရေ စာရင်းအင်းအချက်အလက်ကို အခြေခံယူ၍ ပြုလုပ်ထားရေပုံစံ (statistical model) ကို အသုံးပြုကာ နောက်ဖြစ်နိုင်ခြေကို လိလာကောက်ချက်ဆွဲခြင်းဖြစ်စေ ဒေပိုင်စတင်တွေးတောခြင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်ရေ။ စာရင်းအင်းဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ခု သို့မဟုတ် အုပ်စုကြီးတစ်ခု (population) ဆိုရေမှာ "လူမျိုးပေါင်းစုံ" (သို့) "တိုင်းပြည်တွင်နီထိုင်ရေလူအားလုံး" (သို့) "ပုံဆောင်ခဲ (cyrstal) တစ်ခုတွင် ပါဝင်ရေ အက်တမ် (atom) အားလုံး" စရေရို့ဖြစ်ရေ။ စာရင်းအင်းတွက်ချက်ရန် လုံလောက်ရေ နမူနာကျပန်းကောက်ခြင်း၊ စစ်တမ်းကောက် (surveys) ယူမည်လော၊ ကိုယ်တိုင်စမ်းသပ်မှု (experiments) လုပ်ကာ အချက်အလက်ထုတ်လုပ်မည်လား အစဟိသည့် အချက်အလက်မည်သို့ စုဆောင်းမည်ဟု စီစဉ်ခြင်း မှစ၍ အချက်အလက် (data)တိကို ရှုထောင့်အမျိုးမျိုးမှ ကိုင်တွယ်အသုံးပြု အဖြေရှာခြင်းတိရေ စာရင်းအင်းသင်္ချာနယ်ပယ်အောက်တွင် ဟိရေ။[4]
ယခုအခါ စာရင်းစုပညာရေ ခေတ်စားလျက်ဟိရေ။ ပမာ အားဖြင့် လူဦးရေ တိုးတက် ဆုတ်ယုတ်မှုကို သိဟိနိုင်ရန် သန်းခေါင်စာရင်းကောက်ခြင်း၊ တိုင်းပြည်လူထု တစ်မျိုးသားလုံး ဧ တစ်နှစ်အတွက် ဝင်ငွေသုံးငွေ စာရင်းတိ၊ မြန်မာနိုင်ငံ လယ်တိမှ ပျမ်းမျှတစ်ဧက စပါးအထွက်နှုန်းသိနိုင်ရန် စာရင်း တိ စုဆောင်းခြင်း အစဟိသည့် စံနစ်တိရေ စာရင်းစုပညာ နန့် သက်ဆိုင်ရေ။
စာရင်းစုပညာ ဟူရေမှာ အဓိကအားဖြင့် တိုင်းထွာ ရေ တွက်၍ ရကောင်းရေ အရာဝတ္ထုတိဧ အတိုင်းအထွာ ပမာဏတိကို စာရင်းပြုလုပ်၍ ယင်းဝတ္ထုပစ္စည်းရို့နန့် ဆက် စပ်ရေ ကိစ္စရို့ကို လိလာခြင်း ဖြစ်ရေ။ ပမာဆိုကေ ဖွားသေ စာရင်းတိ စုဆောင်းခြင်းဖြင့် တိုင်းပြည်လူထုဧ ပျမ်းမျှ သက်တမ်းကို ခန့်မှန်းနိုင်ဧ။ ထိုစာရင်းတိကို အသုံး ပြု၍ အသက်အာမခံလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက် နိုင်ဧ။ ဒေသအလိုက် နိ့စဉ် မိုးရွာရေ စာရင်းတိ ပြုစု ခြင်းဖြင့် ဒေသတစ်ခု၌ နှစ်စဉ် မိုးနည်းရေ တိရေကို သိနိုင်ဧ။ ရာသီဥတုကို ကြိုတင် ခန့်မှန်းနိုင်ဧ။ ထိုနည်း အတူ စပါးအရောင်းအဝယ် ဈေးနှုန်းစာရင်းတိ၊ အဝတ်အထည် ဈေးနှုန်းစာရင်းတိ၊ သားငါးပုဇွန် အစားအစာတိဧ ဈေးနှုန်း စာရင်းတိ စုဆောင်းလိလာခြင်းဖြင့် လူထု သက်သာချောင်ချိ မှု တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းရို့ကို သိနိုင်ဧ။ မြို့တစ်မြို့ ဧ လူသေစာရင်းတွင် သက်ဆိုင်ရေ ရောဂါ အမျိုးအမည်ကို လိလာခြင်းဖြင့် မည်သည့်ရောဂါအတွက် ဆေးဝါးနန့် ဆရာ ဝန်တိ အထူးလိုအပ်ကြောင်း သိနိုင်ဧ။
အသုံးပြုလိဟိရေ နည်းတစ်ခုမှာ စံနမူနာနည်းဖြစ်ရေ။ ပမာအားဖြင့် မအူပင်ခရိုင်တွင် စပါးတစ်ဧက မည်မျှ ထွက် ရေကို သိလိုရေဟု ဆိုကတ်ပါစို့။ ခရိုင်တစ်ခုလုံးထွက်ရေ စပါးစာရင်းတိ၊ စိုက်ပျိုးရေ ဧကအားလုံးဧ စာရင်းတိကို စုဆောင်းရပေလိမ့်မည်။ သို့ရာတွင် ဒေမျှ ကျယ်ပြန့်တိပြား ရေ စာရင်းတိကို အတိအကျ ရယူစုဆောင်းရန် မလွယ်ကူ ပေ။ အချိန်တိစွာ ကုန်မည်။ လူတိစွာ ကူညီဆောင်ရွက်ရ ပေမည်။ ထိုကြောင့် ဖြတ်လမ်းနည်း အလွယ်နည်းမှာ မအူပင် ခရိုင်အတွင်းဟိ သင့်တော်ရေ လယ်ကွက်ဆယ်ခုကို ရွေးချယ် ၍ စပါးထွက်ကို အသေးစိတ် စုံစမ်းခြင်း ဖြစ်ဧ။ ထိုဆယ် ကွက်ကို ရွေးချယ်ရာ၌ သင့်တော်မည်ထင်ရေ လယ်ကွက် ဆယ်ကွက်ကို ရွေးချယ်ခြင်း သို့မဟုတ် လယ်ကွက် ၁ဝဝ၊ ၂ဝဝ အထဲမှ မဲနှိုက်၍ရရေ လယ် ၁ဝ ကွက်ကို ရွေးချယ် ခြင်း ဟူ၍လည်း နည်းအမျိုးမျိုး ဟိဧ။ သင့်တော်သလို အခြေ အနီအရ ဆောင်ရွက်ရမည် ဖြစ်ရေ။ဒေနည်းအားဖြင့် အချိန် အနည်းငယ်အတွင်း စရိတ်တိစွာ မကုန်ဘဲ မအူပင်ခရိုင်ဧ တစ်ဧက ပျမ်းမျှစပါးထွက်နှုန်းကို သိနိုင်ဧ။ ခန့်မှန်းနိုင်ဧ။ ထိုကြောင့် စီးပွားရီးအကြောင်းအရာတိ၊ အုပ်ချုပ်မှုကိစ္စတိ၊ စက်ရုံကြီးတိ၌ ကုန်ထုတ်စရိတ်၊ တစ်နာရီတွင် ကုန်ချော ပစ္စည်း အထွက်နှုန်း စရေတိကို သိဟိနိုင်ရန် ဒေနည်းကို အသုံးပြုကတ်ဧ။ ရက်တိုလတို စုံစမ်းရီးအဖွဲ့တိကလည်း ဒေစံနစ်ကို အသုံးပြုကတ်ဧ။
စာရင်းစုပညာတွင် ဇယားတိနန့် ဇယားကွက်ပုံစံ အမျိုး မျိုးကို အသုံးပြုရရေ။ ပမာအားဖြင့် အနှစ် ၅ဝ အတွင်း မြန်မာနိုင်ငံ စပါးဈေး အတက်အကျ အခြေအနီတိ၊ လူဦးရေ တိုးတက်မှုတိကို ဇယားတိဖြင့် ရီးဆွဲဖော်ပြခြင်းရေ တိုးတက်မှု ဆုတ်ယုတ်မှုတိကို ရှင်းလင်းစွာ နားလည်နိုင် စေရေ။
စာရင်းစုပညာဖြင့် အမှန်ကို အတိအကျ မသိနိုင်။ သန်း ခေါင်စာရင်း၊ တိုင်းပြည် စပါးထွက်စာရင်း၊ မိုးရွာစာရင်းတိ ရေ နယ်အသီးသီးမှ ကောက်ခံရရေ စာရင်းတိဖြစ်၍ မှားယွင်းချက် အနည်းငယ်ဟိနိုင်ရေ။ သို့ရာတွင် ထိုစာရင်း တိရေ တိစွာ တန်ဖိုးဟိဧ။ ထိုစာရင်းတိဖြင့် အနှစ် ၅ဝ အတွင်း လူဦးရေ တဖြည်းဖြည်း တိုးပွားလာခြင်း၊ မြန်မာနိုင်ငံ စပါးထွက် တစ်နှစ်ထက်တစ်နှစ် တိုးတက် ဆုတ်ယုတ်ခြင်းတိ၊ ရန်ကုန်မြို့တွင် ပြည်မြို့ထက် နှစ်စဉ် မိုးနှစ်ဆရွာသွန်းခြင်း စရေတိကို သိနိုင်ဧ။
သတိပြုရမည့်အချက်မှာ စာရင်းတိ စုဆောင်းရာ၌ စံနစ် တကျ ဖြစ်စေအပ်ရေ အချက်ပင်တည်း။ မှန်ကန်နိုင်သမျှ မှန်ကန်စွာ ဂဏန်းတိ၊ စာရင်းတိကို ကောက်ယူနိုင်လီလီ၊ ထိုစာရင်းတိ၌ တန်ဖိုးဟိလီလီ ဖြစ်ရေ။ စာရင်းစု ပညာကို တိုင်းပြည်အသီးသီးရို့က တစ်နိ့တစ်ခြား ပိုမို လိလာဂရုပြု ကြောင်း တွိ့ဟိရဧ။ စီးပွားရီး၊ ဘဏ္ဍာရီး၊ စိုက်ပျိုးရီး၊ လူမှုရီးအဖြာဖြာနန့် သက်ဆိုင်ရေ သုတေသီပုဂ္ဂိုလ်ရို့ အတွက် တိစွာ တန်ဖိုးဟိရေ ပညာရပ်တစ်ခု ဖြစ်ရေ။ [5]
နိဒါန်း
[edit | edit source]စာရင်းအင်းပညာရေ ယခုအခါ ပညာရပ်နယ်ပယ်အသီးသီးတွင် အသုံးပြုလျက်ဟိရေ။ပညာရီး၊ ဆေးပညာ၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ စသည့်နယ်ပယ်တိအပြင် အထူးသဖြင့် လူမှုရီးသုတေသန နန့် စီးပွားရီးသုတေသန ရို့တွင် အလွန် အသုံးဝင်ရေ ဘာသာရပ်တစ်ခုဖြစ်ရေ။ လူမှုရီး နန့် စီးပွားရီးပြဿနာအချို့ကို စာရင်းအင်းပညာဖြင့် လိလာ ဖြေရှင်းနိုင်ရေကို တွိ့ရရေ။ ခေတ်မီရေ သုတေသနတွိ့ဟိချက်တိကို လိလာလိုကေကေလည်းကောင်း၊ တင်ပြချက်တိရီးသားပြုစုရာတွင်လည်းကောင်း၊ သုတေသနလုပ်ငန်းတိလုပ်ကိုင်ရာတွင် လည်းကောင်း၊ စာရင်းအင်းပညာရပ်ဆိုင်ရာ ဘာသာစကားကို အထိုက်အလျောက်နားလည် သဘောပေါက်ထားပြီး ဖြစ်ရန် အရီးကြီးရေ။ စာရင်းအင်းပညာရပ်ရေ ပညာရပ်နယ်ပယ်အတိစုတွင် သိပ္ပံနည်းကျ လိလာရာ၌ အသုံးကျသည့် ဘာသာရပ်တစ်ရပ်ဖြစ်ရေ။ စာရင်းအင်းပညာရေ မည်သည့်နီရာတွင်မဆို ကြိုတင်ခန့်မှန်းသည့်နီရာတွင် အဓိက အသုံးပြုကတ်ရေ။
သမိုင်းကြောင်း
[edit | edit source]စာရင်းအင်းပညာဧ မူရင်း အင်္ဂလိပ်စကားလုံးမှာ statistics ဖြစ်ရေ။(မြန်မာလို စာရင်းအင်းပညာဆိုရေ စကားလုံးကို မည်သူစတင်ရေဟု မသိဟိပါ။) ထို statistics ဆိုရေ စကားလုံးရေ အီတလီစကား `ဖော်ပြရေ` ကိုတိုက်ရိုက်သုံးစွဲထားခြင်းဖြစ်ရေ။[6] စာရင်းအင်းပညာဧအစရေ ၁၇ ရာစု အလယ်မှစတင်ရေဟု ယူဆကတ်ရေ။ လန်ဒန်မြို့မှ သာမန်စာအုပ်ဆိုင်ပိုင်သျှင်တစ်ဦးဖြစ်ရေ ဂျွန်ဂရန့် ရေ ဘုရားကျောင်းတိမှ ထုတ်ပြန်ရေ အပါတ်စဉ်သေစာရင်း တိကို စုစည်းကာ ယခု သရုပ်ဖော်စာရင်းအင်းဟု ခေါ်ဆိုရေ နည်းဖြင့် စာအုပ်(Natural and Political Observations Made upon the Bills of Mortality.)ထုတ်ဝေခရေ။ တိမကြာမီတွင်ပင် ဂျွန်ဂရန့်ရေ တော်ဝင်အဖွဲ့အစည်းဧ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခရရေ။ ထိုအချိန်မှစတင်၍ စာရင်းအင်းပညာရေ လူဦးရေဆိုင်ရာ အသိပညာ၊ လူမှုရီးသိပ္ပံမှ အတွေးအခေါ်တိ ကိုစတင် သက်ဝင်လာခရေ။ လူရို့ဧအပြုအမူတိကို လိလာရာတွင် အသုံးပြုသည့်အတွက် စာရင်းအင်းပညာကို သဘာဝတ္ထသိပ္ပံ ဧတိကျမှုတိုင်းတာရာတွင် အသုံးမပြုသင့်ဆိုရေ အယူအဆတိလည်း ပေါ်ထွက်ခရေ။ အသစ်အသစ်ရေ ကွဲပြားသည့်နယ်ပယ်အစုံမှ စာရင်းအင်းပညာကို သုံးစွဲလာကတ်ကေလည်း စာရင်းအင်းပညာရပ်ဆိုင်ရာဘာသာစကားရို့ရေ လူအတိနန့် ဝေဝါးဆဲပဲဖြစ်ရေ။ ၂ဝရာစုအတွင်းတွင် စာရင်းအင်းပညာရပ်ဆိုင်ရာ တိုးတက်မှုတိစွာ ဟိလာသကဲ့သို့ အသုံးပြုရေ ပညာရပ်နယ်ပယ်တိလည်း တိစွာ ပေါ်ထွန်းလာခရေ။ နက္ခတ္တဗေဒ၊ ရူပဗေဒ၊ ပထဝီနန့် မြေမျက်နှာသွင်ပြင် စသည့် သိမ်မွေ့ရေ နယ်ပယ်တိအထိ အသုံးချလာကတ်ရေကို တွိ့ရရေ။
အဓိပ္ပာယ်ဖွင့်ဆိုချက်
[edit | edit source]စာရင်းအင်းပညာရပ်ရေ အချက်အလက်တိကို ကောက်ယူခြင်း၊ စုစည်းခြင်း၊ အကျဉ်းချုံ့ခြင်း၊ တင်ပြခြင်းနန့် စိစစ်ခြင်းပြုလုပ်ရန် အသုံးပြုရေ သိပ္ပံနည်းကျသည့် နည်းလမ်းတစ်ခုဖြစ်ရေ။[7]
အဆင့်တိ
[edit | edit source]စာရင်းအင်းပညာရပ်ကို အသုံးပြု၍ သိပ္ပံနည်းကျလိလာရာတွင် အောက်ပါ အချက်တိအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရန်လိုရေ။ (က) အချက်အလက်တိစုဆောင်းခြင်း (Collection of data) (ခ) အုပ်စုအလိုက်စုစည်းခြင်း (သို့မဟုတ်) မျိုးတူစုပြုခြင်း (Classification of data) (ဂ) အချက်အလက်တိကို ပေါ်လွင်အောင် သရုပ်ဖော်ခြင်း (Description of data) (ဃ) တွိ့ဟိချက်တိအပေါ်အခြေပြု၍ အဓိပ္ပာယ်ကောက်ခြင်းနန့် ကောက်ချက်ချခြင်း (Interpretation and generalization of the results) ရို့ဖြစ်ရေ။
စာရင်းအင်းသင်္ချာ နည်းစနစ်တိ
[edit | edit source]သရုပ်ဖော် စာရင်းအင်းသင်္ချာ
[edit | edit source]သရုပ်ဖော် စာရင်းအင်းသင်္ချာ သို့မဟုတ် ဖော်ပြစာရင်းအင်းပညာ (Descriptive Statistics)ရေ လိလာမှုတစ်ခုတွင် နမူနာကျပန်းကောက်ခြင်း (sampling)မှ ရဟိရေ အချက်အလက်တိနန့် ၎င်းရို့အပေါ် တိုင်းတာပုံတိ (measures)ဧ အခြေခံအင်္ဂါရပ်တိကို အကျဉ်းချုပ် ဖော်ပြရန် အသုံးပြုရေ။ ထို့နောက် အဆိုပါ အင်္ဂါရပ်တိကို ဆက်စပ်ပုံဇယားတိအနီဖြင့် ဖော်ပြ၍ အရေအတွက်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု (quantitative analysis)ပြုလုပ်ရာတွင် အသုံးပြုလိဟိရေ။ အချုပ်အားဖြင့် ဒေနည်းစနစ်ကို သုံး၍ ရှုပ်ထွေးတိပြားရေ အချက်အလက်တိမှ အကျဉ်းချုပ်ကိုထုတ်ယူကာ နားလည်နိုင်ရန် ကြိုးစားလိဟိရေ။[8]
ဥပမာအားဖြင့်၊ ဘတ်စကက်ဘော ကစားသမားတစ်ယောက်ဧ ဂိုးသွင်းရာခိုင်နှုန်းရေ ၎င်းကစားသမားဧ စွမ်းဆောင်ရည်ကို အကျဉ်းချုပ်ပြရေ သရုပ်ဖော် စာရင်းအင်းသင်္ချာဆိုင်ရာ အင်္ဂါရပ်တစ်ခုဖြစ်ရေ။ အကယ်၍ သူဧ ဂိုးသွင်းရာခိုင်နှုန်းရေ ၃၃% ဟုဆိုကေ၊ သူ သုံးကြိမ်သွင်းကေ တစ်ကြိမ်ဝင်နိုင်ရေဟု ယေဘုယျအားဖြင့် မှတ်ယူနိုင်ရေ။
ကောက်ချက်ဆွဲ စာရင်းအင်းသင်္ချာ
[edit | edit source]ကောက်ချက်ဆွဲ စာရင်းအင်းသင်္ချာ သို့မဟုတ် ညွှန်ပြစာရင်းအင်းပညာ (Inferential Statistics) တွင်မူ လက်ဟိကောက်ယူထားရေ နမူနာကျပန်းအုပ်စု (sample) အချက်အလက်တိဧ အင်္ဂါရပ်တိမှတစ်ဆင့် အချက်အလက် ခွဲခြမ်းစိတ်ဖြာမှု (data analysis) ကို အသုံးပြု၍ အုပ်စုကြီးတစ်ခုလုံး (population) ဧ ဖြစ်နိုင်ချေ ပျံ့နှံ့မှုပုံစံ (probability distribution)ကို ကောက်ချက်ဆွဲယူရန် ကြိုးစားလိဟိရေ။[9]
ကိုးကား
[edit | edit source]
- ↑ https://www.oxfordreference.com/view/10.1093/acref/9780199541454.001.0001/acref-9780199541454-e-1566?rskey=nxhBLl&result=1979
- ↑ http://plato.stanford.edu/entries/statistics/
- ↑ https://dictionary.cambridge.org/dictionary/english/statistics
- ↑ Dodge, Y. (2006) The Oxford Dictionary of Statistical Terms, Oxford University Press.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
- ↑ https://web.archive.org/web/20191230182301/http://www.statisticalforecasting.com/origin-statistics-probability.php
- ↑ ပညာရီးသုတေသနပြုလုပ်နည်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနန့်သိပ္ပံပညာသျှင်အဖွဲ့၊ ပထမအကြိမ်၊ တက္ကသိုလ်တိပုံနှိပ်တိုက်၊ ၂၀၀၁၊ ဇူလိုင်လ၊ ရန်ကုန်။ နှာ ၁၃၈။
- ↑ http://www.socialresearchmethods.net/kb/statdesc.php%7Cwork=Research Methods Knowledge Base|accessdate=14 March 2011|year=2006
- ↑ Upton, G., Cook, I. (2008) Oxford Dictionary of Statistics, OUP.