Jump to content

Wp/rki/ဂင်းနီဗစ်ဆောသမ္မတနိုင်ငံ

From Wikimedia Incubator
< Wp | rki
Wp > rki > ဂင်းနီဗစ်ဆောသမ္မတနိုင်ငံ
ဂင်းနီဗစ်ဆောသမ္မတနိုင်ငံ
República da Guiné-Bissau  (ပေါ်တူဂီ)
ဆောင်ပုဒ်: 
"Unidade, Luta, Progresso" (ပေါ်တူဂီ)
"Unity, Struggle, Progress"
နိုင်ငံတော် သီချင်း: 
Esta É a Nossa Pátria Bem Amada  (ပေါ်တူဂီ)
This is Our Beloved Homeland
မြို့တော်
နန့် အကြီးဆုံးမြို့
ဗစ်ဆောမြို့
ရုံးသုံး ဘာသာစကားတိပေါ်တူဂီ
ပြောဆိုကတ်ရေ ဘာသာစကားတိ
လူမျိုးစု
ကိုးကွယ်မှု
DemonymBissau-Guinean[1]
အစိုးရပြည်ထောင်စု တစိတ်တပိုင်းသမ္မတ သမ္မတနိုင်ငံစနစ်
အုမာရို ဆစ်ဆိုကို အမ်ဘာလို
နူနို ဂိုမီစ် နာဘီယမ်
ဥပဒေပြုလွှတ်တော်အမျိုးသားပြည်သူလွှတ်တော်
ပေါ်တူဂီနိုင်ငံမှလွတ်လပ်ရီးရဟိခြင်း
 ကြေညာခ
၁၉၇၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်
 အသိအမှတ်ပြုခ
၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်
ဧရိယာ
 စုစုပေါင်း
၃၆,၁၂၅ km2 (၁၃,၉၄၈ sq mi) (အဆင့်: ၁၃၄)
 ရေထု (%)
၂၂.၄
လူဦးရေ
 2021 ခန့်မှန်း
2,060,721[2][3] (အဆင့် - ၁၄၈)
 သိပ်သည်းမှု
၄၆.၉/km2 (၁၂၁.၅/sq mi) (အဆင့် - ၁၅၄)
GDP (PPP)၂၀၁၈ ခန့်မှန်း
 စုစုပေါင်း
$၃.၃၉၁ ဘီလီယံ[4]
 Per capita
$၁,၉၅၁[4]
GDP (nominal)၂၀၁၈ ခန့်မှန်း
 စုစုပေါင်း
$၁.၄၈၀ ဘီလီယံ[4]
 Per capita
$၈၅၁[4]
Gini (၂၀၁၀)Negative increase ၅၀.၇[5]
မြင့်
HDI (၂၀၁၉)Increase ဝ.၄၈၀[6]
အမှား။ မရီရာရေ HDI တန်ဖိုး · ၁၇၅
ငွေကြေးအနောက်အာဖရိက ဖရန့် (XOF)
အချိန်ဇုန်GMT (UTC )
ယာဉ်ကြောစနစ်right
တယ်လီဖုန်းကုဒ်+၂၄၅
ISO 3166 ကုဒ်GW
Internet TLD.gw

ဂင်းနီဗစ်ဆောနိုင်ငံဧ မူရင်းနာမည်မှာ ပေါ်တူဂီ ဂင်းနီနိုင်ငံ ဖြစ်ရေ။ ၁၉၇၄ ခုနှစ် တွင် လွတ်လပ်ရီးရဟိ၍ ဂင်းနီဗစ်ဆောနိုင်ငံဟု နာမည် ပြောင်းခရေ။ အာဖရိကတိုက် အနောက်ဘက် ကမ်းခြေတွင် တည်ဟိပြီး မြောက်ဘက်တွင် ဆီနီဂေါနိုင်ငံ၊ အရှေ့နန့်တောင်ဘက်တွင် ဂီနီနိုင်ငံရို့ တည်ဟိရေ။ နိုင်ငံဧအကျယ်အဝန်းမှာ စတုရန်းမိုင် ၁၃၉၄၈ ဟိရေ။ ၁၉၇၆ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၅၃ဝဝဝဝ ဟိရေ။ မြို့တော်မှာ ဗစ်ဆောမြို့ ဖြစ်ရေ။ မြေနိမ့်လွင်ပြင်တိနန့် ကျွန်းပြတ်တိ ပေါတိပြီး သစ်တောထူထပ်ရေ နိုင်ငံ ဖြစ်ရေ။

ဂင်းနီဗစ်ဆောနိုင်ငံကို ၁၅ ရာစုခန့်မှ အစပြု၍ ပေါ်တူဂီလူမျိုး ပင်လယ်ခရီးလား တစ်စုက စတင် တွိ့ဟိခရေ။ ၁၇ ရာစုနန့် ၁၈ ရာစု နှစ်တိအတွင်း ထိုအရပ်၌ ငွေဝယ်ကျွန် အရောင်းအဝယ်လုပ်ငန်း ထွန်းကား ခရေ။ ထိုအချိန်မှ အစပြု၍ ပေါ်တူဂီလူမျိုးရို့က ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက် အုပ်ချုပ်ခရေ။ ၁၉၅၁ ခုနှစ်တွင် ပေါ်တူဂီပိုင် ကိုလိုနီတိ အားလုံးကို ဖျက်သိမ်းလိုက်ရေအခါ ဂင်းနီဗစ်ဆော နိုင်ငံရေ ပေါ်တူဂီရို့ဧ ပင်လယ်ရပ်ခြား ပြည်နယ်တစ်ခု ဖြစ်လာရေ။

ထိုအချိန်မှ အစပြု၍ ဂင်းနီဗစ်ဆောနိုင်ငံဟိ အာဖရိက တိုင်းရင်းသားတိဧ လွတ်လပ်ရီး လှုပ်ရှားမှုတိရေ တစ်နေ့တခြား ပြင်းထန်လာခရေ။ ပေါ်တူဂီအစိုးရရေ တိုးတက် လှုပ်ရှားလာရေ လွတ်လပ်ရီး လှုပ်ရှားမှုတိကို ဖိနှိပ်ရန် အပြင်းအထန် ကြိုးစားခကေလည်း အချည်းနှီးပင် ဖြစ်ရေ။ အာဖရိက တိုင်းရင်းသားရို့ဧ ၁၃ နှစ်ကြာ တိုက်ခရရေ လွတ်လပ်ရီး တိုက်ပွဲအပြီး၊ ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နိတွင် လွတ်လပ်ရီး ပီးလိုက်ရ ရေ။ သမ္မတအဖြစ် လွီဒီအယ်လမေဒါ ကဗရဲကို၎င်း၊ ဝန်ကြီးချုပ်အဖြစ် ဖရန်စစ္စကိုမန်းဒိကို၎င်း တင်မြှောက်ကတ်ရေ။ လွတ်လပ်ရီးတိုက်ပွဲ တစ်လျှောက်လုံးတွင် ရုရှနိုင်ငံက စစ်ရီးအတွက် စစ်လက်နက်ပစ္စည်းတိကို ထောက်ပံ့ခရေ။

အာဖရိက တိုင်းရင်းသားတိမှာ အများအားဖြင့် ကပ္ပလီလူမျိုးတိ နီထိုင်ကတ်ရေ။ အများစုမှာ အစ္စလာမ် ဘာသာကို ကိုးကွယ်ကြသူတိ ဖြစ်ရေ။ အဓိက ထွက်ကုန်တိမှာ မြေပဲနန့် ဆီထွက်အုန်းရို့ ဖြစ်ကတ်ပြီး ပျားမွေးမြူခြင်း လုပ်ငန်းကိုလည်း လုပ်ကိုင်ကတ်ရေ။ ဓာတ်သတ္တု တူးဖော်ရီး လုပ်ငန်းတွင် ရေနံကို လည်း စတင် တွိ့ဟိနေပြီး ဖြစ်ရေ။ [7]

ကိုးကား

  1. "Guinea-Bissau" – Field Listing: Nationality. Archived 26 June 2015 at the Wayback Machine. The World Factbook 2013–14. Washington, DC: Central Intelligence Agency, 2013. Retrieved 15 July 2015.
  2. Lua error in Module:Wp/rki/Citation/CS1/Utilities at line 38: bad argument #1 to 'ipairs' (table expected, got nil).
  3. Lua error in Module:Wp/rki/Citation/CS1/Utilities at line 38: bad argument #1 to 'ipairs' (table expected, got nil).
  4. 1 2 3 4 Lua error in Module:Wp/rki/Citation/CS1/Utilities at line 38: bad argument #1 to 'ipairs' (table expected, got nil).
  5. Lua error in Module:Wp/rki/Citation/CS1/Utilities at line 38: bad argument #1 to 'ipairs' (table expected, got nil).
  6. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF). ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်. 15 December 2020. pp. 343–346. ISBN 978-92-1-126442-5. Retrieved 16 December 2020.
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)