Jump to content

Wp/rki/အက်ဒမ်စမစ်

From Wikimedia Incubator
< Wp | rki
Wp > rki > အက်ဒမ်စမစ်
အဒမ်စမစ်

အက်ဒမ်စမစ်ရေ စကော့လူမျိုး ဘောဂဗေဒ ပညာဟိ ကြီး တစ်ဦး ဖြစ်ဧ။ အကောက်တော်ဌာန၊ စာရင်းစစ်မင်းကြီး အက်ဒမ်စမတ်ဧ သားဖြစ်၍ စကော့တလန်ပြည် ကပ်ကောဒီမြို့ တွင် ၁၇၂၃ ခုနှစ် ဇွန် ၅ ရက်နိ့၌ ဖွားမြင်ရေ။ မိခင်ကြီးဧ ကျွေးမွေးစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာရသူဖြစ်ရေ။

ပညာရီး

ငယ်စဉ်က မွေးရာ ဇာတိမြို့ဟိ ကျောင်း၌ ပညာသင်ကြားခပြီးနောက် အသက်တစ်ဆယ့်လေးနှစ်အရွယ်တွင် ဂလပ်စကိုတက္ကသိုလ်၌ ဖရန်စစ် ဟတ်ချင်စန်လက်အောက်တွင် ကျောင်းသားတစ်ဦးဖြစ်ခရေ။ အောက်စဖို့ဒ်တက္ကသိုလ်တက်ရောက်ရန် ပညာသင်ဆုရဟိခကာ ၁၇၆၄ ခုနှစ် အထိ ခြောက်နှစ်တိုင် ပညာသင်ခရေ။ ယထာဘူတပညာနန့် နိုင်ငံရီးပညာတိကို စိတ်ပါ ဝင်စားစွာ ဆည်းပူးခလီရေ။

ကျောင်းဆရာဘဝ

အီဒင်ဘာရာတက္ကသိုလ်၌ ၁၇၅၁ ခုနှစ်အထိ ကထိကအဖြစ်၎င်း ၁၇၅၁ ခုနှစ်မှ ၁၇၆၃ ခုနှစ်အထိ ဂလပ်စကိုတက္ကသိုလ်တွင် လုပ်ကိုင်ခရာ ပထမလော့ဂျစ်ဘာသာဌာနမှူး၊ နောက်တစ်နှစ်အကြောတွင် သူ့ဆရာ ဟတ်ချင်စန်နီရာတွင် ကိုယ်ကျင့်တရားဒဿန (တက္ကဗေဒ ) ဌာနမှူးအဖြစ်၎င်း လုပ်ကိုင်ခရေ။ ၁၇၅၉ ခုနှစ် တွင် စိတ်ဓာတ်နန့်ဆိုင်ရာ စာအုပ်ကြီးတစ်အုပ်ကို ရီးရေ။ ၁၇၆၃ ခုနှစ်တွင် ပါမောက္ခအလုပ်မှ ထွက်ခရေ။

၁၇၆၄ ခုနှစ်မှ ၁၇၆၆ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံတွင် ခရီးလှည့်လည်ရင်းမြို့စား ဘတ်ကလူ့ချ် (Duke Berccleuch)ဧ စာပြကျူတာဖြစ်ခရေ။ ၁၇၆၆ ခုနှစ် အောက်တိုဘာလတွင် နီရင်း ဇာတိမြို့သို့ ပြန်လည်ရောက်ဟိဧ။

စာရီးသားမှု

Inquiry into the nature and causes of the wealth of nations, 1922

သူဧအဓိက ဘောဂဗေဒဟာအုပ်ဖြစ်ရေ နိုင်ငံတိဧ ဥစ္စာဓနသဘာဝနန့် အကြောင်းရင်းတိ လေ့လာခြင်း (An Inquiry into the Nature and Causes of the Wealth of Nations) ကို ၁၇၇၆ ခုနှစ်၌ ထုတ်ဝေခရေ။ နောက်ပိုင်းတွင် ထိုကျမ်းကို နိုင်ငံတိဧဓန (Wealth of Nations) ဟု အတိုကောက်သိကတ်ရေ။ ထိုစာအုပ်ကြီး မှာ ဘောဂဗေဒဆိုင်ရာ စာအုပ်တိထဲတွင် အကောင်းဆုံးရေ စာအုပ်ဖြစ်ရေဟု တန်ဖိုးဖြတ်ကတ်ရေ။ ထိုစာအုပ်တွင် လွတ် လပ်စွာ ကုန်သွယ်မှုကို ထောက်ခံရီးသားထားလီရေ။ ထို့ပြင် ထိုစာအုပ်ရေ ဘောဂဗေဒပညာရပ်အတွက် အလွန်ပင် အရီးပါ အရာရောက်လှဧ။ ဘောဂဗေဒကို သီးခြား သိပ္ပံ ပညာရပ် အနီဖြင့် ထားထိုက်ကြောင်းကိုလည်း အကြောင်း ပြထားလီဧ။

ကွယ်လွန်ခြင်း

ထိုပညာဟိကြီးရေ ၁၇၉ဝ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက် နိ့တွင် ကွယ်လွန်ရေ။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)