Wp/rki/သောမတ် အက်ဒီဆင်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > သောမတ် အက်ဒီဆင်
Thomas Alva Edison
"Genius is one percent inspiration, ninety-nine percent perspiration."
– Thomas Alva Edison, Harper's Monthly (September 1932)
မွီးသက္ကရာဇ်(1847-02-11)ဖေဖော်ဝါရီ ၁၁၊ ၁၈၄၇
မီလန် အိုဟိုင်းယိုး။
ကွယ်လွန်အောက်တိုဘာ ၁၈၊ ၁၉၃၁(1931-10-18) (အသက် ၈၄)
West Orange, New Jersey
အလုပ်အကိုင်တီထွင်သျှင်သိပ္ပံပညာသျှင်စီးပွားရီးသမား
အိမ်ထောင်ဖက်(တိ)Mary Stilwell
သားသမီးMarion Estelle Edison (1873–1965)
Thomas Alva Edison Jr. (1876–1935)
William Leslie Edison (1878–1937)
Madeleine Edison (1888–1979)
Charles Edison (1890–1969)
Theodore Miller Edison (1898–1992)
မိဘ(တိ)Samuel Ogden Edison, Jr. (1804–1896)
Nancy Matthews Elliott (1810–1871)
A Day with Thomas Edison (1922)

သောမတ် အယ်လ်ဗာ အက်ဒီဆင်[မှတ်စု 1] (အင်္ဂလိပ်: Thomas Alva Edison)ရေ အမေရိကန် တီထွင်သူ၊ သိပ္ပံပညာသျှင်နန့် စီးပွားရီး လုပ်ငန်းသျှင်တစ်ဦး ဖြစ်ရေ။[1] သောမတ် အက်ဒီဆင်အား ၁၈၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နိတွင် အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် မီလန်၌ မွေးဖွားရေ။ အက်ဒီဆင်ကို ငယ်စဉ်၌ စာသင်ကျောင်းသို့ပို့ရာ အဆင်မပြေလှသဖြင့် မိခင်ဖြစ်သူက သူ့ကို နေအိမ်မှာပင် စာသင်ပီးရန် ဆုံးဖြတ်လိုက်ရေ။ သူဖတ်ရန်အတွက် စာအုပ်တိကို သတင်းစာရောင်းပနာ ရှာဖွီဝယ်ယူခရရေ။အက်ဒီဆင်ရေ သိလိုမြင်လိုစိတ် ပြင်းပြသည့် ကလေးသူငယ် တစ်ဦးဖြစ်ရေ။ အမြဲလိုပင် အရာဝတ္ထုတိ မည်သို့ဖြစ်တည် ပြောင်းလဲ လှုပ်ရှားနေရေကို သူသိချင်နေရေ။ သူ့မိခင်က နေအိမ်၌ လက်တွေ့စမ်းသပ်ခန်းတစ်ခု ထူထောင်ပီးထားရေ။ သူ့လက်တွေ့ခန်းထဲတွင် သူတီထွင်ထားသည့် အရာတိ အတော်တိတိကို တွေ့ပီးရရေ။

လျှပ်စစ်မီးလုံး ဓာတ်ပြား[edit | edit source]

အက်ဒီဆင်ဧ လူသိအတိဆုံး တီထွင်မှုမှာ လျှပ်စစ်မီးလုံး ဖြစ်ရေ။ ထိုခေတ် ယင်းပိုင်ခါက နေအိမ်တိ၌ ဓာတ်ငွေ့ သို့မဟုတ် ရေနံဆီမီးအိမ်တိ သုံးစွဲနေချိန်ဖြစ်ရေ။ ဈေးသက်သာရေ လျှပ်စစ်မီးကို အသုံးပြုခြင်းအနိန်နန့် အလင်းရောင်ရပီးရီး သူအကြိမ်ကြိမ် ကြိုးစားခရေ။ ဇွဲဖြင့် တီထွင်ခြင်းကြောင့် မျက်မှောက်ခေတ်တွင် လျှပ်စစ်မီးခလုတ် ဖွင့်လိုက်ရုံမျှဖြင့် အချိန်မရွေး လျှပ်စစ်မီး အလင်းရောင် ရပီးလာခြင်း ဖြစ်ရေ။

သူရေ ပထမဆုံး လျှပ်စစ်ဓာတ်အားပီး စက်ရုံကို တည်ထောင်ပြီး နယူးယောက်မြို့၌ ၁၈၈၂ ခုနှစ်တွင် စက်ရုံဖွင့်လှစ်ရေ။

အက်ဒီဆင်ရေ ရုပ်သျှင်ကင်မရာကိုလည်း တီထွင်ရေ။ ဂနိခေတ် လူနေအိမ်နန့် စာသင်ကျောင်းတိတွင် မြင်တွေ့ရသည့် လျှပ်စစ်ဆိုင်ရာ စက်အတိအပြားမှာ သူ့အတွေး၊ သူ့တီထွင်မှုတိကြောင့် ဖြစ်ရေ။

တီထွင်အောင်မြင်မှုဆိုရေ ၁% ရေ ဉာဏ်ကွန့်မြူးမှုနန့် ၉၉% ရေ ချွေးထွက်မှုရို့ဧ ရလဒ်ဖြစ်ရေဟု အက်ဒီဆင်က ဆိုရေ။ လူသားအကျိုးပြု လုပ်ငန်းတိကို တီထွင်သူ သောမတ် အက်ဒီဆင်ရေ အသက် ၈၄ နှစ်အရွယ်တွင် နယူးဂျာစီပြည်နယ် ဝက်စ်အေရိန့်၌ ၁၉၃၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နိက ကွယ်လွန်ခရေ။

ဂနိခေတ်လူ့ဘောင်လောကကို သောမတ်စ်အယ်လ်ဗာအက်ဒီဆင်ဧ တီတွင်ပြုလုပ်ခမှုတိက နက်နဲစွာအကျိုးပြုနီလီရေ။

သောမတ်စ်အယ်လ်ဗာအက်ဒီဆင် ကို ၁၈၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နိတွင် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်၊ မီလန်မြို့၌ မွေးဖွားခရေ။ အက်ဒီဆင်ရေ ဆမ်မြုရယ်အက်ဒီဆင်ဂျုနီယာ နန့် နန်စီအီလိယက်အက်ဒီဆင် ရို့ဧသတ္တမမြောက်ရင်သွေးဖြစ်ပြီး မောင်နှမမျာအနက် အငယ်ဆုံးလည်းဖြစ်ရေ။

သူဧမိဘတိမှာ လူလတ်တန်းစား ပညာတတ်တိဖြစ်ကတ်ရေ။ အက်ဒီဆင် ၇ နှစ်သားအရွယ်ရောက်ကေ ဖခင်မှာ Fort Gratiot စစ်တပ်စာတိုက်တွင် လားရောက်တာဝန်ထမ်းဆောင်ရရေကြောင့် မိသားစုတစ်ခုလုံး မစ်ရှီဂန်ပြည်နယ်၊ ဟူရွန်ဆိပ်ကမ်း Port Huron သို့ပြောင်းရွှေ့ခရလီရေ။

Port Huron တွင်အက်ဒီဆင် ကျောင်းစတက်ခရေ။ စာသင်ခန်းထဲတွင် အရွယ်အမျိုးမျိုးရေ ကျောင်းသား ၃၈ ယောက်နန့်အတူ ပညာသင်ကြားရလီရေ။ သူဧ ဆရာ၊ ဆရာမတိက အက်ဒီဆင်အား ဉာဏ်အထိုင်းဆုံးကျောင်းသားအဖြစ် သတ်မှတ်ကတ်ရေ။

အကယ်ပနာသာ ဂနိခေတ်ပိုင် စိတ်ပညာ တိုးတက်မှုတိ ထိုခေတ်အချိန်က ပီးခပါကေ အက်ဒီဆင်ရေ ADHD (attention deficit hyperactivity disorder) ရောဂါလက္ခဏာ ခံစားနေရရေ ကလေးငယ်တစ်ဦးမှန်းသိခကတ်လီလိမ့်မည်။

နားအကြားအာရုံ ချွတ်ယွင်းမှုကြောင့် အက်ဒီဆင် ရေ ကျောင်းသင်ခန်းစာတိကို လေ့လာဆည်းပူးရာ၌ အခက်အခဲဖြစ်ခရေ။ နောက်ပိုင်းတွင် ကျောင်းခေါ်ချိန်မမှန်ရေ ကျောင်းပြေးလေးဖြစ်ခပြီး သူဧမိခင်က ကျောင်းမှထုတ်ကာ အိမ်မှာပင် စာသင်ပီးခလီရေ။

အိမ်တွင် စာအုပ်၊ စာပေတိစွာကို ဖတ်ရှုလေ့လာခရေ။ အက်ဒီဆင်ရေ စာကိုအသာငမ်းငမ်းဖတ်တတ်သူဖြစ်လီရေ။ သူဧမိခင်က ကျမ်းစာသင်ပီးခပိုင် ဖခင်ဖြစ်သူက ဂန္ဓဝင်စာပေတိကို ဖတ်ရှုရန်တိုက်တွန်းခရေ။ အားပီးအားမြှောက်ပြုသည့်အနိန်နန့် စာအုပ်တစ်အုပ်ဖတ်ပြီးလားတိုင်း အက်ဒီဆင်အား ၁ဝ ပြား ဆုချလီရေ။

မကြာမီမှာပင် အက်ဒီဆင်ဆိုရေ ကလေးငယ်ရေ ကမ္ဘာ့သမိုင်းကို အထူး စိတ်ဝင်စားခပြီး ရှိတ်စပီးယားပြဇာတ်တိကို အထူး နှစ်ခြိုက်ခလီရေ။ ကဗျာတိကို ပြန်လည်ရွတ်ဆိုခြင်းနန့် စာဖတ်ခြင်းရေ သူဧ အနှစ်သက်ဆုံးအရာတိဖြစ်ခရေ။ အသက် ၁၂ နှစ်အရွယ်တွင် Gibbon's Rise And Fall Of The Roman Empire, Sears' History Of The World, and Burton's Anatomy Of Melancholy, The World Dictionary of Science , ESifh Practical Chemistry စာအုပ်ရို့ကိုဖတ်ရှုလေ့လာပြီးဖြစ်နီလီရေ။ သူရေ နယူတန်ဧရူပဗေဒနိယာမတိ၊ သင်္ချာနန့် ဓာတုဗေဒ ဘာသာရပ်တိကိုလည်း အထူးစိတ်ဝင်စားခရေ။

သူရေ Grand Trunk Railway ဘူတာရုံ၌ သတင်းစာတိ၊ သကြားလုံး နန့်မုန့်တိရောင်းခြင်း အလုပ်လုပ်ခရေ။ ထိုစဉ်ကသူဧအသက်မှာ ၁၂ နှစ်သာ ပီးသေးရေ။ နေအိမ်မြေအောက်ခန်းထဲတွင် ဓာတုဗေဒဓာတ်ခွဲခန်းတစ်ခုပြုလုပ်ကာ စမ်းသပ်လေ့လာမှုတိပြုလုပ်ခရေ။

မြေအောက် ဓာတ်ခွဲခန်းမှထွက်လာရေ အနံ့ဆိုးတိကို သူဧမိခင်က ရီးမခံနိုင်ဘဲ ဖြစ်နီချိန်တွင် ဘူတာရုံ၌ ကုန်ရထားအလွတ်တစ်ခုကို သူဧဓာတ်ခွဲခန်းအဖြစ် အသုံးပြုခွင့်ရခရေကြောင့် အက်ဒီဆင်ရေ သူဧ အားလပ်ချိန်တိအား ဓာတ်ခွဲခန်းတွင်သာ အချိန်ကုန်လေ့ပီးရေ။

တစ်ချိန်တည်းမှာပဲပင် Grand Trunk Herald ဟုနာမည်ပီးထားရေ အပတ်စဉ်သတင်းစာတစ်စောင်ကိုလည်း ထုတ်ဝီခလီရေ။ ပြည်တွင်းစစ် မတိုင်မီအချိန်က လင်ကွန်း နန့် ဒေါက်ကလပ်စ် ရို့ဧ စကားစစ်ထိုးပွဲတိကို ထည့်သွင်းရီးသားထုတ်ဝီခသဖြင့် သူဧသတင်းစာမှာ ရောင်းကောင်းခရေ။ တစ်နေ့ကေ သတင်းစာရောင်းရငွေမှာ ၁ဝ ဒေါ်လာနန့်အထက်ပီးလီရေ။

အသက် ၁၄နှစ်အရွယ် မီးရထားဘူတာရုံ၌အလုပ်လုပ်နေစဉ် အက်ဒီဆင်ဧဘဝ တစ်မျိုးတစ်မည်ပြောင်းလဲရန်အကြောင်းဖန်လာခရေ။ မီးရထားလာနေစဉ် ပြေးလွှားကစားရင်း မီးရထားလမ်းပေါ်သို့ ပြုတ်ကျရေ မီးရထားရုံပိုင်ကြီးဧ ရင်သွေးတစ်ဦးအား အက်ဒီဆင် ကယ်တင်ခရာမှ ရုံပိုင်ကြီး က ကျေးဇူးဆပ်ရေအနိန်နန့် ကြေးနန်းရိုက်နည်းပညာကို သင်ပီးခလီရေ။

ကြေးနန်းရိုက်နည်းပညာတတ်မြောက်ပြီး နောက် ၁၈၆၂ မှ ၁၈၆၈ အတွင်း အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း၊ တောင်ပိုင်း၊ ကနေဒါ နိုင်ငံရို့ နန့် နယူးအင်္ဂလန်နိုင်ငံတိသို့ ကြေးနန်းရိုက်သူအဖြစ် လှည့်လည်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခရေ။

ထိုအချိန်အတောအတွင်း အက်ဒီဆင်ရေ သတင်းပို့ရေစာသားတိကို အလိုအလျောက် ရိုက်နှိပ်ပီးသည့် ကြေးနန်းရိုက်ကိရိယာကို တီထွင်ခလီရေ။ ၁၈၆၉ တွင် သူဧတီထွင်မှုဖြစ်ရေ ကြေးနန်းရိုက်ခြင်းနန့် စာသားတိကိုပုံနှိပ်ပီးခြင်း နှစ်မျိုးစလုံး အသုံးပြုနိုင်ရေ စက်ကိရိယာမှာ တိုးတက်ကောင်းမွန်လာပြီး အမြောက်အမြား တီထွင်ထုတ်လုပ်လာရရေကြောင့် အက်ဒီဆင်ရေ အလုပ်မှထွက်ကာ စီးပွားဖြစ် တီထွင်ခြင်း ကိုအချိန်ပြည့်လုပ်ကိုင်ခလီရေ။

တစ်နှစ်အတွင်းမှာပင် နယူးယောက်မြို့သို့ ပြောင်းရွှေ့ခပြီး နယူးဂျာစီ ပီး နယူးဝပ်ခ်တွင် သူဧအလုပ်ရုံကို ထပ်ဖွင့်နိုင်ခလီရေ။ Edison universal Stock Printer, the automatic telegraph ရို့အပြင် အခြားပုံနှိပ်ကြေးနန်းစက်တိကိုလည်း နယူးဝပ်ခ် တွင် တီထွင်ထုတ်လုပ်နိင်ခရေ။ ထိုအချိန်ကာလတွင်ပင် အက်ဒီဆင်ရေ Mary Stilwell နန့် လက်ထပ်ခရေ။

၁၈၇၅ တွင် အက်ဒီဆင်ရေ စီးပွားရီးအကျပ်အတည်းကို စတင် ရင်ဆိုင်စ ပြုလာရပြီး ဓာတ်ခွဲခန်းအသစ်တစ်ခု နန့် စက်ပစ္စည်းအလုပ်ရုံတစ်ခု တည်ဆောက်ပီးရန် သူဧဖခင်အား အကူအညီတောင်းခံခရေ။ ၁၈၇၆ ခုနှစ် မတ်လတွင် အလုပ်ရုံအသစ်သို့ပြောင်းရွှေ့ခပြီး သူဧလုပ်ငန်းစပ်တူရှယ်ယာတိဖြစ်ရေ Charles Batchelor နှင် John Kruesi ရို့နန့်အတူ အလုပ်လုပ်ခလီရေ။ ထို ဓာတ်ခွဲခန်းတွင်အက်ဒီဆင်ရေအကြီးမားဆုံးရေအောင်မြင်မှုကိုရပီးခပြီး Wizard of Menlo Park ဆိုရေ ဘွဲ့ထူး၊ ဂုဏ်ထူးကို ချီးမြှင့်ခြင်းခံခရရေ။

၁၈၇၇ တွင် အက်ဒီဆင်ရေ တယ်လီဖုန်းစကားပြောခွက် နန့် စပီကာ ရို့တွင် ဂုလက်ပီးအချိန်ထိတိုင်အောင် အသုံးပြုနေဆဲဖြစ်ရေ carbon-button transmitter ကိုတီထွင်ခလီရေ။

ထိုနှစ်ဒီဇင်ဘာလတွင်ပင် သံဖြူသတ္တုပြား ဓာတ်စက် ကိုလည်းတီထွင်ခရေ။ ၁၈၇ဝ နှစ်တိနှောင်းပိုင်းကာလတိတွင် J.P Morgan, the Vanderbilts နန့် အက်ဒီဆင် ရို့ရေ အက်ဒီဆင်လျှပ်စစ်မီးကုမ္ပဏီ (Edison Electric Light Company) ကိုတည်ထောင်ခကတ်ရေ။

၁၈၇၉ တွင် အက်ဒီဆင်တီထွင်ရေ လျှပ်စစ်မီးသီးကို ပြည်သူလူထုထဲတွင် ဖြန့်ချိနိုင်ခရေ။

၁၈၈၂ တွင် မက်ဟက်တန် central power system ကို ကြီးကြပ်ပီးရရေ။ ၁၈၈၃ တွင် အက်ဒီဆင် ဧ အင်ဂျီနီယာတစ်ဦးဖြစ်ရေ William J.Hammer က electron tube ကိုစူးစမ်းရှာဖွီတွေ့ပီးခလီရေ။ ထိုရှာဖွီတွေ့ပီးမှုကို Edison effect ဟူ မူပိုင်ခွင့်ပြုလုပ်ခရေ။

၁၈၈၄ တွင် အက်ဒီဆင်ဧ ဇနီးဖြစ်သူ မေရီရေ သူ့အား ရင်သွေး ၃ယောက်ရို့နန့်အတူထားရစ်ကာ ကွယ်လွန်လားခလီရေ။ ၁၈၈၆ တွင် အက်ဒီဆင်ရေ Mina Miller နန့်လက်ထပ်ခပြီး နယူးဂျာစီပြည်နယ် West Orange တွင် ဓာတ်ခွဲခန်းအသစ်တည်ထောင်ကာ သုတေသနပြုလုပ်မှုတိ လုပ်ဆောင်ခရေ။

ထိုဓာတ်ခွဲခန်းအလုပ်ရုံတွင် အလုပ်သမားအယောက် ၆ဝ-ခန့် ခန့်ထားပြီး ထိုတိပြားလီရေအလုပ်သမားတိကို ကြီးကြပ်ကွပ်ကဲရရေ။ အလုပ်သမားအသစ်တစ်ဦးက အက်ဒီဆင်အားအလုပ်ရုံစည်းမျဉ်း၊ စည်းကမ်းတိကိုမေးရေအခါ “ဒီနီရာမှာ ဘာစည်းမျဉ်း၊ စည်းကမ်းမှမပီးပါဘူး။ ကျွန်တော်ရို့တတွေအားလုံး တစ်စုံတစ်ခုကို ပြီးမြောက်အောင်မြင်အောင် ပြုလုပ်နေကြခြင်းဖြစ်တယ်” ဟု အက်ဒီဆင်ကပြန်ဖြေခလီရေ။

West Orange တွင်နေထိုင်စဉ်အတွင်း အက်ဒီဆင်ရေ စီးပွားရီးဈေးကွက်အတွက် ဓာတ်စက်တိ၊ Kinetoscope , batteries, electric pen, mimeograph , microtasimeter ရို့ကို စီးပွားဖြစ်ထုတ်လုပ်နိုင်ခလီရေ။ ၁၉၁၃ တွင် အက်ဒီဆင်ရေ ပထမဦးဆုံး အသံထွက်ရုပ်သျှင်ဇာတ်ကားကို ထုတ်လုပ်နိုင်ခရေ။

၁၉၁၅ တွင် US Navy Consulting Board ဧ ဥက္ကဋ္ဌ အဖြစ်ရာထူးခန့်အပ်ခြင်းခံရရေ။ အက်ဒီဆင်ရေ တီထွင်မှုပေါင်း ၁၀၀ဝ ကျော်ကို မူပိုင်ခွင့် ရခလီရေ။ အက်ဒီဆင်ဧတီထွင်မှုတိရေ လိုအပ်ချက်အရ နည်းပညာအသစ်တိဖြင့် တီထွင်မှုတိဖြစ်သပိုင် ရှာဖွီစမ်းသပ်ရင်း မတော်တဆတွေ့ပီးမိရေ တီထွင်မှုတိလည်း ပါဝင်လီရေ။

သောမတ်စ်အယ်လ်ဗာအက်ဒီဆင်ရေ နယူးဂျာစီ ပြည်နယ် West Orange ၌ ၁၉၃၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နိတွင် ကွယ်လွန်ခရေ။ ရုပ်အလောင်းအား သူ့ဧအိမ်နောက်ဖေး၌ မြုပ်နှံခရေ။[2][3] အက်ဒီဆင်ဧတီထွင်မှုတိရေ ဂနိခေတ်မျက်မှောက်ကာလ လူ့အဖွဲ့အစည်းအတွက် အလွန်အကျိုးကျေးဇူးတိလှလီရေ။

မှတ်စု[edit | edit source]

  1. Thomas ရေ အာရာမေးယစ်ဘာသာစကား (Aramaic) ဧ နာမည်တစ်ခုဖြစ်ပနာ နောက်ပိုင်းကာလတိတွင် ဥရောပဘာသာစကားတိသို့ ရောက်ပီးပြန့်နှံ့လာသည့် ရေပန်းစားရေနာမည်တစ်ခုဖြစ်ကာ အသံထွက်အနိန်နန့် 'Tomas' (တော/ထော မတ်စ်) ဟူပနာ ထွက်လေ့ပီးကတ်ရေ။ ယကေလည်း ရခိုင်၌ အသံဖလှယ်ရာတွင် 'th' ကို 'သ' သံအဖြစ် လွဲမှားဖလှယ်ခရေကြောင့် သောမတ်(စ်) ဆိုရေ စကားလုံးဖြင့် ရီးသားလေ့ပီးကတ်ရေ။ ဒေစကားလုံးဧ အတိုကောက်စကားလုံးမှာ 'Tom' ဖြစ်ဧ ။ Edison တွင်လည်း မူလအင်္ဂလိပ်စကားပြောသူတိရေ စကားလုံးအချို့ဧ သရသံတိကို schwa (〈ə〉) ဖြင့်သာ ရွတ်ဆိုရေကြောင့် "အက်ဒီဆင်" (Template:Wp/rki/Angbr IPA) ထက် အက်ဒစ်ဆန် (ဆာန်) က ပိုပနာ နီးစပ်သည့်အသံဖြစ်ရေ။

ကိုးကား[edit | edit source]

  1. "The alphabet of success"၊ The Economist၊ September 15, 2016။ September 16, 2016 တွင် ပြန်စစ်ပြီး 
  2. "Thomas Edison Dies in Coma at 84; Family With Him as the End Comes; Inventor Succumbs at 3:24 A.M. After Fight for Life Since He Was Stricken on August 1. World-Wide Tribute Is Paid to Him as a Benefactor of Mankind"၊ New York Times၊ October 18, 1931။ "West Orange, New Jersey, Sunday, October 18, 1931. Thomas Alva Edison died at 3:24 o'clock this morning at his home, Glenmont, in the Llewellyn Park section of this city. The great inventor, the fruits of whose genius so magically transformed the everyday world, was 84 years and 8 months old." 
  3. Benoit, Tod (2003). Where are they buried? How did they die?. Black Dog & Leventhal. p. 560. ISBN 978-1-57912-678-0.