Wp/rki/သဘာဝပန်းတိ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > သဘာဝပန်းတိ

သဘာဝပန်းတိ ရိုးရိုးပန်းဝှက်

၁။ ကလွေ့မောင်သျှေ မျက်နှာပြောက်၊ အိမ်တိုင်းအိမ်တိုင်းရောက်။ (ကလွေ့မေသျှေ--မိန်းကလေး)။ အဖြေ- ဒင်္ဂါး။

၂။ ကလွေ့မေသျှေတောင့်ကို ခါးကြိုးလို။ အဖြေ - ကောက်လှိုင်းစည်း။

၃။ ကောင်းကင်ကကျ ပုလဲလှ၊ မြက်တောမှာ ကျရှာရေ။ အဖြေ - မိုးသီးပေါက်။

၄။ ကန်၊ ကန်ထက်က ပြွန်၊ ပြွန်ထက်က ပတ္တမြား၊ ပတ္တမြားထက်က တောတန်း၊ တောတန်းထက်က ပြင်၊ ပြင်ထက်က တော၊ တောထဲမှာ ကျား။ အဖြေ - ပါးစပ်၊ နှာခေါင်း၊ မျက်လုံး၊ မျက်ခုံးမွှေး၊ နဖူး၊ ဆံပင်၊ ဆံပင်ထက်က သန်း။

၅။ ကန်ထဲမှာ ရီ၊ ရီထဲမှာ မြွီ၊ မြွီထက်က ရွှီ။ (ရီ-ရေ၊ မြွီ-မြေ၊ ရွှီ-ရွှေ) အဖြေ - ဆီမီးခွက်

၆။ ကုန်းမှာ နီ၊ ရီမှာ ဥ။ (နီ- နေသည်) အဖြေ - ဖား

၇။ ကမ္ဘာမြီပြင်၊ ထန်းငါးပင်၊ တစ်ပင်နောက်လိုက်ရစီ။ (မြီ- မြေ၊ လိုက်ရစီ- လိုက်ပါရစေ) အဖြေ - ဘုရားငါးဆူပွင့်တော်မူ၊ တစ်ဆူနောက်လိုက်စီ။

၈။ ကမ်းနားပတ်လည်၊ ရက်တက်တေ၊ အလယ်အနားသတ်။ (ရက်တက်တေ- အိမ်မိုး၍ နောက်ဆုတ်ကာ ဆုတ်ကာတက်သည်။) အဖြေ - အိမ်ခေါင်မိုးသည်။

၉။ ကျောက်ဖျာကြီးအောက်၊ မှိုကြီးပေါက်။ အဖြေ - လ။

၁၀။ ကြက်ဖနှစ်ကောင်၊ တစ်ကောင် ရျွေ၊ တစ်ကောင် ငွေ။ အဖြေ - နေ၊ လ။

၁၁။ ကြက်မမဲညို၊ ရီမှာနှစ်၊ မနှစ်လို။ အဖြေ - မီးသွေး။

၁၂။ ကြက်လည်းမတွန်၊ အိပ်ကေလည်း မနိုး၊ လူ့ပြည်ကျွန်မှာ ရွာတစ်မျိုး။ (အိပ်ကေ-အိပ်သောအခါ) အဖြေ - သင်္ချိုင်း။

၁၃။ ကြံမဲ တရုံ၊ ခွတ်မကုန်။ (ခွတ်- ခုတ်သည်) အဖြေ - ဆံပင်။

၁၄။ ကွန်ဆိုးမ ကုလားမ၊ သားကိုသိပ်၊ ခြီရင်းက။ (ကွန်ဆိုးမ-ဆိုးသွမ်းသူ) အဖြေ - ငှက်ပျောပင်။

၁၅။ ခရုဝမ်းပူ၊ အအူမဟိ။ (အအူမဟိ- အူမရှိ) အဖြေ - ရီအိုးခွက်။

၁၆။ ခေါင်းသုံးလုံး၊ ခြီဆယ်ချောင်း၊ မတုံးသုံးခု။ နွား၊ အပ်(ခြီ-ခြေ၊ မတုံး-အမြီး) မှတ်ချက်။ လယ်ယာထွန်ယက်ရန် ရခိုင်တွင် အပ်ကိုင်းခေါ် ထွန်တုံးကို သုံးသည်။ ထိုအပ်ကိုင်းတွင် လယ်ထွန်သူ ကိုင်ဆောင်သော အစွန်းကို အပ်တုံး၊ (အပ်ကိုင်း၏အမြီး)ဟု ခေါ်သည်။ ပန်းဝှက်သူ၏ အမေး၌ ခေါင်းသုံးလုံးဆိုသည်မှာ လူနှင့် နွား၊ ကျွဲ နှစ်ကောင်တို့၏ ခေါင်း သုံးလုံးဖြစ် ခြေဆယ်ချောင်းဖြစ်သည်။ အမြီးသုံးခုမှာ အပ်ကိုင်းအမြီးနှင့် နွား၊ ကျွဲနှစ်ကောင်တို့၏ အမြီးများကို ဆိုလိုသည်။ အဖြေ - လယ်ထွန်သူ။

၁၇။ ခန္ဓာငယ်သလောက်၊ အိမ်ကြီးဆောက်။ အဖြေ - စာပူးတောင်း။

၁၈။ ခြည်သီးခြည်ငင်၊ စမမြင်၊ ခြည်ဝင်ခြည်သီး၊ စမဟိ။ (မဟိ-မရှိ) အဖြေ - ဘဲဥ၊ ကြက်ဥ။

၁၉။ ခွတ်လို့ မပြတ်၊ သတ်လို့ မသီ။ (မသီ- မသေ) အဖြေ - ရေ။

၂၀။ ချစ်သူရင်ခွင် ခိုဝင်ကျိန်းစက်၊ အလွမ်းပြေက ခုန်၍တက်၏။ အဖြေ - ကမ္ဘာမြေပြင် ငုံ့ဝင်ကွယ်ဝှက်၊ တစ်ညကုန်သော် နေဝန်းထွက်၏။

၂၁။ ငညိုသျှေ ငဖြူကွက်၊ ငလုံးလာလို့နှက် သွီးစက်စက်ထွက်။ (သွီး - သွေး) အဖြေ - ကွမ်းရွက်၊ ထုံး၊ ကွမ်းသီး၊ ကွမ်းရည်။

၂၂။ ငါ့နွားကြံစုံ တိုက်ကိုခုန်၊ အစာကုန်မှ အောက်သို့ကျ။ အဖြေ - မီးပုံးပျံ။

၂၃။ ငါ့နွားတစ်ကောင် သွားတစ်ထောင်၊ မြက်ကိုမစား၊ သစ်ကိုစား။ အဖြေ - လွှ။

၂၄။ ငါ့သား ငဖြူ ထွက်တော်မူ၊ ရွာသူကြီး ငါးယောက် ဖမ်းဖို့ရောက်။ အဖြေ - နှပ်။

၂၅။ ငှက်ဝါသျှေ၊ မြီမှာဥ။ (သျှေ- ငယ်) အဖြေ - နနွင်းဥ

၂၆။ ငှက်သျှေတစ်ကောင် ပျံလို့လား၊ ခြီနန့်မနား နှုတ်နန့်နား။ (လား-သွား၊ ခြီ-ခြေ၊ နန့်-နှင့်) အဖြေ - မြား။

၂၇။ ငယ်ခါ တံပက်ဝတ်ကြီးခါ တံပတ်ချွတ်။ (တံဖက်တဘက်ပဝါ) အဖြေ - ထန်းပင်။

၂၈။ ငယ်ခါ ဘာဇူဝတ် ကြီးခါ ဘာဇူချွယ်။ (ဘာဇူ - အင်္ကျီ) အဖြေ - ဝါးပင်။

၂၉။ စပါးစား နွားလည်း မဟုတ်။ အဖြေ - တံစဉ်။

၃၀။ စက္ခုတစ်ထောင် မတုံးထောင် ဇာကောင်လေး။(မတုံး- အမြီး) အဖြေ - ဥဒေါင်း။

၃၁။ စစ်သားငါးရာ ဆင်းလို့လာ၊ တောင်ပို့မှာရောက် ရတ်စောက်ဆောက်။ အဖြေ - တောင်ပို့မှို

၃၂။ ဆင်ပြောင်ကြီးငါးရာ ရီသောက်လာ၊ ခြီရာလည်းပျောက် ရီလည်းနောက်။ မှတ်ချက်။ ကျောက်တော်၊ ပန်းမြောင် စသော မြစ်ဖျား၊ ချောင်းဖျား ရေချိုရာဒေသတို့၌ ချောင်းတွင်ရေချိုး ကြသည်။ အဝတ်လျှော်ကြသည်။ မိန်းကလေးများ တစ်စုတစ်ဝေး ရေလာခပ်ရင်း တောင်းငယ်တွင် ဆန်ထည့်လာကာ ဆန်ဆေးတတ် ကြသည်။ ဆန်ဆေးရေကြောင့် ရေနောက်သွားသည်။ ခြေရာ လည်းပျောက်သွားသည်။ ထိုအဖြစ်ကို ရည်ရွယ်၍ အထက်ပါအတိုင်း ပန်းဝှက်ခြင်း ဖြစ်သည်။ အဖြေ - ချောင်းထဲ၌ ဆန်ဆေးခြင်း။

၃၃။ ဆင်မ နားရွက် သွီးစက်စက်။ အဖြေ - အိမ်ခေါင်မိုးတံစက်။

၃၄။ ဆင်မ ဝမ်းခေါင်း လောက်တစ်သောင်း။ အဖြေ - ထမင်းအိုး

၃၅။ ဆတ်ခနဲထု အပုအီးယို။ အဖြေ - ခရမ်းချဉ်သီး။

၃၆။ ဆန်းပြားဝတ်ရုံ ကိုယ်လုံးချုံ (ခြုံ)၊ ဗုံထောင်သမား ပြောက်ကျားကျား အဖြေ - သစ်တောက်ငှက်။

၃၇။ ဇာတီဖုန်းဆိုး ရှိမခိုး။ (ဇာတီ- စေတီ) အဖြေ - ကောက်ရိုးပုံ

၃၈။ ဇမ္ဗုသပြီ အသီးကြွီ၊ မြီမှာလည်းကျ ရှာမရ။ (သပြီသပြေပင်၊ကြွီ- ကြွေ၊ မြီ- မြေ) အဖြေ - မိုးသီး၊ မိုးပေါက်။

၃၉။ ညီနန့်အစ်ကို တရားဆို၊ အစ်ကိုရှုံးတုံ ညီရှုံးတုံ။ အဖြေ - လက်ရက္ကန်း (ယက္ကန်း) ခြေနင်း။

၄၀။ ညီနန့်အစ်ကို တရားဆို၊ အစ်ကိုလည်းရှုံး၊ ညီလည်းရှုံး။ အဖြေ - ဓား၊ ဓားသွေးကျောက်။

၄၁။ ညိုမသျှေ အဖြူကွက် သွီးစက်စက်ထွက်။ အဖြေ - ကွမ်းရွက်၊ ထုံး၊ ကွမ်းသွေးရည်။

၄၂။ တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ငါလည်းမင်းလောင်း ထီးဖြူဆောင်း။ အဖြေ - မှို။

၄၃။ တီးတလည်လည် မျှိုင်သျှေတလောင်ပွန်း၊ အလယ်ခေါင်မှာ ရမ္မာဝတီကျွန်း။ (မျှိုင်သျှေ- ပုစွန်ဆိတ်ကလေး) အဖြေ - စကောနှင့် ဆန်တီးရာအလယ်၌ စပါးများ စုနေခြင်း။

၄၄။ တောမှာနီ ရန်သူ အိမ်သို့ရောက် ခင်ပွန်းဖြူ။ (အရွက်နား၌ ဆူးရှိသည့် အပင်တစ်မျိုး၊ ၎င်းင်းအရွက်ရှည်ဖြင့် သပေါ့ရက်ပါသည်။) အဖြေ - သပေါ့စာပင်။

၄၅။ တက်လေးချောင်းနန့် အပြင်းလှော်၊ မှောက်တော်သျှင်မ ပေါင်းထဲက (မှောက်တော် -မင်းသမီး) အဖြေ - ပြင်သာလိပ်၊ ပင်လယ်လိပ်

၄၆။ တောင်ထက်က မန်းဇရီ လီထလိုမကြွီ။ (မန်းဇရီ -မဲဇလီ၊ လီ- လေ၊ ကြွီ၊ ကြွေ) အဖြေ - ဆံပင်

၄၇။ တိုက်သျှေတိုက်သျှေ တိုက်ကရိုက်၊ ခိုးသူလာကေ လှံနန့်လိုက်။ (တိုက်ကရိုက်- တိုက်ကလေးများစွာ) အဖြေ - ပျားအုံနှင့် ပျား။

၄၈။ တောင်သုံးလုံးကျော် ကြော်ပွင့်ရေဝန်း။ (ကြော်-ဟစ်အော်) အဖြေ - ပေါက်ပေါက်။

၄၉။ ထပိန်ဆယ်ထပ် မဝတ်တတ်၊ စွာကအငယ် ပိစိသျှေ။ (စွာ- ဖင်၊ ပိစိသျှေ-သေးသေးလေး)။ အဖြေ - ငှက်ပျောဖူး။

၅၀။ ထားကေခွီခွီ နီကေစန့်စန့်။ (ခွီခွီ-ခွေခွေ၊ နီကေ-နေလျှင်) အဖြေ - ကြိုး။

၅၁။ နကြရလောင်ပွန်း၊ အဝန်းညီစွာ၊ အခြီပေါက် နောက်ကုန်းမှာ။ အဖြေ - လက်ရက္ကန်း၏ ခြေနင်းအုန်းသီးခွံ။

၅၂။ နိန့်ခါကားပူ ညဉ့်ခါကားပွင့် ဘူးပင်ညိုစင်အမြင့်။ (နိန့်နေ့၊ ညဉ့်- ည) အဖြေ - နေ၊ လ၊ ကောင်းကင်။

၅၃။ နီအခါအငုံ ညအခါပွင့်။ အဖြေ - ဆီမီးခွက်

၅၄။ နတ်သမီးဝတ် စိန်နားဒေါင်း၊ ဖော်လို့ရသူ ဘုရားလောင်း အဖြေ - ကြယ်။

၅၅။ နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်နိုင်သော်လည်း တစ်ပေါက်တည်း။ အဖြေ - အပ်။

၅၆။ နွားငဖြူသျှေ ကမ်းစပ်ခြုံ (ချုံ)တိုင်း ဖောက်တတ်တေ။ အဖြေ - ပြားရီလှိုင်း၊ ဒီရေလှိုင်း။

၅၇။ နွားမ တစ်အုပ် တိုင်မှာတုပ်။ အဖြေ - ပြဒါကာပင်၊ သင်္ဘောပင်။

၅၈။ နှီးနန့်လေးမချိုင် ကြိမ်နန့်လည်းမကွပ်၊ တစ်ပင်တိုင် နန်းပြဿဒ်။ အဖြေ - စေတီ။

၅၉။ နှစ်ယောက်တစ်တွဲ နီခါခွဲ၊ ညဘက်ကျလျှင် ပြန်ပေါင်းချင်။ အဖြေ - တံခါးရွက်။

၆၀။ ပဋိသန္ဓေ ခေါင်းမှာတည်၊ ဖွားချိန်တစ်ရက် ဝမ်းမှာဆက်။ အဖြေ - ပုစွန်။

၆၁။ ပထမအရွယ်မှာ လေးချောင်းထောက်၊ ဒုတိယအရွယ်မှာ နှစ်ချောင်းထောက်၊ တတိယအရွယ်မှာ သုံးချောင်းထောက်။ အဖြေ - ကလေး၊ လူကြီး

၆၂။ ပင်လယ်ဇီးခက် ဆယ့်ငါးရွက်၊ အရွယ်သုံးဆယ် ပန်းစံပယ်။ အဖြေ - ဦးသျှောင်

၆၃။ ပတ်ပတ်ခြွီ မြွီလည်းမဟုတ်။ အဖြေ - ကြိုး

၆၄။ ပျံရေခါ အတောင်နန့်၊ နားရေခါ နှုတ်သီးနန့်။ အဖြေ - မြား။

၆၅။ ပွင့်တန်မလာ မုံတန်မထိုး၊ ဝယိုင်သာမှာ ရုန်ဗျာပွင့်ကေ ပန်းတစ်မျိုး။ (မုံတန်- အငုံ၊ ဝယိုင်-ဥယျာဉ်၊ ရုန်ဗျာ-အသံမြည်ဟီးလျက်)

၆၆။ ဘီလူးလိုင်တို လူကိုမျို။ (လိုင်- လည်းပင်) အဖြေ - အင်္ကျီ

၆၇။ “ဘူး” နန့် ပင်ကြွီကျ ရှာမရ။ အဖြေ - အီးပေါက်သံ။

၆၈။ ဗျိုင်းဖြူကြီး ၃၃-ကောင် မေ့လက်ဝါးမှာ နားယောင်ယောင်၊ အမောင်စာထက် အေပုစ္ဆာကို ဖြေပါလတ် (အေ-ဤ) မှတ်ချက် - ရခိုင်တို့သည် ညသတ်သံကို တချို့နေရာ၌ အေသရသံဖြင့်လည်းကောင်း၊ တချို့နေရာ၌ အိုင်သရသံဖြင့် လည်းကောင်း အသံထွက်ပါသည်။ ဗျည်း ၃၃-လုံးကိုရခိုင်တို့က ဗျိုင်း-၃၃လုံးဟု အသံထုတ်ပါသည်။ အဖြေ - ဗျည်း -၃၃လုံး။

၆၉။ မတုန်းကတောင်း ခေါင်းကစား။ (မတုန်း-အမြီး) အဖြေ - ခွေး

၇၀။ မဖွပ်ပဲဖြူ ရေပဆိုး၊ မဖြည့်ဘဲပြည့်ရေ ရီအိုး။ (ပုဆိုး-စောင်) အဖြေ - အုန်းသီးဆန်၊ အုန်းသီးရည်။

၇၁။ မဲမ ဖင် နီမ လျက်။ အဖြေ - အိုးဖင်နှင့်မီး

၇၂။ မိုးလီချိန်သီ သိုက်နန်းနီရေ ပညာဟိ။ (လီ-လေ၊ နီရေ-နေတဲ့၊ ပညာဟိ- ပညာရှိ) အဖြေ - ဖွတ်

၇၃။ မိုသံလည်းကြား စကားများ။ အဖြေ - ဖား။

၇၄။ မင်္ဂလာလောင်ပွန်း၊ အဝန်းညီစွာ၊ အညှာကမြီထဲမှာ။ (လောင်ပွန်း- ပန်းကန်ပြား)

၇၅။ မင်းကြီးလက်စွပ် အလယ်ဆိပ်ထရံ ပြပြတ်ကပ်။(အလယ်ဆိပ်ထရံ-အိမ်ဦးခန်းနှင့် အိမ်ခန်းကြား ဆီးကာထားသော ထရံ) အဖြေ - နေပြောက်။

၇၆။ မင်းသားမောင်ဖြူ ထွက်တော်မူ၊ ရန်သူငါးယောက် ဖမ်းဖို့ရောက်။ အဖြေ - နှပ်။

၇၇။ မျက်နှာမည်းကြီး ငိုလတ်တေ၊ ပဟိုရ်စည်ကြီး တီးလတ်တေ၊ သီရေသူရို့ ရှင်လတ်တေ။ အဖြေ - မိုးရွာခြင်း၊ မိုးကြိုးခြင်း၊ မြက်။

၇၈။ မြီကြီးဝသုန် ဖြိန့်ဖြိန့်တုန်၊ တောင်ဟုန်လည်းကြီး ထွက်လို့ပြီး။ အဖြေ - လေယာဉ်ပျံ။

၇၉။ မြင့်မိုရ်တောင်အောက် ရီပေါက်ပေါက်၊ ကောက်လို့မကုန် ရီပန်းမုံ။ အဖြေ - မိုးသီးပေါက်။

၈၀။ မွီးစခါအဂြိုပါ၊ အရွယ်လည်းရောက် အဂြိုပျောက်၊ သီဖို့အခါ အဂြိုပေါ်။ (မွီး-မွေး၊ အဂြို -ချို၊ သီ-သေ) အဖြေ - လဆန်း၊ လပြည့်၊ လဆုတ်။

၈၁။ ရီမာနီ သတ္တဝါ ဇာတီနန့်ပုံပမာ။ အဖြေ - မရွတ်၊ စေတီပုံခရုတစ်မျိုး။

၈၂။ ရီလယ်ခေါင် သောင်ထွန်း နတ်သမီးနီရေကျွန်း။ အဖြေ - သနပ်ခါး ကျောက်ပျဉ်။

၈၃။ ရိုးမှာသန္တာ ရွက်မှာရွက်မှ ဖော်နိုင်သူပညာနန့်။ (နန့်-နှင့်) အဖြေ - ဘုန်းကြီးယပ်တောင်။

၈၄။ ရိုးလှသန္တာ အညှာနန့်၊ ကိုင်ဝံ့ရေသူ ပညာနန့်။ (ရိုးလှသန္တာ- ဆိတ်ဖလူးပန်း၊ ၎င်းပန်းကဲ့သို့ အရိုးနီခြင်း) အဖြေ - ဘုန်းကြီးယပ်တောင်၊ ဘုန်းကြီး။

၈၅။ ရှိကလည်း မနီ နောက်ကလည်း မလိုက်၊ ဘေးကမျှောဗျာ ဇိမ်နန့်လိုက်။ အဖြေ -လွယ်အိတ်။

၈၆။ လားကေစန့်စန့် နီကေခြွီခြွီ။ အဖြေ - မြွေ။

၈၇။ လေးထောင့်ပြက်စပ် နင့်မျက်နှာ ငါ့ဟာဟပ်။ အဖြေ - ကြည့်မှန်။

၈၈။ လက်ပါယင့် မကိုင်တတ်။ အဖြေ - အင်္ကျီလက်။

၈၉။ လုပ်တေခါ ဆယ်ယောက်၊ စားခါ ၃၂-ယောက်၊ အရသာခံခါ တစ်ယောက်တည်း။ (တေခါ-သောအခါ)

၉၀။ ဝယ်ခါတစ်ရာ ရခါသုံးရာ၊ စားခါတစ်ရာ ကျန်ခါနှစ်ရာ။ အဖြေ - အသပြာ၊ အချင်း လေးလက်မခန့်ရှိသော ငွေပြားနှင့်တူသည့် ပင်လယ်ဂုံးတစ်မျိုး။ မှတ်ချက်။ အသပြာခေါ် ဂုံးပြာကို ဟင်းချက်စားရန် ဝယ်သောအခါ တစ်ပြားတည်း ဖြစ်သည်။ ဓားနှင့် ခွဲစိတ်လိုက်သောအခါ အလယ်မှ အသားခပ်ပြားပြားတစ်ခု ထွက်လာပြီး အခွံပြား နှစ်ချပ်နှင့်ပေါင်းပါက သုံးပြားဖြစ်သည်။ အသားကို ဟင်းချက်စားလိုက်သောအခါ အခွံပြားနှစ်ချပ် ကျန်သည်။ ဟင်းသဘောကို ရည်ရွယ်၍ အထက်ပါကဲ့သို့ ပန်းဝှက်ခြင်းဖြစ်သည်။

၉၂။ သရက်ပင်စည် ဆယ့်နှစ်ခက်၊ တစ်ခက်ကို ရွီ သုံးဆယ်စီ။ (ရွီ- ရေတွက်) အဖြေ - တစ်နှစ်၊ ဆယ့်နှစ်လ၊ ရက်သုံးဆယ်။

၉၃။ သူတိုက် ငါတိုက် ခိုးသူလာ လှံနန့်တိုက်။ အဖြေ - ပျားအုံ၊ ပျား။

၉၄။ သူ့အရွက် တံဘက်လောက်၊ သူ့အသီး တစ်မိုက်လောက်။ (တံဘက်-တဘက်၊ ပဝါကြီး) အဖြေ - ငှက်ပျောပင်၊ ငှက်ပျောသီး။

၉၅။ သဲသောင်ပြင်မှာ ရင်ဘတ်စည်တီး၊ နီတိုင်းပြီး။ အဖြေ - ဘလိ၊ ပင်လယ်ကမ်းစပ်နေ ကဏန်းကောင် သေးသေးတစ်မျိုး။မှတ်ချက်။ ပင်လယ်ကမ်းစပ် သဲခုံများ၌ ကိုယ်ခန္ဓာတစ်လက်မခန့်သာရှိသော အနီ၊ အညို၊ အပြောက်၊ ရောင်စုံကဏန်းကောင်ငယ်တစ်မျိုး ရှိသည်။ အလွန်အပြေးမြန်သည်။ ကိုက်နိုင်ညှပ်နိုင်သော လက်မနှစ်ဖက်ရှိသော်လည်း တစ်ဖက်ကကြီးကြီး၊ တစ်ဖက်က သေးသေး ဖြစ်သည်။ အချိုး မညီချေ။ လက်မကြီးကြီးကို မကြာခဏ ဆန့်လိုက်ကွေးလိုက် လုပ်တတ်သည်။ မိမိရင်ကို မိမိလက်မကြီးကြီးနှင့် တီးခတ်သကဲ့သို့ အမူအရာမျိုး ဖြစ်သည်။ ယင်းသဘာ၀ အမူအရာကိုမြင်၍ အထက်ပါကဲ့သို့ ပန်းဝှက်ခြင်းဖြစ်သည်။

၉၆။ သစ်ကိုင်းလျှောက် မျောက်လည်းမဟုတ်။ အဖြေ - ခါချဉ်။

၉၇။ သုံးနှစ်တလင်း ဝကမနင်း။ အဖြေ - စားဖို၊ မီးဖို။

၉၈။ သုံးနှစ်အိမ်သည် ပတ်ပတ်လည်၊ အိမ်သည်ရစိုး ပိုးမထိုး။ (အိမ်တည်- အိမ်တိုင်) အဖြေ - ရဟတ်စူး။

၉၉။ အကာကွဲကွဲ ကျာကျာရဲရဲ၊ အကွဲစုံမှ ငိုက်စိုက်ကျ။ (ကျာကျာရဲရဲ-ကောင်းကောင်းနီရဲ) အဖြေ - ငှက်ပျောဖူး။

၁၀၀။ အခြီလေးချောင်း သတ္တဝါ၊ ဆီမစားဘဲ မလားပါ။ အဖြေ - မော်တော်ကား။

၁၀၁။ အခြီလေးဆယ် ငါလူကျယ်။ အဖြေ - ကင်း။

၁၀၂။ အခြီဝါဝါ လှသန္တာ၊ အခေါင်းလုံးချုံ ပန်းမျိုးစုံ၊ နာရီသိတတ် ယောကျ်ားမြတ်။ အဖြေ - ကြက်ဖ။

၁၀၃။ အတောင်စိမ်းပြာငှက် အခေါင်းမြီမှာဝှက်။ အဖြေ - ငှက်ပျောပင်။

၁၀၄။ အတောင်ကပဲ စိတ်မကွဲ၊ အတောင်ကဖြူ စိတ်မတူ။ အဖြေ - ကျီးကန်း၊ ဗျိုင်း။

၁၀၅။ အထပ်ထပ် ကြာကလပ်၊ ပညာဟိသူ ကောက်လို့ယူ။ အဖြေ - စာအုပ်။

၁၀၆။ အပင်နွဲ့နှောင်း မတတ်ကောင်း၊ အသီးစားကောင်းဖွယ်။ အဖြေ - စပါးပင်။

၁၀၇။ အပင်ထက်ကအသီး၊ အသီးထက်က အပင်။ အဖြေ - နန္ဒရာပင်၊ နာနတ်ပင်။

၁၀၈။ အဘိုးမုတ်ဆီးဖြူ တစ်ပြည်လုံးကို ကျွေးရေလူ။ (မုတ်ဆီး-မုတ်ဆိတ်မွေး၊ ကျွေးရေ-ကျွေးမွေးတဲ့) အဖြေ - ဆန်

၁၀၉။ အဘိုးသက္ကလပ် ရီမစွတ်။ အဖြေ - ပိန်းဖက်။

၁၁၀။ အမိမြီထဲက အဘတောင်ရင်းသား၊ မွီးလာရေသား ဈာန်နှင့်လား။ (အဘ-အဖ၊ မွီး-မွေးဖွား၊ ဈာန်နန့်လား-ဈာန်နဲ့သွား) အဖြေ - မြေပန်းတု (မြေအိုးဆေးတံ)၊ ဝါးရိုး၊ မီးခိုး။

၁၁၁။ အမျက်တစ်ရာ စောသန္တာ၊ ဖော်ပါမရီ၊ ငါပန်းပီး။ အဖြေ - နန္ဒရာသီး။

၁၁၂။ အမျက်လည်းမဖြစ် အဆစ်လည်း မဟိ၊ မောင်သျှင်ကိုင်ရေ သံတောင်မွီ။ (သံတောင်မွီ- သံတောင်ဝှေး)။ အဖြေ - ကြာရိုး။

၁၁၃။ အရိုးမဟိ အရီပင်လယ် ကူးခရေ။ အဖြေ - မျှို့၊ မျှော့။

၁၁၄။ အိမ်တိုင်း အိမ်တိုင်း ဒိုင်းတစ်ချပ်။ အဖြေ - စံဂိုး၊ ဆန်ကော။

ဇမ်းကပ်ပန်းဝှက်

၁။ ကသစ်ပင် တက်ချင်ရေန စူးရေန။ (ရေ-ဘယ်၊ န-နဲ့၊နှင့်) အဖြေ - ထိုအပျိုကို လိုချင်ရေန၊ ရှက်တေန။

၂။ ကြပ်စင်ထက်က ငခုံးမ၊ မကင်လေးကျ တင်လေးကျ။ (ကျ-ကျက်) အဖြေ - ငါရို့အိမ်က အပျိုမ၊ မဆင်လေးလှ ဆင်လေးလှ (ငါရို့-ငါတို့၊ လေး-လည်း) ၃။ ကျွဲခြီရာမှာ ငါးကန်သား။ (ငါးကန်သား-ကဘီလူး၊ ခြီ- ခြေ) အဖြေ - နင်မဟုတ်လား ငါ့မယား။

၄။ ချဉ်ပေါင်ပင် နတ်စင်ဆောက်လို့ ရဖို့လား။ အဖြေ - မင်းအေးမ ရည်းစားထားလို့ ရဖို့လား။ (အေးမ- အစ်မ)

၅။ ဂယိုင်သီးလုံးလှ ပင်ထက်ကျ၊ မွှီးလှတကြိုင်ကြိုင်။ (ဂယိုင်သီး- မာလကာသီး) အဖြေ - ချစ်တေသူ မနီရ၊ လွမ်းလှတကြိုင်ကြိုင်။ အဖြေ - နင့်မှာလင်ရ ချစ်ဖို့စ၊ လွမ်းလှမပြယ်နိုင်။

၆။ တောင်မှသခွား၊ အရွက်ဖား။ အဖြေ - နင့်မှာ ရည်းစားမဟိလား။

၇။ ပဝါဖြူ ပဝါပါး၊ ကြက်သားထုပ်ကေ စွန်းတတ်တေ။ အဖြေ - တစ်ရွာသူ တစ်ရွာခြား၊ ရည်းစားထားကေ လွမ်းရရေ။ ၈။ ပင်လယ်ဆီးသီး ဆုံလောက်ကြီး၊ အသီးကြွီကျရှာမရ။ (ကြွ-ီကြွေ) အဖြေ - ပျဉ်ထောင်အိမ်ကြီး အဟိုက်ကြီး၊ သမီးဂုဏ်ပြ လင်မရ။

၉။ ဘူးကိုလို ယာမာစိုက် အဖြေ - ငါ့ကိုလို ဆိုခလိုက်။ (ဆိုခလိုက်-ဆိုလာလှည့်ပါ၊ စေ့စပ်လှည့်ပါ)

၁၀။ မင်းကျီးပင်မျို မထွက်လို၊ ရီချက်လောင်းလိုက်ပါ။ (ရီ-ရေ) အဖြေ - ကျောင်းကလူပျို မထွက်လို၊ စာကိုကမ်းလိုက်ပါ။

၁၁။ လေးထောင့်ပူ မကိုင်သာ၊ ထောင့်မှာနဂါးနန့်။ အဖြေ - လေးကျွန်းစကြာ ပတ်လိုလာ၊ နင့်မှာရည်းစားနန့်

၁၂။ ငခွက်ထဲက ပဝါဖြူ။ အဖြေ - နင်နန့်ငါနန့် သဘောတူ။

၁၃။ သေတ္တာသျှေဂျောင်ဂျင်။ အဖြေ - ဆီးလိပ်ပီးပါ မောင်သျှင်။

၁၄။ သေတ္တာသျှေ တစ်ထောင်လောက်။ အဖြေ - မောင်ယေလာကေ သိုင်းခေါင်လောက်။ (မောင်ယေ-မောင်လေး၊ လူပျိုလေး)

၁၅။ အပင်တစ်ရာ နွယ်လို့လာ သီးခါတစ်လုံးတည်း။ အဖြေ - လူပျိုသျှေတစ်ရာ ရွာလည်လာ၊ ရခါ တစ်ယောက်တည်း

၁၆။ အကာပြည့် ကြည့်ရှူးရှူး။ အဖြေ - လူပျိုပန်ကေ စံပယ်ဖူး။

သင်္ချာပန်းဝှက်

၁။ ကျီးနန့်သရက် ရောယှက်ပျံလီ သုံးရာဝီ၊ ခြီမှာ နှစ်လုံး ခေါင်းတစ်လုံး။ ကျီးက ဇာမျှကောင်၊ သရက်သီးက ဇာမျှလုံး။ (ကျီး- ကြက်တူရွေး၊ ခြီ-ခြေ၊ ဇာမျှ၊ အဘယ်မျှ) အဖြေ - ကျီး ၇၅-ကောင်၊ သရက်သီး ၂၂၅-လုံး။

၂။ ကြက်မ မပိန် ခြုံ (ချုံ)ထက်နီ၊ ဥသည် ကြက်မ ခုနစ်မ၊ စားသည် ဥကြောင် ၁၂-ကောင်၊ ကုန်အောင်က စား တစ်ဥထား။ အဖြေ - ၄၉-ဥ။

၃။ ချဉ်ပေါင်ငါးခွက် ဇွန်းနှစ်လက်ကို ရွီထည့်။ အဖြေ - ချဉ်ပေါင်တစ်ခွက် ငါးတစ်ခွက်ဖြစ်၍ တစ်ခွက် တစ်ချောင်းစီ ထည့်မည်။

၄။ ဘဲဥ ငါးဥကို လူနှစ်ယောက်စားပြ။ အဖြေ - ဘဲဥကို တစ်ယောက်၊ ငါးဥကို တစ်ယောက်စားသည်။

၅။ လူနှစ်ယောက်တွင် တစ်ယောက်၌ ကြက်ဥ ၅၀-ရှိသည်။ ကျန်တစ်ယောက်၌ ကြက်ဥ ၁၀-ဥ ရှိသည်။ ဈေးတူ ရောင်းရမည်။ အတူတူ ခွဲရမည်။ ငွေလည်း အတူတူရရမည်။ အဖြေ - ကြက်ဥ ၅၀-ရှိသောလူသည် ငွေတစ်ကျပ်လျှင် ၇-ဥနှုန်းဖြင့် ခုနစ်ကျပ်ဖိုး ၄၉-ဥ ရောင်း၍ တစ်ဥကျန်သည်။ ကြက်ဥ ၁၀-လုံးရှိသော သူသည် ငွေတစ်ကျပ်လျှင် တစ်ဥနှုန်းဖြင့် ခုနစ်ကျပ်ဖိုးရောင်းသည်။ သုံးဥကျန်သည်။နောက်တစ်ရက်တွင် ကြက်ဥဈေး ကြီး၍ တစ်ဥလျှင် သုံးကျပ်နှုန်း ရောင်းရသည်။ တစ်ဥကျန်သူက သုံးကျပ်ရ၍ သုံးဥကျန်သူက ကိုးကျပ် ရသည်။ နှစ်ဦးလုံး ငွေ ၁၁-ကျပ်စီ အတူတူရကြသည်။

၆။ ဝါးတထောင်မှာ ငှက်တစ်ကောင် နားပြပါ။ အဖြေ - ဝါးတစ်လုံးကို ထောင်ထားရာ ငှက်တစ်ကောင် နားပါသည်။

၇။ အဘောင် (အဘွား) ကန်မတစ်ယောက်မှာ နှမ်းတစ်ဖျာ လှမ်းထားရာ အင်္ကျီများ လာစား၏။ အဘောင်က သောသောညံညံ အသံပင်လည်း ကြားယက်လား (ကြားပါရဲ့လား)ဟု ပြောသည်။ ထိုအခါမြင်သူတစ်ယောက်က ရေတွက်ကြည့်ရာ ကျီးနှင့် ဖို့တူ တစ်ဖို့၊ ဖို့လတ်တစ်ဖို့၊ ဖို့စိတ် ကေ တစ်ဖို့ ဖို့သော်လည်း တစ်ရာမပြည့်၊ အဘောင် ကန်းမကို ထည့်မှ တစ်ရာပြည့်မည် ဖြစ်သည်။ (ဖို့-အပုံ၊ အစု၊ ဝေစု) အဖြေ - ကျီး ၃၆ကောင်၊ ဖို့တူတစ်ဖို့ ၃၆-ကောင်၊ ဖို့လက် တစ်ဖို့ ၁၈-ကောင်၊ ဖို့စိတ်ကေတစ်ဖို့ ၉-ကောင်၊ အဘောင်ကန်းမ ၁-ယောက် စုစုပေါင်း (၁၀၀)။

ကိုးကား[edit | edit source]

မောင်ဗသိန်း(သဘာဝပန်းများ ရိုးရိုးပန်းဝှက်)ရခိုင်သဟာယ မဂ္ဂဇင်း(၂)၊ ၁၉၆၆